မအူပင်မြို့နယ်တွင် ပြည့်သူ့စစ်မူ့ထမ်းအတွက်ဟုဆိုကာ လစဉ် ငွေကြေးများကောက်ခံနေဟုဆို

 4314

Pearl (NP News) - မတ် ၁၆

မအူပင်မြို့နယ်တွင် ပြည့်သူ့စစ်မူ့ထမ်းအတွက်ဟုဆိုကာ လစဉ် ငွေကြေးများကောက်ခံနေကြောင်း ဒေသခံများက NP News သို့ ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ကညင်ဝကျေးရွာအုပ်ချုပ်ရေးမှူးက ကညင်ဝကျေးရွာအုပ်စုရှိ ကျေးရွာများမှ အသက် (၁၈) နှစ်မှ (၃၅) နှစ် အရွယ် ယောက်ျားလေးများရှိသော နေအိမ်များသို့ လစဉ် ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

“ပထမဆုံး စကောက်တာတော့ (၂)သောင်းပေါ့။ ဒုတိယလကျတော့ (၆)သောင်းကောက်တယ်။ အခုကျတော့ လူရှာရတာ ရှားလာတာ ဖြစ်တဲ့အတွက် (၈)သောင်းကောက်တယ်ပေါ့နော်။ အဲဒီလိုကောက်တာ။ အိမ်မှာ (၁၈) နှစ်နဲ့ (၃၅)နှစ်ကြား ၂ယောက်ရှိရင် (၁သိန်း ၆သောင်း) ကောက်တယ်။ ဒီလောက် လူတွေ ဒုက္ခရောက်နေတာကို ဘယ်လိုလုပ်တတ်နိုင်တော့မှာလဲ။ ကျွန်တော်တို့လည်း မတတ်နိုင်တော့ဘူးဗျ” ဟု အထက်ပါဒေသခံက ဆိုသည်။

ယခင်လများက တစ်အိမ်လျှင် (၂၀၀၀၀)ကျပ်သာကောက်ခံနေသော်လည်း လက်ရှိတွင် တစ်အိမ်လျှင် (၈၀၀၀၀)ကျပ်နှုန်း တိုးမြင့်ကောက်ယူနေကြောင်း ၎င်းကဆိုသည်။

“ရွာထဲကလူတွေကလည်း ပြောတယ်။ မဲနှိုက်လိုက်ပါ။ ပေါက်ရင် လိုက်မယ်။ သူတို့က အဲဒီလိုလည်း မဟုတ်ဘူး။ စာအိတ်နဲ့တိုးတိုးတိတ်တိတ်လာတာ။ ဉပမာ ရွာမှာ လူ အယောက် (၄၀၀)ရှိရင် အကုန်တန်းစီပြီး မဲနှိုက်လိုက်ပေါ့။ အလှည့်ကျ ဘယ်သူသွားပေါ့။ အခုက အဲဒီလို မဟုတ်ဘူး။ လက်ကြိတ်ထိုးတွေ လုပ်လာတာ။ ကျွန်တော်တို့လည်း စစ်မှုထမ်းရဖို့မကြောက်ပါဘူး” အထက်ပါ ဒေသခံက ဆက်လက်ပြောသည်။

အဆိုပါ ဖြစ်စည်နှင့် ပတ်သက်၍ ကညင်ဝကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ NP Newsမှ ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် အထက်ပါကဲ့သို့ ကောက်ခံခြင်းမရှိကြောင်း ငြင်းဆိုထား သည်။

“အလှည့်ကျလိုက်သွားတဲ့ မိသားစုလေးကို ပြန်ပြန်‌ထောက်ပေးကြတာပေါ့။ အခု ဒီကလေးလိုက်ရင် ဒီကလေး မိသားစုကို ဝိုင်းဝန်းပြီးထောက်တယ်။ အဲဒီလိုတော့ရှိတယ်။ ဒီကိစ္စတွေကို ကျွန်တော်လည်း မလုပ်ဘူး။ရွာမှာ ကြီးတဲ့လူတွေကတော့ ဒီကလေးနစ်နာမှာဆိုးလို့ စရိတ်စကတွေ ထောက်ပေးတာပေါ့။ အခု တစ်ရွာက လိုက်သွားရင် တစ်ရွာကို ဝိုင်းထောက်ပေးတယ်။ အဲဒီလို သဘောပေါ့။ တစ်သောင်း၊ နှစ်သောင်းတော့ ကောက်လိမ့်မှာပေါ့” ဟု ကညင်ဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက NP News သို့ ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရွှေဘိုမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ ငွေကြေးတောင်းခံခဲ့သော ရဲမှူး နှင့် ပါဝင်ခဲ့သူများကို အရေးယူခဲ့ဖူးသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းများအားဆင့်ခေါ်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေသတ်မှတ်ချက်များအတိုင်းသာ ဆင့်ခေါ်သွားရန်နှင့် ငွေကြေးများ တောင်းခံခြင်း၊ လူစားထိုးလဲလှယ်ခြင်းများ မရှိစေရေး တာဝန်ရှိသူများမှ အသိပညာပေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီဆင့်ခေါ်မှုမရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

Zawgyi Version:
မအူပင္ၿမိဳ႕နယ္တြင္ ျပည့္သူ႔စစ္မူ႔ထမ္းအတြက္ဟုဆိုကာ လစဥ္ ေငြေၾကးမ်ားေကာက္ခံေနဟုဆို
Pearl (NP News) - မတ္ ၁၆

မအူပင္ၿမိဳ႕နယ္တြင္ ျပည့္သူ႔စစ္မူ႔ထမ္းအတြက္ဟုဆိုကာ လစဥ္ ေငြေၾကးမ်ားေကာက္ခံေနေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာသည္။

ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕နယ္၊ ကညင္ဝေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ကညင္ဝေက်း႐ြာအုပ္စုရွိ ေက်း႐ြာမ်ားမွ အသက္ (၁၈) ႏွစ္မွ (၃၅) ႏွစ္ အ႐ြယ္ ေယာက္်ားေလးမ်ားရွိေသာ ေနအိမ္မ်ားသို႔ လစဥ္ ေငြေၾကးေကာက္ခံမႈမ်ား ျပဳလုပ္ေနေၾကာင္း ေဒသခံ တစ္ဦးက ဆိုသည္။

“ပထမဆုံး စေကာက္တာေတာ့ (၂)ေသာင္းေပါ့။ ဒုတိယလက်ေတာ့ (၆)ေသာင္းေကာက္တယ္။ အခုက်ေတာ့ လူရွာရတာ ရွားလာတာ ျဖစ္တဲ့အတြက္ (၈)ေသာင္းေကာက္တယ္ေပါ့ေနာ္။ အဲဒီလိုေကာက္တာ။ အိမ္မွာ (၁၈) ႏွစ္နဲ႔ (၃၅)ႏွစ္ၾကား ၂ေယာက္ရွိရင္ (၁သိန္း ၆ေသာင္း) ေကာက္တယ္။ ဒီေလာက္ လူေတြ ဒုကၡေရာက္ေနတာကို ဘယ္လိုလုပ္တတ္ႏိုင္ေတာ့မွာလဲ။ ကြၽန္ေတာ္တို႔လည္း မတတ္ႏိုင္ေတာ့ဘူးဗ်” ဟု အထက္ပါေဒသခံက ဆိုသည္။

ယခင္လမ်ားက တစ္အိမ္လွ်င္ (၂၀၀၀၀)က်ပ္သာေကာက္ခံေနေသာ္လည္း လက္ရွိတြင္ တစ္အိမ္လွ်င္ (၈၀၀၀၀)က်ပ္ႏႈန္း တိုးျမင့္ေကာက္ယူေနေၾကာင္း ၎ကဆိုသည္။

“႐ြာထဲကလူေတြကလည္း ေျပာတယ္။ မဲႏႈိက္လိုက္ပါ။ ေပါက္ရင္ လိုက္မယ္။ သူတို႔က အဲဒီလိုလည္း မဟုတ္ဘူး။ စာအိတ္နဲ႔တိုးတိုးတိတ္တိတ္လာတာ။ ဉပမာ ႐ြာမွာ လူ အေယာက္ (၄၀၀)ရွိရင္ အကုန္တန္းစီၿပီး မဲႏႈိက္လိုက္ေပါ့။ အလွည့္က် ဘယ္သူသြားေပါ့။ အခုက အဲဒီလို မဟုတ္ဘူး။ လက္ႀကိတ္ထိုးေတြ လုပ္လာတာ။ ကြၽန္ေတာ္တို႔လည္း စစ္မႈထမ္းရဖို႔မေၾကာက္ပါဘူး” အထက္ပါ ေဒသခံက ဆက္လက္ေျပာသည္။

အဆိုပါ ျဖစ္စည္ႏွင့္ ပတ္သက္၍ ကညင္ဝေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးထံသို႔ NP Newsမွ ဆက္သြယ္ေမးျမန္းရာ ၎အေနျဖင့္ အထက္ပါကဲ့သို႔ ေကာက္ခံျခင္းမရွိေၾကာင္း ျငင္းဆိုထား သည္။

“အလွည့္က်လိုက္သြားတဲ့ မိသားစုေလးကို ျပန္ျပန္‌ေထာက္ေပးၾကတာေပါ့။ အခု ဒီကေလးလိုက္ရင္ ဒီကေလး မိသားစုကို ဝိုင္းဝန္းၿပီးေထာက္တယ္။ အဲဒီလိုေတာ့ရွိတယ္။ ဒီကိစၥေတြကို ကြၽန္ေတာ္လည္း မလုပ္ဘူး။႐ြာမွာ ႀကီးတဲ့လူေတြကေတာ့ ဒီကေလးနစ္နာမွာဆိုးလို႔ စရိတ္စကေတြ ေထာက္ေပးတာေပါ့။ အခု တစ္႐ြာက လိုက္သြားရင္ တစ္႐ြာကို ဝိုင္းေထာက္ေပးတယ္။ အဲဒီလို သေဘာေပါ့။ တစ္ေသာင္း၊ ႏွစ္ေသာင္းေတာ့ ေကာက္လိမ့္မွာေပါ့” ဟု ကညင္ဝေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေအာင္သိန္းက NP News သို႔ ေျပာသည္။

ၿပီးခဲ့သည့္ရက္ပိုင္းကလည္း ေ႐ႊဘိုၿမိဳ႕နယ္တြင္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးႏွင့္ပတ္သက္၍ ေငြေၾကးေတာင္းခံခဲ့ေသာ ရဲမႉး ႏွင့္ ပါဝင္ခဲ့သူမ်ားကို အေရးယူခဲ့ဖူးသည္။

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးရွိ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕မ်ားအေနျဖင့္ ျပည္သူ႔စစ္မႈထမ္းမ်ားအားဆင့္ေခၚရာတြင္ သတ္မွတ္ျပ႒ာန္းထားသည့္ ဥပေဒသတ္မွတ္ခ်က္မ်ားအတိုင္းသာ ဆင့္ေခၚသြားရန္ႏွင့္ ေငြေၾကးမ်ား ေတာင္းခံျခင္း၊ လူစားထိုးလဲလွယ္ျခင္းမ်ား မရွိေစေရး တာဝန္ရွိသူမ်ားမွ အသိပညာေပးမႈမ်ားကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္လည္း ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚမႈႏွင့္ပတ္သက္၍ ဥပေဒႏွင့္အညီဆင့္ေခၚမႈမရွိပါက သက္ဆိုင္ရာတာဝန္ရွိသူမ်ားထံသို႔ ဆက္သြယ္သတင္းေပးပို႔ႏိုင္ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

Picture

Nyan Lin Aung

18/03/2025 14:41

ဧရာဝတီတစ်တိုင်းလုံးကောက်နေတာ၊ရွာတွေကတော့ပိုဆိုးတယ်

Related news

© 2021. All rights reserved.