ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းဆီးရမိပြီး ကွင်းဆက်များအား ဆက်လက်ဖော်ထုတ်နေ

618

Pearl (NP News) – မတ် ၁၆
ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းဆီးရမိပြီး ကွင်းဆက်များအား ဆက်လက်ဖော်ထုတ်နေကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးတပ်ဖွဲဝင်များက ပြည်ကြီးတံခွန်မြို့နယ်တွင် ဟန်ဝင်းအောင် မောင်းနှင်ပြီး နိုင်မင်းထက်နှင့် စိုးမိုးအောင်တို့ လိုက်ပါလာသည့် NISSAN CONDOR ခြောက်ဘီးမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်တွင် ဂျပ်စက္ကူအဟောင်းများ၊ ရေသန့်ဘူးခွံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ ပလတ် စတစ်ဆပ်ပြာခွက် ၃,၀၈၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်သူများဖြစ်ကြသည့် တင်ဝင်းအား ပြည်ကြီးတံခွန်မြို့နယ်၊ (ည) ရပ်ကွက်၊ ၁၃၉ (B) လမ်း၊ ၆၂ x ၆၃ လမ်းကြားတွင်လည်းကောင်း၊ သီရိဒုံ နှင့် ဝါဝါစိုးတို့အား မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေငြက်ပ္ ၁ ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို မႏၲေလးတြင္ ဖမ္းဆီးရမိၿပီး ကြင္းဆက္မ်ားအား ဆက္လက္ေဖာ္ထုတ္ေန
Pearl (NP News) – မတ္ ၁၆
ေငြက်ပ္ ၁ ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို မႏၲေလးတြင္ ဖမ္းဆီးရမိၿပီး ကြင္းဆက္မ်ားအား ဆက္လက္ေဖာ္ထုတ္ေနေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
အဆိုပါ မူးယစ္ေဆးဝါးမ်ားကို ၿပီးခဲ့သည့္ မတ္လ ၉ ရက္ေန႔ နံနက္ ၅ နာရီခြဲခန႔္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
လုံၿခဳံေရးတပ္ဖြဲဝင္မ်ားက ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ဟန္ဝင္းေအာင္ ေမာင္းႏွင္ၿပီး ႏိုင္မင္းထက္ႏွင့္ စိုးမိုးေအာင္တို႔ လိုက္ပါလာသည့္ NISSAN CONDOR ေျခာက္ဘီးေမာ္ေတာ္ယာဥ္ကို သတင္းအရ ရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ရွာေဖြရာ ယာဥ္ေပၚတြင္ ဂ်ပ္စကၠဴအေဟာင္းမ်ား၊ ေရသန႔္ဘူးခြံမ်ားျဖင့္ ဖုံးအုပ္သယ္ေဆာင္လာသည့္ ေဒသကာလတန္ဖိုး ေငြက်ပ္ ၁ ဘီလ်ံေက်ာ္တန္ဖိုးရွိ ပလတ္ စတစ္ဆပ္ျပာခြက္ ၃,၀၈၀ ခြက္ျဖင့္ထည့္လ်က္ ဘိန္းျဖဴ ၃၀ ဒသမ ၈ ကီလိုႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁ ဒသမ ၅၄ သိန္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါမူးယစ္ေဆးဝါးမ်ားကို ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) မွ မႏၲေလးတိုင္းေဒသႀကီးသို႔ သယ္ေဆာင္ေရာင္းဝယ္သူမ်ားျဖစ္ၾကသည့္ တင္ဝင္းအား ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ည) ရပ္ကြက္၊ ၁၃၉ (B) လမ္း၊ ၆၂ x ၆၃ လမ္းၾကားတြင္လည္းေကာင္း၊ သီရိဒုံ ႏွင့္ ဝါဝါစိုးတို႔အား မေကြးတိုင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕နယ္တြင္လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။