အမရပူရမြို့ပြစီမံကိန်းဧရိယာအတွင်းရှိ မြေ ၇၁၆.၆၁ ဧကကို လာရောက် ရောင်းချ/လဲလှယ်ရန် ကြေညာထား

 1064

NP News - မတ်လ ၁၇

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဧရိယာအတွင်းရှိ မြေ (၇၁၆.၆၁) ဧကတွင် လုပ်ကိုင်ခွင့်ရရှိထားသူများသည် စိုက်ပျိုးလုပ်ကိုင်ခွင့် စာရွက်စာတမ်းမူရင်းများနှင့် လာရောက်ရောင်းချခြင်း (သို့) မြို့မြေကွက်များနှင့် လာရောက် လဲလှယ်ရန် စီမံကိန်းအထောက်အကူပြုကော်မတီက ကြေညာထားကြောင်း သိရသည်။
စီမံကိန်းဧရိယာအတွင်းရှိ ကွင်းအမှတ် ၆၀၃၊ ၆၀၄၊ ၆၀၅-က၊ ၆၀၅၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊ ၆၀၈၊ ၆၀၉၊ ၆၁၁ (ရွှေကြက်ယက်) မှ စိုက်ပျိုးမြေတွေများကို မြေပိုင်ရှင် (၅၄၇) ဦးက ပုံစံ(၇) ကိုင်းမြေအဖြစ် လုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်သည်။
စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိသူများသည် မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး သတ်မှတ်နှုန်းထားငွေကြေး (သို့) စီမံကိန်း စာချုပ်ပါအတိုင်း စီမံကိန်းမှ ပေါ်ထွက်လာမည့် မြို့မြေကွက်များကို ရယူ/ထုတ်ယူကြရန် အသိပေးခြင်းဖြစ်သည်။
နောက်ဆုံးသတ်မှတ်ရက်ထက် ကျော်လွန်ပါက စီမံကိန်းမြို့မြေအဖြစ် လာရောက်တင်ပြလဲလှယ်ရန် ကျန်ရှိသော ပုံစံ (၇) ကိုင်းမြေများကို စိုက်ပျိုးလုပ်ကိုင်ခွင့်များ ပယ်ဖျက်ရုပ်သိမ်းသွားမည်ဟုသိရသည်။
ကိုင်းမြေစိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိသူတွေများအား မြေ ၁ ဧကအတွက် ကျပ်သိန်း ၁၅၀၀၊ မြေခွင်ပြေစာ နှင့် မြေနုစိုက်ပျိုးလုပ်ကိုင်ခွင့်ပါ မြေ ၁ ဧကလျှင် ကျပ်သိန်း ၇၅၀ နှုန်းဖြင့် သတ်မှတ်ဝယ်ယူနေခြင်းဖြစ်သည်။
ထို့အပြင် စီမံကိန်းဧရိယာအတွင်း မြို့မြေကွက်များနှင့် စာချုပ်ပါအတိုင်း လဲလှယ်ပေးခြင်းများ ရှိနေပြီး လက်ရှိတွင် စီမံကိန်းဧရိယာ၏ ၈၀ ရာခိုင်နှုန်းခန့်ကို ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
မြေ ၂၅၀၀ ဧကပေါ်၌ အကောင်အထည်ဖော်မည့် အမပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီနှင့် Mandalay Business Capital City Development ltd., တို့က ပူးပေါင်းဖော်ဆောင်ရန် ၂၀၁၆ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့သည်။
၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက် ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း ဧရိယာအတွင်းမှ စီမံကိန်းနှင့် သက်ဆိုင်ခြင်းမရှိသောလုပ်ငန်းများ ဆောင်ရွက်ခွင့်မရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ချက်ထွက်ရှိခဲ့ပြီးဖြစ်သည်။

Zawgyi Version:
အမရပူရၿမိဳ႕ျပစီမံကိန္းဧရိယာအတြင္းရွိ ေျမ ၇၁၆.၆၁ ဧကကို လာေရာက္ ေရာင္းခ်/လဲလွယ္ရန္ ေၾကညာထား
NP News - မတ္လ ၁၇

အမရပူရၿမိဳ႕ျပဖြံ႕ၿဖိဳးေရးစီမံကိန္းဧရိယာအတြင္းရွိ ေျမ (၇၁၆.၆၁) ဧကတြင္ လုပ္ကိုင္ခြင့္ရရွိထားသူမ်ားသည္ စိုက္ပ်ိဳးလုပ္ကိုင္ခြင့္ စာ႐ြက္စာတမ္းမူရင္းမ်ားႏွင့္ လာေရာက္ေရာင္းခ်ျခင္း (သို႔) ၿမိဳ႕ေျမကြက္မ်ားႏွင့္ လာေရာက္ လဲလွယ္ရန္ စီမံကိန္းအေထာက္အကူျပဳေကာ္မတီက ေၾကညာထားေၾကာင္း သိရသည္။
စီမံကိန္းဧရိယာအတြင္းရွိ ကြင္းအမွတ္ ၆၀၃၊ ၆၀၄၊ ၆၀၅-က၊ ၆၀၅၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊ ၆၀၈၊ ၆၀၉၊ ၆၁၁ (ေ႐ႊၾကက္ယက္) မွ စိုက္ပ်ိဳးေျမေတြမ်ားကို ေျမပိုင္ရွင္ (၅၄၇) ဦးက ပုံစံ(၇) ကိုင္းေျမအျဖစ္ လုပ္ကိုင္ခြင့္ရရွိထားျခင္းျဖစ္သည္။
စိုက္ပ်ိဳးလုပ္ကိုင္ခြင့္ရရွိသူမ်ားသည္ မတ္လ ၃၁ ရက္ ေနာက္ဆုံးထားၿပီး သတ္မွတ္ႏႈန္းထားေငြေၾကး (သို႔) စီမံကိန္း စာခ်ဳပ္ပါအတိုင္း စီမံကိန္းမွ ေပၚထြက္လာမည့္ ၿမိဳ႕ေျမကြက္မ်ားကို ရယူ/ထုတ္ယူၾကရန္ အသိေပးျခင္းျဖစ္သည္။
ေနာက္ဆုံးသတ္မွတ္ရက္ထက္ ေက်ာ္လြန္ပါက စီမံကိန္းၿမိဳ႕ေျမအျဖစ္ လာေရာက္တင္ျပလဲလွယ္ရန္ က်န္ရွိေသာ ပုံစံ (၇) ကိုင္းေျမမ်ားကို စိုက္ပ်ိဳးလုပ္ကိုင္ခြင့္မ်ား ပယ္ဖ်က္႐ုပ္သိမ္းသြားမည္ဟုသိရသည္။
ကိုင္းေျမစိုက္ပ်ိဳးလုပ္ကိုင္ခြင့္ရရွိသူေတြမ်ားအား ေျမ ၁ ဧကအတြက္ က်ပ္သိန္း ၁၅၀၀၊ ေျမခြင္ေျပစာ ႏွင့္ ေျမႏုစိုက္ပ်ိဳးလုပ္ကိုင္ခြင့္ပါ ေျမ ၁ ဧကလွ်င္ က်ပ္သိန္း ၇၅၀ ႏႈန္းျဖင့္ သတ္မွတ္ဝယ္ယူေနျခင္းျဖစ္သည္။
ထို႔အျပင္ စီမံကိန္းဧရိယာအတြင္း ၿမိဳ႕ေျမကြက္မ်ားႏွင့္ စာခ်ဳပ္ပါအတိုင္း လဲလွယ္ေပးျခင္းမ်ား ရွိေနၿပီး လက္ရွိတြင္ စီမံကိန္းဧရိယာ၏ ၈၀ ရာခိုင္ႏႈန္းခန႔္ကို ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္း သိရသည္။
ေျမ ၂၅၀၀ ဧကေပၚ၌ အေကာင္အထည္ေဖာ္မည့္ အမပူရၿမိဳ႕ျပဖြံ႕ၿဖိဳးေရးစီမံကိန္းကို မႏၲေလးၿမိဳ႕ေတာ္ စည္ပင္ သာယာေရးေကာ္မတီႏွင့္ Mandalay Business Capital City Development ltd., တို႔က ပူးေပါင္းေဖာ္ေဆာင္ရန္ ၂၀၁၆ ခုႏွစ္တြင္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သည္။
၂၀၁၇ ခုႏွစ္တြင္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ (MIC) ၏ ခြင့္ျပဳခ်က္ ရရွိခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္ ၿမိဳ႕ျပ ဖြံ႕ၿဖိဳးေရးစီမံကိန္း ဧရိယာအတြင္းမွ စီမံကိန္းႏွင့္ သက္ဆိုင္ျခင္းမရွိေသာလုပ္ငန္းမ်ား ေဆာင္႐ြက္ခြင့္မရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ထုတ္ျပန္ခ်က္ထြက္ရွိခဲ့ၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.