ဒလတံတားသစ် ၏ သံမဏိကြိုးဆိုင်းတပ်ဆင်နေစဥ်အတွင်း ရေကြောင်း သတိပေးချက်ထုတ်ပြန်ထား

 965

NP News - မတ်လ ၁၇

ကိုရီးယား - မြန်မာ ချစ်ကြည်ရေး(ဒလ)တံတား စီမံကိန်း၏ ရေလယ် ပင်မတံတား သံမဏိဆိုင်းကြိုးများ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ပင်မတံတားအောက်မှ ဖြတ်သန်းသွားလာမည့် ရေယာဉ်ကြီးများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ရေကြောင်းသတိပေးချက် (Notice to Mariners) ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ ထုတ်ပြန်ထားကြောင်း သိရသည်။

ထုတ်ပြန်ချက်အရ ဒလတံတားစီမံကိန်း၏ ရေလယ် ပင်မတံတား သံမဏိဆိုင်းကြိုးများ တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာတွင် ဧပြီလအတွင်း ဒလဘက်အခြမ်း၌ ဆိုင်းကြိုး ၁၃ နှင့် ရန်ကုန်ဘက်အခြမ်း၌ ဆိုင်းကြိုး ၁၂ တပ်ဆင်ပြီးစီးမည်ဖြစ်၍ ရေလမ်းကင်းလွတ်အကျယ် ၁၃၃ မီတာသာ ကျန်ရှိမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ သံမဏိဆိုင်းကြိုးတပ်ဆင်ခြင်းလုပ်ငန်းမှ ဆိုင်းကြိုး ၁၂/၁၃ တို့မှ ဆိုင်းကြိုး ၂၀ အထိ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း တံတားအောက်မှ ဖြတ်သန်းခုတ်မောင်းရမည့် ရေယာဉ်ကြီးများ၏ရေလမ်းကင်းလွတ်အမြင့်ဟာ ရေထရက် ရေအမြင့်ဆုံးအချိန် ရေပြင်မှ Form Traveller အောက်ခြေအထိ ၄၀ ဒသမ ၈ မီတာရှိပြီး မြေမြင်တိုင်းထွာတွေ့ရှိချက်များအရ ၄၃ ဒသမ ၁၃ မီတာရှိသောကြောင့် ဧပြီလမှ စတင်ပြီး တံတားအောက်မှ ဖြတ်သန်းမည့် ရေယာဉ်ကြီးများ၏ Air Draft သည် ၄၁ မီတာအထိသာ ဖြတ်သန်းခုတ်မောင်းနိုင်မှာဖြစ်၍ လိုအပ်ပါက Round Turn Anchorage (RTA) မှာ ကျောက်ချရပ်နားပြီး ရေစစ်ချိန်ထိ စောင့်ဆိုင်းဖြတ်သန်းခြင်း ဆောင်ရွက်ရမည်ဟု သတိပေးချက်၌ ဖော်ပြထားသည်။

ဆက်လက်ပြီး တံတားတိုင်ခြေများ၏ မြစ်ညှာနှင့် မြစ်ခြေ ၂ ဖက်၊ ကမ်းနှစ်ဖက်လုံးတွင် Radar Reflector တပ်ဆင်ထားသည့် မီးအချက်ပြ Buoy များကို ရေဒါစနစ်ဖြင့် အလွယ်တကူ ဖမ်းယူရရှိနိုင်ပြီး ဘေးအန္တရာယ်ကင်းစွာဖြတ်သန်းဝင်နိုင်ရန်အတွက် Coordinate များလည်း ချပေးထားကြောင်း သိရသည်။

Zawgyi Version:
ဒလတံတားသစ္ ၏ သံမဏိႀကိဳးဆိုင္းတပ္ဆင္ေနစဥ္အတြင္း ေရေၾကာင္း သတိေပးခ်က္ထုတ္ျပန္ထား
NP News - မတ္လ ၁၇

ကိုရီးယား - ျမန္မာ ခ်စ္ၾကည္ေရး(ဒလ)တံတား စီမံကိန္း၏ ေရလယ္ ပင္မတံတား သံမဏိဆိုင္းႀကိဳးမ်ား တပ္ဆင္ျခင္းလုပ္ငန္းေဆာင္႐ြက္ေနစဥ္အတြင္း ပင္မတံတားေအာက္မွ ျဖတ္သန္းသြားလာမည့္ ေရယာဥ္ႀကီးမ်ား ေဘးအႏၲရာယ္ကင္းရွင္းစြာ ျဖတ္သန္းသြားလာႏိုင္ေရးအတြက္ ေရေၾကာင္းသတိေပးခ်က္ (Notice to Mariners) ကို ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္ထံမွ ထုတ္ျပန္ထားေၾကာင္း သိရသည္။

ထုတ္ျပန္ခ်က္အရ ဒလတံတားစီမံကိန္း၏ ေရလယ္ ပင္မတံတား သံမဏိဆိုင္းႀကိဳးမ်ား တပ္ဆင္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိရာတြင္ ဧၿပီလအတြင္း ဒလဘက္အျခမ္း၌ ဆိုင္းႀကိဳး ၁၃ ႏွင့္ ရန္ကုန္ဘက္အျခမ္း၌ ဆိုင္းႀကိဳး ၁၂ တပ္ဆင္ၿပီးစီးမည္ျဖစ္၍ ေရလမ္းကင္းလြတ္အက်ယ္ ၁၃၃ မီတာသာ က်န္ရွိမည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ သံမဏိဆိုင္းႀကိဳးတပ္ဆင္ျခင္းလုပ္ငန္းမွ ဆိုင္းႀကိဳး ၁၂/၁၃ တို႔မွ ဆိုင္းႀကိဳး ၂၀ အထိ လုပ္ငန္းေဆာင္႐ြက္ေနစဥ္အတြင္း တံတားေအာက္မွ ျဖတ္သန္းခုတ္ေမာင္းရမည့္ ေရယာဥ္ႀကီးမ်ား၏ေရလမ္းကင္းလြတ္အျမင့္ဟာ ေရထရက္ ေရအျမင့္ဆုံးအခ်ိန္ ေရျပင္မွ Form Traveller ေအာက္ေျခအထိ ၄၀ ဒသမ ၈ မီတာရွိၿပီး ေျမျမင္တိုင္းထြာေတြ႕ရွိခ်က္မ်ားအရ ၄၃ ဒသမ ၁၃ မီတာရွိေသာေၾကာင့္ ဧၿပီလမွ စတင္ၿပီး တံတားေအာက္မွ ျဖတ္သန္းမည့္ ေရယာဥ္ႀကီးမ်ား၏ Air Draft သည္ ၄၁ မီတာအထိသာ ျဖတ္သန္းခုတ္ေမာင္းႏိုင္မွာျဖစ္၍ လိုအပ္ပါက Round Turn Anchorage (RTA) မွာ ေက်ာက္ခ်ရပ္နားၿပီး ေရစစ္ခ်ိန္ထိ ေစာင့္ဆိုင္းျဖတ္သန္းျခင္း ေဆာင္႐ြက္ရမည္ဟု သတိေပးခ်က္၌ ေဖာ္ျပထားသည္။

ဆက္လက္ၿပီး တံတားတိုင္ေျခမ်ား၏ ျမစ္ညႇာႏွင့္ ျမစ္ေျခ ၂ ဖက္၊ ကမ္းႏွစ္ဖက္လုံးတြင္ Radar Reflector တပ္ဆင္ထားသည့္ မီးအခ်က္ျပ Buoy မ်ားကို ေရဒါစနစ္ျဖင့္ အလြယ္တကူ ဖမ္းယူရရွိႏိုင္ၿပီး ေဘးအႏၲရာယ္ကင္းစြာျဖတ္သန္းဝင္ႏိုင္ရန္အတြက္ Coordinate မ်ားလည္း ခ်ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.