ယူကရိန်းရဲ့ ဒရုန်း(၁၂၆)စင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားစစ်ဘက် သတင်းထုတ်ပြန်

 468

Pika (NP News) - မတ် ၁၆

ရုရှားနိုင်ငံတောင်ပိုင်း Volgograd နဲ့ Voronez ဒေသတွေမှာ ယူကရိန်းဘက်က ပစ်လွှတ်လိုက်တဲ့ ဒရုန်းအစင်း ရေ(၁၂၆)စင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အမေရိကန်ကအဆိုပြုခဲ့တဲ့ ရက်(၃၀)ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရုရှားအစိုးရက ငြင်းဆန် ပယ်ချခဲ့ပြီးနောက် ယခုလိုကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ Volgograd နဲ့ Voronez ဒေသတွေမှာ ယူကရိန်းရဲ့ ဒရုန်း(၆၄)စင်းကို အောင်မြင်စွာပစ်ချနိုင်ခဲ့ပြီး အခြားဒရုန်းတွေကိုတော့ နယ်စပ်ဒေသတွေမှာ ပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် အဲဒီတိုက်ခိုက်မှုဟာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း ယူကရိန်းဘက်က ဒရုန်းအစင်းရေ အများဆုံးနဲ့တိုက်ခိုက်ခဲ့တဲ့ ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား ခဲ့ပါတယ်။ ယူကရိန်းဘက်ကလည်း ၎င်းတို့ဟာ ရုရှားတပ်ဖွဲ့တွေပစ်လွှတ်လိုက်တဲ့ ဒရုန်းအစင်းရေ(၁၇၈) စင်း အနက် (၁၃၀)စင်းကို အောင်မြင်စွာပစ်ချနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။ ဒါ့ပြင် ရုရှားတပ်ဖွဲ့ တွေဟာ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကိုလည်း ပစ်လွှတ်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းရဲ႕ ဒ႐ုန္း(၁၂၆)စင္းကို ေအာင္ျမင္စြာ ပစ္ခ်ႏိုင္ခဲ့တယ္လို႔ ႐ုရွားစစ္ဘက္ သတင္းထုတ္ျပန္
Pika (NP News) - မတ္ ၁၆

႐ုရွားႏိုင္ငံေတာင္ပိုင္း Volgograd နဲ႔ Voronez ေဒသေတြမွာ ယူကရိန္းဘက္က ပစ္လႊတ္လိုက္တဲ့ ဒ႐ုန္းအစင္း ေရ(၁၂၆)စင္းကို ေအာင္ျမင္စြာ ပစ္ခ်ႏိုင္ခဲ့တယ္လို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
အေမရိကန္ကအဆိုျပဳခဲ့တဲ့ ရက္(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ႐ုရွားအစိုးရက ျငင္းဆန္ ပယ္ခ်ခဲ့ၿပီးေနာက္ ယခုလိုႀကီးမားတဲ့ေလေၾကာင္းတိုက္ခိုက္မႈ ထြက္ေပၚလာတာျဖစ္ပါတယ္။ Volgograd နဲ႔ Voronez ေဒသေတြမွာ ယူကရိန္းရဲ႕ ဒ႐ုန္း(၆၄)စင္းကို ေအာင္ျမင္စြာပစ္ခ်ႏိုင္ခဲ့ၿပီး အျခားဒ႐ုန္းေတြကိုေတာ့ နယ္စပ္ေဒသေတြမွာ ပစ္ခ်ႏိုင္ခဲ့တာျဖစ္တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ အဲဒီတိုက္ခိုက္မႈဟာ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ပိုင္း ယူကရိန္းဘက္က ဒ႐ုန္းအစင္းေရ အမ်ားဆုံးနဲ႔တိုက္ခိုက္ခဲ့တဲ့ ႀကီးမားတဲ့တိုက္ခိုက္မႈတစ္ခုျဖစ္တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကား ခဲ့ပါတယ္။ ယူကရိန္းဘက္ကလည္း ၎တို႔ဟာ ႐ုရွားတပ္ဖြဲ႕ေတြပစ္လႊတ္လိုက္တဲ့ ဒ႐ုန္းအစင္းေရ(၁၇၈) စင္း အနက္ (၁၃၀)စင္းကို ေအာင္ျမင္စြာပစ္ခ်ႏိုင္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ေျပာဆိုထားပါတယ္။ ဒါ့ျပင္ ႐ုရွားတပ္ဖြဲ႕ ေတြဟာ ပဲ့ထိန္းဒုံးက်ည္ႏွစ္စင္းကိုလည္း ပစ္လႊတ္ခဲ့တယ္လို႔ ယူကရိန္းေလတပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.