EV ကားများ ရှေ့လမှစ၍ လမ်း၊ တံတား အသုံးပြုခကောက်ခံတော့မည်

200

ယွန်း (NP News) - မတ်လ ၁၇
EV လျှပ်စစ်ကားများကို လမ်း၊ တံတားအသုံးပြုခ ကောက်ခံတော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အပါအဝင် BOT စနစ်ဖြင့် ဆောင်ရွက်နေသော လမ်းတံတား များ၊ အခြားပြည်ထောင်စုလမ်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များ လမ်းတံတားအားလုံးတွင် လျှပ်စစ်သုံး ယာဉ်များ လမ်းတံတား အသုံးပြုခကို (၁၀ဝ) ရာခိုင်နှုန်းဖြေလျှော့ပြီး (၂၀၂၃) ခုနှစ် ဧပြီ (၁) ရက်တွင် စတင် ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကင်းလွတ်ခွင့်ကို (၂၀၂၅) ခုနှစ်၊ မတ်လ (၃၁) ရက်အထိ သတ်မှတ်ကာလ(၃)နှစ် ကင်းလွတ်ခွင့် ပြုခဲ့ရာ လက်ရှိတွင် ၎င်းသတ်မှတ်ကာလမှာ ပြည့်မြောက်တော့မည်ဖြစ်သည်။ ထို့ကြောင့် လျှပ်စစ်ကား (EV)များကို လာမည့်ဧပြီ(၁)ရက်မှစ၍ လမ်း၊ တံတား အသုံးပြုခများ စတင်ကောက်ခံတော့မည်ဖြစ် ကြောင်း လမ်းဦးစီးဌာနက အတည်ပြုပြောကြားထားသည်။
“မှန်ပါတယ်။ ကင်းလွတ်ခွင့် ဖြုတ်လိုက်ပါပြီ။ သုံးနှစ်လို့ပြောထားတာဖြစ်တဲ့အတွက် သုံးနှစ်ပြည့် သွားတာမို့လို့ ကင်းလွတ်ခွင့်ကို ဖြုတ်လိုက်ပြီ။ ကောက်တော့မှာ။ EV တွေကို ကင်းလွတ်ခွင့် မပြုတော့ ဘူး။ လာမယ့် ဧပြီ (၁) ရက်ကနေ စပြီးကောက်တော့မှာ မှန်ပါတယ်။ EV အစည်းအဝေးမှာ ဆုံးဖြတ်ပြီး တော့ သဘောတူလိုက်ပြီနော်” ဟု လမ်းဦးစီး ဌာနမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်၍ EV ကား လောကအတွင်း စုံစမ်းသိရှိချက်များအရ တစ်စုံ တစ်ရာ အသိပေးခြင်းမျိုးမရှိဘဲ တရားဝင်အသိပေးထုတ်ပြန်ခြင်းမျိုးလည်း မရှိကြောင်း သိရသည်။
“Facebook မှာတော့ သူများတွေ တင်နေကြတာပဲ။ တွေ့တယ်။ တင်တဲ့သူတွေကတော့ တင် နေတာပဲ။ ကျွန်တော်တို့ဘက်ကတော့ ဘာမှမကြေညာဘူး။ တရားဝင်ကြေညာထားချက်တွေ ဘာမှ မတွေ့ရဘူး။ ကောက်လာရင်တော့ပေးရမှာပေါ့။ EV ကတော့ လမ်း၊ တံတားကြေး မကောက်ဘူးဆိုတာ က သတ်မှတ်ချိန်တစ်ခုတော့ပေးထားတာပေါ့။ ရေရှည်တော့ မရဘူး။ အခုကတော့ ကျွန်တော်တို့ဘက် ကို တရားဝင်ထုတ်ပြန်တာမျိုးမရှိပါဘူး” ဟု ဝါရင့် ကား လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လျှပ်စစ်သုံးမော်တော်ယာဉ်များအပေါ် (၂၀၂၃) ခုနှစ်မှ (၂၀၂၅) ခုနှစ်အထိ ကနဦးမှတ်ပုံတင်သည့် ယာဉ်များအတွက် (၁၀ဝ) ရာခိုင်နှုန်း ဘီးခွန်ကင်းလွတ်ခွင့်အပါအဝင် မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊ တန် ပိုကြေး၊ လုပ်ငန်းလိုင်စင်၊ ညအိပ်ခ၊ ပစ္စည်းခွန် စသည်တို့အပေါ်တွင်လည်း အခွန်အခကင်းလွတ်ခွင့် ပြု ထားခြင်းဖြစ်သည်။

Zawgyi Version:
EV ကားမ်ား ေရွ႕လမွစ၍ လမ္း၊ တံတား အသုံးျပဳခေကာက္ခံေတာ့မည္
ယြန္း (NP News) - မတ္လ ၁၇
EV လွ်ပ္စစ္ကားမ်ားကို လမ္း၊ တံတားအသုံးျပဳခ ေကာက္ခံေတာ့မည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၊ လမ္းဦးစီးဌာနထံမွ သိရသည္။
ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး အပါအဝင္ BOT စနစ္ျဖင့္ ေဆာင္႐ြက္ေနေသာ လမ္းတံတား မ်ား၊ အျခားျပည္ေထာင္စုလမ္းႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္မ်ား လမ္းတံတားအားလုံးတြင္ လွ်ပ္စစ္သုံး ယာဥ္မ်ား လမ္းတံတား အသုံးျပဳခကို (၁၀ဝ) ရာခိုင္ႏႈန္းေျဖေလွ်ာ့ၿပီး (၂၀၂၃) ခုႏွစ္ ဧၿပီ (၁) ရက္တြင္ စတင္ ကင္းလြတ္ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။
အဆိုပါ ကင္းလြတ္ခြင့္ကို (၂၀၂၅) ခုႏွစ္၊ မတ္လ (၃၁) ရက္အထိ သတ္မွတ္ကာလ(၃)ႏွစ္ ကင္းလြတ္ခြင့္ ျပဳခဲ့ရာ လက္ရွိတြင္ ၎သတ္မွတ္ကာလမွာ ျပည့္ေျမာက္ေတာ့မည္ျဖစ္သည္။ ထို႔ေၾကာင့္ လွ်ပ္စစ္ကား (EV)မ်ားကို လာမည့္ဧၿပီ(၁)ရက္မွစ၍ လမ္း၊ တံတား အသုံးျပဳခမ်ား စတင္ေကာက္ခံေတာ့မည္ျဖစ္ ေၾကာင္း လမ္းဦးစီးဌာနက အတည္ျပဳေျပာၾကားထားသည္။
“မွန္ပါတယ္။ ကင္းလြတ္ခြင့္ ျဖဳတ္လိုက္ပါၿပီ။ သုံးႏွစ္လို႔ေျပာထားတာျဖစ္တဲ့အတြက္ သုံးႏွစ္ျပည့္ သြားတာမို႔လို႔ ကင္းလြတ္ခြင့္ကို ျဖဳတ္လိုက္ၿပီ။ ေကာက္ေတာ့မွာ။ EV ေတြကို ကင္းလြတ္ခြင့္ မျပဳေတာ့ ဘူး။ လာမယ့္ ဧၿပီ (၁) ရက္ကေန စၿပီးေကာက္ေတာ့မွာ မွန္ပါတယ္။ EV အစည္းအေဝးမွာ ဆုံးျဖတ္ၿပီး ေတာ့ သေဘာတူလိုက္ၿပီေနာ္” ဟု လမ္းဦးစီး ဌာနမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
သို႔ေသာ္ အဆိုပါကိစၥႏွင့္ ပတ္သက္၍ EV ကား ေလာကအတြင္း စုံစမ္းသိရွိခ်က္မ်ားအရ တစ္စုံ တစ္ရာ အသိေပးျခင္းမ်ိဳးမရွိဘဲ တရားဝင္အသိေပးထုတ္ျပန္ျခင္းမ်ိဳးလည္း မရွိေၾကာင္း သိရသည္။
“Facebook မွာေတာ့ သူမ်ားေတြ တင္ေနၾကတာပဲ။ ေတြ႕တယ္။ တင္တဲ့သူေတြကေတာ့ တင္ ေနတာပဲ။ ကြၽန္ေတာ္တို႔ဘက္ကေတာ့ ဘာမွမေၾကညာဘူး။ တရားဝင္ေၾကညာထားခ်က္ေတြ ဘာမွ မေတြ႕ရဘူး။ ေကာက္လာရင္ေတာ့ေပးရမွာေပါ့။ EV ကေတာ့ လမ္း၊ တံတားေၾကး မေကာက္ဘူးဆိုတာ က သတ္မွတ္ခ်ိန္တစ္ခုေတာ့ေပးထားတာေပါ့။ ေရရွည္ေတာ့ မရဘူး။ အခုကေတာ့ ကြၽန္ေတာ္တို႔ဘက္ ကို တရားဝင္ထုတ္ျပန္တာမ်ိဳးမရွိပါဘူး” ဟု ဝါရင့္ ကား လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
လွ်ပ္စစ္သုံးေမာ္ေတာ္ယာဥ္မ်ားအေပၚ (၂၀၂၃) ခုႏွစ္မွ (၂၀၂၅) ခုႏွစ္အထိ ကနဦးမွတ္ပုံတင္သည့္ ယာဥ္မ်ားအတြက္ (၁၀ဝ) ရာခိုင္ႏႈန္း ဘီးခြန္ကင္းလြတ္ခြင့္အပါအဝင္ ၿမိဳ႕ဝင္ေၾကး၊ လမ္းအသုံးျပဳခ၊ တန္ ပိုေၾကး၊ လုပ္ငန္းလိုင္စင္၊ ညအိပ္ခ၊ ပစၥည္းခြန္ စသည္တို႔အေပၚတြင္လည္း အခြန္အခကင္းလြတ္ခြင့္ျပဳထားျခင္းျဖစ္သည္။