အမေရိကန်မှတင်သွင်းသော ဆန်ကို အခွန် (၇၀ဝ) ရာခိုင်နှုန်းအထိ ဂျပန်တို့ ကောက်ခံဖွယ်ရှိနေ

971

ဂျန်ဇက် (NP News) - မတ် ၁၆
အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့်သမ္မတအသစ်ဖြစ်လာခဲ့ပြီးနောက် အခွန်ကောက်ခံခြင်းများကို ပြန်လည် လုပ်ဆောင်ခဲ့ရာ ကမ္ဘာ့နိုင်ငံများနှင့် တင်းမာမှုအရှိန်မြင့်တက်နေချိန်တွင် ဂျပန်နိုင်ငံက အမေရိကန်နိုင်ငံမှ တင်ပို့ သော ဆန်ကို အခွန် (၇၀ဝ) ရာခိုင်နှုန်းကောက်ခံရန် စီစဉ်နေကြောင်း သိရသည်။
အမေရိကန်အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ်က အမေရိကန်အစိုးရသည် ကနေဒါနိုင်ငံမှ တင်ပို့ သော အလူမီနီယံ နှင့် သံမဏိများကို အခွန်ကောက်ခံမည်ဖြစ်ကြောင်း၊ ထို့ပြင် ဂျပန်၊ ဥရောပသမဂ္ဂ နှင့် အိန္ဒိယနိုင်ငံ တို့မှတင်ပို့သော သံမဏိနှင့် အလူမီနီယံများကို အခွန်ကောက်ခံမည်ဖြစ်ကြောင်း ပြောသည်။ ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံမှ အခွန်ကောက်ခံခြင်းကိုတုံ့ပြန်ရန်အတွက် ဂျပန်နိုင်ငံသို့ အမေရိကန်နိုင်ငံမှတင်ပို့သည့် ဆန်၊ အမဲသား၊ နို့ထွက်ပစ္စည်းများကို အခွန်ကောက်ခံရန် စီစဉ်နေကြောင်း သိရသည်။
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက “ဂျပန်နိုင်ငံဟာ အမေရိကန်နိုင်ငံကတင်ပို့တဲ့ဆန်တွေကို အခွန် (၇၀ဝ) ရာခိုင်နှုန်းကောက်ခံမယ်။ ဒေါ်နယ်ထရမ့်ကတော့ အပြန်အလှန်အနေနဲ့တုံ့ပြန်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နိုင်ငံရဲ့စီးပွားရေးသမားတွေ၊ အလုပ်သမားတွေ၊ အကျိုးစီးပွားအတွက် ပစ်မှတ်ထား လို့ အခွန်ကောက်ခံတာမျိုးဖြစ်တယ်။ ဒေါ်နယ်ထရမ့်ဟာ အဆုံးသတ်တစ်နေ့မှာ ကုန်သွယ်ရေးလုပ်ထုံးလုပ်နည်း တွေနဲ့ပတ်သက်ပြီး ဟန်ချက်ညီအောင် ထိန်းကျောင်းနိုင်ပြီး မျှတ မယ်လို့ ပြောထားပါတယ်” ဟု ပြောသည်။
ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်းအမေရိကန်အစိုးရသည် တရုတ်နိုင်ငံ၊ ကနေဒါ နိုင်ငံတို့ကိုလည်း အခွန်ကောက်ခံခဲ့ရာ တရုတ် နှင့် ကနေဒါနိုင်ငံတို့က လက်တုံ့ပြန်မှုအဖြစ် အမေရိကန်နိုင်ငံမှ တင်သွင်းသော ကုန်စည်များကို ပြန်လည်အခွန်ကောက်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။ အိမ်ဖြူ တော်အဖွဲ့ပြောရေးဆိုခွင့်ရှိသူသည် အမေရိကန်နိုင်ငံမှ တင်သွင်းသောဆန်များကို ဂျပန်နိုင်ငံက အခွန်(၇၀ဝ)ရာခိုင်နှုန်းကောက်ခံရန် စီစဉ်မှုများ အတွက် အသေးစိတ်ပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။
အမေရိကန်အစိုးရသည် လာမည့် ဧပြီ (၂) ရက်မှ စတင်ပြီး ကားတင်ပို့ခြင်းများအတွက် ကုန်သွယ်ခွန်များ ကောက်ခံ မည်ဖြစ်ရာ ဂျပန်ကားများလည်း အခွန်ကောက်ခံရဖွယ်ရှိနေသည်။ ဂျပန်အစိုးရသည် အမေရိကန်နိုင်ငံနှင့် အပြန်အလှန်ကုန်သွယ်ခွန် ကောက်ခံခြင်းများကိုရှောင်ရှားရန်အတွက် ပြီးခဲ့သော ရက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ ကုန်သွယ်ရေးဝန်ကြီးကို စေလွှတ်ခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ အခွန်ကောက်ခံခြင်းကို ရှောင်ရှားနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
အေမရိကန္မွတင္သြင္းေသာ ဆန္ကို အခြန္ (၇၀ဝ) ရာခိုင္ႏႈန္းအထိ ဂ်ပန္တို႔ ေကာက္ခံဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - မတ္ ၁၆
အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္သမၼတအသစ္ျဖစ္လာခဲ့ၿပီးေနာက္ အခြန္ေကာက္ခံျခင္းမ်ားကို ျပန္လည္ လုပ္ေဆာင္ခဲ့ရာ ကမာၻ႔ႏိုင္ငံမ်ားႏွင့္ တင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္တြင္ ဂ်ပန္ႏိုင္ငံက အေမရိကန္ႏိုင္ငံမွ တင္ပို႔ ေသာ ဆန္ကို အခြန္ (၇၀ဝ) ရာခိုင္ႏႈန္းေကာက္ခံရန္ စီစဥ္ေနေၾကာင္း သိရသည္။
အေမရိကန္အိမ္ျဖဴေတာ္ ေျပာေရးဆိုခြင့္ရွိသူ ကာ႐ိုလိုင္းလီဗစ္က အေမရိကန္အစိုးရသည္ ကေနဒါႏိုင္ငံမွ တင္ပို႔ ေသာ အလူမီနီယံ ႏွင့္ သံမဏိမ်ားကို အခြန္ေကာက္ခံမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ ဂ်ပန္၊ ဥေရာပသမဂၢ ႏွင့္ အိႏၵိယႏိုင္ငံ တို႔မွတင္ပို႔ေသာ သံမဏိႏွင့္ အလူမီနီယံမ်ားကို အခြန္ေကာက္ခံမည္ျဖစ္ေၾကာင္း ေျပာသည္။ ဂ်ပန္ႏိုင္ငံသည္ အေမရိကန္ႏိုင္ငံမွ အခြန္ေကာက္ခံျခင္းကိုတုံ႔ျပန္ရန္အတြက္ ဂ်ပန္ႏိုင္ငံသို႔ အေမရိကန္ႏိုင္ငံမွတင္ပို႔သည့္ ဆန္၊ အမဲသား၊ ႏို႔ထြက္ပစၥည္းမ်ားကို အခြန္ေကာက္ခံရန္ စီစဥ္ေနေၾကာင္း သိရသည္။
အိမ္ျဖဴေတာ္ေျပာေရးဆိုခြင့္ရွိသူက “ဂ်ပန္ႏိုင္ငံဟာ အေမရိကန္ႏိုင္ငံကတင္ပို႔တဲ့ဆန္ေတြကို အခြန္ (၇၀ဝ) ရာခိုင္ႏႈန္းေကာက္ခံမယ္။ ေဒၚနယ္ထရမ့္ကေတာ့ အျပန္အလွန္အေနနဲ႔တုံ႔ျပန္မယ္လို႔ ယုံၾကည္ခဲ့တယ္။ ေဒၚနယ္ထရမ့္ဟာ အေမရိကန္ႏိုင္ငံရဲ႕စီးပြားေရးသမားေတြ၊ အလုပ္သမားေတြ၊ အက်ိဳးစီးပြားအတြက္ ပစ္မွတ္ထား လို႔ အခြန္ေကာက္ခံတာမ်ိဳးျဖစ္တယ္။ ေဒၚနယ္ထရမ့္ဟာ အဆုံးသတ္တစ္ေန႔မွာ ကုန္သြယ္ေရးလုပ္ထုံးလုပ္နည္း ေတြနဲ႔ပတ္သက္ၿပီး ဟန္ခ်က္ညီေအာင္ ထိန္းေက်ာင္းႏိုင္ၿပီး မွ်တ မယ္လို႔ ေျပာထားပါတယ္” ဟု ေျပာသည္။
ေဒၚနယ္ထရမ့္ သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္းအေမရိကန္အစိုးရသည္ တ႐ုတ္ႏိုင္ငံ၊ ကေနဒါ ႏိုင္ငံတို႔ကိုလည္း အခြန္ေကာက္ခံခဲ့ရာ တ႐ုတ္ ႏွင့္ ကေနဒါႏိုင္ငံတို႔က လက္တုံ႔ျပန္မႈအျဖစ္ အေမရိကန္ႏိုင္ငံမွ တင္သြင္းေသာ ကုန္စည္မ်ားကို ျပန္လည္အခြန္ေကာက္ရန္ စီစဥ္ခဲ့ေၾကာင္း သိရသည္။ အိမ္ျဖဴ ေတာ္အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူသည္ အေမရိကန္ႏိုင္ငံမွ တင္သြင္းေသာဆန္မ်ားကို ဂ်ပန္ႏိုင္ငံက အခြန္(၇၀ဝ)ရာခိုင္ႏႈန္းေကာက္ခံရန္ စီစဥ္မႈမ်ား အတြက္ အေသးစိတ္ေျပာဆိုျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။
အေမရိကန္အစိုးရသည္ လာမည့္ ဧၿပီ (၂) ရက္မွ စတင္ၿပီး ကားတင္ပို႔ျခင္းမ်ားအတြက္ ကုန္သြယ္ခြန္မ်ား ေကာက္ခံ မည္ျဖစ္ရာ ဂ်ပန္ကားမ်ားလည္း အခြန္ေကာက္ခံရဖြယ္ရွိေနသည္။ ဂ်ပန္အစိုးရသည္ အေမရိကန္ႏိုင္ငံႏွင့္ အျပန္အလွန္ကုန္သြယ္ခြန္ ေကာက္ခံျခင္းမ်ားကိုေရွာင္ရွားရန္အတြက္ ၿပီးခဲ့ေသာ ရက္ပိုင္းတြင္ အေမရိကန္ႏိုင္ငံသို႔ ကုန္သြယ္ေရးဝန္ႀကီးကို ေစလႊတ္ခဲ့ေသာ္လည္း အေမရိကန္ႏိုင္ငံ၏ အခြန္ေကာက္ခံျခင္းကို ေရွာင္ရွားႏိုင္ျခင္း မရွိခဲ့ေၾကာင္း သိရသည္။