အဆင့်မြှင့်ပြီးသား တာဝေးပစ်များကို ယူကရိန်းအတွက်ပေးရန် အမေရိကန် စီစဉ်နေ

860

Pika (NP News) - မတ် ၁၆
အမေရိကန်သည် အဆင့်မြှင့်တင်ထားသော တာဝေးပစ်များကို ယူကရိန်းသို့ပေးပို့ရန် စီစဉ်နေကြောင်း ရိုက်တာ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ အမေရိကန်သည် ရုရှား၏ ကြားဖြတ် ဟန့်တားမှုများကို တုံ့ပြန်ရန် အတွက် မြေပြင်ပစ်လွှတ်သည့် အသေးစားအချင်းဗုံး (GLSDB) ကို အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်ပိုင်း အတွင်း ယူကရိန်းသို့ပေးပို့ရန် စီစဉ်ထားကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
Boeing နှင့် SAAB AB ကုမ္ပဏီတို့က ပူးပေါင်းထုတ်လုပ်ထားသော GLSDB ဗုံးသည် GBU-39 အချင်း သေးဗုံးနှင့် M26 ဒုံးပျံမော်တာတို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး အကွာအဝေး(၁၆၁)ကီလိုမီတာ အထိ ပျံသန်းနိုင် ကြောင်း သိရသည်။ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစိုးရသည် အရေအတွက် ဖော်ပြထားခြင်းမျိုးမရှိသော GLSDB ဗုံးများကို ယူကရိန်းသို့ ပေးပို့ခဲ့သော်လည်း အဆိုပါ ဗုံး များမှာ ထိရောက်မှုမရှိကြောင်း သက်သေပြခဲ့ပြီး နောက် ယူကရိန်းတပ်ဖွဲ့များက ယင်းဗုံးများကို နောက်ဆုံးအကြိမ်အသုံးပြုခဲ့သည်မှာ လအနည်းငယ်ရှိပြီဖြစ် ကြောင်း သိရသည်။
ရုရှား၏ အီလက်ထရွန်နစ်စစ် ဆင်ရေးစွမ်းရည်များသည် GLSDB နှင့် GPS လမ်းညွှန်ထားသော Excalibur အမြောက်ကျည်များ အပါအဝင် တိကျစွာလမ်းညွှန်ထားသော အနောက်တိုင်းလက်နက်များကို ထိရောက်မှုမရှိ ဖြစ်စေသည်ဟု ပြီးခဲ့သည့်နှစ်ဇူလိုင်လတွင် Wall Street Journal က ရေးသားဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ အဆင့် မြှင့်တင်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ယူကရိန်းတွင် ရက်ပေါင်း (၃၀)ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုရရှိရန်အတွက် အမေရိကန်အစိုးရ က ကြိုးပမ်းနေချိန်တွင် အဆိုပါသတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် ယူကရိန်းတွင် ရက်ပေါင်း(၃၀) ကြာ အပစ်အခတ်ရပ်စဲမည့် သဘောတူညီချက်နှင့်ပတ်သက်ပြီး လိုချင်သည့် အာမခံချက်များကို ရုရှားသမ္မတပူတင် က ထုတ်ဖော်ပြောခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
အဆင့္ျမႇင့္ၿပီးသား တာေဝးပစ္မ်ားကို ယူကရိန္းအတြက္ေပးရန္ အေမရိကန္ စီစဥ္ေန
Pika (NP News) - မတ္ ၁၆
အေမရိကန္သည္ အဆင့္ျမႇင့္တင္ထားေသာ တာေဝးပစ္မ်ားကို ယူကရိန္းသို႔ေပးပို႔ရန္ စီစဥ္ေနေၾကာင္း ႐ိုက္တာ သတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။ အေမရိကန္သည္ ႐ုရွား၏ ၾကားျဖတ္ ဟန႔္တားမႈမ်ားကို တုံ႔ျပန္ရန္ အတြက္ ေျမျပင္ပစ္လႊတ္သည့္ အေသးစားအခ်င္းဗုံး (GLSDB) ကို အဆင့္ျမႇင့္တင္ခဲ့ျခင္းျဖစ္ၿပီး လာမည့္ရက္ပိုင္း အတြင္း ယူကရိန္းသို႔ေပးပို႔ရန္ စီစဥ္ထားေၾကာင္း ႐ိုက္တာသတင္းဌာနက ေရးသားေဖာ္ျပခဲ့သည္။
Boeing ႏွင့္ SAAB AB ကုမၸဏီတို႔က ပူးေပါင္းထုတ္လုပ္ထားေသာ GLSDB ဗုံးသည္ GBU-39 အခ်င္း ေသးဗုံးႏွင့္ M26 ဒုံးပ်ံေမာ္တာတို႔ကို ေပါင္းစပ္ထားျခင္းျဖစ္ၿပီး အကြာအေဝး(၁၆၁)ကီလိုမီတာ အထိ ပ်ံသန္းႏိုင္ ေၾကာင္း သိရသည္။ အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္အစိုးရသည္ အေရအတြက္ ေဖာ္ျပထားျခင္းမ်ိဳးမရွိေသာ GLSDB ဗုံးမ်ားကို ယူကရိန္းသို႔ ေပးပို႔ခဲ့ေသာ္လည္း အဆိုပါ ဗုံး မ်ားမွာ ထိေရာက္မႈမရွိေၾကာင္း သက္ေသျပခဲ့ၿပီး ေနာက္ ယူကရိန္းတပ္ဖြဲ႕မ်ားက ယင္းဗုံးမ်ားကို ေနာက္ဆုံးအႀကိမ္အသုံးျပဳခဲ့သည္မွာ လအနည္းငယ္ရွိၿပီျဖစ္ ေၾကာင္း သိရသည္။
႐ုရွား၏ အီလက္ထ႐ြန္နစ္စစ္ ဆင္ေရးစြမ္းရည္မ်ားသည္ GLSDB ႏွင့္ GPS လမ္းၫႊန္ထားေသာ Excalibur အေျမာက္က်ည္မ်ား အပါအဝင္ တိက်စြာလမ္းၫႊန္ထားေသာ အေနာက္တိုင္းလက္နက္မ်ားကို ထိေရာက္မႈမရွိ ျဖစ္ေစသည္ဟု ၿပီးခဲ့သည့္ႏွစ္ဇူလိုင္လတြင္ Wall Street Journal က ေရးသားေဖာ္ျပခဲ့ၿပီးေနာက္ ယခုကဲ့သို႔ အဆင့္ ျမႇင့္တင္မႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ယူကရိန္းတြင္ ရက္ေပါင္း (၃၀)ၾကာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကိုရရွိရန္အတြက္ အေမရိကန္အစိုးရ က ႀကိဳးပမ္းေနခ်ိန္တြင္ အဆိုပါသတင္းမ်ားထြက္ေပၚလာျခင္းျဖစ္သည္။ ထို႔ျပင္ ယူကရိန္းတြင္ ရက္ေပါင္း(၃၀) ၾကာ အပစ္အခတ္ရပ္စဲမည့္ သေဘာတူညီခ်က္ႏွင့္ပတ္သက္ၿပီး လိုခ်င္သည့္ အာမခံခ်က္မ်ားကို ႐ုရွားသမၼတပူတင္ က ထုတ္ေဖာ္ေျပာခဲ့ေၾကာင္းလည္း သိရသည္။