ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေစာရင်းမှာ မကွေးတိုင်း ချောက်မြို့က ဒုတိယနေရာမှာရှိနေ

 739

ဂျန်ဇက် (NP News) - မတ် ၁၇

ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေထဲမှာ မကွေးတိုင်း၊ ချောက်မြို့ပါဝင်နေတယ်လို့ အယ်ဒိုရာဒို ရာသီဥတုလေ့လာ စောင့်ကြည့်ရေးအဖွဲ့က ဖော်ပြထားပါတယ်။
အယ်ဒိုရာဒို ရာသီဥတု လေ့လာစောင့်ကြည့်ရေးအဖွဲ့ဟာ မတ်လ ၁၆ ရက်အတွက် ကမ္ဘာ့အပူချိန်နဲ့ မိုးရေချိန်တွေကို တိုင်းတာထုတ်ပြန်ခဲ့ရာ ချောက်မြို့က ကမ္ဘာမှာ ဒုတိယအပူဆုံးမြို့ ဖြစ်နေတယ်လို့ သိရပါတယ်။ မတ် ၁၆ ရက် ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၃ဝ မိနစ်ကနေ ညနေ ၄ နာရီ ၃ဝ မိနစ်အတွင်း တိုင်းချက်အရ ချောက်မြို့ အပူချိန်က ၄၄ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မကွေးမြို့ကတော့ အပူချိန် ၄၂ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ ရှိနေပေမဲ့ ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ မြို့ထဲမှာ တော့ မပါဝင်ကြောင်း သိရပါတယ်။ ဒါပေမဲ့ မြောက်ကမ္ဘာခြမ်းက အပူချိန်အမြင့်ဆုံး ၁၅ မြို့ထဲမှာတော့ မကွေးမြို့ က အဆင့် ၈ ဖြစ်နေတယ်လို့ အယ်ဒိုရာဒိုရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
မကွေးတိုင်းရဲ့အပူချိန်ဟာ မတ်လရဲ့ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီဆဲလ်စီးယပ်ပိုနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဓဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ မတ်လအတွင်း မကွေးတိုင်းရဲ့ပျမ်းမျှအပူချိန်ဟာ ၄၁ ဒီဂရီဆဲလ်စီးယပ်ဖြစ်တယ်လို့ သိရပါတယ်။

မကွေးတိုင်းချောက်မြို့ဟာ မြန်မာနိုင်ငံရှိမြို့တွေထဲမှာ အပူချိန် စံချိန်တင်တဲ့မြို့ဖြစ်နေပြီး ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းကလည်း ချောက်မြို့ဟာ ၁၉၆၈ ခုနှစ်နောက်ပိုင်း အပူချိန် စံချိန်တင်နှစ်ဖြစ်နေခဲ့ကာ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ချောက်မြို့မှာ အပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့ပါတယ်။

Zawgyi Version:
ကမာၻ႔အပူခ်ိန္အျမင့္ဆုံးၿမိဳ႕ေတြစာရင္းမွာ မေကြးတိုင္း ေခ်ာက္ၿမိဳ႕က ဒုတိယေနရာမွာရွိေန
ဂ်န္ဇက္ (NP News) - မတ္ ၁၇

ကမာၻ႔အပူခ်ိန္အျမင့္ဆုံးၿမိဳ႕ေတြထဲမွာ မေကြးတိုင္း၊ ေခ်ာက္ၿမိဳ႕ပါဝင္ေနတယ္လို႔ အယ္ဒိုရာဒို ရာသီဥတုေလ့လာ ေစာင့္ၾကည့္ေရးအဖြဲ႕က ေဖာ္ျပထားပါတယ္။
အယ္ဒိုရာဒို ရာသီဥတု ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ဟာ မတ္လ ၁၆ ရက္အတြက္ ကမာၻ႔အပူခ်ိန္နဲ႔ မိုးေရခ်ိန္ေတြကို တိုင္းတာထုတ္ျပန္ခဲ့ရာ ေခ်ာက္ၿမိဳ႕က ကမာၻမွာ ဒုတိယအပူဆုံးၿမိဳ႕ ျဖစ္ေနတယ္လို႔ သိရပါတယ္။ မတ္ ၁၆ ရက္ ေဒသစံေတာ္ခ်ိန္ ေန႔လယ္ ၁၂ နာရီ ၃ဝ မိနစ္ကေန ညေန ၄ နာရီ ၃ဝ မိနစ္အတြင္း တိုင္းခ်က္အရ ေခ်ာက္ၿမိဳ႕ အပူခ်ိန္က ၄၄ ဒီဂရီဆဲလ္စီးယပ္အထိ ျမင့္တက္ခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
မေကြးၿမိဳ႕ကေတာ့ အပူခ်ိန္ ၄၂ ဒသမ ၈ ဒီဂရီဆဲလ္စီးယပ္အထိ ရွိေနေပမဲ့ ကမာၻ႔အပူခ်ိန္အျမင့္ဆုံး ၁၅ ၿမိဳ႕ထဲမွာ ေတာ့ မပါဝင္ေၾကာင္း သိရပါတယ္။ ဒါေပမဲ့ ေျမာက္ကမာၻျခမ္းက အပူခ်ိန္အျမင့္ဆုံး ၁၅ ၿမိဳ႕ထဲမွာေတာ့ မေကြးၿမိဳ႕ က အဆင့္ ၈ ျဖစ္ေနတယ္လို႔ အယ္ဒိုရာဒိုရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။
မေကြးတိုင္းရဲ႕အပူခ်ိန္ဟာ မတ္လရဲ႕ပ်မ္းမွ်အပူခ်ိန္ထက္ ၃ ဒီဂရီဆဲလ္စီးယပ္ပိုေနတယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဓဒ ၫႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္ပါတယ္။ မတ္လအတြင္း မေကြးတိုင္းရဲ႕ပ်မ္းမွ်အပူခ်ိန္ဟာ ၄၁ ဒီဂရီဆဲလ္စီးယပ္ျဖစ္တယ္လို႔ သိရပါတယ္။ မေကြးတိုင္းေခ်ာက္ၿမိဳ႕ဟာ ျမန္မာႏိုင္ငံရွိၿမိဳ႕ေတြထဲမွာ အပူခ်ိန္ စံခ်ိန္တင္တဲ့ၿမိဳ႕ျဖစ္ေနၿပီး ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလတုန္းကလည္း ေခ်ာက္ၿမိဳ႕ဟာ ၁၉၆၈ ခုႏွစ္ေနာက္ပိုင္း အပူခ်ိန္ စံခ်ိန္တင္ႏွစ္ျဖစ္ေနခဲ့ကာ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလတုန္းက ေခ်ာက္ၿမိဳ႕မွာ အပူခ်ိန္ ၄၈ ဒသမ ၂ ဒီဂရီဆဲလ္စီးယပ္အထိ ရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.