ရောင်နီ(NP News) - မတ် ၁၉
တောင်ကိုရီးယား မင်းသမီး လီဆီယောင်း (၄၂)နှစ်နဲ့ ခင်ပွန်းဖြစ်သူဟာ အိမ်ထောင်သက် ရှစ်နှစ်ကြာပြီးနောက်မှာ လမ်းခွဲပြတ်စဲလိုက်ကြတယ်လို့ သိရပါတယ်။
နာမည်ကျော် Boys over flower, Netflix ရဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲ Sweet Home နဲ့ လူသိများပြီး Tiktok မှာ ရယ်မောစရာ ဗီဒီယိုအတိုလေးတွေ အမြဲတင်ဆက်ပေးနေတာကြောင့် ပရိသတ်များစွာရဲ့ချစ်ခင်မှုကို ရရှိထားတဲ့ တောင်ကိုရီးယားကြယ်ပွင့် လီဆီယောင်းဟာ ၂၀၁၇ ခုနှစ် အချိန်က စားသောက်ဆိုင်လုပ်ငန်းရှင် ချိုဆမ်ဟွမ်နဲ့ လက်ထပ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ပထမဆုံး သားဦးကို မွေးဖွားခဲ့ပါတယ်။ တနင်္လာနေ့ (မတ်လ ၁၇ ) ရက်က တောင်ကိုရီးယား သတင်းမီဒီယာ YTN ရဲ့ ဖော်ပြချက်အရ သူတို့စုံတွဲဟာ ယခုနှစ်အစောပိုင်းကတည်းက ကွာရှင်းပြတ်စဲကြောင်း စာရွက်စာတမ်းတွေကို ဆိုးလ်မိသားစု တရားရုံးမှာ တင်သွင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းကို လီဆီယောင်းရဲ့ အေဂျင်စီ Ace Factory ကလည်း တနင်္လာနေ့(မတ်လ ၁၇ ရက်) က အတည်ပြုခဲ့ပြီး နှစ်ဦးသဘောတူ ကွာရှင်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ လီစီယောင်းဟာ ၂၀၀၈ ခုနှစ်က သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ပြီး ကိုရီးယားဒရမ်မာ Boys Over Flowers ၊ We Got Married ဒရမ်မာတွေမှာ ရေပန်းစား၊ နာမည်ရလာခဲ့သူ ဖြစ်ပါတယ်။ လက်ဝှေ့အားကစားမယ်တစ်ဦးလည်းဖြစ်ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိအတွင်း လက်ဝှေ့ပြိုင်ပွဲများစွာကို အနိုင်ရရှိခဲ့ဖူးပါတယ်။
zawgyi version
ေတာင္ကိုရီးယား မင္းသမီး လီဆီေယာင္း အိမ္ေထာင္သက္ (၈)ႏွစ္အၾကာမွာ ခင္ပြန္းျဖစ္သူနဲ႔ ကြာရွင္းျပတ္စဲ
ေရာင္နီ(NP News) - မတ္ ၁၉
ေတာင္ကိုရီးယား မင္းသမီး လီဆီေယာင္း (၄၂)ႏွစ္နဲ႔ ခင္ပြန္းျဖစ္သူဟာ အိမ္ေထာင္သက္ ရွစ္ႏွစ္ၾကာၿပီးေနာက္မွာ လမ္းခြဲျပတ္စဲလိုက္ၾကတယ္လို႔ သိရပါတယ္။
နာမည္ေက်ာ္ Boys over flower, Netflix ရဲ႕ သည္းထိတ္ရင္ဖို ဇာတ္လမ္းတြဲ Sweet Home နဲ႔ လူသိမ်ားၿပီး Tiktok မွာ ရယ္ေမာစရာ ဗီဒီယိုအတိုေလးေတြ အၿမဲတင္ဆက္ေပးေနတာေၾကာင့္ ပရိသတ္မ်ားစြာရဲ႕ခ်စ္ခင္မႈကို ရရွိထားတဲ့ ေတာင္ကိုရီးယားၾကယ္ပြင့္ လီဆီေယာင္းဟာ ၂၀၁၇ ခုႏွစ္ အခ်ိန္က စားေသာက္ဆိုင္လုပ္ငန္းရွင္ ခ်ိဳဆမ္ဟြမ္နဲ႔ လက္ထပ္ခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္မွာေတာ့ ပထမဆုံး သားဦးကို ေမြးဖြားခဲ့ပါတယ္။ တနလၤာေန႔ (မတ္လ ၁၇ ) ရက္က ေတာင္ကိုရီးယား သတင္းမီဒီယာ YTN ရဲ႕ ေဖာ္ျပခ်က္အရ သူတို႔စုံတြဲဟာ ယခုႏွစ္အေစာပိုင္းကတည္းက ကြာရွင္းျပတ္စဲေၾကာင္း စာ႐ြက္စာတမ္းေတြကို ဆိုးလ္မိသားစု တရား႐ုံးမွာ တင္သြင္းခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။
ဒီသတင္းကို လီဆီေယာင္းရဲ႕ ေအဂ်င္စီ Ace Factory ကလည္း တနလၤာေန႔(မတ္လ ၁၇ ရက္) က အတည္ျပဳခဲ့ၿပီး ႏွစ္ဦးသေဘာတူ ကြာရွင္းေရးလုပ္ငန္းစဥ္ေတြ လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။ လီစီေယာင္းဟာ ၂၀၀၈ ခုႏွစ္က သ႐ုပ္ေဆာင္အျဖစ္ ပြဲဦးထြက္ခဲ့ၿပီး ကိုရီးယားဒရမ္မာ Boys Over Flowers ၊ We Got Married ဒရမ္မာေတြမွာ ေရပန္းစား၊ နာမည္ရလာခဲ့သူ ျဖစ္ပါတယ္။ လက္ေဝွ႔အားကစားမယ္တစ္ဦးလည္းျဖစ္ၿပီး ၂၀၁၁ ခုႏွစ္မွ ၂၀၁၃ ခုႏွစ္အထိအတြင္း လက္ေဝွ႔ၿပိဳင္ပြဲမ်ားစြာကို အႏိုင္ရရွိခဲ့ဖူးပါတယ္။
Related news
© 2021. All rights reserved.