ဟူသီလက်နက်ကိုင်အဖွဲ့ကို နှိမ်နှင်းမယ့် ကြီးမားတဲ့စစ်ဆင်ရေးတစ်ရပ်ကို အမေရိကန် စတင်

 974

Pika (NP News) - မတ် ၁၆

ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို နှိမ်နှင်းမယ့် ကြီးမားတဲ့စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးတစ်ရပ်ကို အမေရိကန်က စတင်လိုက်ပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီစစ်ဆင် ရေးမှာ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့အခြေစိုက်စခန်းတွေ၊ခေါင်းဆောင်တွေနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေပါဝင်ပြီး ပင်လယ်နီအတွင်း ရေကြောင်းလွတ်လပ်စွာ သွားလာခွင့် ပြန်လည်ရရှိ ဖို့ ရည်မှန်းထားတာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အမေရိကန်နဲ့ အခြားနိုင်ငံတွေအပြင် သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ဒရုန်းတွေ ကို ဆန့်ကျင်တဲ့အကြမ်းဖက်မှုတွေကို အဆက်မပြတ်လုပ်ဆောင်နေတယ်လို့ ဒေါ်နယ်ထရမ့်က စွပ်စွဲပြောခဲ့ပါ တယ်။ ပြီးတော့ ဟူသီလက်နက်ကိုင်အဖွဲ့ဟာ စူးအက်တူးမြောင်း၊ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့တို့မှာ နိုင်ငံတကာကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းတွေကို နှောင့်ယှက်နေတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “အမေရိကန်အလံတင်ကုန်တင်သင်္ဘောတွေ ဘေးကင်းကင်းနဲ့ ဖြတ်သန်းသွားလာခဲ့ရတဲ့ နောက်ဆုံးအချိန်က တစ်နှစ်ကျော်လောက်ရှိခဲ့ပါပြီ။ ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ဒီလိုမျိုုးတိုက်ခိုက်မှုတွေကို မရပ်တန့်ဘူးဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်နဲ့ရင်ဆိုင်ရပါလိမ့်မယ်” လို့ သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ဟူသီလက္နက္ကိုင္အဖြဲ႕ကို ႏွိမ္ႏွင္းမယ့္ ႀကီးမားတဲ့စစ္ဆင္ေရးတစ္ရပ္ကို အေမရိကန္ စတင္
Pika (NP News) - မတ္ ၁၆

ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ကို ႏွိမ္ႏွင္းမယ့္ ႀကီးမားတဲ့စစ္ဘက္ဆိုင္ရာ စစ္ဆင္ေရးတစ္ရပ္ကို အေမရိကန္က စတင္လိုက္ၿပီလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဲဒီစစ္ဆင္ ေရးမွာ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕အေျခစိုက္စခန္းေတြ၊ေခါင္းေဆာင္ေတြနဲ႔ ဒုံးက်ည္ကာကြယ္ေရးစနစ္ေတြကို ေလေၾကာင္းကေန တိုက္ခိုက္မႈေတြပါဝင္ၿပီး ပင္လယ္နီအတြင္း ေရေၾကာင္းလြတ္လပ္စြာ သြားလာခြင့္ ျပန္လည္ရရွိ ဖို႔ ရည္မွန္းထားတာျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ အေမရိကန္နဲ႔ အျခားႏိုင္ငံေတြအျပင္ သေဘၤာေတြ၊ ေလယာဥ္ေတြနဲ႔ ဒ႐ုန္းေတြ ကို ဆန႔္က်င္တဲ့အၾကမ္းဖက္မႈေတြကို အဆက္မျပတ္လုပ္ေဆာင္ေနတယ္လို႔ ေဒၚနယ္ထရမ့္က စြပ္စြဲေျပာခဲ့ပါ တယ္။ ၿပီးေတာ့ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ စူးအက္တူးေျမာင္း၊ ပင္လယ္နီနဲ႔ ေအဒင္ပင္လယ္ေကြ႕တို႔မွာ ႏိုင္ငံတကာကူးသန္းေရာင္းဝယ္ေရးလမ္းေၾကာင္းေတြကို ေႏွာင့္ယွက္ေနတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “အေမရိကန္အလံတင္ကုန္တင္သေဘၤာေတြ ေဘးကင္းကင္းနဲ႔ ျဖတ္သန္းသြားလာခဲ့ရတဲ့ ေနာက္ဆုံးအခ်ိန္က တစ္ႏွစ္ေက်ာ္ေလာက္ရွိခဲ့ပါၿပီ။ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ ဒီလိုမ်ိဳုးတိုက္ခိုက္မႈေတြကို မရပ္တန႔္ဘူးဆိုရင္ ဆိုး႐ြားတဲ့ အက်ိဳးဆက္နဲ႔ရင္ဆိုင္ရပါလိမ့္မယ္” လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.