အပစ်အခတ်ရပ်စဲရေးမတိုင်ခင် ရုရှားက အားကောင်းတဲ့အနေအထားတစ်ခုကို ရယူလိုနေတယ်လို့ ယူကရိန်းသမ္မတပြော

 792

Pika (NP News) - မတ် ၁၆
ရုရှားအစိုးရဟာ ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို မလုပ်ဆောင်ခင် စစ်ရေးအရ အားကောင်းတဲ့အနေအထားကို ရယူလိုနေတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရုရှားသမ္မတပူတင်ရဲ့ မေးခွန်းထုတ်မှုတွေနဲ့အတူ ယခုသီတင်းပတ်အစောပိုင်းမှာ အမေရိကန်က အဆိုပြုခဲ့တဲ့ ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရုရှားဘက်က ချက်ချင်းသဘောတူခဲ့တာမျိုး မရှိခဲ့ ဘူးလို့ သိရပါတယ်။
ဇီလန်စကီးက “အပစ်အခတ်ရပ်စဲရေးမတိုင်ခင် အားကောင်းတဲ့အနေအထားတစ်ခုကို ရုရှားက လိုချင်နေတာပါ။ ကျွန်တော်ပြောခဲ့တာတွေကြောင့် ဒီလုပ်ငန်းစဉ်က နှောင့်နှေးသွားခဲ့တာလို့ ထင်ပါတယ်။ ရုရှားတွေဟာ စစ်မြေပြင် မှာ သူတို့ရဲ့အနေအထားကို တိုးတက်အောင်လုပ်ဆောင်ချင်နေတာပါ” လို့ ပြောခဲ့ပါတယ်။
ရုရှားက ယူကရိန်းရဲ့နယ်မြေအများအပြားကို အရှိန်အဟုန်နဲ့ ချီတက်မှုတွေ လုပ်ဆောင်နေချိန်မှာပဲ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန်ကအဆိုပြုခဲ့တဲ့ ရက်ပေါင်း(၃၀)ကြာ အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်ခံဖို့ ရုရှားအစိုးရကို G7 အဖွဲ့က သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။
ရုရှားအစိုးရဘက်ကလည်း ၎င်းတို့လိုချင်တဲ့အာမခံချက်တွေကို ရရှိမှသာ ယူကရိန်းမှာ ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်ခံနိုင်မယ်လို့ ထုတ်ဖော်ပြောဆိုထားတာလည်းဖြစ်ပါတယ်။

Zawgyi Version:
အပစ္အခတ္ရပ္စဲေရးမတိုင္ခင္ ႐ုရွားက အားေကာင္းတဲ့အေနအထားတစ္ခုကို ရယူလိုေနတယ္လို႔ ယူကရိန္းသမၼတေျပာ
Pika (NP News) - မတ္ ၁၆

႐ုရွားအစိုးရဟာ ယူကရိန္းမွာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို မလုပ္ေဆာင္ခင္ စစ္ေရးအရ အားေကာင္းတဲ့အေနအထားကို ရယူလိုေနတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
႐ုရွားသမၼတပူတင္ရဲ႕ ေမးခြန္းထုတ္မႈေတြနဲ႔အတူ ယခုသီတင္းပတ္အေစာပိုင္းမွာ အေမရိကန္က အဆိုျပဳခဲ့တဲ့ ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ႐ုရွားဘက္က ခ်က္ခ်င္းသေဘာတူခဲ့တာမ်ိဳး မရွိခဲ့ ဘူးလို႔ သိရပါတယ္။
ဇီလန္စကီးက “အပစ္အခတ္ရပ္စဲေရးမတိုင္ခင္ အားေကာင္းတဲ့အေနအထားတစ္ခုကို ႐ုရွားက လိုခ်င္ေနတာပါ။ ကြၽန္ေတာ္ေျပာခဲ့တာေတြေၾကာင့္ ဒီလုပ္ငန္းစဥ္က ေႏွာင့္ေႏွးသြားခဲ့တာလို႔ ထင္ပါတယ္။ ႐ုရွားေတြဟာ စစ္ေျမျပင္ မွာ သူတို႔ရဲ႕အေနအထားကို တိုးတက္ေအာင္လုပ္ေဆာင္ခ်င္ေနတာပါ” လို႔ ေျပာခဲ့ပါတယ္။
႐ုရွားက ယူကရိန္းရဲ႕နယ္ေျမအမ်ားအျပားကို အရွိန္အဟုန္နဲ႔ ခ်ီတက္မႈေတြ လုပ္ေဆာင္ေနခ်ိန္မွာပဲ အပစ္အခတ္ ရပ္စဲေရး အဆိုျပဳခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ အေမရိကန္ကအဆိုျပဳခဲ့တဲ့ ရက္ေပါင္း(၃၀)ၾကာ အပစ္ အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို လက္ခံဖို႔ ႐ုရွားအစိုးရကို G7 အဖြဲ႕က သတိေပးခဲ့တယ္လို႔လည္း သိရပါတယ္။
႐ုရွားအစိုးရဘက္ကလည္း ၎တို႔လိုခ်င္တဲ့အာမခံခ်က္ေတြကို ရရွိမွသာ ယူကရိန္းမွာ ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို လက္ခံႏိုင္မယ္လို႔ ထုတ္ေဖာ္ေျပာဆိုထားတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.