ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တည်ဆောက်ဆဲ အမြန်လမ်းတံတားပြိုကျမှုကြောင့် လူ ၅ ဦးထက်မနည်း သေဆုံး

211

ရောင်နီ (NP News) - မတ် ၁၇
ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ တည်ဆောက်နေဆဲ အမြန်လမ်းတံတားတစ်ခု စနေနေ့ (မတ် ၁၅ ရက်) က ပြိုကျခဲ့ပြီး အနည်းဆုံး လူငါးဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဘန်ကောက်မြို့ အနောက်တောင်ပိုင်းမှာ စနေနေ့ (မတ်လ ၁၅ ရက်) နံနက် အစောပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဆိုပါပြိုကျမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လူ ၅ ဦး၊ အခြားလူ ၂၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ပို့ဆောင်ရေးဝန်ကြီး စူရီယာ ဂျန်ဂရမ်ဂရီအန်ကစ် က ပြောကြားခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွက် စူရီယာက ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး သေဆုံးသူတွေအတွက် ကန်ထရိုက်တာတွေနဲ့ သက်ဆိုင်ရာအေဂျင်စီတွေက လျော်ကြေးပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီး ယာဉ်ကြောပိတ်ဆို့မှုကြောင့် အလုပ်သမားလေးဦးနဲ့ အင်ဂျင်နီယာတစ်ဦး သေဆုံးခဲ့ပြီး လမ်းအသုံးပြုသူတွေတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ၎င်းက ပြောပါတယ်။ ပြိုကျရတဲ့အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဘန်ကောက် ရဲတပ်ဖွဲ့မှူး စီရမ်ဘွန်ဆမ် က ပြောကြားပါတယ်။ ဒါပေမယ့် သတ္တုနဲ့ ကွန်ကရစ် အဆောက်အဦကြီးတွေ မြေပြင်ပေါ်မှာ ပြုတ်ကျကာ လမ်းကို လုံးဝ ပိတ်ဆို့သွားခဲ့တာကို အဆိုပါနေရာ ဓာတ်ပုံ တွေအရ တွေ့ရပါတယ်။ ထိုင်းနိုင်ငံ အမြန်လမ်း အာဏာပိုင် ဝက်ဘ်ဆိုက်မှ ထုတ်ပြန်တဲ့ ပရောဂျက် အချက် အလက်တွေအရ အဆိုပါ ကီလိုမီတာ ၅ဝ အရှည်ရှိ အမြန်လမ်းတံတားဟာ ၂၀၂၂ ခုနှစ်က စတင်တည်ဆောက်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
အေဂျင်စီရဲ့အုပ်ချုပ်ရေးမှူး စူရာချက်က အပျက်အစီးတွေကို တတ်နိုင်သမျှ မြန်မြန်ရှင်းလင်းဖို့ လုပ်ဆောင် နေပြီး အားလုံးပြီးဖို့ သီတင်းတစ်ပတ်လောက် ကြာနိုင်တယ်လို့ ဆိုပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ တည္ေဆာက္ဆဲ အျမန္လမ္းတံတားၿပိဳက်မႈေၾကာင့္ လူ ၅ ဦးထက္မနည္း ေသဆုံး
ေရာင္နီ (NP News) - မတ္ ၁၇
ထိုင္းႏိုင္ငံ ၿမိဳ႕ေတာ္ ဘန္ေကာက္မွာ တည္ေဆာက္ေနဆဲ အျမန္လမ္းတံတားတစ္ခု စေနေန႔ (မတ္ ၁၅ ရက္) က ၿပိဳက်ခဲ့ၿပီး အနည္းဆုံး လူငါးဦး ေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။
ဘန္ေကာက္ၿမိဳ႕ အေနာက္ေတာင္ပိုင္းမွာ စေနေန႔ (မတ္လ ၁၅ ရက္) နံနက္ အေစာပိုင္းက ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး အဆိုပါၿပိဳက်မႈေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွ လူ ၅ ဦး၊ အျခားလူ ၂၄ ဦး ဒဏ္ရာရခဲ့တယ္လို႔ ပို႔ေဆာင္ေရးဝန္ႀကီး စူရီယာ ဂ်န္ဂရမ္ဂရီအန္ကစ္ က ေျပာၾကားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္အတြက္ စူရီယာက ဝမ္းနည္းေၾကာင္း ေျပာၾကားခဲ့ၿပီး ေသဆုံးသူေတြအတြက္ ကန္ထ႐ိုက္တာေတြနဲ႔ သက္ဆိုင္ရာေအဂ်င္စီေတြက ေလ်ာ္ေၾကးေပးမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ေဆာက္လုပ္ေရးလုပ္ငန္းခြင္အနီး ယာဥ္ေၾကာပိတ္ဆို႔မႈေၾကာင့္ အလုပ္သမားေလးဦးနဲ႔ အင္ဂ်င္နီယာတစ္ဦး ေသဆုံးခဲ့ၿပီး လမ္းအသုံးျပဳသူေတြေတာ့ ထိခိုက္မႈမရွိခဲ့ဘူးလို႔ ၎က ေျပာပါတယ္။ ၿပိဳက်ရတဲ့အေၾကာင္းရင္းကို အာဏာပိုင္ေတြက စုံစမ္းစစ္ေဆးေနဆဲျဖစ္ၿပီး တာဝန္ရွိသူေတြကို ဥပေဒအရ အေရးယူေဆာင္႐ြက္သြားမယ္လို႔ ဘန္ေကာက္ ရဲတပ္ဖြဲ႕မႉး စီရမ္ဘြန္ဆမ္ က ေျပာၾကားပါတယ္။ ဒါေပမယ့္ သတၱဳနဲ႔ ကြန္ကရစ္ အေဆာက္အဦႀကီးေတြ ေျမျပင္ေပၚမွာ ျပဳတ္က်ကာ လမ္းကို လုံးဝ ပိတ္ဆို႔သြားခဲ့တာကို အဆိုပါေနရာ ဓာတ္ပုံ ေတြအရ ေတြ႕ရပါတယ္။ ထိုင္းႏိုင္ငံ အျမန္လမ္း အာဏာပိုင္ ဝက္ဘ္ဆိုက္မွ ထုတ္ျပန္တဲ့ ပေရာဂ်က္ အခ်က္ အလက္ေတြအရ အဆိုပါ ကီလိုမီတာ ၅ဝ အရွည္ရွိ အျမန္လမ္းတံတားဟာ ၂၀၂၂ ခုႏွစ္က စတင္တည္ေဆာက္ခဲ့ တာျဖစ္တယ္လို႔ သိရပါတယ္။
ေအဂ်င္စီရဲ႕အုပ္ခ်ဳပ္ေရးမႉး စူရာခ်က္က အပ်က္အစီးေတြကို တတ္ႏိုင္သမွ် ျမန္ျမန္ရွင္းလင္းဖို႔ လုပ္ေဆာင္ ေနၿပီး အားလုံးၿပီးဖို႔ သီတင္းတစ္ပတ္ေလာက္ ၾကာႏိုင္တယ္လို႔ ဆိုပါတယ္။