ထားဝယ်၌ ဒေသခံများနှင့် PDF များအကြား မကျေနပ်သည့်အဆင့်မှ တင်းမာမှုအထိဖြစ်လာနေ

 784

သန့်ဇင် (NP News) - မတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တွင် အကြောင်းသိလာသော ဒေသခံများနှင့် PDF များအကြား မကျေနပ်သည့်အဆင့်မှ တင်းမာမှုအထိဖြစ်လာနေကြောင်း ဒေသခံသတင်းရင်းမြစ် တစ်ဦးက NP News သို့ပြောသည်။

PDF အဖွဲ့၏ တိုက်ပွဲဖော်ဆောင်မှုကြောင့် ထားဝယ်မြို့နယ်အတွင်း‌ကျေးရွာများမှ ဒေသခံများစွာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့်အတွက် ဒေသခံများနှင့် PDF လက်နက်ကိုင်တို့အကြား တင်းမာမှုများ ရှိလာနေကြောင်း အထက်ပါဒေသခံက ဆိုသည်။ လက်ရှိတွင် နယ်မြေမငြိမ်မသက်မှုများကြောင့် ဒေသခံသောင်းနှင့်ချီက ထားဝယ်မြို့ပေါ်သို့နေရပ်စွန့်ခွာ တိမ်းရှောင်နေထိုင်နေရကြောင်း သိရသည်။

" အဓိကတော့ ရွာသားတွေလည်းတော် တော်လေးသိလာကြပြီပေါ့။ ဒီကောင်တွေပေါ်လာတဲ့ အခါကျတော့မှ နေစရာမရှိ စားစရာမရှိ အဲဒီလိုဖြစ်ရ တယ်ပေါ့။ နောက်တစ်ချက်က အရင်နေ့က သတင်း ကြားရတယ်ဆိုရင် PDF တွေက ရန်တောင်ရွာကရွာ သားတွေကို မကျေနပ်လို့ဆိုပြီး ရန်တောင်ရွာမှာ စစ်ကြောင်းရောက်နေချိန်မှာDrop ဗုံးလာချတယ်လေ။ အဲဒီမှာ ရွာသားတွေကပြောတာက မင်းတို့ကောင်တွေ နန့်နန့်လာလုပ်နေလို့ စစ်ကြောင်းလာထိုးရင် တိုက်ပွဲ ဖြစ်ပြီး ရွာပျောက်မယ်ပေါ့နော်။ အဲဒီလိုပြောတော့ PDF တွေက ဘာပြောလဲဆိုတော့။ ငါတို့ရွာတောင် ပြေးနေရတာ။ မင်းတို့ရွာတွေက မပြေးရဘူးပေါ့နော်။ အဲဒီတော့ မကျေနပ်ဘူးပေါ့နော်။ မင်းတို့ရွာလည်း မပြေး ပြေးရအောင်ငါတို့လုပ်မယ်ပေါ့နော်။ အဲဒီလို ဖြစ်နေတာ။ ဒီကိစ္စကဘယ်လိုဖြစ်နေလဲဆိုတော့ ရွာသားတွေလည်း PDF တွေကို မကျေနပ်တော့ဘူး"ဟု အထက်ပါ ဒေသခံက ပြောသည်။

ထို့ပြင် ဒေသခံထောက်ခံမှုအားနည်းလာသည့် ထားဝယ်ဒေသရှိ PDF လက်နက်ကိုင်များ သည် လက်ရှိကာလတွင် အနေအစားကျပ်တည်း ခက်ခဲလာပြီဖြစ်ကြောင်းလည်း အထက်ပါသတင်း ရင်းမြစ်က ဆိုသည်။ " အရင်တုန်းကထောက်ခံတဲ့ ရွာသားတွေလည်းမထောက်ခံတော့ဘူး။ မြင်နေရတာ လည်းရှိတယ်။ လိုင်းပေါ်မှာထောက်ပို့အကြီးစားကြီး တစ်ယောက်တောင်မှ ဆီအုန်းတောထဲမှာ ထအော် နေပြီ။ ဘယ်သူမှမထောက်ပံ့တော့ဘူးဆိုပြီး။ စီးပွား ရေးဘက်လိုက်တဲ့ကောင်တွေကတော့ အဆင်ပြေတာ ပေါ့။ အဲဒီဘက်မလိုက်တဲ့ကောင်တွေကတော့ ကျပ် တည်းတာပေါ့။ နောက်ပိုင်း စားခွက်ပျောက်တဲ့အနေ အထားထိဖြစ်လာလိမ့်မယ်" ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

ထားဝယ်ဒေသတွင် ကော်လဖိုးဦး ဦးဆောင်သည့် KNU တပ်မဟာ(၄)ခွဲထွက်အဖွဲ့အပါ အဝင် PDF အဖွဲ့ပေါင်း(၂၀)ထက်မနည်းရှိနေပြီး နိုင်ငံတော်ပိုင် သဘာဝတွင်းထွက်များကို လက်ဝါးကြီးအုပ်ကာ စီး ပွားရှာနေသောအဖွဲ့များလည်း များစွာရှိနေကြောင်း သိရသည်။

zawgyi version
ထားဝယ္၌ ေဒသခံမ်ားႏွင့္ PDF မ်ားအၾကား မေက်နပ္သည့္အဆင့္မွ တင္းမာမႈအထိျဖစ္လာေန
သန႔္ဇင္ (NP News) - မတ္ ၁၈

တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ၿမိဳ႕နယ္တြင္ အေၾကာင္းသိလာေသာ ေဒသခံမ်ားႏွင့္ PDF မ်ားအၾကား မေက်နပ္သည့္အဆင့္မွ တင္းမာမႈအထိျဖစ္လာေနေၾကာင္း ေဒသခံသတင္းရင္းျမစ္ တစ္ဦးက NP News သို႔ေျပာသည္။

PDF အဖြဲ႕၏ တိုက္ပြဲေဖာ္ေဆာင္မႈေၾကာင့္ ထားဝယ္ၿမိဳ႕နယ္အတြင္း‌ေက်း႐ြာမ်ားမွ ေဒသခံမ်ားစြာ ေနရပ္စြန႔္ခြာတိမ္းေရွာင္ေနရသည့္အတြက္ ေဒသခံမ်ားႏွင့္ PDF လက္နက္ကိုင္တို႔အၾကား တင္းမာမႈမ်ား ရွိလာေနေၾကာင္း အထက္ပါေဒသခံက ဆိုသည္။ လက္ရွိတြင္ နယ္ေျမမၿငိမ္မသက္မႈမ်ားေၾကာင့္ ေဒသခံေသာင္းႏွင့္ခ်ီက ထားဝယ္ၿမိဳ႕ေပၚသို႔ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနထိုင္ေနရေၾကာင္း သိရသည္။

" အဓိကေတာ့ ႐ြာသားေတြလည္းေတာ္ ေတာ္ေလးသိလာၾကၿပီေပါ့။ ဒီေကာင္ေတြေပၚလာတဲ့ အခါက်ေတာ့မွ ေနစရာမရွိ စားစရာမရွိ အဲဒီလိုျဖစ္ရ တယ္ေပါ့။ ေနာက္တစ္ခ်က္က အရင္ေန႔က သတင္း ၾကားရတယ္ဆိုရင္ PDF ေတြက ရန္ေတာင္႐ြာက႐ြာ သားေတြကို မေက်နပ္လို႔ဆိုၿပီး ရန္ေတာင္႐ြာမွာ စစ္ေၾကာင္းေရာက္ေနခ်ိန္မွာDrop ဗုံးလာခ်တယ္ေလ။ အဲဒီမွာ ႐ြာသားေတြကေျပာတာက မင္းတို႔ေကာင္ေတြ နန႔္နန႔္လာလုပ္ေနလို႔ စစ္ေၾကာင္းလာထိုးရင္ တိုက္ပြဲ ျဖစ္ၿပီး ႐ြာေပ်ာက္မယ္ေပါ့ေနာ္။ အဲဒီလိုေျပာေတာ့ PDF ေတြက ဘာေျပာလဲဆိုေတာ့။ ငါတို႔႐ြာေတာင္ ေျပးေနရတာ။ မင္းတို႔႐ြာေတြက မေျပးရဘူးေပါ့ေနာ္။ အဲဒီေတာ့ မေက်နပ္ဘူးေပါ့ေနာ္။ မင္းတို႔႐ြာလည္း မေျပး ေျပးရေအာင္ငါတို႔လုပ္မယ္ေပါ့ေနာ္။ အဲဒီလို ျဖစ္ေနတာ။ ဒီကိစၥကဘယ္လိုျဖစ္ေနလဲဆိုေတာ့ ႐ြာသားေတြလည္း PDF ေတြကို မေက်နပ္ေတာ့ဘူး"ဟု အထက္ပါ ေဒသခံက ေျပာသည္။

ထို႔ျပင္ ေဒသခံေထာက္ခံမႈအားနည္းလာသည့္ ထားဝယ္ေဒသရွိ PDF လက္နက္ကိုင္မ်ား သည္ လက္ရွိကာလတြင္ အေနအစားက်ပ္တည္း ခက္ခဲလာၿပီျဖစ္ေၾကာင္းလည္း အထက္ပါသတင္း ရင္းျမစ္က ဆိုသည္။ " အရင္တုန္းကေထာက္ခံတဲ့ ႐ြာသားေတြလည္းမေထာက္ခံေတာ့ဘူး။ ျမင္ေနရတာ လည္းရွိတယ္။ လိုင္းေပၚမွာေထာက္ပို႔အႀကီးစားႀကီး တစ္ေယာက္ေတာင္မွ ဆီအုန္းေတာထဲမွာ ထေအာ္ ေနၿပီ။ ဘယ္သူမွမေထာက္ပံ့ေတာ့ဘူးဆိုၿပီး။ စီးပြား ေရးဘက္လိုက္တဲ့ေကာင္ေတြကေတာ့ အဆင္ေျပတာ ေပါ့။ အဲဒီဘက္မလိုက္တဲ့ေကာင္ေတြကေတာ့ က်ပ္ တည္းတာေပါ့။ ေနာက္ပိုင္း စားခြက္ေပ်ာက္တဲ့အေန အထားထိျဖစ္လာလိမ့္မယ္" ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။

ထားဝယ္ေဒသတြင္ ေကာ္လဖိုးဦး ဦးေဆာင္သည့္ KNU တပ္မဟာ(၄)ခြဲထြက္အဖြဲ႕အပါ အဝင္ PDF အဖြဲ႕ေပါင္း(၂၀)ထက္မနည္းရွိေနၿပီး ႏိုင္ငံေတာ္ပိုင္ သဘာဝတြင္းထြက္မ်ားကို လက္ဝါးႀကီးအုပ္ကာ စီး ပြားရွာေနေသာအဖြဲ႕မ်ားလည္း မ်ားစြာရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.