မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးတွင် နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတများဖြင့် ဖျော်ဖြေ

3494

မောင်မောင်(မင်းဘူး) (NP News) - မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ၊ မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးတွင် နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်များ၊ တေးဂီတ ဖျော်ဖြေပွဲများဖြင့် မတ်လ ၁၈ ရက်မှ ယနေ့(မတ်လ ၁၉ ရက်)အထိ နှစ်ညတိုင်တိုင် ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ထို့သို့ဖျော်ဖြေတင်ဆက်ရာတွင် “မင်းထွေး” ဇာတ်ပွဲသဘင်အဖွဲ့မှ ဦးဆောင်ပြီး မန်းရွှေစက်တော်ရာဘုရားပွဲတော်ကာလ တပေါင်းပွဲတော်ညအဖြစ် အငြိမ့် ဇာတ်မင်းသား/မင်းသမီးများ ဖြစ်ကြသော မင်းထွေး၊ ချောသိင်္ဂီချစ်စု(ကျောက်ပန်းတောင်း)၊ မေဘိုဘို၊ တေသံရှင်များဖြစ်ကြသော ချောကလက်၊ သူရိန်စိုး (လွှမ်းမိုးအလွမ်းပြေ)၊ နိုင်ငံကျော်ဟာသ(လူရွှင်တော်)အနုပညာရှင်များ ဖြစ်ကြသော စိန်ခဲ့၊ ကံပွင့်၊ အောင်ဟိန်း၊ လန်းလန်းတို့နှင့်အတူ ရွှေခိုင်ဇော်မင်္ဂလာဆိုင်းတို့ဖြင့် တွဲဖက်၍ အခမဲ့ ဧည့်ခံဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုက ပြောသည်။
မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့်စာရင်းဝင် တန်ခိုးကြီးဘုရား ဖြစ်သည်နှင့်အညီ ထင်ရှားကျော်ကြားကာ မြန်မာနိုင်ငံအတွင်း၌ ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။ မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၂ ရက်မှ ဧပြီလ ၁၇ ရက်အထိ မဟာသင်္ကြန် ရုံးပိတ်ရက်အပါအဝင် (တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ) စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားကြီးတွင် ယနေ့အထိ ဘုရားဖူး ရဟန်းရှင်လူ ခရီးသွားပြည်သူပေါင်း (၁၅၃၆၃)ဦးနှင့် မော်တော်ယာဉ် အစီးရေ (၃၁၀၀)ကျော် လာရောက်ခဲ့ကြောင်း၊ မန်းရွှေစက်တော် ပွဲတော်ကျင်းပစဉ် ကာလတစ်လျှောက် တပေါင်းလအပြင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးချိန်(အခြေခံကျောင်းများဖြေဆိုပြီးချိန်)နှင့် မဟာသင်္ကြန် ရုံးပိတ်ရက်ကာလများတွင်း နှစ်စဉ်နှစ်တိုင်း အထူးစည်ကားလေ့ရှိကြောင်း သိရသည်။

zawgyi version
မန္းေ႐ႊစက္ေတာ္ရာ ဘုရားပြဲေတာ္ႀကီးတြင္ ႏိုင္ငံေက်ာ္အႏုပညာရွင္မ်ားက အၿငိမ့္သဘင္၊ ေတးဂီတမ်ားျဖင့္ ေဖ်ာ္ေျဖ
ေမာင္ေမာင္(မင္းဘူး) (NP News) - မတ္ ၁၉
မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခ႐ိုင္၊ မင္းဘူး(စကု)ၿမိဳ႕နယ္ရွိ၊ မန္းေ႐ႊစက္ေတာ္ရာ ဘုရားပြဲေတာ္ႀကီးတြင္ ႏိုင္ငံေက်ာ္အႏုပညာရွင္မ်ားက အၿငိမ့္သဘင္မ်ား၊ ေတးဂီတ ေဖ်ာ္ေျဖပြဲမ်ားျဖင့္ မတ္လ ၁၈ ရက္မွ ယေန႔(မတ္လ ၁၉ ရက္)အထိ ႏွစ္ညတိုင္တိုင္ ေဖ်ာ္ေျဖတင္ဆက္ေပးသြားမည္ျဖစ္ေၾကာင္း မန္းေ႐ႊစက္ေတာ္ဘုရားေဂါပကအဖြဲ႕ထံမွ သိရသည္။
ထို႔သို႔ေဖ်ာ္ေျဖတင္ဆက္ရာတြင္ “မင္းေထြး” ဇာတ္ပြဲသဘင္အဖြဲ႕မွ ဦးေဆာင္ၿပီး မန္းေ႐ႊစက္ေတာ္ရာဘုရားပြဲေတာ္ကာလ တေပါင္းပြဲေတာ္ညအျဖစ္ အၿငိမ့္ ဇာတ္မင္းသား/မင္းသမီးမ်ား ျဖစ္ၾကေသာ မင္းေထြး၊ ေခ်ာသိဂႌခ်စ္စု(ေက်ာက္ပန္းေတာင္း)၊ ေမဘိုဘို၊ ေတသံရွင္မ်ားျဖစ္ၾကေသာ ေခ်ာကလက္၊ သူရိန္စိုး (လႊမ္းမိုးအလြမ္းေျပ)၊ ႏိုင္ငံေက်ာ္ဟာသ(လူ႐ႊင္ေတာ္)အႏုပညာရွင္မ်ား ျဖစ္ၾကေသာ စိန္ခဲ့၊ ကံပြင့္၊ ေအာင္ဟိန္း၊ လန္းလန္းတို႔ႏွင့္အတူ ေ႐ႊခိုင္ေဇာ္မဂၤလာဆိုင္းတို႔ျဖင့္ တြဲဖက္၍ အခမဲ့ ဧည့္ခံေဖ်ာ္ေျဖတင္ဆက္မည္ျဖစ္ေၾကာင္း မန္းေ႐ႊစက္ေတာ္ဘုရားေဂါပကအဖြဲ႕ ဥကၠ႒ ဦးေအးကိုက ေျပာသည္။
မန္းေ႐ႊစက္ေတာ္ဘုရားႀကီးသည္ ျမန္မာႏိုင္ငံ၏ (က)အဆင့္စာရင္းဝင္ တန္ခိုးႀကီးဘုရား ျဖစ္သည္ႏွင့္အညီ ထင္ရွားေက်ာ္ၾကားကာ ျမန္မာႏိုင္ငံအတြင္း၌ ရက္အရွည္ၾကာဆုံးေသာ ဘုရားပြဲေတာ္ႀကီးတစ္ခုျဖစ္ေၾကာင္း သိရသည္။ မန္းေ႐ႊစက္ေတာ္ရာ ပါဒေစတီေတာ္ ဗုဒၶပူဇနိယ ဘုရားပြဲေတာ္ႀကီးကို ေဖေဖာ္ဝါရီလ ၂ ရက္မွ ဧၿပီလ ၁၇ ရက္အထိ မဟာသၾကၤန္ ႐ုံးပိတ္ရက္အပါအဝင္ (တပို႔တြဲလဆန္း ၅ ရက္မွ ျမန္မာႏွစ္ဆန္း ၁ ရက္အထိ) စည္းကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
မန္းေ႐ႊစက္ေတာ္ဘုရားႀကီးတြင္ ယေန႔အထိ ဘုရားဖူး ရဟန္းရွင္လူ ခရီးသြားျပည္သူေပါင္း (၁၅၃၆၃)ဦးႏွင့္ ေမာ္ေတာ္ယာဥ္ အစီးေရ (၃၁၀၀)ေက်ာ္ လာေရာက္ခဲ့ေၾကာင္း၊ မန္းေ႐ႊစက္ေတာ္ ပြဲေတာ္က်င္းပစဥ္ ကာလတစ္ေလွ်ာက္ တေပါင္းလအျပင္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုၿပီးခ်ိန္(အေျခခံေက်ာင္းမ်ားေျဖဆိုၿပီးခ်ိန္)ႏွင့္ မဟာသၾကၤန္ ႐ုံးပိတ္ရက္ကာလမ်ားတြင္း ႏွစ္စဥ္ႏွစ္တိုင္း အထူးစည္ကားေလ့ရွိေၾကာင္း သိရသည္။