စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း တရုတ်ရေတပ်တိုက်လေယာဉ်တစ်စင်း ပျက်ကျ

 5646

Pika (NP News) - မတ် ၁၆

မတ်လ(၁၅)ရက်နေ့က တရုတ်ရေတပ်တိုက်လေယာဉ်တစ်စင်းဟာ လေ့ကျင့်မှုတစ်ခုအတွင်း ပျက်ကျသွားခဲ့တယ် လို့ သိရပါတယ်။ ဒါပေမယ့်လည်း လေယာဉ်မှူးဟာ ပျက်ကျသွားတဲ့လေယာဉ်ကနေ ခုံနဲ့အတူ အောင်မြင်စွာ ကန်ထွက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ တရုတ်တောင်ပိုင်း ကွပ်ကဲမှုဌာနချုပ်က တိုက်လေယာဉ်တစ်စင်းဟာ ဟိုင်နန်ပြည်နယ်ဘက်မှာ ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ ရေတပ်ရဲ့ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ တရုတ်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်ဟာ တောင်တရုတ်ပင်လယ် အပါအဝင် တရုတ်နိုင်ငံရဲ့အထိအခိုက်မခံနိုင်ဆုံး နယ်မြေအချို့ကို ကြီးကြပ်ကွပ်ကဲမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ထုတ်ပြန်ချက်မှာ “တရုတ်ရေတပ် တိုက်လေယာဉ်တစ်စင်းဟာ လေ့ကျင့်မှုတစ်ခုအတွင်း ပျက်ကျသွားခဲ့ပေမယ့် လေယာဉ်မှူးက ခုံနဲ့အတူ အောင်မြင်စွာ ကန်ထွက်နိုင်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အတွင်း မြေပြင်မှာတော့ ထိခိုက် ပျက်စီးမှုတွေ မရှိခဲ့ပါဘူး” လို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့ပြင် ပျက်ကျရတဲ့အကြောင်းအရင်းတွေကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး နောက်ဆက်တွဲ ရလဒ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရေတပ်က စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

https://english.alarabiya.net/News/world/2025/03/15/chinese-military-jet-crashes-pilot-safely-ejects

Zawgyi Version:
စစ္ေရးေလ့က်င့္မႈတစ္ခုအတြင္း တ႐ုတ္ေရတပ္တိုက္ေလယာဥ္တစ္စင္း ပ်က္က်
Pika (NP News) - မတ္ ၁၆

မတ္လ(၁၅)ရက္ေန႔က တ႐ုတ္ေရတပ္တိုက္ေလယာဥ္တစ္စင္းဟာ ေလ့က်င့္မႈတစ္ခုအတြင္း ပ်က္က်သြားခဲ့တယ္ လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ေလယာဥ္မႉးဟာ ပ်က္က်သြားတဲ့ေလယာဥ္ကေန ခုံနဲ႔အတူ ေအာင္ျမင္စြာ ကန္ထြက္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။ တ႐ုတ္ေတာင္ပိုင္း ကြပ္ကဲမႈဌာနခ်ဳပ္က တိုက္ေလယာဥ္တစ္စင္းဟာ ဟိုင္နန္ျပည္နယ္ဘက္မွာ ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔ ေရတပ္ရဲ႕ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။ တ႐ုတ္ေတာင္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္ဟာ ေတာင္တ႐ုတ္ပင္လယ္ အပါအဝင္ တ႐ုတ္ႏိုင္ငံရဲ႕အထိအခိုက္မခံႏိုင္ဆုံး နယ္ေျမအခ်ိဳ႕ကို ႀကီးၾကပ္ကြပ္ကဲမႈေတြ လုပ္ေဆာင္ေနတာျဖစ္တယ္လို႔လည္း သိရပါတယ္။

ထုတ္ျပန္ခ်က္မွာ “တ႐ုတ္ေရတပ္ တိုက္ေလယာဥ္တစ္စင္းဟာ ေလ့က်င့္မႈတစ္ခုအတြင္း ပ်က္က်သြားခဲ့ေပမယ့္ ေလယာဥ္မႉးက ခုံနဲ႔အတူ ေအာင္ျမင္စြာ ကန္ထြက္ႏိုင္ခဲ့ပါတယ္။ အဲဒီျဖစ္ရပ္အတြင္း ေျမျပင္မွာေတာ့ ထိခိုက္ ပ်က္စီးမႈေတြ မရွိခဲ့ပါဘူး” လို႔ ေရးသားေဖာ္ျပထားပါတယ္။
ဒါ့ျပင္ ပ်က္က်ရတဲ့အေၾကာင္းအရင္းေတြကို စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနၿပီး ေနာက္ဆက္တြဲ ရလဒ္ေတြကို ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ ေရတပ္က စီစဥ္ေဆာင္႐ြက္ေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.