သမ္မတထရမ့်၏ကျင့်သုံးမြဲ ကုန်သွယ်စစ်ပွဲ စီးပွားရေးဖိအားများက ဒုတိယသက်တမ်းမှာကော အလုပ်ဖြစ်ပါ့မလား

 204

တင်ဇာ (NP News)- မတ် ၁၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ပြန်ရောက်ကတည်းက မူဝါဒအပြောင်း အလဲများ၊ နယ်မြေပိုင်ဆိုင်ခွင့် တောင်းဆိုမှုများနှင့် စီးပွားရေးဆိုင်ရာခြိမ်းခြောက်မှုများ တသီကြီးနှင့် တစ်ကမ္ဘာလုံးကို ဂယက်ရိုက်စေခဲ့သည်။ ၎င်း၏ ဒုတိယသမ္မတသက်တမ်း ပထမဆုံးရက် အနည်းငယ်အတွင်းမှာပင် ကနေဒါ၊ ဂရင်းလန်း၊ ပနားမားတူးမြောင်း နှင့် ဂါဇာကမ်းမြောင်တို့ကို အမေရိကန်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ထားရှိရန်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်သည် ကုန်သွယ်ရေးစစ်ပွဲအတွင်း တရုတ်နိုင်ငံအပြင် ၎င်း၏ အကြီးဆုံးကုန်သွယ်ဖက်နှစ်နိုင်ငံဖြစ်သည့် ကနေဒါနှင့်မက္ကဆီကိုတို့ကိုပါ ကုန်သွယ်ရေးထိုးစစ်တွင် ပါဝင်ရန်တိုးချဲ့ခဲ့သည်။ ကနေဒါကိစ္စတွင် ထရမ့်သည် နိုင်ငံတည်ရှိမှုကို ပျက်ပြားစေရန် အံ့မခန်းတောင်း ဆိုမှုများနှင့်အတူ စီးပွားရေးဖိအားများကိုပါ တစ်ပြိုင်တည်းပြုလုပ်ခဲ့သည်။ "ကနေဒါက ကျွန်တော်တို့ရဲ့ (၅၁) ပြည်နယ်မြောက် ဖြစ်လာသင့်တယ်။ အခွန်စည်းကြပ်တာတွေ မရှိသလို စစ်ရေးအရ အကာအကွယ်တွေလည်း ပေးသွား ဦးမှာ" ဟု ထရမ့်က ၎င်း၏ Truth Social မှာ ရေး သားခဲ့သည်။ ယင်းတို့အားလုံးအပြင် ထရမ့်သည် ၎င်း၏ အထောက်အပံ့အားလုံးကို ရပ်ဆိုင်းပစ် လိုက်ခြင်းဖြင့် ယူကရိန်းအား ဆန့်ကျင်ခဲ့သည်။

သမိုင်းကြောင်းအရ အမေရိကန်သည် ရန်သူများထက် မဟာမိတ်များကို စီးပွားရေးအရ အကျပ်ကိုင်ခြိမ်းခြောက်ခြင်းက သိသိသာသာ အောင် မြင်သောမူဝါဒဖြစ်ခဲ့ဖူးသည်။ (၁၉) ရာစုအတွင်းက ကမ္ဘာ့စီးပွားရေးကို ပေါင်းစည်းထားသောကြောင့် ရန်လိုသောနိုင်ငံများကို ဆန့်ကျင်ခြင်းထက် လုပ်ဖော် ကိုင်ဖက်များကို စီးပွားရေးအရ အကျပ်ကိုင်သည့်နည်း လမ်းများက မကြာခဏ ပိုမိုထိရောက်လေ့ရှိကြောင်း တွေ့မြင်ခဲ့ရသည်။ စစ်အေးကာလအတွင်းက ဝါရှင် တန်သည် မဟာမိတ်များကို စီးပွားရေးအရ အကျပ်ကိုင် လေ့ရှိခဲ့သည်။ ယခင်အုပ်ချုပ်ရေးယန္တရားများက ထရမ့်အစိုးရ၏ အုပ်ချုပ်မှုပုံစံနှင့် ကွဲပြား သော်လည်း ခြိမ်းခြောက်မှုများ၏ အကြောင်း အရာကတော့ မကြာခဏဆင်တူလေ့ရှိသည်။ ထရမ့်၏ ပထမ သက်တမ်းတွင် ပြိုင်ဘက်နိုင်ငံများအား စီးပွားရေးအရ အနိုင်ကျင့်မှုများက သိသိသာသာထိ ရောက်မှု မရှိသော်လည်း ၎င်းသည် အမေရိကန် မဟာမိတ်များကို တွန်းအားပေးနိုင်ကြောင်း သိရှိခဲ့ သည်။ ယခုအခါ ၎င်းက မိတ်ဆွေနိုင်ငံများအား အမေရိကန်ဈေးကွက်နှင့် ဒေါ်လာကို နက်နက်ရှိုင်း ရှိုင်း မှီခိုလာအောင် တွန်းအား ပေးခြင်းဖြင့် အမေရိ ကန်အာဏာကို လွှမ်းမိုးရန် နှစ်ဆ ကြိုးပမ်းလာခဲ့သည်။

သို့သော် အမေရိကန်အနေဖြင့် ထိုကဲ့သို့ မဟာဗျူဟာကို စီးပွားရေးအရ လွှမ်းမိုးထားသည့် နှစ်နိုင်ငံဆက်ဆံရေးတွင်သာ လုပ်ဆောင်နိုင်ဖွယ်ရှိ သည်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးစနစ်ကို ဘက် ပေါင်းစုံပုံစံဖြင့် ရွေ့လျားလာသည်နှင့်အမျှ နိုင်ငံအားလုံးကပိုပြီးလွတ်လွတ်လပ်လပ်လှုပ်ရှားလာနိုင်သည်။ သို့သော် ၎င်း Multipolar စီးပွားရေး ပုံစံ သည် မြောက်အမေရိကရှိ အမေရိကန်၏ အိမ်နီးချင်း များနှင့် ၎င်းတို့၏ ရှင်သန်မှုအတွက် အမေရိကန်၏ အကူအညီအပေါ် နက်နက်ရှိုင်းရှိုင်း မှီခိုနေရသော ယူကရိန်းကဲ့သို့ နိုင်ငံများအတွက်မူ ကွဲပြားနေသည်။ ထရမ့်၏ လွှမ်းမိုးခြယ်လှယ်ရန်လုပ်ဆောင်သည့်ပေါ်လစီများက ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတစ်ဝိုက်တွင် အလုပ်ဖြစ်နိုင်သော်လည်း ယူရေးရှလိုနယ်မြေများ အတွက်မူ တရုတ်၏ ထောက်ပံ့ရေးကွင်းဆက်များက ပိုပြီးဆွဲဆောင်မှုရှိလာနိုင်သည်။

ထရမ့်သည် ၎င်း၏ပထမသက်တမ်းအတွင်း ရန်ဘက်နိုင်ငံများဖြစ်သည့် အီရန်နှင့် ဗင်နီဇွဲ လားတို့အပေါ် စီးပွားရေးအရ အကျပ်ကိုင်ရန်ကြိုးပမ်းခဲ့ပြီး ရေနံတင်ပို့မှုအပေါ် အမြင့်ဆုံးဖိအားပေး ဒဏ် ခတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။ သို့သော် ၎င်းအခြေအနေများသည် စီးပွားရေးအရသာ ထိခိုက်နစ်နာ မှုများရှိခဲ့သော်လည်း နိုင်ငံရေး အပြောင်းအလဲများဆီ သို့ ဦးတည်မသွားနိုင်ခဲ့ပါ။ ၎င်းသည် (၂၀၁၇) ခုနှစ် တွင် အီရန်၊ မြောက်ကိုရီးယားနှင့် ရုရှားတို့အပေါ် ကြီး ကြီးမားမားပိတ်ဆို့အရေးယူမှု ဥပဒေကြမ်းကိုအတည်ပြုခဲ့ပြီး Huawei ၊ ZTE နှင့် အခြားသော တရုတ်နည်းပညာကုမ္ပဏီကြီးများကို ချေမှုန်းရန် စတင်ခဲ့သည်။ ထို့နောက် (၂၀၂၀) ပြည့်နှစ်တွင်တော့ တရုတ်အပေါ် အခွန်များတိုးမြှင့်ကောက်ခံခြင်းဖြင့် ကုန်သွယ်ရေးစစ်ပွဲကြီးကိုဆင်နွှဲခဲ့သည်။

ယခုအချိန်တွင်မူ အီရန်၊ မြောက်ကိုရီးယား နှင့်ရုရှားတို့သည် ပိုမိုနီးကပ်စွာလက်တွဲကာ နျူလက် နက်နှင့် စွမ်းရည်မြှင့်တင်မှုများ ပိုမိုလုပ်ဆောင်လာခဲ့ ကြပြီး Huawei ဦးဆောင်သည့် တရုတ်နည်းပညာ ကုမ္ပဏီများသည်လည်း ယခင်ကထက်ပိုမိုအား ကောင်းလာခဲ့သည်။ ထို့ကြောင့် ထရမ့်၏ရန်သူများကို စီးပွားရေးအရ အကျပ်ကိုင်ရန်ကြိုးစားသည့် လုပ်ရပ်တိုင်းလိုလိုတွင် ရလဒ်များက မသိသာသလို တန်ပြန် တုံ့ပြန်မှုတိုင်း ထိန်းဖို့ရာ ခက်ခဲလှသည်။

ယင်းကျရှုံးမှုများသည် ၎င်း၏ပထမသက် တမ်းအတွင်း မဟာမိတ်များအပေါ် ဖိအားပေးမှုများ၏ ရလဒ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။ မြောက် အမေရိက လွတ်လပ်စွာကုန်သွယ်ရေး သဘောတူ ညီချက်ကိုဖျက်သိမ်းပြီးနောက် ၎င်းကို အမေရိကန် ကုမ္ပဏီများနှင့် အလုပ်သမားများအတွက် အကျိုးအ မြတ်ရရှိစေမည့်စာချုပ်အသစ်ဖြင့် အစားထိုးခဲ့သည်။ ထို့နောက် (၂၀၁၉) ခုနှစ်တွင် ထရမ့်သည် မဟာမိတ် နိုင်ငံတစ်နိုင်ငံဖြစ်သည့်တူရကီကို ဖိအားပေးရန် ပိတ် ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။ နောက်တစ်နှစ်တွင် ဝါရှင်တန်က ရုရှားထုတ် S-400 လေယာဉ်ပစ်ဒုံး ကျည်များဝယ်ယူမှုအတွက် တူရကီကို စီးပွားရေး ပြစ်ဒဏ်များ ထပ်မံချမှတ်ခဲ့သည်။ ဤသည်ကို ကြည့် ခြင်းအားဖြင့် အမေရိကန်သည် ရန်ဘက်များအပေါ် စီးပွား‌ရေးဖိအားများချမှတ်ရာတွင် မကြာခဏ ကျရှုံး လေ့ရှိသော်လည်း မဟာမိတ်များအပေါ် အနိုင်ကျင့်ရာ တွင်တော့ ရလဒ်ကြီးကြီးမားမားများ ထွက်ပေါ်တတ် သည်ဟု သုံးသပ်နိုင်သည်။ ထို့ကြောင့် ယခုအခါတွင် လည်း ထရမ့်က အမေရိကန်ဈေးကွက်နှင့် ဆက်နွှယ်မှုရှိနေသောမဟာမိတ်များအပေါ် ချုပ်ကိုင်ရန် ဖိအား များပေးနေပုံရသည်။

သို့သော် ၎င်း၏ ဒုတိယသက်တမ်းတွင်မူ ရန်ဘက်နိုင်ငံများနှင့် စီးပွားရေးစစ်ပွဲများဆင်နွှဲမည့် အစား ပိုမိုလိုက်လျောညီထွေရှိမည့် ချဉ်းကပ်ပုံဖြင့် လှမ်းလာခဲ့သည်။ ယင်းတို့ထဲတွင် အီရန်နှင့် နျူကလီး ယားသဘောတူညီချက်အသစ်ကို ဖော်ဆောင်ရန် ရု ရှားနှင့်အတူ စီးပွားရေးဆက်ဆံမှုများ ပြန်လည် စတင်ရန်အပြင် တရုတ်နှင့်ကုန်သွယ်‌ရေးကို ပိုမိုချဲ့ထွင်ရန် လုပ်ဆောင်လာသည်များက အထင်အရှား သာဓကများပင်ဖြစ်သည်။

အမေရိကန်ဈေးကွက်၏အရွယ်အစား သည် မြောက်အမေရိကကုန်သွယ်ဖက်များနှင့် ကုန် သွယ်မှုဆိုင်ရာခြိမ်းခြောက်မှုများကို ပိုမိုအားကောင်း လာစေသည်။ အကြောင်းမှာ ကနေဒါ စီးပွားရေးသည် အမေရိကန်ဝယ်လိုအားအပေါ် အလွန်အမင်း မှီခိုနေ ရသည်။ ကနေဒါပို့ကုန်အားလုံး၏ လေးပုံသုံးပုံနှင့် ရေနံတင်ပို့မှု၏ (၉၈)ရာခိုင်နှုန်းလောက်ကို အမေရိ ကန်ကအားပေးနေသည်။ ထို့ပြင် မက္ကဆီကိုသည် တရုတ်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာမှုကို အကျိုးခံစားခွင့်ရလာသောနိုင်ငံဖြစ်ပြီး ယခုအခါ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲသစ်၏ ထင် ရှားသော အားပြိုင်ရာ စစ်မြေပြင်ဖြစ်လာနိုင်သည်။

အလားတူပင် ထရမ့်သည် ၎င်း၏ ဈေးကွက်ကိုမှီခိုနေရသော ဒိန်းမတ်ဆီက ဂရင်းလန်းကို ဝယ်ယူရန် စည်းရုံးသိမ်းသွင်းနေသည်။ ပြီးခဲ့သည့်နှစ် များအတွင်းက အမေရိကန်တွင် ဒိန်းမတ်ဆေးဝါးကုမ္ပဏီ Novo Nordisk ၏ဆေးဝါးများက နာမည် ကြီးပြီး ဝယ်လိုအားများသောကြောင့် ဥရောပသမဂ္ဂ တွင် တန်ဖိုးအကြီးဆုံးကုမ္ပဏီအဖြစ်သို့ ပြောင်းလဲခဲ့ သည်။ အမေရိကန်ဈေးကွက်တွင် Novo Nordisk ၏ နှစ်စဉ်ရောင်းအားသည် ယခုအခါ နှစ်စဉ် (၃၀) ရာခိုင်နှုန်းတိုးလာနေသည်။ ၎င်း၏စုစုပေါင်း အသားတင်ရောင်းချမှု ဒေါ်လာ (၄၂) ဘီလျံသည် ဒိန်းမတ် နိုင်ငံ၏ GDP ဆယ်ရာခိုင်နှုန်းလောက် ဖြစ်နေသည်။ ထိုကဲ့သို့ အမေရိကန်ဈေးကွက်အပေါ် ကြီးကြီးမားမား မှီခိုနေရခြင်းကြောင့် ကနေဒါ၊ မက္ကဆီကိုနှင့် ဒိန်းမတ် နိုင်ငံတို့သည် အမေရိကန်၏ စီးပွားရေး ခြိမ်းခြောက် မှုများအတွက် ပစ်မှတ်များဖြစ်လာခဲ့သည်။

တစ်ဖက်တွင်မူ အမေရိကန်စီးပွားရေး သည် ကုန်သွယ်မှုအပေါ် မှီခိုမှုအားနည်းလာခဲ့သည်။ အိမ်ဖြူတော်ကထုတ်ပြန်ခဲ့သော ဖေဖော်ဝါရီလက အစီရင်ခံစာအရ ကုန်သွယ်မှုသည် အမေရိကန် GDP ၏ (၂၄) ရာခိုင်နှုန်းသာဖြစ်သော်လည်း ကနေဒါ GDP ၏ (၇၃) ရာခိုင်နှုန်း၊ မက္ကဆီကို GDP ၏ (၆၇) ရာခိုင်နှုန်းနှင့် တရုတ် GDP ၏ (၃၇) ရာခိုင် နှုန်းတို့ဖြစ်နေသည်။ ထို့ကြောင့် ကုန်သွယ်ရေးစစ်ပွဲများသည် အမေရိကန်စီးပွားရေးထက် ၎င်းလုပ်ဖော် ကိုင်ဖက်များ၏စီးပွားရေးအပေါ် များစွာ သက်ရောက် လာနိုင်ဖွယ်ရှိနေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကမ္ဘာ့ထိပ်တန်း အရန်ငွေကြေးနှင့် ကုန်သွယ်မှု ငွေကြေးအဖြစ် ဒေါ်လာ၏အခန်းကဏ္ဍသည် ဝါရှင် တန်ကို ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် ဩဇာလွှမ်းမိုးမှုအားကောင်းအောင် ဆက်လက်ဆောင် ကြဉ်းပေးထားနိုင်ကြောင်း တွေ့ရှိရသည်။

သို့သော် ဒေါ်လာ၏အခန်းကဏ္ဍတစ်ခု တည်းမဟုတ်ဘဲ အခြားသော စီးပွားရေးအဝန်းအဝိုင်း အားလုံးကိုသုံးသပ်ကြည့်သည့်အခါ အမေရိကန်သည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်းကထက် ကမ္ဘာတစ်ဝန်းလုံးတွင် စီးပွားရေးအရလွှမ်းမိုးမှု လျော့နည်းသွားခြင်းကို တွေ့ရသည်။ ယခုအခါ ကမ္ဘာ့အခြား အစိတ်အပိုင်းများသည် ပိုမိုကြီးမားသော ကုန်သွယ်မှု ဇုန်များဖြစ်လာပြီး ဝါရှင်တန်၏ ဒေါ်လာလွှမ်းမိုးမှုကို ရှောင်ရှားလိုသောနိုင်ငံများအတွက် အခြားရွေးချယ် စရာများရှိလာသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ကမ္ဘာ့ကုန်သွယ်ရေးတွင် အမေရိကန်ပြည်ထောင်စု၏ တည်ရှိမှုသည် နည်းပညာနှင့် ရုပ်ကြွင်းလောင်စာများမှ လွဲ၍ နယ်ပယ်အားလုံးတွင် ကျဆင်းသွားခဲ့သည်။ ထရမ့်၏ ပထမသက်တမ်းအတွင်း (၂၀၁၇)ခုနှစ်၌ အမေရိကန်၏ ပို့ကုန်နှင့်သွင်းကုန်သည် ကမ္ဘာ့စီးပွား ရေး၏ (၆ ဒသမ ၅) ရာခိုင်နှုန်းခန့်ရှိသည်။ သို့သော် ယခုနှစ်အစတွင်မူ ဤကိန်းဂဏန်းသည် (၅ ဒသမ ၂) ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။

ပြီးခဲ့သောရှစ်နှစ်အတွင်း ကမ္ဘာ့စီးပွားရေး သည် အမေရိကန်ပြည်ထောင်စုကို ဦးတည်လှည့်ပတ် မှုနည်းပါးလာခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများအတွက် အဓိက ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။ ဥရောပသမဂ္ဂ၊ လက်တင်အမေရိက နှင့် အရှေ့တောင်အာရှနိုင်ငံများအတွင်း ဒေသတွင်း ကုန်သွယ်မှုများ ပိုမိုများပြားလာသည်။ တရုတ်၊ ဂျာမ နီ၊ အီတလီနှင့် ဂျပန်တို့ကဲ့သို့ ပို့ကုန်တင်သွင်းမှု အများဆုံး စီးပွားရေးနိုင်ငံများပင်လျှင် အမေရိကန်သို့ ပို့ကုန်တင်ပို့မှု တစ်ရက်လောက်ရပ်ဆိုင်းပါက ၎င်းတို့ GDP၏ (၃)ရာခိုင်နှုန်းမှ (၄)ရာခိုင်နှုန်းကြား ဆုံးရှုံး သွားနိုင်သည်။ သို့သော် အဆိုပါစီးပွားရေးများသည် နှစ်ပေါင်းများစွာအတွင်း အမေရိကန်ဈေးကွက်မှ တဖြည်းဖြည်းဝေးကွာသွားပါက အပြောင်းအလဲများ ကို ၎င်းတို့က စီမံခန့်ခွဲသွားနိုင်မည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ထရမ့်၏ ဒုတိယသက်တမ်းအတွင်းရည်ရွယ်နေသော ကုန်သွယ်ရေးစစ်ပွဲများ သည် ယခင်ကလို ထိရောက်မှုမရှိနိုင်တော့သလို အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို မြှင့်တင်နိုင်တော့ မည့်အရေးနှင့် တဖြည်းဖြည်းဝေးကွာသွားနိုင်သည်။ ထို့ကြောင့် ထရမ့်အနေဖြင့် ၎င်း၏မဟာမိတ်များနှင့် ရန်ဘက်များအပေါ် လွှမ်းမိုးနိုင်ရန် မည်သို့သော စီးပွားရေးလက်နက်ကို ကိုင်စွဲရမည်ဆိုသည်ကိုမူ ဝေခွဲမ ရဖြစ်လာနိုင်ပါသည်။

zawgyi version
သမၼတထရမ့္၏က်င့္သုံးၿမဲ ကုန္သြယ္စစ္ပြဲ စီးပြားေရးဖိအားမ်ားက ဒုတိယသက္တမ္းမွာေကာ အလုပ္ျဖစ္ပါ့မလား
တင္ဇာ (NP News)- မတ္ ၁၈
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ အိမ္ျဖဴေတာ္သို႔ျပန္ေရာက္ကတည္းက မူဝါဒအေျပာင္း အလဲမ်ား၊ နယ္ေျမပိုင္ဆိုင္ခြင့္ ေတာင္းဆိုမႈမ်ားႏွင့္ စီးပြားေရးဆိုင္ရာၿခိမ္းေျခာက္မႈမ်ား တသီႀကီးႏွင့္ တစ္ကမာၻလုံးကို ဂယက္႐ိုက္ေစခဲ့သည္။ ၎၏ ဒုတိယသမၼတသက္တမ္း ပထမဆုံးရက္ အနည္းငယ္အတြင္းမွာပင္ ကေနဒါ၊ ဂရင္းလန္း၊ ပနားမားတူးေျမာင္း ႏွင့္ ဂါဇာကမ္းေျမာင္တို႔ကို အေမရိကန္၏ တိုက္႐ိုက္ထိန္းခ်ဳပ္မႈေအာက္တြင္ ထားရွိရန္ဆႏၵရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္။ ထို႔ျပင္ အေမရိကန္သည္ ကုန္သြယ္ေရးစစ္ပြဲအတြင္း တ႐ုတ္ႏိုင္ငံအျပင္ ၎၏ အႀကီးဆုံးကုန္သြယ္ဖက္ႏွစ္ႏိုင္ငံျဖစ္သည့္ ကေနဒါႏွင့္မကၠဆီကိုတို႔ကိုပါ ကုန္သြယ္ေရးထိုးစစ္တြင္ ပါဝင္ရန္တိုးခ်ဲ႕ခဲ့သည္။ ကေနဒါကိစၥတြင္ ထရမ့္သည္ ႏိုင္ငံတည္ရွိမႈကို ပ်က္ျပားေစရန္ အံ့မခန္းေတာင္း ဆိုမႈမ်ားႏွင့္အတူ စီးပြားေရးဖိအားမ်ားကိုပါ တစ္ၿပိဳင္တည္းျပဳလုပ္ခဲ့သည္။ "ကေနဒါက ကြၽန္ေတာ္တို႔ရဲ႕ (၅၁) ျပည္နယ္ေျမာက္ ျဖစ္လာသင့္တယ္။ အခြန္စည္းၾကပ္တာေတြ မရွိသလို စစ္ေရးအရ အကာအကြယ္ေတြလည္း ေပးသြား ဦးမွာ" ဟု ထရမ့္က ၎၏ Truth Social မွာ ေရး သားခဲ့သည္။ ယင္းတို႔အားလုံးအျပင္ ထရမ့္သည္ ၎၏ အေထာက္အပံ့အားလုံးကို ရပ္ဆိုင္းပစ္ လိုက္ျခင္းျဖင့္ ယူကရိန္းအား ဆန႔္က်င္ခဲ့သည္။

သမိုင္းေၾကာင္းအရ အေမရိကန္သည္ ရန္သူမ်ားထက္ မဟာမိတ္မ်ားကို စီးပြားေရးအရ အက်ပ္ကိုင္ၿခိမ္းေျခာက္ျခင္းက သိသိသာသာ ေအာင္ ျမင္ေသာမူဝါဒျဖစ္ခဲ့ဖူးသည္။ (၁၉) ရာစုအတြင္းက ကမာၻ႔စီးပြားေရးကို ေပါင္းစည္းထားေသာေၾကာင့္ ရန္လိုေသာႏိုင္ငံမ်ားကို ဆန႔္က်င္ျခင္းထက္ လုပ္ေဖာ္ ကိုင္ဖက္မ်ားကို စီးပြားေရးအရ အက်ပ္ကိုင္သည့္နည္း လမ္းမ်ားက မၾကာခဏ ပိုမိုထိေရာက္ေလ့ရွိေၾကာင္း ေတြ႕ျမင္ခဲ့ရသည္။ စစ္ေအးကာလအတြင္းက ဝါရွင္ တန္သည္ မဟာမိတ္မ်ားကို စီးပြားေရးအရ အက်ပ္ကိုင္ ေလ့ရွိခဲ့သည္။ ယခင္အုပ္ခ်ဳပ္ေရးယႏၲရားမ်ားက ထရမ့္အစိုးရ၏ အုပ္ခ်ဳပ္မႈပုံစံႏွင့္ ကြဲျပား ေသာ္လည္း ၿခိမ္းေျခာက္မႈမ်ား၏ အေၾကာင္း အရာကေတာ့ မၾကာခဏဆင္တူေလ့ရွိသည္။ ထရမ့္၏ ပထမ သက္တမ္းတြင္ ၿပိဳင္ဘက္ႏိုင္ငံမ်ားအား စီးပြားေရးအရ အႏိုင္က်င့္မႈမ်ားက သိသိသာသာထိ ေရာက္မႈ မရွိေသာ္လည္း ၎သည္ အေမရိကန္ မဟာမိတ္မ်ားကို တြန္းအားေပးႏိုင္ေၾကာင္း သိရွိခဲ့ သည္။ ယခုအခါ ၎က မိတ္ေဆြႏိုင္ငံမ်ားအား အေမရိကန္ေဈးကြက္ႏွင့္ ေဒၚလာကို နက္နက္ရႈိင္း ရႈိင္း မွီခိုလာေအာင္ တြန္းအား ေပးျခင္းျဖင့္ အေမရိ ကန္အာဏာကို လႊမ္းမိုးရန္ ႏွစ္ဆ ႀကိဳးပမ္းလာခဲ့သည္။

သို႔ေသာ္ အေမရိကန္အေနျဖင့္ ထိုကဲ့သို႔ မဟာဗ်ဴဟာကို စီးပြားေရးအရ လႊမ္းမိုးထားသည့္ ႏွစ္ႏိုင္ငံဆက္ဆံေရးတြင္သာ လုပ္ေဆာင္ႏိုင္ဖြယ္ရွိ သည္။ ကမာၻလုံးဆိုင္ရာစီးပြားေရးစနစ္ကို ဘက္ ေပါင္းစုံပုံစံျဖင့္ ေ႐ြ႕လ်ားလာသည္ႏွင့္အမွ် ႏိုင္ငံအားလုံးကပိုၿပီးလြတ္လြတ္လပ္လပ္လႈပ္ရွားလာႏိုင္သည္။ သို႔ေသာ္ ၎ Multipolar စီးပြားေရး ပုံစံ သည္ ေျမာက္အေမရိကရွိ အေမရိကန္၏ အိမ္နီးခ်င္း မ်ားႏွင့္ ၎တို႔၏ ရွင္သန္မႈအတြက္ အေမရိကန္၏ အကူအညီအေပၚ နက္နက္ရႈိင္းရႈိင္း မွီခိုေနရေသာ ယူကရိန္းကဲ့သို႔ ႏိုင္ငံမ်ားအတြက္မူ ကြဲျပားေနသည္။ ထရမ့္၏ လႊမ္းမိုးျခယ္လွယ္ရန္လုပ္ေဆာင္သည့္ေပၚလစီမ်ားက ကေနဒါႏွင့္ မကၠဆီကိုႏိုင္ငံတစ္ဝိုက္တြင္ အလုပ္ျဖစ္ႏိုင္ေသာ္လည္း ယူေရးရွလိုနယ္ေျမမ်ား အတြက္မူ တ႐ုတ္၏ ေထာက္ပံ့ေရးကြင္းဆက္မ်ားက ပိုၿပီးဆြဲေဆာင္မႈရွိလာႏိုင္သည္။

ထရမ့္သည္ ၎၏ပထမသက္တမ္းအတြင္း ရန္ဘက္ႏိုင္ငံမ်ားျဖစ္သည့္ အီရန္ႏွင့္ ဗင္နီဇြဲ လားတို႔အေပၚ စီးပြားေရးအရ အက်ပ္ကိုင္ရန္ႀကိဳးပမ္းခဲ့ၿပီး ေရနံတင္ပို႔မႈအေပၚ အျမင့္ဆုံးဖိအားေပး ဒဏ္ ခတ္ပိတ္ဆို႔မႈမ်ားျပဳလုပ္ခဲ့သည္။ သို႔ေသာ္ ၎အေျခအေနမ်ားသည္ စီးပြားေရးအရသာ ထိခိုက္နစ္နာ မႈမ်ားရွိခဲ့ေသာ္လည္း ႏိုင္ငံေရး အေျပာင္းအလဲမ်ားဆီ သို႔ ဦးတည္မသြားႏိုင္ခဲ့ပါ။ ၎သည္ (၂၀၁၇) ခုႏွစ္ တြင္ အီရန္၊ ေျမာက္ကိုရီးယားႏွင့္ ႐ုရွားတို႔အေပၚ ႀကီး ႀကီးမားမားပိတ္ဆို႔အေရးယူမႈ ဥပေဒၾကမ္းကိုအတည္ျပဳခဲ့ၿပီး Huawei ၊ ZTE ႏွင့္ အျခားေသာ တ႐ုတ္နည္းပညာကုမၸဏီႀကီးမ်ားကို ေခ်မႈန္းရန္ စတင္ခဲ့သည္။ ထို႔ေနာက္ (၂၀၂၀) ျပည့္ႏွစ္တြင္ေတာ့ တ႐ုတ္အေပၚ အခြန္မ်ားတိုးျမႇင့္ေကာက္ခံျခင္းျဖင့္ ကုန္သြယ္ေရးစစ္ပြဲႀကီးကိုဆင္ႏႊဲခဲ့သည္။

ယခုအခ်ိန္တြင္မူ အီရန္၊ ေျမာက္ကိုရီးယား ႏွင့္႐ုရွားတို႔သည္ ပိုမိုနီးကပ္စြာလက္တြဲကာ န်ဴလက္ နက္ႏွင့္ စြမ္းရည္ျမႇင့္တင္မႈမ်ား ပိုမိုလုပ္ေဆာင္လာခဲ့ ၾကၿပီး Huawei ဦးေဆာင္သည့္ တ႐ုတ္နည္းပညာ ကုမၸဏီမ်ားသည္လည္း ယခင္ကထက္ပိုမိုအား ေကာင္းလာခဲ့သည္။ ထို႔ေၾကာင့္ ထရမ့္၏ရန္သူမ်ားကို စီးပြားေရးအရ အက်ပ္ကိုင္ရန္ႀကိဳးစားသည့္ လုပ္ရပ္တိုင္းလိုလိုတြင္ ရလဒ္မ်ားက မသိသာသလို တန္ျပန္ တုံ႔ျပန္မႈတိုင္း ထိန္းဖို႔ရာ ခက္ခဲလွသည္။

ယင္းက်ရႈံးမႈမ်ားသည္ ၎၏ပထမသက္ တမ္းအတြင္း မဟာမိတ္မ်ားအေပၚ ဖိအားေပးမႈမ်ား၏ ရလဒ္ႏွင့္ လုံးဝဆန႔္က်င္ဘက္ျဖစ္ေနသည္။ ေျမာက္ အေမရိက လြတ္လပ္စြာကုန္သြယ္ေရး သေဘာတူ ညီခ်က္ကိုဖ်က္သိမ္းၿပီးေနာက္ ၎ကို အေမရိကန္ ကုမၸဏီမ်ားႏွင့္ အလုပ္သမားမ်ားအတြက္ အက်ိဳးအ ျမတ္ရရွိေစမည့္စာခ်ဳပ္အသစ္ျဖင့္ အစားထိုးခဲ့သည္။ ထို႔ေနာက္ (၂၀၁၉) ခုႏွစ္တြင္ ထရမ့္သည္ မဟာမိတ္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည့္တူရကီကို ဖိအားေပးရန္ ပိတ္ ဆို႔အေရးယူမႈမ်ားျပဳလုပ္ခဲ့သည္။ ေနာက္တစ္ႏွစ္တြင္ ဝါရွင္တန္က ႐ုရွားထုတ္ S-400 ေလယာဥ္ပစ္ဒုံး က်ည္မ်ားဝယ္ယူမႈအတြက္ တူရကီကို စီးပြားေရး ျပစ္ဒဏ္မ်ား ထပ္မံခ်မွတ္ခဲ့သည္။ ဤသည္ကို ၾကည့္ ျခင္းအားျဖင့္ အေမရိကန္သည္ ရန္ဘက္မ်ားအေပၚ စီးပြား‌ေရးဖိအားမ်ားခ်မွတ္ရာတြင္ မၾကာခဏ က်ရႈံး ေလ့ရွိေသာ္လည္း မဟာမိတ္မ်ားအေပၚ အႏိုင္က်င့္ရာ တြင္ေတာ့ ရလဒ္ႀကီးႀကီးမားမားမ်ား ထြက္ေပၚတတ္ သည္ဟု သုံးသပ္ႏိုင္သည္။ ထို႔ေၾကာင့္ ယခုအခါတြင္ လည္း ထရမ့္က အေမရိကန္ေဈးကြက္ႏွင့္ ဆက္ႏႊယ္မႈရွိေနေသာမဟာမိတ္မ်ားအေပၚ ခ်ဳပ္ကိုင္ရန္ ဖိအား မ်ားေပးေနပုံရသည္။

သို႔ေသာ္ ၎၏ ဒုတိယသက္တမ္းတြင္မူ ရန္ဘက္ႏိုင္ငံမ်ားႏွင့္ စီးပြားေရးစစ္ပြဲမ်ားဆင္ႏႊဲမည့္ အစား ပိုမိုလိုက္ေလ်ာညီေထြရွိမည့္ ခ်ဥ္းကပ္ပုံျဖင့္ လွမ္းလာခဲ့သည္။ ယင္းတို႔ထဲတြင္ အီရန္ႏွင့္ န်ဴကလီး ယားသေဘာတူညီခ်က္အသစ္ကို ေဖာ္ေဆာင္ရန္ ႐ု ရွားႏွင့္အတူ စီးပြားေရးဆက္ဆံမႈမ်ား ျပန္လည္ စတင္ရန္အျပင္ တ႐ုတ္ႏွင့္ကုန္သြယ္‌ေရးကို ပိုမိုခ်ဲ႕ထြင္ရန္ လုပ္ေဆာင္လာသည္မ်ားက အထင္အရွား သာဓကမ်ားပင္ျဖစ္သည္။

အေမရိကန္ေဈးကြက္၏အ႐ြယ္အစား သည္ ေျမာက္အေမရိကကုန္သြယ္ဖက္မ်ားႏွင့္ ကုန္ သြယ္မႈဆိုင္ရာၿခိမ္းေျခာက္မႈမ်ားကို ပိုမိုအားေကာင္း လာေစသည္။ အေၾကာင္းမွာ ကေနဒါ စီးပြားေရးသည္ အေမရိကန္ဝယ္လိုအားအေပၚ အလြန္အမင္း မွီခိုေန ရသည္။ ကေနဒါပို႔ကုန္အားလုံး၏ ေလးပုံသုံးပုံႏွင့္ ေရနံတင္ပို႔မႈ၏ (၉၈)ရာခိုင္ႏႈန္းေလာက္ကို အေမရိ ကန္ကအားေပးေနသည္။ ထို႔ျပင္ မကၠဆီကိုသည္ တ႐ုတ္၏ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ား တိုးျမင့္လာမႈကို အက်ိဳးခံစားခြင့္ရလာေသာႏိုင္ငံျဖစ္ၿပီး ယခုအခါ အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးစစ္ပြဲသစ္၏ ထင္ ရွားေသာ အားၿပိဳင္ရာ စစ္ေျမျပင္ျဖစ္လာႏိုင္သည္။

အလားတူပင္ ထရမ့္သည္ ၎၏ ေဈးကြက္ကိုမွီခိုေနရေသာ ဒိန္းမတ္ဆီက ဂရင္းလန္းကို ဝယ္ယူရန္ စည္း႐ုံးသိမ္းသြင္းေနသည္။ ၿပီးခဲ့သည့္ႏွစ္ မ်ားအတြင္းက အေမရိကန္တြင္ ဒိန္းမတ္ေဆးဝါးကုမၸဏီ Novo Nordisk ၏ေဆးဝါးမ်ားက နာမည္ ႀကီးၿပီး ဝယ္လိုအားမ်ားေသာေၾကာင့္ ဥေရာပသမဂၢ တြင္ တန္ဖိုးအႀကီးဆုံးကုမၸဏီအျဖစ္သို႔ ေျပာင္းလဲခဲ့ သည္။ အေမရိကန္ေဈးကြက္တြင္ Novo Nordisk ၏ ႏွစ္စဥ္ေရာင္းအားသည္ ယခုအခါ ႏွစ္စဥ္ (၃၀) ရာခိုင္ႏႈန္းတိုးလာေနသည္။ ၎၏စုစုေပါင္း အသားတင္ေရာင္းခ်မႈ ေဒၚလာ (၄၂) ဘီလ်ံသည္ ဒိန္းမတ္ ႏိုင္ငံ၏ GDP ဆယ္ရာခိုင္ႏႈန္းေလာက္ ျဖစ္ေနသည္။ ထိုကဲ့သို႔ အေမရိကန္ေဈးကြက္အေပၚ ႀကီးႀကီးမားမား မွီခိုေနရျခင္းေၾကာင့္ ကေနဒါ၊ မကၠဆီကိုႏွင့္ ဒိန္းမတ္ ႏိုင္ငံတို႔သည္ အေမရိကန္၏ စီးပြားေရး ၿခိမ္းေျခာက္ မႈမ်ားအတြက္ ပစ္မွတ္မ်ားျဖစ္လာခဲ့သည္။

တစ္ဖက္တြင္မူ အေမရိကန္စီးပြားေရး သည္ ကုန္သြယ္မႈအေပၚ မွီခိုမႈအားနည္းလာခဲ့သည္။ အိမ္ျဖဴေတာ္ကထုတ္ျပန္ခဲ့ေသာ ေဖေဖာ္ဝါရီလက အစီရင္ခံစာအရ ကုန္သြယ္မႈသည္ အေမရိကန္ GDP ၏ (၂၄) ရာခိုင္ႏႈန္းသာျဖစ္ေသာ္လည္း ကေနဒါ GDP ၏ (၇၃) ရာခိုင္ႏႈန္း၊ မကၠဆီကို GDP ၏ (၆၇) ရာခိုင္ႏႈန္းႏွင့္ တ႐ုတ္ GDP ၏ (၃၇) ရာခိုင္ ႏႈန္းတို႔ျဖစ္ေနသည္။ ထို႔ေၾကာင့္ ကုန္သြယ္ေရးစစ္ပြဲမ်ားသည္ အေမရိကန္စီးပြားေရးထက္ ၎လုပ္ေဖာ္ ကိုင္ဖက္မ်ား၏စီးပြားေရးအေပၚ မ်ားစြာ သက္ေရာက္ လာႏိုင္ဖြယ္ရွိေနသည္။ ဤသည္ကို ၾကည့္ျခင္းအားျဖင့္ ကမာၻ႔ထိပ္တန္း အရန္ေငြေၾကးႏွင့္ ကုန္သြယ္မႈ ေငြေၾကးအျဖစ္ ေဒၚလာ၏အခန္းက႑သည္ ဝါရွင္ တန္ကို ကမာၻတစ္ဝန္းရွိ စီးပြားေရးလုပ္ငန္းမ်ားအေပၚ ဩဇာလႊမ္းမိုးမႈအားေကာင္းေအာင္ ဆက္လက္ေဆာင္ ၾကဥ္းေပးထားႏိုင္ေၾကာင္း ေတြ႕ရွိရသည္။

သို႔ေသာ္ ေဒၚလာ၏အခန္းက႑တစ္ခု တည္းမဟုတ္ဘဲ အျခားေသာ စီးပြားေရးအဝန္းအဝိုင္း အားလုံးကိုသုံးသပ္ၾကည့္သည့္အခါ အေမရိကန္သည္ လြန္ခဲ့သည့္ဆယ္စုႏွစ္မ်ားအတြင္းကထက္ ကမာၻတစ္ဝန္းလုံးတြင္ စီးပြားေရးအရလႊမ္းမိုးမႈ ေလ်ာ့နည္းသြားျခင္းကို ေတြ႕ရသည္။ ယခုအခါ ကမာၻ႔အျခား အစိတ္အပိုင္းမ်ားသည္ ပိုမိုႀကီးမားေသာ ကုန္သြယ္မႈ ဇုန္မ်ားျဖစ္လာၿပီး ဝါရွင္တန္၏ ေဒၚလာလႊမ္းမိုးမႈကို ေရွာင္ရွားလိုေသာႏိုင္ငံမ်ားအတြက္ အျခားေ႐ြးခ်ယ္ စရာမ်ားရွိလာသည္။ ၿပီးခဲ့သည့္ ဆယ္စုႏွစ္မ်ားအတြင္း ကမာၻ႔ကုန္သြယ္ေရးတြင္ အေမရိကန္ျပည္ေထာင္စု၏ တည္ရွိမႈသည္ နည္းပညာႏွင့္ ႐ုပ္ႂကြင္းေလာင္စာမ်ားမွ လြဲ၍ နယ္ပယ္အားလုံးတြင္ က်ဆင္းသြားခဲ့သည္။ ထရမ့္၏ ပထမသက္တမ္းအတြင္း (၂၀၁၇)ခုႏွစ္၌ အေမရိကန္၏ ပို႔ကုန္ႏွင့္သြင္းကုန္သည္ ကမာၻ႔စီးပြား ေရး၏ (၆ ဒသမ ၅) ရာခိုင္ႏႈန္းခန႔္ရွိသည္။ သို႔ေသာ္ ယခုႏွစ္အစတြင္မူ ဤကိန္းဂဏန္းသည္ (၅ ဒသမ ၂) ရာခိုင္ႏႈန္းသို႔ က်ဆင္းသြားခဲ့သည္။

ၿပီးခဲ့ေသာရွစ္ႏွစ္အတြင္း ကမာၻ႔စီးပြားေရး သည္ အေမရိကန္ျပည္ေထာင္စုကို ဦးတည္လွည့္ပတ္ မႈနည္းပါးလာခဲ့သည္။ တ႐ုတ္ႏိုင္ငံသည္ ကမာၻေပၚရွိ အျခားႏိုင္ငံမ်ားအတြက္ အဓိက ကုန္သြယ္ဖက္ႏိုင္ငံ ျဖစ္လာခဲ့သည္။ ဥေရာပသမဂၢ၊ လက္တင္အေမရိက ႏွင့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအတြင္း ေဒသတြင္း ကုန္သြယ္မႈမ်ား ပိုမိုမ်ားျပားလာသည္။ တ႐ုတ္၊ ဂ်ာမ နီ၊ အီတလီႏွင့္ ဂ်ပန္တို႔ကဲ့သို႔ ပို႔ကုန္တင္သြင္းမႈ အမ်ားဆုံး စီးပြားေရးႏိုင္ငံမ်ားပင္လွ်င္ အေမရိကန္သို႔ ပို႔ကုန္တင္ပို႔မႈ တစ္ရက္ေလာက္ရပ္ဆိုင္းပါက ၎တို႔ GDP၏ (၃)ရာခိုင္ႏႈန္းမွ (၄)ရာခိုင္ႏႈန္းၾကား ဆုံးရႈံး သြားႏိုင္သည္။ သို႔ေသာ္ အဆိုပါစီးပြားေရးမ်ားသည္ ႏွစ္ေပါင္းမ်ားစြာအတြင္း အေမရိကန္ေဈးကြက္မွ တျဖည္းျဖည္းေဝးကြာသြားပါက အေျပာင္းအလဲမ်ား ကို ၎တို႔က စီမံခန႔္ခြဲသြားႏိုင္မည္ျဖစ္သည္။

သို႔ျဖစ္ပါ၍ ထရမ့္၏ ဒုတိယသက္တမ္းအတြင္းရည္႐ြယ္ေနေသာ ကုန္သြယ္ေရးစစ္ပြဲမ်ား သည္ ယခင္ကလို ထိေရာက္မႈမရွိႏိုင္ေတာ့သလို အေမရိကန္၏ ဩဇာလႊမ္းမိုးမႈကို ျမႇင့္တင္ႏိုင္ေတာ့ မည့္အေရးႏွင့္ တျဖည္းျဖည္းေဝးကြာသြားႏိုင္သည္။ ထို႔ေၾကာင့္ ထရမ့္အေနျဖင့္ ၎၏မဟာမိတ္မ်ားႏွင့္ ရန္ဘက္မ်ားအေပၚ လႊမ္းမိုးႏိုင္ရန္ မည္သို႔ေသာ စီးပြားေရးလက္နက္ကို ကိုင္စြဲရမည္ဆိုသည္ကိုမူ ေဝခြဲမ ရျဖစ္လာႏိုင္ပါသည္။

Related news

© 2021. All rights reserved.