ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာဖြစ်ပွားစေနိုင်သဖြင့် အထူးဂရုပြုဆင်ခြင်ရန် ကျန်းမာရေး ဝန်ကြီးဌာန သတိပေး

756

Pearl (NP News) - မတ် ၁၆
ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာဖြစ်ပွားစေနိုင်ပြီး အထူးဂရုပြုဆင်ခြင်ရန် ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုမဲလာခြင်းတို့ကိုဖြစ်စေနိုင်ပြီး ထိတွေ့မှု ကာလ ကြာလာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်း ၊ ခုခံအားကျဆင်းလာခြင်း ၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ခရမ်းလွန်ရောင်ခြည်မြင့်မားစွာ ကျရောက်နိုင်သည့် နံနက် (၁၀)နာရီမှ ညနေ (၄)နာရီ အတွင်းတွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ရန် ကျန်မာရေးဝန်ကြီးဌာနက သတိပေးထားသည်။
အပြင်ထွက်ပါက အသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့မိစေရန် မျက်နှာ၊ လည်ပင်း နှင့် ပခုံးတို့ကိုပါ လုံခြုံသော ထီး၊ ဦးထုပ်စသည်တို့ကို ဆောင်းသွားသင့်ပြီး ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သော ချည်သားထူထူပွပွ အဝတ်အထည်များကို ဝတ်ဆင်ရန်လည်း ကျန်မာရေး ဝန်ကြီးဌာနက အကြံပြုထားသည်။
ထို့ပြင် ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်း ထိခိုက်စေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို (၉၉)ရာခိုင်နှုန်းအထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကို တပ်ဆင်ရန်၊ အဝတ်ကင်းလွတ်နေသော လက်၊ လည်ပင်း နှင့် ပခုံးစသည့် နေရာများကို သနပ်ခါးထူထူ (သို့မဟုတ်) SPF 15+ ပါဝင်သော နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ (၁၅)မိနစ်ခန့် ကြိုတင်လိမ်းရန်လည်း အကြံပြုထားသည်။
ကလေးငယ်များနှင့် သက်ကြီး ဘိုးဘွားများသည် ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုပြုဆင်ခြင်ရန် လိုအပ်ပြီး အသက် တစ်နှစ်အောက် ကလေးငယ်မျာကို နေပူထဲသို့ ခေါ်ဆောင်ခြင်းမပြုရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။

Zawgyi Version:
ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ အေရျပားကင္ဆာျဖစ္ပြားေစႏိုင္သျဖင့္ အထူးဂ႐ုျပဳဆင္ျခင္ရန္ က်န္းမာေရး ဝန္ႀကီးဌာန သတိေပး
Pearl (NP News) - မတ္ ၁၆
ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ အေရျပားကင္ဆာျဖစ္ပြားေစႏိုင္ၿပီး အထူးဂ႐ုျပဳဆင္ျခင္ရန္ က်န္းမာေရး ဝန္ႀကီးဌာနက သတိေပးထုတ္ျပန္ထားသည္။
ခရမ္းလြန္ေရာင္ျခည္အၫႊန္းကိန္း ျမင့္မားစြာရွိေနသည့္အခ်ိန္မ်ားတြင္ ခရမ္းလြန္ေရာင္ျခည္ႏွင့္ ထိေတြ႕မႈေၾကာင့္ ေနေလာင္ျခင္း၊ အသားအေရာင္ ညိဳမဲလာျခင္းတို႔ကိုျဖစ္ေစႏိုင္ၿပီး ထိေတြ႕မႈ ကာလ ၾကာလာေသာအခါ မ်က္စိတိမ္စြဲျခင္း၊ အေရျပားမ်ား အ႐ြယ္မတိုင္မီအိုမင္းရင့္ေရာ္ျခင္း ၊ ခုခံအားက်ဆင္းလာျခင္း ၊ အေရျပားကင္ဆာျဖစ္ျခင္း စသည့္ ဆိုးက်ိဳးမ်ားကို ျဖစ္ေပၚေစႏိုင္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ခရမ္းလြန္ေရာင္ျခည္ျမင့္မားစြာ က်ေရာက္ႏိုင္သည့္ နံနက္ (၁၀)နာရီမွ ညေန (၄)နာရီ အတြင္းတြင္ ေနေရာင္ျခည္ႏွင့္ တိုက္႐ိုက္ထိေတြ႕ျခင္းကို တတ္ႏိုင္သမွ်ေရွာင္ၾကဥ္ရန္ က်န္မာေရးဝန္ႀကီးဌာနက သတိေပးထားသည္။
အျပင္ထြက္ပါက အသားကို ေနေရာင္ျခည္ႏွင့္ တိုက္႐ိုက္မထိေတြ႕မိေစရန္ မ်က္ႏွာ၊ လည္ပင္း ႏွင့္ ပခုံးတို႔ကိုပါ လုံၿခဳံေသာ ထီး၊ ဦးထုပ္စသည္တို႔ကို ေဆာင္းသြားသင့္ၿပီး ခရမ္းလြန္ေရာင္ျခည္ အလြယ္တကူမေဖာက္ႏိုင္ေသာ ခ်ည္သားထူထူပြပြ အဝတ္အထည္မ်ားကို ဝတ္ဆင္ရန္လည္း က်န္မာေရး ဝန္ႀကီးဌာနက အႀကံျပဳထားသည္။
ထို႔ျပင္ ခရမ္းလြန္ေရာင္ျခည္သည္ မ်က္စိကိုလည္း ထိခိုက္ေစႏိုင္သျဖင့္ ခရမ္းလြန္ေရာင္ျခည္ကို (၉၉)ရာခိုင္ႏႈန္းအထိ အကာအကြယ္ေပးႏိုင္သည့္ ေနကာမ်က္မွန္ကို တပ္ဆင္ရန္၊ အဝတ္ကင္းလြတ္ေနေသာ လက္၊ လည္ပင္း ႏွင့္ ပခုံးစသည့္ ေနရာမ်ားကို သနပ္ခါးထူထူ (သို႔မဟုတ္) SPF 15+ ပါဝင္ေသာ ေနေရာင္ခံလိမ္းေဆးကို ေနေရာင္ျခည္ထဲမထြက္မီ (၁၅)မိနစ္ခန႔္ ႀကိဳတင္လိမ္းရန္လည္း အႀကံျပဳထားသည္။
ကေလးငယ္မ်ားႏွင့္ သက္ႀကီး ဘိုးဘြားမ်ားသည္ ခရမ္းလြန္ေရာင္ျခည္ အႏၲရာယ္ကို ပိုမိုခံစားရႏိုင္သျဖင့္ အထူးဂ႐ုျပဳဆင္ျခင္ရန္ လိုအပ္ၿပီး အသက္ တစ္ႏွစ္ေအာက္ ကေလးငယ္မ်ာကို ေနပူထဲသို႔ ေခၚေဆာင္ျခင္းမျပဳရန္ က်န္းမာေရးဝန္ႀကီးဌာနက သတိေပးထားသည္။