Shin Bet အဖွဲ့ ညွှန်ကြားရေးမှူးကို ရာထူးကနေ ထုတ်ပယ်ဖို့ အစ္စရေးဝန်ကြီးချုပ်ပြော

219

ဂျန်ဇက် (NP News) - မတ် ၁၇
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ အစ္စရေးပြည်တွင်းလုံခြုံရေးအဖွဲ့ Shin Bet အဖွဲ့ ညွှန်ကြားရေးမှူး ရိုနန်ဘား ကို ရာထူးမှဖယ်ရှားဖို့ စီစဉ်နေကြောင်း ကြေညာလိုက်ပါတယ်။
အစ္စရေးပြည်တွင်းလုံခြုံရေးအဖွဲ့ခေါင်းဆောင်က လူပေါင်း ၁၂၀၀ ကျော် သေဆုံးစေခဲ့ပြီး လူပေါင်း ၂၅ဝ ကျော် ပြန်ပေးဆွဲခံရတဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကို ကြိုတင်သတင်းရယူနိုင်မှု ပျက်ကွက်ခဲ့တယ်လို့ မကြာသေးမီက ဝန်ခံပြောခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ်က "ကျွန်တော်ဟာသူ့အပေါ် ယုံကြည်မှုလျော့နည်းလာတယ်။ ကျွန်တော်ဟာ Shin Bet အဖွဲ့ ညွှန်ကြားရေးမှူး ရိုနန်ဘားကိုဖယ်ရှားဖို့ အစိုးရအဖွဲ့ကို အဆိုပြုသွားမယ်။ အစ္စရေးနိုင်ငံနဲ့ပတ်သက်ပြီးနောက် ထပ်ဘေးဆိုးတွေ ထပ်မံ မကြုံရအောင် ကြိုတင်တားဆီးဖို့ နဲ့ ရည်မှန်းချက်တွေ ရရှိဖို့ လုပ်ဆောင်တာဖြစ်ပါတယ်" လို့ ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အစ္စရေးနိုင်ငံကို ကြိုတင် သတိပေးခြင်းမရှိဘဲ တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာစစ်ပွဲဖြစ်လာခဲ့ပြီး လူပေါင်းသောင်းချီ သေဆုံးခဲ့ရကြောင်း သိရပါတယ်။ ဟားမက်စ်အဖွဲ့ ရဲ့တိုက်ခိုက်မှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း အစ္စရေးလုံခြုံရေးအဖွဲ့တွေရဲ့သတင်းရရှိမှု စုံစမ်းထောက်လှမ်းမှုကို ဝေဖန်ပြစ်တင်မှုမြင့်တက်ခဲ့ကြောင်း သိရပါတယ်။
အစ္စရေးရှေ့နေချုပ်က Shin Betအဖွဲ့ ညွှန်ကြားရေးမှူး ရိုနန်ဘားကိုရာထူးကနေ ထုတ်ပယ်ဆိုတဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး သတိပေးပြောဆိုထားကြောင်း သိရပါတယ်။
အစ္စရေးရှေ့နေချုပ်က အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုအနေနဲ့ ပြည်တွင်းလုံခြုံရေးကို ရာထူးကဖြုတ်ချမယ့် အစီအစဉ်ဟာ တရားဝင်လုပ်ပိုင်ခွင့်ထဲမှာ မပါဝင်ကြောင်း ပြောပါတယ်။
ရိုနန်ဘားဟာ အစ္စရေးပြည်တွင်းလုံခြုံရေးအဖွဲ့ Shin Bet အဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဦးဆောင်ခဲ့ပြီး လက်ရှိအချိန်မှာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ပယ်ဖို့ အစီအစဉ်ကို ငြင်းဆန်ထားတယ်လို့ သိရပါတယ်။ ၎င်းက အစ္စရေးပြည်သူတွေကို သစ္စာရှိမှာဖြစ်ပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ယုံကြည်အောင် လုပ်ဆောင်ပြမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Zawgyi Version:
Shin Bet အဖြဲ႕ ၫႊန္ၾကားေရးမႉးကို ရာထူးကေန ထုတ္ပယ္ဖို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၁၇
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ အစၥေရးျပည္တြင္းလုံၿခဳံေရးအဖြဲ႕ Shin Bet အဖြဲ႕ ၫႊန္ၾကားေရးမႉး ႐ိုနန္ဘား ကို ရာထူးမွဖယ္ရွားဖို႔ စီစဥ္ေနေၾကာင္း ေၾကညာလိုက္ပါတယ္။
အစၥေရးျပည္တြင္းလုံၿခဳံေရးအဖြဲ႕ေခါင္းေဆာင္က လူေပါင္း ၁၂၀၀ ေက်ာ္ ေသဆုံးေစခဲ့ၿပီး လူေပါင္း ၂၅ဝ ေက်ာ္ ျပန္ေပးဆြဲခံရတဲ့ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၇ ရက္တိုက္ခိုက္မႈကို ႀကိဳတင္သတင္းရယူႏိုင္မႈ ပ်က္ကြက္ခဲ့တယ္လို႔ မၾကာေသးမီက ဝန္ခံေျပာခဲ့ပါတယ္။
အစၥေရးဝန္ႀကီးခ်ဳပ္က "ကြၽန္ေတာ္ဟာသူ႔အေပၚ ယုံၾကည္မႈေလ်ာ့နည္းလာတယ္။ ကြၽန္ေတာ္ဟာ Shin Bet အဖြဲ႕ ၫႊန္ၾကားေရးမႉး ႐ိုနန္ဘားကိုဖယ္ရွားဖို႔ အစိုးရအဖြဲ႕ကို အဆိုျပဳသြားမယ္။ အစၥေရးႏိုင္ငံနဲ႔ပတ္သက္ၿပီးေနာက္ ထပ္ေဘးဆိုးေတြ ထပ္မံ မႀကဳံရေအာင္ ႀကိဳတင္တားဆီးဖို႔ နဲ႔ ရည္မွန္းခ်က္ေတြ ရရွိဖို႔ လုပ္ေဆာင္တာျဖစ္ပါတယ္" လို႔ ေျပာပါတယ္။
ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ဟာ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလမွာ အစၥေရးႏိုင္ငံကို ႀကိဳတင္ သတိေပးျခင္းမရွိဘဲ တိုက္ခိုက္ခဲ့ၿပီးေနာက္ ဂါဇာစစ္ပြဲျဖစ္လာခဲ့ၿပီး လူေပါင္းေသာင္းခ်ီ ေသဆုံးခဲ့ရေၾကာင္း သိရပါတယ္။ ဟားမက္စ္အဖြဲ႕ ရဲ႕တိုက္ခိုက္မႈေတြျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အစၥေရးလုံၿခဳံေရးအဖြဲ႕ေတြရဲ႕သတင္းရရွိမႈ စုံစမ္းေထာက္လွမ္းမႈကို ေဝဖန္ျပစ္တင္မႈျမင့္တက္ခဲ့ေၾကာင္း သိရပါတယ္။
အစၥေရးေရွ႕ေနခ်ဳပ္က Shin Betအဖြဲ႕ ၫႊန္ၾကားေရးမႉး ႐ိုနန္ဘားကိုရာထူးကေန ထုတ္ပယ္ဆိုတဲ့ လုပ္ရပ္နဲ႔ ပတ္သက္ၿပီး သတိေပးေျပာဆိုထားေၾကာင္း သိရပါတယ္။
အစၥေရးေရွ႕ေနခ်ဳပ္က အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုအေနနဲ႔ ျပည္တြင္းလုံၿခဳံေရးကို ရာထူးကျဖဳတ္ခ်မယ့္ အစီအစဥ္ဟာ တရားဝင္လုပ္ပိုင္ခြင့္ထဲမွာ မပါဝင္ေၾကာင္း ေျပာပါတယ္။
႐ိုနန္ဘားဟာ အစၥေရးျပည္တြင္းလုံၿခဳံေရးအဖြဲ႕ Shin Bet အဖြဲ႕ကို ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ကတည္းက ဦးေဆာင္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ပယ္ဖို႔ အစီအစဥ္ကို ျငင္းဆန္ထားတယ္လို႔ သိရပါတယ္။ ၎က အစၥေရးျပည္သူေတြကို သစၥာရွိမွာျဖစ္ၿပီး အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ယုံၾကည္ေအာင္ လုပ္ေဆာင္ျပမွာ မဟုတ္ဘူးလို႔ သိရပါတယ္။