ပြန်လည်ယိုင်နဲ့ဖြစ်သွားသည့် ကုန်းဘောင်တော်ဝင်သွေးတို့ နားခိုရာ

 399

သုတကျော် (NP News) - မတ် ၁၇

ပြီးခဲ့တဲ့ရက်ပိုင်းမှာ မရောက်တာကြာပြီဖြစ်တဲ့ ဗဟန်းမြို့နယ်က ဆွေတော်၊ မျိုးတော် သင်္ချိုင်းတော်ကို ရောက်ခဲ့ပါ တယ်။ ဒီ နေရာလေးမှာ ကုန်းဘောင်မင်းဆက်တွေရဲ့ သွေးသားတချို့ အနားယူနေကြတာပါ။ ကျွန်တော် မရောက်တဲ့ ကာလတချို့မှာ ဒီနေရာလေး တော်တော်ပြောင်းလဲသွားခဲ့ပါပြီ။ အကောင်းဘက်ကတော့ မဟုတ်ပါ ဘူး။
ငါးထပ်ကြီး ဘုရားလမ်းကို ရောက်ရင် တည့်တည့် ဝင်လိုက်တဲ့ အခါမှာတော့ လမ်းဘေးမှာ ဆွေတော်၊ မျိုးတော် သင်္ချိုင်းတော်ဆိုတဲ့ ဆိုင်းဘုတ်ကလေးကို မြင်ကြရမှာပါ။ ပြီးတော့ ကျောင်းရဲ့ လှေကားအတိုင်း တက်သွားလိုက်ရင် ဘေးနှစ်ဖက်မှာ ဂူပြသာဒ်နဲ့တခြား အုတ်ဂူတချို့ကို တွေ့ရမှာ ဖြစ်ပြီး ဒါဟာ ဆွေတော်၊ မျိုးတော် သင်္ချိုင်းတော် နေရာ ဖြစ်ပါတယ်။
ဒီနေရာကို အင်္ဂလိပ်ခေတ်တုန်းက ဆွေတော်မျိုးတော် အသင်းဥက္ကဋ္ဌဖြစ်တဲ့ မင်းတုန်းမင်းတရားကြီးရဲ့သမီးတော် မင်းထပ်ထိပ်ခေါင်တင်က ဆွေတော်၊ မျိုးတော်တွေ ခေါင်းချနိုင်ဖို့ရာ သင်္ချိုင်းတော်နေရာအဖြစ် သုံးဖို့ ဝယ်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ တဖြေးဖြေး မေ့ပျောက်လာရင်းနဲ့ ကျူးကျော်အိမ်တွေ အဲဒီနေရာကိုရောက်လာတာကြောင့် တိမ်မြုပ်ခဲ့ရပါသေးတယ်။ ဂူတချို့ဟာလည်း ကျူးကျော်အိမ်တွေအောက် ရောက်သွားခဲ့တာပါ။
အဲဒီနောက် ကုန်းဘောင်ဆက် ဆွေတော်၊ မျိုးတော်တွေကပဲ ဖော်ထုတ်၊ ပြုပြင်ကြတာကြောင့် ပြန်ပြီး ထင်ရှား လာပါတယ်။ ဒါပေမယ့် သင်္ချိုင်းတော်နေရာ တစ်ခုလုံးတော့ မဟုတ်တော့ပါဘူး။ အရင်ကတော့ ၁.၅ ဧက ကျယ်တယ်ဆိုပေမယ့် အခုတော့ ပေ ၃၀ သာသာ ကွက်ကွက်ကလေးမှာပဲ ထိန်းသိမ်းလို့ရနိုင်မျှ ဂူတွေပဲ ရှိတော့တာ ဖြစ်ပါတယ်။ ကျူးကျော်အိမ်တွေအောက်မှာ အုတ်ဂူတွေ ရှိသေးတယ်လို့ ဆွေတော်မျိုးတော် တစ်ယောက်က ကျွန်တော်ကို အရင်က ပြောဖူးပေမယ့် ဒီဂူတွေကတော့ လုံးဝကို အစ ရှာမရတဲ့အနေအထား ရောက်သွားခဲ့တာပါ။
အဲဒီနေရာမှာ အုတ်ဂူ ၁၆ လုံးလောက်ပဲ ကျန်တော့ပြီး မင်းဆွေ၊ မင်းမျိုး မင်းသွေးတွေဖြစ်တဲ့ မင်းတပ် ထိပ်ခေါင် တင်၊ ပင်လယ်ထိပ်ခေါင်တင် မင်းသမီး၊ လင်းပင်မင်းသား၊ လင်းပင်မင်းသားရဲ့ ကြင်ယာတော် ရေနံသာ ခင်ခင်ကြီး၊ ပင်လယ်ထိပ်ခေါင်တင်ကြီး၊ ညောင်အုပ်မင်းသမီး ထိပ်တင်ချို၊ ညောင်အုပ် ထိပ်တင်စိုး၊ မောင်မောင် ထိပ်တို့ အုတ်ဂူတွေ ရှိပါတယ်။ မင်းတပ်ထိပ်ခေါင်းတင်ရဲ့အုတ်ဂူကတော့ ဂူပြသာဒ်ကြီးပါ။ ဆွေတော်၊ မျိုးတော်တွေအပြင် မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ ဆာဦးဘတို့ဇနီးမောင်နှံရဲ့ အုတ်ဂူအပြင် အခြား အုတ်ဂူတွေလည်း ရှိပါတယ်။
ကျွန်တော် ရောက်သွားတဲ့ အချိန်က နေ့လယ်ခင်း အချိန်ပါ။ လှေကားအတိုင်း တက်သွားချိန် အရင်ဆုံး မြင်ရတာ ကတော့ အနောက်ဘက်ကို နည်းနည်း လန်စ ပြုနေပြီ ဖြစ်တဲ့ မင်းတပ် ထိပ်ခေါင်တင် ရဲ့ အုတ်ပြသာဒ် ဖြစ်ပါတယ်။ ဪ ဒီ သင်္ချိုင်းကြီးကို အစပြုခဲ့သူရဲ့ အုတ်ဂူ ကို အခုလို အနေအထားမျိုး မြင်ရတာဟာ တကယ်ကို ရင်ထဲ နင့်သွားစေတာပါ။
ကြည့်ရတာ မိုးရွာတော့ ရေတိုက်စားပြီး အောက်က မြေကျွံလို့ အနောက်ဘက်ကို ယိုင်သွားပုံ ရပါတယ်။ အဲဒီ ရှေ့က ဆရာဆိုင်ရဲ့ အုတ်ဂူဟာလည်း ရှေ့နားလောက်ကနေ ကျိုးနေတာ မြင်ရလို့ ဒီ အချက်ကို ပိုသေချာစေပါတယ်။
လင်းပင် မင်းသားကြီးတို့ မောင်နှံရဲ့ ကြားမှာတော့ ပစ္စည်းထားစရာ နေရာတစ်ခုလို အသုံးပြုထားတာလည်း မြင်ရပါ တယ်။ ချစ်ခဲ့ကြသူ နှစ်ဦးဟာ အုတ်ဂူတောင် အတူတူ ယှဉ်တွဲ ရှိနေခဲ့ပေမယ့် အခုတော့ ကြားမှာ ခြားနေခဲ့ပါပြီ။ သမိုင်းထဲက ပုဂ္ဂိုလ်တွေရဲ့ အုတ်ဂူတွေဟာ အခုတော့ သူတို့ အတွက် ပစ္စည်းထားစရာ နေရာတစ်ခုသာသာ ထင်နေကြတယ် ထင်ပါရဲ့ လို့ တွေးရင်း စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ပါ။
ဒီအရာတွေကို ပတ်ဝန်းကျင် က လူတွေ အတွက်တော့ အုတ်ဂူလို့တောင် မတွေးကြတော့ဘူး ထင်ပါတယ်။ သူတို့ အတွက် ဒါတွေက စွန့်ပစ် အဆောက်အဦ အဟောင်းတွေလို ဖြစ်နေပါပြီ။ ဂူတွေနားမှာ ရေပိုက်တွေ နဲ့တခြား တိုလီ မုတ်စ ပစ္စည်းလေးတွေ မြင်ရတာနဲ့တင် သိရပါတယ်။
ဒါဟာ ဆွေတော် မျိုးတော် တွေရဲ့ အုတ်ဂူတွေမှာချည်းပဲ မဟုတ်ဘဲ တခြား အုတ်ဂူတွေမှာလည်း အခုလို အခုလို မြင်ရပါတယ်။ တကယ်တော့ အနီးနား တဝိုက်မှာ နေသူတွေ က ထိန်းသိမ်းကြရင် ဒီလောက် အထိ ဆိုးမယ် မထင်ပါဘူး။ အခုတော့ တစထက် တစ ယိုယွင်းလာနေခဲ့ပါပြီ။
တကယ်တော့ ဒီနေရာဟာ ခရီးသွားတွေကို ဆွဲဆောင်ရာ၊ သမိုင်းစိတ်ဝင်စားသူတွေ အတွက် လေ့လာစရာ နေရာ တစ်ခုအဖြစ် ဒီထက် ပိုပြီး ဖော်ထုတ်နိုင်ကောင်းပါတယ်။ အခုတော့ အခုတော့ တိတ်ဆိတ်စွာနဲ့ပဲ ပျက်စီးစ ပြုနေပါပြီ။
ကုန်းဘောင်မင်းဆက် ဘုန်းမီးနေလ တောက်ချိန်က မဟာဆီ၊ မဟာသွေးများ ဖြစ်ကြတဲ့ ဒီပုဂ္ဂိုလ်တွေဟာ အခုတော့ တိတ်ဆိတ်စွာနဲ့ လောကဓံ ကို အန်တု နေကြရပြန်ပြီ ဖြစ်ပါတယ်။

Zawgyi Version:
ျပန္လည္ယိုင္နဲ႔ျဖစ္သြားသည့္ ကုန္းေဘာင္ေတာ္ဝင္ေသြးတို႔ နားခိုရာ
သုတေက်ာ္ (NP News) - မတ္ ၁၇

ၿပီးခဲ့တဲ့ရက္ပိုင္းမွာ မေရာက္တာၾကာၿပီျဖစ္တဲ့ ဗဟန္းၿမိဳ႕နယ္က ေဆြေတာ္၊ မ်ိဳးေတာ္ သခ်ႋဳင္းေတာ္ကို ေရာက္ခဲ့ပါ တယ္။ ဒီ ေနရာေလးမွာ ကုန္းေဘာင္မင္းဆက္ေတြရဲ႕ ေသြးသားတခ်ိဳ႕ အနားယူေနၾကတာပါ။ ကြၽန္ေတာ္ မေရာက္တဲ့ ကာလတခ်ိဳ႕မွာ ဒီေနရာေလး ေတာ္ေတာ္ေျပာင္းလဲသြားခဲ့ပါၿပီ။ အေကာင္းဘက္ကေတာ့ မဟုတ္ပါ ဘူး။
ငါးထပ္ႀကီး ဘုရားလမ္းကို ေရာက္ရင္ တည့္တည့္ ဝင္လိုက္တဲ့ အခါမွာေတာ့ လမ္းေဘးမွာ ေဆြေတာ္၊ မ်ိဳးေတာ္ သခ်ႋဳင္းေတာ္ဆိုတဲ့ ဆိုင္းဘုတ္ကေလးကို ျမင္ၾကရမွာပါ။ ၿပီးေတာ့ ေက်ာင္းရဲ႕ ေလွကားအတိုင္း တက္သြားလိုက္ရင္ ေဘးႏွစ္ဖက္မွာ ဂူျပသာဒ္နဲ႔တျခား အုတ္ဂူတခ်ိဳ႕ကို ေတြ႕ရမွာ ျဖစ္ၿပီး ဒါဟာ ေဆြေတာ္၊ မ်ိဳးေတာ္ သခ်ႋဳင္းေတာ္ ေနရာ ျဖစ္ပါတယ္။
ဒီေနရာကို အဂၤလိပ္ေခတ္တုန္းက ေဆြေတာ္မ်ိဳးေတာ္ အသင္းဥကၠ႒ျဖစ္တဲ့ မင္းတုန္းမင္းတရားႀကီးရဲ႕သမီးေတာ္ မင္းထပ္ထိပ္ေခါင္တင္က ေဆြေတာ္၊ မ်ိဳးေတာ္ေတြ ေခါင္းခ်ႏိုင္ဖို႔ရာ သခ်ႋဳင္းေတာ္ေနရာအျဖစ္ သုံးဖို႔ ဝယ္ခဲ့တာပါ။ အဲဒီေနာက္ပိုင္းမွာ တေျဖးေျဖး ေမ့ေပ်ာက္လာရင္းနဲ႔ က်ဴးေက်ာ္အိမ္ေတြ အဲဒီေနရာကိုေရာက္လာတာေၾကာင့္ တိမ္ျမဳပ္ခဲ့ရပါေသးတယ္။ ဂူတခ်ိဳ႕ဟာလည္း က်ဴးေက်ာ္အိမ္ေတြေအာက္ ေရာက္သြားခဲ့တာပါ။
အဲဒီေနာက္ ကုန္းေဘာင္ဆက္ ေဆြေတာ္၊ မ်ိဳးေတာ္ေတြကပဲ ေဖာ္ထုတ္၊ ျပဳျပင္ၾကတာေၾကာင့္ ျပန္ၿပီး ထင္ရွား လာပါတယ္။ ဒါေပမယ့္ သခ်ႋဳင္းေတာ္ေနရာ တစ္ခုလုံးေတာ့ မဟုတ္ေတာ့ပါဘူး။ အရင္ကေတာ့ ၁.၅ ဧက က်ယ္တယ္ဆိုေပမယ့္ အခုေတာ့ ေပ ၃၀ သာသာ ကြက္ကြက္ကေလးမွာပဲ ထိန္းသိမ္းလို႔ရႏိုင္မွ် ဂူေတြပဲ ရွိေတာ့တာ ျဖစ္ပါတယ္။ က်ဴးေက်ာ္အိမ္ေတြေအာက္မွာ အုတ္ဂူေတြ ရွိေသးတယ္လို႔ ေဆြေတာ္မ်ိဳးေတာ္ တစ္ေယာက္က ကြၽန္ေတာ္ကို အရင္က ေျပာဖူးေပမယ့္ ဒီဂူေတြကေတာ့ လုံးဝကို အစ ရွာမရတဲ့အေနအထား ေရာက္သြားခဲ့တာပါ။
အဲဒီေနရာမွာ အုတ္ဂူ ၁၆ လုံးေလာက္ပဲ က်န္ေတာ့ၿပီး မင္းေဆြ၊ မင္းမ်ိဳး မင္းေသြးေတြျဖစ္တဲ့ မင္းတပ္ ထိပ္ေခါင္ တင္၊ ပင္လယ္ထိပ္ေခါင္တင္ မင္းသမီး၊ လင္းပင္မင္းသား၊ လင္းပင္မင္းသားရဲ႕ ၾကင္ယာေတာ္ ေရနံသာ ခင္ခင္ႀကီး၊ ပင္လယ္ထိပ္ေခါင္တင္ႀကီး၊ ေညာင္အုပ္မင္းသမီး ထိပ္တင္ခ်ိဳ၊ ေညာင္အုပ္ ထိပ္တင္စိုး၊ ေမာင္ေမာင္ ထိပ္တို႔ အုတ္ဂူေတြ ရွိပါတယ္။ မင္းတပ္ထိပ္ေခါင္းတင္ရဲ႕အုတ္ဂူကေတာ့ ဂူျပသာဒ္ႀကီးပါ။ ေဆြေတာ္၊ မ်ိဳးေတာ္ေတြအျပင္ ျမန္မာ့သမိုင္းမွာ ထင္ရွားတဲ့ ဆာဦးဘတို႔ဇနီးေမာင္ႏွံရဲ႕ အုတ္ဂူအျပင္ အျခား အုတ္ဂူေတြလည္း ရွိပါတယ္။
ကြၽန္ေတာ္ ေရာက္သြားတဲ့ အခ်ိန္က ေန႔လယ္ခင္း အခ်ိန္ပါ။ ေလွကားအတိုင္း တက္သြားခ်ိန္ အရင္ဆုံး ျမင္ရတာ ကေတာ့ အေနာက္ဘက္ကို နည္းနည္း လန္စ ျပဳေနၿပီ ျဖစ္တဲ့ မင္းတပ္ ထိပ္ေခါင္တင္ ရဲ႕ အုတ္ျပသာဒ္ ျဖစ္ပါတယ္။ ဪ ဒီ သခ်ႋဳင္းႀကီးကို အစျပဳခဲ့သူရဲ႕ အုတ္ဂူ ကို အခုလို အေနအထားမ်ိဳး ျမင္ရတာဟာ တကယ္ကို ရင္ထဲ နင့္သြားေစတာပါ။
ၾကည့္ရတာ မိုး႐ြာေတာ့ ေရတိုက္စားၿပီး ေအာက္က ေျမကြၽံလို႔ အေနာက္ဘက္ကို ယိုင္သြားပုံ ရပါတယ္။ အဲဒီ ေရွ႕က ဆရာဆိုင္ရဲ႕ အုတ္ဂူဟာလည္း ေရွ႕နားေလာက္ကေန က်ိဳးေနတာ ျမင္ရလို႔ ဒီ အခ်က္ကို ပိုေသခ်ာေစပါတယ္။
လင္းပင္ မင္းသားႀကီးတို႔ ေမာင္ႏွံရဲ႕ ၾကားမွာေတာ့ ပစၥည္းထားစရာ ေနရာတစ္ခုလို အသုံးျပဳထားတာလည္း ျမင္ရပါ တယ္။ ခ်စ္ခဲ့ၾကသူ ႏွစ္ဦးဟာ အုတ္ဂူေတာင္ အတူတူ ယွဥ္တြဲ ရွိေနခဲ့ေပမယ့္ အခုေတာ့ ၾကားမွာ ျခားေနခဲ့ပါၿပီ။ သမိုင္းထဲက ပုဂၢိဳလ္ေတြရဲ႕ အုတ္ဂူေတြဟာ အခုေတာ့ သူတို႔ အတြက္ ပစၥည္းထားစရာ ေနရာတစ္ခုသာသာ ထင္ေနၾကတယ္ ထင္ပါရဲ႕ လို႔ ေတြးရင္း စိတ္မေကာင္း ျဖစ္မိတာေတာ့ အမွန္ပါ။
ဒီအရာေတြကို ပတ္ဝန္းက်င္ က လူေတြ အတြက္ေတာ့ အုတ္ဂူလို႔ေတာင္ မေတြးၾကေတာ့ဘူး ထင္ပါတယ္။ သူတို႔ အတြက္ ဒါေတြက စြန႔္ပစ္ အေဆာက္အဦ အေဟာင္းေတြလို ျဖစ္ေနပါၿပီ။ ဂူေတြနားမွာ ေရပိုက္ေတြ နဲ႔တျခား တိုလီ မုတ္စ ပစၥည္းေလးေတြ ျမင္ရတာနဲ႔တင္ သိရပါတယ္။
ဒါဟာ ေဆြေတာ္ မ်ိဳးေတာ္ ေတြရဲ႕ အုတ္ဂူေတြမွာခ်ည္းပဲ မဟုတ္ဘဲ တျခား အုတ္ဂူေတြမွာလည္း အခုလို အခုလို ျမင္ရပါတယ္။ တကယ္ေတာ့ အနီးနား တဝိုက္မွာ ေနသူေတြ က ထိန္းသိမ္းၾကရင္ ဒီေလာက္ အထိ ဆိုးမယ္ မထင္ပါဘူး။ အခုေတာ့ တစထက္ တစ ယိုယြင္းလာေနခဲ့ပါၿပီ။
တကယ္ေတာ့ ဒီေနရာဟာ ခရီးသြားေတြကို ဆြဲေဆာင္ရာ၊ သမိုင္းစိတ္ဝင္စားသူေတြ အတြက္ ေလ့လာစရာ ေနရာ တစ္ခုအျဖစ္ ဒီထက္ ပိုၿပီး ေဖာ္ထုတ္ႏိုင္ေကာင္းပါတယ္။ အခုေတာ့ အခုေတာ့ တိတ္ဆိတ္စြာနဲ႔ပဲ ပ်က္စီးစ ျပဳေနပါၿပီ။
ကုန္းေဘာင္မင္းဆက္ ဘုန္းမီးေနလ ေတာက္ခ်ိန္က မဟာဆီ၊ မဟာေသြးမ်ား ျဖစ္ၾကတဲ့ ဒီပုဂၢိဳလ္ေတြဟာ အခုေတာ့ တိတ္ဆိတ္စြာနဲ႔ ေလာကဓံ ကို အန္တု ေနၾကရျပန္ၿပီ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.