ဖူဂျီတောင်တက်ခရီးစဉ် ဝင်ကြေးယန်း (၄၀၀၀)ထိ မြင့်တက်

258
ရောင်နီ(NP News) - မတ် ၁၈
ဂျပန်နိုင်ငံ၊ ဖူဂျီတောင်ရဲ့ပင်မလမ်းကြောင်းလေးခုမှာ နွေရာသီခရီးစဉ် ဝင်ကြေး ယန်း (၄၀၀၀) (စင်ကာပူဒေါ်လာ ၃၆) ထိ ကောက်ခံမယ်လို့ မတ်လ ၁၇ ရက် သတင်းအရ သိရပါတယ်။
ဂျပန်နိုင်ငံကို နိုင်ငံခြားခရီးသွား ဧည့်သည်တွေ စံချိန်တင် ဝင်ရောက်လာခြင်းကြောင့် နိုင်ငံရဲ့ အမြင့်ဆုံးတောင်ပေါ်မှာ လူပြည့်လျှံလာမှာကို စိုးရိမ်နေကြပါတယ်။ ၂၀၂၄ ခုနှစ်က ဖူဂျီတောင်ရဲ့ အကျော်ကြားဆုံး တောင်တက်လမ်းကြောင်း ရာမာနာရှီဒေသဟာ ဝင်ကြေး ယန်း ၂,၀၀၀ ထိ ပထမဆုံးမြင့်တက်ခဲ့ပါတယ်။ နောက်ထက်တောင်ရဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ Yoshida Trail ဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ တောင်တက်ရာသီအတွင်း နှစ်ဆတိုးသွားမှာဖြစ်ပြီး ယခင်က အခမဲ့ဖြစ်တဲ့ ၄င်းရဲ့လမ်းသုံးကြောင်းအတွက် ယန်း ၄,၀၀၀ ကောက်ခံမယ်လို့ မတ်လ ၁၇ ရက်က အတည်ပြုခဲ့ပါတယ်။
ဖူဂျီတောင်ဟာ တစ်နှစ်တာပတ်လုံး ဆီးနှင်းတွေ ဖုံးလွှမ်းနေလေ့ရှိပေမယ့် နွေရာသီ တောင်တက်ရာသီမှာ မတ်စောက်တဲ့ ကျောက်ဆောင်တောင်စောင်းတွေမှ နေထွက်ချိန်ကို ကြည့်ရှုဖို့ ဧည့်သည်အများအပြား လာရောက်ကြလေ့ ရှိပါတယ်။
zawgyi version
ဖူဂ်ီေတာင္တက္ခရီးစဥ္ ဝင္ေၾကးယန္း (၄၀၀၀)ထိ ျမင့္တက္
ေရာင္နီ(NP News) - မတ္ ၁၈
ဂ်ပန္ႏိုင္ငံ၊ ဖူဂ်ီေတာင္ရဲ႕ပင္မလမ္းေၾကာင္းေလးခုမွာ ေႏြရာသီခရီးစဥ္ ဝင္ေၾကး ယန္း (၄၀၀၀) (စင္ကာပူေဒၚလာ ၃၆) ထိ ေကာက္ခံမယ္လို႔ မတ္လ ၁၇ ရက္ သတင္းအရ သိရပါတယ္။
ဂ်ပန္ႏိုင္ငံကို ႏိုင္ငံျခားခရီးသြား ဧည့္သည္ေတြ စံခ်ိန္တင္ ဝင္ေရာက္လာျခင္းေၾကာင့္ ႏိုင္ငံရဲ႕ အျမင့္ဆုံးေတာင္ေပၚမွာ လူျပည့္လွ်ံလာမွာကို စိုးရိမ္ေနၾကပါတယ္။ ၂၀၂၄ ခုႏွစ္က ဖူဂ်ီေတာင္ရဲ႕ အေက်ာ္ၾကားဆုံး ေတာင္တက္လမ္းေၾကာင္း ရာမာနာရွီေဒသဟာ ဝင္ေၾကး ယန္း ၂,၀၀၀ ထိ ပထမဆုံးျမင့္တက္ခဲ့ပါတယ္။ ေနာက္ထက္ေတာင္ရဲ႕ လမ္းေၾကာင္းတစ္ခုျဖစ္တဲ့ Yoshida Trail ဟာ ၂၀၂၅ ခုႏွစ္ ဇူလိုင္လမွ စက္တင္ဘာလအထိ ေတာင္တက္ရာသီအတြင္း ႏွစ္ဆတိုးသြားမွာျဖစ္ၿပီး ယခင္က အခမဲ့ျဖစ္တဲ့ ၄င္းရဲ႕လမ္းသုံးေၾကာင္းအတြက္ ယန္း ၄,၀၀၀ ေကာက္ခံမယ္လို႔ မတ္လ ၁၇ ရက္က အတည္ျပဳခဲ့ပါတယ္။
ဖူဂ်ီေတာင္ဟာ တစ္ႏွစ္တာပတ္လုံး ဆီးႏွင္းေတြ ဖုံးလႊမ္းေနေလ့ရွိေပမယ့္ ေႏြရာသီ ေတာင္တက္ရာသီမွာ မတ္ေစာက္တဲ့ ေက်ာက္ေဆာင္ေတာင္ေစာင္းေတြမွ ေနထြက္ခ်ိန္ကို ၾကည့္ရႈဖို႔ ဧည့္သည္အမ်ားအျပား လာေရာက္ၾကေလ့ ရွိပါတယ္။