ငါးခြောက်တွေမှာ တာရှည်ခံ ဓါတုဆိုးဆေးတွေပါဝင်နေမှု သတိထားကြဖို့ စားသုံးသူကာကွယ်ရေးအသင်း သတိပေး

 583

NP News မတ်လ (၁၅)ရက်
ငါးခြောက်တွေမှာ တာရှည်ခံ ဓါတုဆိုးဆေးတွေပါဝင်နေတာကို သတိထားကြရန် စားသုံးသူကာကွယ်ရေးအသင်း က သတိပေးထားပါတယ်။
မြန်မာနိုင်ငံသည် ယင်မနားသည့် ငါးခြောက်များကို ၁၀ နှစ်ကျော်လောက် စားသုံးလာခဲ့ကြပြီး ၎င်း ငါးခြောက်များတွင် ဓာတုပိုးသတ်ဆေးများ ထည့်သွင်းထားကြောင်း ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့ ခြင်းဖြစ်သည်။
ယင်း ပိုးသတ်ဆေးများသည် စားသုံးသူတွေအပေါ် အန္တရာယ်ပေးနိုင်ပြီး ကလိုရိုဖောင်း ခေါ် ယင်မနားဆေးများသုံးစွဲသည်ကို အဓိက တွေ့ရှိရကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။
" ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ရခိုင်၊ တနင်္သာရီ စတဲ့ ကမ်းရိုးတန်းဒေသတွေမှာ ငါးခြောက်လုပ်ငန်း လုပ်ကိုင်သူတွေက ငါးခြောက်ကို မလှန်းခင်ထဲက ဒီပိုးသတ်ဆေးစိမ်တာမျိုးတွေ ရှိတယ် " လို့ သူက ဆိုသည်။
အဆိုပါ ယင်မနားဆေးသုံးထားသော ငါးခြောက်များ စားသုံးမိပါက ကင်ဆာရောဂါ အမျိုးမျိုး၊ အာရုံကြောထိခိုက်၊ ကိုယ်တခြမ်းလေဖြတ် စသည့် ဝေဒနာများ ခံစားရနိုင်ကြောင်းသိရသည်။
ယင်မနားဆေးများ သုံးစွဲလာချိန်သည် ၁၀ နှစ်ကျော်လောက် ရှိနေပြီး လက်ရှိကာလ ရောက်မှ စားသုံးသူများ က တိုင်တန်းလာခြင်းကြောင့် စျေးများမှ ငါးခြောက်များကို ယူဆောင် စစ်ဆေးရာမှတဆင့် ပိုးသတ်ဆေးသုံးထား‌ကြောင်း တွေ့ရ ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
ဆေးမတို့ထားသည့် ငါးခြောက်များနှင့် ဆေးတို့ထားသည့် ငါးခြောက်များသည် အမြင်အားဖြင့် ခွဲရခက်သော်လည်း ယင်နားခြင်း ယင်အုံခြင်း မတွေ့ရသည့် ငါးခြောက်များကို မစားကြရန် စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က သတိပေးထားသည်။

Zawgyi Version:
ငါးေျခာက္ေတြမွာ တာရွည္ခံ ဓါတုဆိုးေဆးေတြပါဝင္ေနမႈ သတိထားၾကဖို႔ စားသုံးသူကာကြယ္ေရးအသင္း သတိေပး
NP News မတ္လ (၁၅)ရက္
ငါးေျခာက္ေတြမွာ တာရွည္ခံ ဓါတုဆိုးေဆးေတြပါဝင္ေနတာကို သတိထားၾကရန္ စားသုံးသူကာကြယ္ေရးအသင္း က သတိေပးထားပါတယ္။
ျမန္မာႏိုင္ငံသည္ ယင္မနားသည့္ ငါးေျခာက္မ်ားကို ၁၀ ႏွစ္ေက်ာ္ေလာက္ စားသုံးလာခဲ့ၾကၿပီး ၎ ငါးေျခာက္မ်ားတြင္ ဓာတုပိုးသတ္ေဆးမ်ား ထည့္သြင္းထားေၾကာင္း ဓာတ္ခြဲစစ္ေဆးေတြ႕ရွိခဲ့ ျခင္းျဖစ္သည္။
ယင္း ပိုးသတ္ေဆးမ်ားသည္ စားသုံးသူေတြအေပၚ အႏၲရာယ္ေပးႏိုင္ၿပီး ကလို႐ိုေဖာင္း ေခၚ ယင္မနားေဆးမ်ားသုံးစြဲသည္ကို အဓိက ေတြ႕ရွိရေၾကာင္း စားသုံးသူ ကာကြယ္ေရးအသင္း ဥကၠ႒ ဦးဗအုပ္ခိုင္က ေျပာသည္။
" ဧရာဝတီ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္၊ တနသၤာရီ စတဲ့ ကမ္း႐ိုးတန္းေဒသေတြမွာ ငါးေျခာက္လုပ္ငန္း လုပ္ကိုင္သူေတြက ငါးေျခာက္ကို မလွန္းခင္ထဲက ဒီပိုးသတ္ေဆးစိမ္တာမ်ိဳးေတြ ရွိတယ္ " လို႔ သူက ဆိုသည္။
အဆိုပါ ယင္မနားေဆးသုံးထားေသာ ငါးေျခာက္မ်ား စားသုံးမိပါက ကင္ဆာေရာဂါ အမ်ိဳးမ်ိဳး၊ အာ႐ုံေၾကာထိခိုက္၊ ကိုယ္တျခမ္းေလျဖတ္ စသည့္ ေဝဒနာမ်ား ခံစားရႏိုင္ေၾကာင္းသိရသည္။
ယင္မနားေဆးမ်ား သုံးစြဲလာခ်ိန္သည္ ၁၀ ႏွစ္ေက်ာ္ေလာက္ ရွိေနၿပီး လက္ရွိကာလ ေရာက္မွ စားသုံးသူမ်ား က တိုင္တန္းလာျခင္းေၾကာင့္ ေစ်းမ်ားမွ ငါးေျခာက္မ်ားကို ယူေဆာင္ စစ္ေဆးရာမွတဆင့္ ပိုးသတ္ေဆးသုံးထား‌ေၾကာင္း ေတြ႕ရ ျခင္းျဖစ္သည္ဟု ၎ကဆက္ေျပာသည္။
ေဆးမတို႔ထားသည့္ ငါးေျခာက္မ်ားႏွင့္ ေဆးတို႔ထားသည့္ ငါးေျခာက္မ်ားသည္ အျမင္အားျဖင့္ ခြဲရခက္ေသာ္လည္း ယင္နားျခင္း ယင္အုံျခင္း မေတြ႕ရသည့္ ငါးေျခာက္မ်ားကို မစားၾကရန္ စားသုံးသူ ကာကြယ္ေရးအသင္း ဥကၠ႒ ဦးဗအုပ္ခိုင္က သတိေပးထားသည္။

Related news

© 2021. All rights reserved.