မျက်နှာ၏ (၉၀)ရာခိုင်နှုန်းကျော်တွင် အမွေးအမျှင်များပေါက်နေသည့် အိန္ဒိယအမျိုးသား

437

Pika (NP News) - မတ် ၁၆
အိန္ဒိယနိုင်ငံမှ အသက်(၁၈)နှစ်အရွယ် အမျိုးသားတစ်ဦးသည် အမွေးအထူဆုံးမျက်နှာရှိခြင်းအတွက် ကမ္ဘာ့ဂင်းနစ် စံချိန်မှတ်တမ်းကို ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသား၏မျက်နှာပေါ်တွင် တစ်စတုရန်းစင်တီမီတာလျှင် အမွေး (၂၀၁ ဒသမ ၇၂) ပင်ရှိကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့သည်။
လာလစ်ပါတီဒါ ဆိုသည့်အမျိုးသားသည့် hypertrichosis ဟုခေါ်သော ရှားပါးသည့်အမွေးအမျှင်ကြီးထွားမှုအခြေ အနေဖြင့် နေထိုင်လာခဲ့ပြီးနောက် အမွေးအထူဆုံးမျက်နှာရှိသည့် အမျိုးသား ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမွေးအမှင်ကြီးထွားမှုနှင့်ပတ်သက်ပြီး အလယ်ခေတ်ကတည်းက မှတ်တမ်းတင်ထားခဲ့သည့် ကိစ္စပေါင်း(၅၀) လောက်သာရှိပြီး လူ(၁)ဘီလျံလျှင် တစ်ဦးခန့်သာဖြစ်ပွားနိုင်ကြောင်းသိရသည်။ လာလစ်ပါတီဒါ၏ မျက်နှာပြင် (၉၀)ရာခိုင်နှုန်းကျော်တွင် အမွေးအမှင်များရှိပြီး ၎င်း ကလေးဘဝတည်းက ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လာလစ်ပါတီဒါက “ကျောင်းက ကလေးတွေက ကျွန်တော့်ကိုကြောက်ကြတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ စကားပြော ပြီးတဲ့နောက်မှာတော့ ကျွန်တော်က သူတို့နဲ့ ကွဲပြားခြားနားမှု မရှိဘူးဆိုတာကို နားလည်သွားကြပါတယ်။ အပြင်ပိုင်း အသွင်အပြင်ကတော့ တစ်မျိုးဖြစ်နေပေမယ့် ကျွန်တော့်ရဲ့အတွင်းပိုင်းကတော့ တခြားလူတွေနဲ့ ကွဲခြားမှုမရှိပါဘူး” ဟု ပြောခဲ့သည်။
ထို့ပြင် YouTube ပလက်ဖောင်းပေါ်တွင် ၎င်း၏ နေ့စဉ်ဘဝမှတ်တမ်းများကို မှတ်တမ်းတင်ခဲ့သော လာလစ်ပါတီ ဒါက ယခုလို ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့သည့်အတွက် အလွန်ဝမ်းသာမိကြောင်း ထုတ်ဖော်ပြောခဲ့သည်။ ၎င်းက “ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ဒီလိုမျိုး ကမ္ဘာ့ဂင်းနစ် စံချိန်ရရှိခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version:
မ်က္ႏွာ၏ (၉၀)ရာခိုင္ႏႈန္းေက်ာ္တြင္ အေမြးအမွ်င္မ်ားေပါက္ေနသည့္ အိႏၵိယအမ်ိဳးသား
Pika (NP News) - မတ္ ၁၆
အိႏၵိယႏိုင္ငံမွ အသက္(၁၈)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ အေမြးအထူဆုံးမ်က္ႏွာရွိျခင္းအတြက္ ကမာၻ႔ဂင္းနစ္ စံခ်ိန္မွတ္တမ္းကို ရရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါအမ်ိဳးသား၏မ်က္ႏွာေပၚတြင္ တစ္စတုရန္းစင္တီမီတာလွ်င္ အေမြး (၂၀၁ ဒသမ ၇၂) ပင္ရွိေၾကာင္း ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕တာဝန္ရွိသူမ်ားက ဆုံးျဖတ္ခဲ့သည္။
လာလစ္ပါတီဒါ ဆိုသည့္အမ်ိဳးသားသည့္ hypertrichosis ဟုေခၚေသာ ရွားပါးသည့္အေမြးအမွ်င္ႀကီးထြားမႈအေျခ အေနျဖင့္ ေနထိုင္လာခဲ့ၿပီးေနာက္ အေမြးအထူဆုံးမ်က္ႏွာရွိသည့္ အမ်ိဳးသား ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အေမြးအမွင္ႀကီးထြားမႈႏွင့္ပတ္သက္ၿပီး အလယ္ေခတ္ကတည္းက မွတ္တမ္းတင္ထားခဲ့သည့္ ကိစၥေပါင္း(၅၀) ေလာက္သာရွိၿပီး လူ(၁)ဘီလ်ံလွ်င္ တစ္ဦးခန႔္သာျဖစ္ပြားႏိုင္ေၾကာင္းသိရသည္။ လာလစ္ပါတီဒါ၏ မ်က္ႏွာျပင္ (၉၀)ရာခိုင္ႏႈန္းေက်ာ္တြင္ အေမြးအမွင္မ်ားရွိၿပီး ၎ ကေလးဘဝတည္းက ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လာလစ္ပါတီဒါက “ေက်ာင္းက ကေလးေတြက ကြၽန္ေတာ့္ကိုေၾကာက္ၾကတယ္။ ဒါေပမဲ့ ကြၽန္ေတာ္နဲ႔ စကားေျပာ ၿပီးတဲ့ေနာက္မွာေတာ့ ကြၽန္ေတာ္က သူတို႔နဲ႔ ကြဲျပားျခားနားမႈ မရွိဘူးဆိုတာကို နားလည္သြားၾကပါတယ္။ အျပင္ပိုင္း အသြင္အျပင္ကေတာ့ တစ္မ်ိဳးျဖစ္ေနေပမယ့္ ကြၽန္ေတာ့္ရဲ႕အတြင္းပိုင္းကေတာ့ တျခားလူေတြနဲ႔ ကြဲျခားမႈမရွိပါဘူး” ဟု ေျပာခဲ့သည္။
ထို႔ျပင္ YouTube ပလက္ေဖာင္းေပၚတြင္ ၎၏ ေန႔စဥ္ဘဝမွတ္တမ္းမ်ားကို မွတ္တမ္းတင္ခဲ့ေသာ လာလစ္ပါတီ ဒါက ယခုလို ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့သည့္အတြက္ အလြန္ဝမ္းသာမိေၾကာင္း ထုတ္ေဖာ္ေျပာခဲ့သည္။ ၎က “ကြၽန္ေတာ္ ဘာေျပာရမွန္းေတာင္ မသိေတာ့ပါဘူး။ ဒီလိုမ်ိဳး ကမာၻ႔ဂင္းနစ္ စံခ်ိန္ရရွိခဲ့တဲ့အတြက္ တကယ္ကို ဝမ္းသာမိပါတယ္” ဟု ေျပာခဲ့သည္။