ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ ကရင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ် ၄ ဘီလျံနီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

321

Pearl (NP News) - မတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ ကရင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ် ၄ ဘီလျံနီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဆေးပြားများကို ပြီးခဲ့သည့် မတ်လ ၁၀ ရက် နံနက် ၅ နာရီ ၃ဝ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ညောင်ခါးရှည်ကျေးရွာအနီးတွင် မန္တလေးမှ ဘားအံဘက်သို့ ဝေဖြိုးမောင်(ခ)ကိုဖြိုး မောင်းနှင်ပြီး မမာလာကျော် လိုက်ပါလာသည့် DONG FENG ၂၂ ဘီးတွဲယာဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာ ယာဉ်၏ရေတိုင်ကီအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ဒသမ ၃ သိန်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကြားရှော့(ခ)ကုလား မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ် မှ ကရင်ပြည်နယ်၊ ဘားအံသို့ သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မွ ကရင္ျပည္နယ္သို႔ ပို႔ေဆာင္မည့္ ေငြက်ပ္ ၄ ဘီလ်ံနီးပါးတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
Pearl (NP News) - မတ္ ၁၇
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မွ ကရင္ျပည္နယ္သို႔ ပို႔ေဆာင္မည့္ ေငြက်ပ္ ၄ ဘီလ်ံနီးပါးတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါေဆးျပားမ်ားကို ၿပီးခဲ့သည့္ မတ္လ ၁၀ ရက္ နံနက္ ၅ နာရီ ၃ဝ မိနစ္အခ်ိန္ ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕နယ္၊ ေညာင္ခါးရွည္ေက်း႐ြာအနီးတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
ေညာင္ခါးရွည္ေက်း႐ြာအနီးတြင္ မႏၲေလးမွ ဘားအံဘက္သို႔ ေဝၿဖိဳးေမာင္(ခ)ကိုၿဖိဳး ေမာင္းႏွင္ၿပီး မမာလာေက်ာ္ လိုက္ပါလာသည့္ DONG FENG ၂၂ ဘီးတြဲယာဥ္အား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သတင္းအရရွာေဖြမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ရွာေဖြရာ ယာဥ္၏ေရတိုင္ကီအံဝွက္အတြင္း သိုဝွက္သယ္ေဆာင္လာသည့္ ေဒသကာလတန္ဖိုးေငြက်ပ္ ၃ ဒသမ ၇ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၅ ဒသမ ၃ သိန္း သိမ္းဆည္းရမိခဲ့ေၾကာင္းသိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ သိမ္းဆည္းရမိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားအား ရန္ၾကားေရွာ့(ခ)ကုလား မွ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မိုင္းရယ္ မွ ကရင္ျပည္နယ္၊ ဘားအံသို႔ သယ္ေဆာင္ခိုင္းျခင္းျဖစ္ေၾကာင္း သိရွိရသည္။
လက္ရွိတြင္ ၎တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။