ဥရောပအသင်းကြီးတွေရဲ့ ၂၀၂၄-၂၀၂၅ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်များ

230

ရဲထက် (NP News) - မတ် ၁၉
UEFA က ကျင်းပတဲ့ ၂ဝ၂၄-၂ဝ၂၅ ခုနှစ် နေးရှင်းလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေဟာ မကြာခင်မှာပဲ ပြန်လည်ရောက်ကြည့်ရတော့မှာဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲတွေရဲ့ ခံစားမှုတွေကိုလည်း ပြန်လည်ခံစားရတော့ မှာဖြစ်ပါတယ်။ နေးရှင်းလိဂ် ကွာတားဖိုင်နယ်မှာတော့ (၈)သင်းယှဉ်ပြိုင်ရမှာဖြစ်သလို အိမ်ကွင်းနဲ့အဝေးကွင်း (၂)ကြိမ်ယှဉ်ပြိုင်တဲ့အတွက်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲကြည့်ရသလို ခံစားမှုမျိုးကိုရရှိမှာလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ ဉရောပအသင်းကြီးတွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ပရိသတ်စိတ်ဝင်စားမှုအရလည်း အထိုက်အလျှောက်ရှိတဲ့ ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၂-၂ဝ၂၃ခုနှစ် နေးရှင်းလိဂ် ပြိုင်ပွဲမှာတော့ စပိန်အသင်းက ချန်ပီယံဆုကိုရရှိထားပြီး ဒီနှစ်မှာလည်း ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ပြင်သစ်၊ပေါ်တူဂီတို့နဲ့ အပြိုင် ရေပန်းစားနေတာကိုတွေ့ရပါတယ်။ ဒါကြောင့် NP News ကနေ နေးရှင်းလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်(၄)ပွဲရဲ့ ပွဲကြိုသုံးသပ်ချက်နဲ့ ချန်ပီယံဖြစ်နိုင်ခြေအလားအလာတွေကို သုံးသပ်တင်ဆက်ပေးသွားပါမယ်။
ခရိုအေးရှား Vs ပြင်သစ်
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ပြင်သစ် ဝ - ၁ ခရိုအေးရှား (၁၄-၆-၂ဝ၂၂)
ခရိုအေးရှား ၁ - ၁ ပြင်သစ် (၇-၆-၂ဝ၂၂)
ခရိုအေးရှား ၁ - ၂ ပြင်သစ် (၁၅-၁ဝ-၂ဝ၂ဝ)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ခရိုအေးရှား ( ၄ဝ% - ၆ဝ%) ပြင်သစ်
ခရိုအေးရှားအသင်းကတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမားဖြစ်တဲ့ လူကာမိုဒရင်ရဲ့ အသင်းဖြစ်ပါတယ်။ အနီးစပ်ဆုံးပြောရရင် ခရိုအေးရှားအသင်းဟာ ပြီးခဲ့တဲ့ ကာတာနိုင်ငံက ကမ္ဘာ့ဖလားပြိုင်ပွဲ မှာဘရာဇီးလ်၊ ဘယ်ဂျီယံ၊ မော်ရိုကို တို့လိုအသင်းတွေကိုကျော်ဖြတ်ပြီး ဆီးမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိနိုင်ခဲ့ ပေမယ့် အာဂျင်တီးနားအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွညခဲ့ရပါတယ်။ ဒါ့ပြင် ဉရောပ ၂ဝ၂၂-၂ဝ၂၃ နေးရှင်းလိဂ် ပြိုင်ပွဲမှာလည်း ပြင်သစ်နဲ့ နယ်သာလန်အသင်းတို့ကို အနိုင်ယူပြီး ဖိုင်နယ်ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း စပိန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရှုံးပေးလိုက်ရပြန်ပါတယ်။ ဒါကြောင့် အစဉ်အလာနဲ့ သမိုင်းကြောင်းကိုပြန်ကြည့်ရင် ခရိုအေးရှားအသင်းဟာ ဉရောပအသင်းကြီးတွေထဲက အသင်းကောင်းတစ်သင်းဖြစ်ပေမယ့်လည်း ဆုဖလားရရှိမှုအပိုင်းမှာတော့ ကံမကောင်းခဲ့တဲ့အသင်းဖြစ်သလို ဗိုလ်လုပွဲတွေနဲ့ အကျိုးမပေးတဲ့အသင်းဖြစ်တယ်လို့လည်းဆိုနိုင်ပါတယ်။ လက်ရှိမှာလည်း အသင်းရဲ့လူစာရင်မှာ ဝါရင့်ကစားသမားတွေဖြစ်တဲ့ မိုဒရစ်၊ကိုဗာဆစ်၊ ပါရီဆစ်နဲ့ ဆိုဆာတို့လို ကစားသမားတွေကိုသာ အသုံးပြု နေဆဲဖြစ်တဲ့အသင်ဖြစ်တဲ့အတွက် လူငယ်မျိုးဆက်သာ ထွက်ပေါ်မလာခဲ့ရင် နောက်ပိုင်နှစ်တွေမှာ အသင်း အတွက် စိုးရိမ်စရာအခြေအနေဖြစ်ပါတယ်။ ပြင်သစ်အသင်းကတော့ ကစားသမားကောင်းများစွာရှိတဲ့ အသင်းဖြစ်တဲ့အပြင် အောင်မြင်မှုအနေအထားအရလည်း ကောင်းမွန်တဲ့ ရလဒ်တွေနဲ့ ဆုဖလားရရှိမှုတွေကြောင့် ခရိုအေးရှားအသင်းထက် ဒီပြိုင်ပွဲမှာ ဆုဖလားရရှိဖို့ ရေပန်းစားနေတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာပြန်ကြည့်ရင် အမ်ဘာပေ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီးကတည်းက ပြင်သစ်အသင်းဟာ ရလဒ်ပိုင်းဆိုးရွားလာမှုနဲ့အတူ ဆုဖလားတွေကိုလည်း လက်လွှတ်ခဲ့ရပါတယ်။ အနီးစပ်အနေအထားအရ ၂ဝ၂၄ ယူရိုပြိုင်ပွဲမှာ အမ်ဘာပေ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားခဲ့တဲ့ ပြိုင်ပွဲဖြစ်ပြီး အဲဒီပြိုင်ပွဲမှာ ပြင်သစ်အသင်းက ဆီးမီးဖိုင်နယ်အဆင့်အထိသာ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ ၂ဝ၂၂-၂ဝ၂၃ နေးရှင်းလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုအဆင့်နဲ့သာကျေနပ်ခဲ့ရတာကြောင့် ပြင်သစ်အသင်းဟာ နောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းပိုင်းကျဆင်းသွားတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ နေးရှင်းလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်က နှစ်သင်းလုံးအတွက် ခက်ခဲနိုင်ပေမယ့် ပြင်သစ်အသင်းရဲ့ လူစာရင်းက ခရိုအေးရှားထက် သာလွန်နေတဲ့အပြင် အရံကစားတောင့်တင်းတဲ့ ပြင်သစ်အသင်းကပဲ ဆီးမီးဖိုင်နယ်ကို တက်လှမ်းသွားဖို့များပါတယ်။
ဒိန်းမတ် Vs ပေါ်တူဂီ
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ပေါ်တူဂီ ၁ - ဝ ဒိန်းမတ် (၉-၁ဝ-၂ဝ၁၅)
ဒိန်းမတ် ဝ - ၁ ပေါ်တူဂီ (၁၅-၁ဝ-၂ဝ၁၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဒိန်းမတ် (၃ဝ% - ၇ဝ%) ပေါ်တူဂီ
ပေါ်တူဂီအသင်းအကြောင်းပြောရင် မဖြစ်မနေထည့်သွင်းပြောလေ့ရှိတာက ရော်နယ်ဒိုပါသေး လာဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။ လက်ရှိ နေးရှင်းလိဂ် ပြိုင်ပွဲမှာတော့ ရော်နယ်ဒိုဟာ လူစာရင်း ထဲမှာပါဝင်ထားသလို ပွဲစဉ်တိုင်းမဟုတ်ပေမယ့် သူပါဝင်ကစားတဲ့ပွဲစဉ်တိုင်းမှာ အသင်းက နိုင်ပွဲပိုရနေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲပြီးရင်တော့ ရော်နယ်ဒိုရဲ့ နိုင်ငံတကာကစားသမားဘဝ ထွက်ခွာမှုကို မြင်တွေ့ရဖို့အလားအလာများနေပါတယ်။ ပေါ်တူဂီအသင်းဟာ ရောနယ်ဒိုနဲ့အတူ ယူရိုဆုဖလားနဲ့ နေရှင်းလိဂ်ဆုဖလားတွေကိုသာရရှိအောင်မြင်ခဲ့ဖူးပြီး ကမ္ဘာဖလားနဲ့ ဝေးကွာနေဆဲလည်းဖြစ်ပါတယ်။ ဒါကို ရော်နယ်ဒိုရဲ့ ကစားသမားဘဝတစ်လျှောက်လုံး မရရှိခဲ့တာဖြစ်ပြီး နောက်ထပ်လူငဘ်မျိုးဆက်အထိလည်း ရရှိဖို့ ရုန်းကန်နေရဦးမယ်သဘောရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေါ်တူဂီအသင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေဟာ ကောင်းမွန်မှုမရှိသလို တစ်ဦးတစ်ယောက်ကောင်းကစားတတ်တဲ့ အမူအကျင့်တွေကိုလည်း မြင်တွေ့ရတာကြောင့်ပါ။ လူစာရင်းအရကြည့်ရင်တော့ တကယ့်ကို ဉရောပရဲ့ အသင်းကြီးတွေမှာကစားနေပြီး ကောင်းပါတယ်ဆိုတဲ့ ကစားသမားကောင်းများစွာကို မြင်တွေ့ရမှာဖြစ်ပြီး လူငယ်ခြေတက်ကစားသမားလေး တွေနဲ့လည်း မျိုးဆက်ပြတ်မသွားတဲ့အသင်းပါ။ ဒါပေမဲ့ လိုအပ်ချက်က ဘာလဲဆိုရင် အသင်းသားတွေ ရဲ့ တစ်ယောက်နဲ့တစ်ယောက်မစည်းလုံးတဲ့အပြင် သူ့ထက်ငါပိုကောင်းကြောင်း သက်သေပြချင်နေ တဲ့သူတွေပိုများနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၂ ကမ္ဘာ့ဖလားကိုပြန်ကြည့်ရင် ရော်နယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီအသင်းဟာ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းထက် ဘယ်နေရာမှာမှ ပိုညံ့မနေနဲ့ခဲ့ပါတယ်။ လူစာရင်းအရရော ကစားသမားတစ်ဦးချင်းအရ ပေါ်တူဂီအသင်းက ပိုကောင်းတယ်ဆိုတာ သိကြမှာပါ။ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းမှာ အဲဒီအချိန်တုန်းက ဘယ်သူမှမသိသေးတဲ့ ကစားသမား လေးငါးယောက်လောက်ကိုရှိနေတာပါ။ ဒါပေမဲ့ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလားဘာကြောင့်ရသွားတာလဲဆိုတာကို ပြန်ကြည့်လိုက်ရင် ပေါ်တူဂီအသင်းကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေကို ကွက်ကွက်ကွင်းကွင်းမြင်ရမှာဖြစ်ပါတယ်။ လက်ရှိအချိန်အထိလည်း ပေါ်တူဂီအသင်းရဲ့ ကစားပုံက ပြောင်းလဲလာမှုမရှိသေးတာကြောင့် ရော်နယ်ဒိုသာ အနားယူသွားနိုင်ပေမယ့် နောက်ထပ်ဆုဖလားရရှိဖိုဆိုတာ မသေချာမရေရာသေးတဲ့ အနေအထားမှာရှိနေပါတယ်။ ဒိန်းမတ်အသင်းကတော့ ဒီနှစ်မှာ ကွားတားဖိုင်နယ်အဆင့်အထိ တက်လှမ်းလာနိုင်သလို ကစားပုံအရလည်း ကောင်းမွန်ပေမယ့် ပေါ်တူဂီအသင်းကို နှစ်ကျော့စလုံးမှာ အနိုင်ယူကျော်ဖြတ်နိုင်ဖို့ မလွယ်ကူတာကြောင့် ဒီနှစ်ရဲ့ ကွားတာဖိုင်နယ်ပွဲစဉ်က ပေါ်တူဂီအသင်းကသာ ဆီမီးဖိုင်နယ်တက်ဖို့ရာခိုင်နှုန်ပိုများပါတယ်။
အီတလီ Vs ဂျာမနီ
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဂျာမနီ ၅ - ၂ အီတလီ (၁၅-၆-၂ဝ၂၂)
အီတလီ ဝ - ၁ ဂျာမနီ (၅-၆-၂ဝ၂၂)
အီတလီ ဝ - ဝ ဂျာမနီ (၁၆-၁၁-၂ဝ၁၆)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အီတလီ (၄ဝ% - ၆ဝ%) ဂျာမနီ
နေးရှင်းလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေမှာ ဒီပွဲစဉ်က စောင့်ကြည့်ချင်စရာကောင်းပြီး ပွဲကောင်း တစ်ပွဲဖြစ်လာဖို့လည်းရှိနေပါတယ်။ အီတလီအသင်းက အခုနောက်ပိုင်းနှစ်တွေမှာ အကျဘက် ကိုရောက်ရှိနေပြီး ခြေစွမ်းပိုင်းမှာ ဆိုးရွားတဲ့ နှစ်အပိုင်းအခြားကို ရောက်ရှိနေတဲ့အနေအထားအထိဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုတောင် ဝင်မပါနိုင်လောက်တဲ့အထိကို ဆိုးရွားသွားတဲ့အခြေအနေအထိဖြစ်ခဲ့ပါတယ်။ ဒါဟာ လူငယ်မျိုးဆက်ပြတ်တောက်မှုလို့ ပြောလို့ရသလို လူငယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့်လို့ လည်းဆိုနိုင်ပါတယ်။ တစ်ခောတ်တစ်ခါက ဉရောပမှာ နာမည်ကျော်တဲ့အပြင် အောင်မြင်မှုအရရော ဆုဖလား ရရှိမှုအပိုင်းမှာပါ ကျော်ကြားခဲ့တဲ့အသင်းတစ်သင်းမနေနဲ့ ဆိုးရွားတဲ့ နှစ်အပိုင်းအခြားတစ်ခုကို ရင်ဆိုင်နေရတာ က စိတ်မကောင်းစရာဖြစ်ပါတယ်။ ဂျာမနီအသင်းကလဲ အီတလီအသင်းထက်မဆိုးရင်တောင် ပိုကောင်းနေတယ် လို့ ပြောလို့မရသေတဲ့အနေအထားဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂျာမနီအသင်းဟာ ဒီဘက်ခောတ်မှာ အောင်မြင်မှုနဲ့အလှမ်းဝေးနေတဲ့အသင်းဖြစ်ပြီး ကစားသမားဟောင်းများစွာမရှိတော့တဲ့နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ရလဒ်ပိုင်းဆိုးရွားနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၂ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းဟာ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရသလို ခြေစွမ်းပိုင်းအရလည်း အတော်လေးဆိုးရွာခဲ့ပြီး ဂျပန်အသင်းကိုတောင် နိုင်အောင်မကန်နိုင်လောက်တဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။ ဒါ့ပြင် ၂ဝ၂၄ ယူရိုပြိုင်ပွဲမှာလည်း ဆုဖလားရရှိမယ် လို့ ရေပန်းစားခဲ့ပေမယ့် ကွာတားဖိုင်နယ်အဆင့်ကိုပဲရောက်ရှိခဲ့တာကိုတွေ့ရပါတယ်။ ဒါကြောင့် ဂျာမနီအသင်း အနေနဲ့ လက်ရှိပြိုင်ပွဲမှာ အကောင်းဆုံးအနေနဲ့ ပြန်လာမယ်လို့ ခန့်မှန်းမှုတွေကလည်းရှိလာပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ကွာတားဖိုင်နယ်အဆင့်တွေ့ဆုံမှုမှာတော့ ဂျာမနီးအသင်းက ဆီမီးဖိုင်နယ်ကိုတက်ရောက်ဖို့ အခွင့်အရေးပိုရှိနိုင်ပြီး ချန်ပီယံဆုကိုလည်း စိန်ခေါ်ဖို့အလားအလာရှိနေပါတယ်။
နယ်သာလန် Vs စပိန်
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
နယ်သာလန် ၁ - ၁ စပိန် (၁၂-၁၁-၂ဝ၂၂)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
နယ်သာလန် ( ၅ဝ% - ၅ဝ%) စပိန်
နယ်သာလန်အသင်းက ပြီးခဲ့တဲ့ ၂ဝ၂၄ ကမ္ဘာ့ဖလားပြိုင်ပွဲကနေစပြီး ဉရောပမှာ ပြန်လည်ခေါင်းထောင်လာခဲ့တဲ့ အသင်းလို့ဆိုနိုင်ပါတယ်။ အဲဒီပြိုင်ပွဲမှာ နယ်သာလန်အသင်းက ကွာတားဖိုင်နယ်အသင်း့မှာ ချန်ပီယံ အာဂျင်တီးနားအသင်းကို ပင်နယ်တီအဆုံးအဖြတ်အထိရောက်အောင် အကောင်းမွန်ဆုံးကစားခဲ့နိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ကစားပြခဲ့တာတွေက နယ်သာလန်အသင်းရဲ့ ပြန်လာနိုင်မှုတွေပဲဖြစ်ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ ယူရို ၂ဝ၂၄ ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အထိ တက်လှမ်းလာနိုင်ခဲ့မှုနဲ့အတူ လက်ရှိနေးရှင်း လိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိနေတာလည်းဖြစ်ပါတယ်။ ဒါတွေဟာ နယ်သာလန်အသင်းရဲ့ နောက်တန်းခံစစ်က ဗန်ဒိုက်နဲ့ နေသန်အကီတို့ရဲ့ ဦးဆောင်မှုနဲ့အတူ ကွင်လယ်ပိုင်းက လူငယ်ခြေတက် ကစားသမား ဆီမွန်ရဲ့ ခြေစွမ်း၊ တိုက်စစ်ပိုင်းမှာ အားကိုးလောက်စရာ ခြေစွမ်းမျိုးနဲ့ ဂတ်ပိုတို့ရှိနေတာကလည်း နယ်သာလန်အသင်းအတွက် ဘယ်အသင်းကိုမဆို ယှဉ်ပြိုင်နိုင်စွမ်းရှိနေတာမျိုးဖြစ်ပါတယ်။ စပန်အသင်းကတော့ နယ်သာလန်ထက် ချန်ပီယံဖြစ်ဖို့ ထင်ကြေးပေးခံနေရတဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေမှာလည်း ဉရောပရဲ့ ဆုဖလားတွေဖြစ်တဲ့ ယူရိုဖလားနဲ့ နေးရှင်းလိဂ်တွေကို ပူပူနွေးနွေးရရှိထားတဲ့အသင်းဖြစ်ပါတယ်။ စပိန်အသင်းရဲ့ ထူးခြားချက်က လူငယ်မျိုးဆက်အရမ်းကောင်းတဲ့ အစဉ်အလာတစ်ခုကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဘာစီလိုနာရဲ့ လာမာစီရာ အကယ်ဒမီဆိုတာဟာ မက်ဆီလို ပါရမီရှင်ပေါင်းများစွာမွေးဖွားအဖြစ်ရှိနေပြီး လက်ရှိအချိန်အထိ လည်း ကစားသမားကောင်းတွေကို မွေးထုတ်ပေးနေတာဖြစ်ပါတယ်။ ဒီအချက်ရဲ့ အကျိုးအမြတ်ကို စပိန်အသင်းကအဓိကရရှိနေပြီး ဂါဗီ၊ပတ်ထရီ၊လမိုင်လာမဲယားနဲ့ နီကိုဝီလီယံတို့လို စပိန်ရဲ့ အနာဂတ် ကစားသမားလေးတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက နှစ်သင်းလုံးအတွက် ခက်ခဲစေမှာဖြစ်ပြီး နောက်ဆုံးပင်နယ်တီအထိကိုတောင် စောင့်ကြည့်သွားရမယ့် အလားအလာတွေရှိနေပါတယ်။
၂၁-၃-၂ဝ၂၅ (သောကြာနေ့ နံနက်ပိုင်း)
နံနက်(၂း၁၅) ခရိုအေးရှား Vs ပြင်သစ်
နံနက်(၂း၁၅) ဒိန်းမတ် Vs ပေါ်တူဂီ
နံနက်(၂း၁၅) အီတလီ Vs ဂျာမနီ
နံနက်(၂း၁၅) နယ်သာလန် Vs စပိန်
zawgyi version
ဥေရာပအသင္းႀကီးေတြရဲ႕ ၂၀၂၄-၂၀၂၅ ေနးရွင္းလိဂ္ ကြာတားဖိုင္နယ္ ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - မတ္ ၁၉
UEFA က က်င္းပတဲ့ ၂ဝ၂၄-၂ဝ၂၅ ခုႏွစ္ ေနးရွင္းလိဂ္ ၿပိဳင္ပြဲရဲ႕ ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္ေတြဟာ မၾကာခင္မွာပဲ ျပန္လည္ေရာက္ၾကည့္ရေတာ့မွာျဖစ္ၿပီး ႏိုင္ငံတကာၿပိဳင္ပြဲေတြရဲ႕ ခံစားမႈေတြကိုလည္း ျပန္လည္ခံစားရေတာ့ မွာျဖစ္ပါတယ္။ ေနးရွင္းလိဂ္ ကြာတားဖိုင္နယ္မွာေတာ့ (၈)သင္းယွဥ္ၿပိဳင္ရမွာျဖစ္သလို အိမ္ကြင္းနဲ႔အေဝးကြင္း (၂)ႀကိမ္ယွဥ္ၿပိဳင္တဲ့အတြက္လည္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲၾကည့္ရသလို ခံစားမႈမ်ိဳးကိုရရွိမွာလည္းျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲဟာ ဉေရာပအသင္းႀကီးေတြ ပါဝင္ယွဥ္ၿပိဳင္ၾကတဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္ၿပီး ပရိသတ္စိတ္ဝင္စားမႈအရလည္း အထိုက္အေလွ်ာက္ရွိတဲ့ ၿပိဳင္ပြဲတစ္ခုလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂ဝ၂၂-၂ဝ၂၃ခုႏွစ္ ေနးရွင္းလိဂ္ ၿပိဳင္ပြဲမွာေတာ့ စပိန္အသင္းက ခ်န္ပီယံဆုကိုရရွိထားၿပီး ဒီႏွစ္မွာလည္း ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ ျပင္သစ္၊ေပၚတူဂီတို႔နဲ႔ အၿပိဳင္ ေရပန္းစားေနတာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ NP News ကေန ေနးရွင္းလိဂ္ ၿပိဳင္ပြဲရဲ႕ ကြာတားဖိုင္နယ္အဆင့္ ပြဲစဥ္(၄)ပြဲရဲ႕ ပြဲႀကိဳသုံးသပ္ခ်က္နဲ႔ ခ်န္ပီယံျဖစ္ႏိုင္ေျခအလားအလာေတြကို သုံးသပ္တင္ဆက္ေပးသြားပါမယ္။
ခ႐ိုေအးရွား Vs ျပင္သစ္
ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ျပင္သစ္ ဝ - ၁ ခ႐ိုေအးရွား (၁၄-၆-၂ဝ၂၂)
ခ႐ိုေအးရွား ၁ - ၁ ျပင္သစ္ (၇-၆-၂ဝ၂၂)
ခ႐ိုေအးရွား ၁ - ၂ ျပင္သစ္ (၁၅-၁ဝ-၂ဝ၂ဝ)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခ႐ိုေအးရွား ( ၄ဝ% - ၆ဝ%) ျပင္သစ္
ခ႐ိုေအးရွားအသင္းကေတာ့ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဝါရင့္ကြင္းလယ္ကစားသမားျဖစ္တဲ့ လူကာမိုဒရင္ရဲ႕ အသင္းျဖစ္ပါတယ္။ အနီးစပ္ဆုံးေျပာရရင္ ခ႐ိုေအးရွားအသင္းဟာ ၿပီးခဲ့တဲ့ ကာတာႏိုင္ငံက ကမာၻ႔ဖလားၿပိဳင္ပြဲ မွာဘရာဇီးလ္၊ ဘယ္ဂ်ီယံ၊ ေမာ္႐ိုကို တို႔လိုအသင္းေတြကိုေက်ာ္ျဖတ္ၿပီး ဆီးမီးဖိုင္နယ္အဆင့္အထိ ေရာက္ရွိႏိုင္ခဲ့ ေပမယ့္ အာဂ်င္တီးနားအသင္းကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲကေန ထြက္ခြညခဲ့ရပါတယ္။ ဒါ့ျပင္ ဉေရာပ ၂ဝ၂၂-၂ဝ၂၃ ေနးရွင္းလိဂ္ ၿပိဳင္ပြဲမွာလည္း ျပင္သစ္နဲ႔ နယ္သာလန္အသင္းတို႔ကို အႏိုင္ယူၿပီး ဖိုင္နယ္ဗိုလ္လုပြဲအထိ တက္လွမ္းႏိုင္ခဲ့ေပမယ့္လည္း စပိန္အသင္းကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အရႈံးေပးလိုက္ရျပန္ပါတယ္။ ဒါေၾကာင့္ အစဥ္အလာနဲ႔ သမိုင္းေၾကာင္းကိုျပန္ၾကည့္ရင္ ခ႐ိုေအးရွားအသင္းဟာ ဉေရာပအသင္းႀကီးေတြထဲက အသင္းေကာင္းတစ္သင္းျဖစ္ေပမယ့္လည္း ဆုဖလားရရွိမႈအပိုင္းမွာေတာ့ ကံမေကာင္းခဲ့တဲ့အသင္းျဖစ္သလို ဗိုလ္လုပြဲေတြနဲ႔ အက်ိဳးမေပးတဲ့အသင္းျဖစ္တယ္လို႔လည္းဆိုႏိုင္ပါတယ္။ လက္ရွိမွာလည္း အသင္းရဲ႕လူစာရင္မွာ ဝါရင့္ကစားသမားေတြျဖစ္တဲ့ မိုဒရစ္၊ကိုဗာဆစ္၊ ပါရီဆစ္နဲ႔ ဆိုဆာတို႔လို ကစားသမားေတြကိုသာ အသုံးျပဳ ေနဆဲျဖစ္တဲ့အသင္ျဖစ္တဲ့အတြက္ လူငယ္မ်ိဳးဆက္သာ ထြက္ေပၚမလာခဲ့ရင္ ေနာက္ပိုင္ႏွစ္ေတြမွာ အသင္း အတြက္ စိုးရိမ္စရာအေျခအေနျဖစ္ပါတယ္။ ျပင္သစ္အသင္းကေတာ့ ကစားသမားေကာင္းမ်ားစြာရွိတဲ့ အသင္းျဖစ္တဲ့အျပင္ ေအာင္ျမင္မႈအေနအထားအရလည္း ေကာင္းမြန္တဲ့ ရလဒ္ေတြနဲ႔ ဆုဖလားရရွိမႈေတြေၾကာင့္ ခ႐ိုေအးရွားအသင္းထက္ ဒီၿပိဳင္ပြဲမွာ ဆုဖလားရရွိဖို႔ ေရပန္းစားေနတဲ့အသင္းျဖစ္ပါတယ္။ ဒါေပမဲ့ တစ္ဖက္မွာျပန္ၾကည့္ရင္ အမ္ဘာေပ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူၿပီးကတည္းက ျပင္သစ္အသင္းဟာ ရလဒ္ပိုင္းဆိုး႐ြားလာမႈနဲ႔အတူ ဆုဖလားေတြကိုလည္း လက္လႊတ္ခဲ့ရပါတယ္။ အနီးစပ္အေနအထားအရ ၂ဝ၂၄ ယူ႐ိုၿပိဳင္ပြဲမွာ အမ္ဘာေပ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူကစားခဲ့တဲ့ ၿပိဳင္ပြဲျဖစ္ၿပီး အဲဒီၿပိဳင္ပြဲမွာ ျပင္သစ္အသင္းက ဆီးမီးဖိုင္နယ္အဆင့္အထိသာ တက္လွမ္းႏိုင္ခဲ့ပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့ ၂ဝ၂၂-၂ဝ၂၃ ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာလည္း အုပ္စုအဆင့္နဲ႔သာေက်နပ္ခဲ့ရတာေၾကာင့္ ျပင္သစ္အသင္းဟာ ေနာက္ပိုင္းႏွစ္ေတြမွာ ေျခစြမ္းပိုင္းက်ဆင္းသြားတယ္လို႔ ေျပာလို႔ရပါတယ္။ ဒါေၾကာင့္ ဒီႏွစ္သင္းရဲ႕ ေနးရွင္းလိဂ္ကြာတားဖိုင္နယ္ပြဲစဥ္က ႏွစ္သင္းလုံးအတြက္ ခက္ခဲႏိုင္ေပမယ့္ ျပင္သစ္အသင္းရဲ႕ လူစာရင္းက ခ႐ိုေအးရွားထက္ သာလြန္ေနတဲ့အျပင္ အရံကစားေတာင့္တင္းတဲ့ ျပင္သစ္အသင္းကပဲ ဆီးမီးဖိုင္နယ္ကို တက္လွမ္းသြားဖို႔မ်ားပါတယ္။
ဒိန္းမတ္ Vs ေပၚတူဂီ
ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ေပၚတူဂီ ၁ - ဝ ဒိန္းမတ္ (၉-၁ဝ-၂ဝ၁၅)
ဒိန္းမတ္ ဝ - ၁ ေပၚတူဂီ (၁၅-၁ဝ-၂ဝ၁၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဒိန္းမတ္ (၃ဝ% - ၇ဝ%) ေပၚတူဂီ
ေပၚတူဂီအသင္းအေၾကာင္းေျပာရင္ မျဖစ္မေနထည့္သြင္းေျပာေလ့ရွိတာက ေရာ္နယ္ဒိုပါေသး လာဆိုတဲ့အေၾကာင္းအရာျဖစ္ပါတယ္။ လက္ရွိ ေနးရွင္းလိဂ္ ၿပိဳင္ပြဲမွာေတာ့ ေရာ္နယ္ဒိုဟာ လူစာရင္း ထဲမွာပါဝင္ထားသလို ပြဲစဥ္တိုင္းမဟုတ္ေပမယ့္ သူပါဝင္ကစားတဲ့ပြဲစဥ္တိုင္းမွာ အသင္းက ႏိုင္ပြဲပိုရေနတာကိုေတြ႕ရပါတယ္။ ဒါေပမဲ့ ဒီၿပိဳင္ပြဲၿပီးရင္ေတာ့ ေရာ္နယ္ဒိုရဲ႕ ႏိုင္ငံတကာကစားသမားဘဝ ထြက္ခြာမႈကို ျမင္ေတြ႕ရဖို႔အလားအလာမ်ားေနပါတယ္။ ေပၚတူဂီအသင္းဟာ ေရာနယ္ဒိုနဲ႔အတူ ယူ႐ိုဆုဖလားနဲ႔ ေနရွင္းလိဂ္ဆုဖလားေတြကိုသာရရွိေအာင္ျမင္ခဲ့ဖူးၿပီး ကမာၻဖလားနဲ႔ ေဝးကြာေနဆဲလည္းျဖစ္ပါတယ္။ ဒါကို ေရာ္နယ္ဒိုရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္လုံး မရရွိခဲ့တာျဖစ္ၿပီး ေနာက္ထပ္လူငဘ္မ်ိဳးဆက္အထိလည္း ရရွိဖို႔ ႐ုန္းကန္ေနရဦးမယ္သေဘာရွိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေပၚတူဂီအသင္းသားေတြရဲ႕ စိတ္ဓာတ္နဲ႔ ခံယူခ်က္ေတြဟာ ေကာင္းမြန္မႈမရွိသလို တစ္ဦးတစ္ေယာက္ေကာင္းကစားတတ္တဲ့ အမူအက်င့္ေတြကိုလည္း ျမင္ေတြ႕ရတာေၾကာင့္ပါ။ လူစာရင္းအရၾကည့္ရင္ေတာ့ တကယ့္ကို ဉေရာပရဲ႕ အသင္းႀကီးေတြမွာကစားေနၿပီး ေကာင္းပါတယ္ဆိုတဲ့ ကစားသမားေကာင္းမ်ားစြာကို ျမင္ေတြ႕ရမွာျဖစ္ၿပီး လူငယ္ေျခတက္ကစားသမားေလး ေတြနဲ႔လည္း မ်ိဳးဆက္ျပတ္မသြားတဲ့အသင္းပါ။ ဒါေပမဲ့ လိုအပ္ခ်က္က ဘာလဲဆိုရင္ အသင္းသားေတြ ရဲ႕ တစ္ေယာက္နဲ႔တစ္ေယာက္မစည္းလုံးတဲ့အျပင္ သူ႔ထက္ငါပိုေကာင္းေၾကာင္း သက္ေသျပခ်င္ေန တဲ့သူေတြပိုမ်ားေနတာကိုေတြ႕ရမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂ဝ၂၂ ကမာၻ႔ဖလားကိုျပန္ၾကည့္ရင္ ေရာ္နယ္ဒိုဦးေဆာင္တဲ့ ေပၚတူဂီအသင္းဟာ မက္ဆီဦးေဆာင္တဲ့ အာဂ်င္တီးနားအသင္းထက္ ဘယ္ေနရာမွာမွ ပိုညံ့မေနနဲ႔ခဲ့ပါတယ္။ လူစာရင္းအရေရာ ကစားသမားတစ္ဦးခ်င္းအရ ေပၚတူဂီအသင္းက ပိုေကာင္းတယ္ဆိုတာ သိၾကမွာပါ။ မက္ဆီဦးေဆာင္တဲ့ အာဂ်င္တီးနားအသင္းမွာ အဲဒီအခ်ိန္တုန္းက ဘယ္သူမွမသိေသးတဲ့ ကစားသမား ေလးငါးေယာက္ေလာက္ကိုရွိေနတာပါ။ ဒါေပမဲ့ မက္ဆီဦးေဆာင္တဲ့ အာဂ်င္တီးနားအသင္းက ကမာၻ႔ဖလားဘာေၾကာင့္ရသြားတာလဲဆိုတာကို ျပန္ၾကည့္လိုက္ရင္ ေပၚတူဂီအသင္းကစားသမားေတြရဲ႕ စိတ္ဓာတ္နဲ႔ ခံယူခ်က္ေတြကို ကြက္ကြက္ကြင္းကြင္းျမင္ရမွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိလည္း ေပၚတူဂီအသင္းရဲ႕ ကစားပုံက ေျပာင္းလဲလာမႈမရွိေသးတာေၾကာင့္ ေရာ္နယ္ဒိုသာ အနားယူသြားႏိုင္ေပမယ့္ ေနာက္ထပ္ဆုဖလားရရွိဖိုဆိုတာ မေသခ်ာမေရရာေသးတဲ့ အေနအထားမွာရွိေနပါတယ္။ ဒိန္းမတ္အသင္းကေတာ့ ဒီႏွစ္မွာ ကြားတားဖိုင္နယ္အဆင့္အထိ တက္လွမ္းလာႏိုင္သလို ကစားပုံအရလည္း ေကာင္းမြန္ေပမယ့္ ေပၚတူဂီအသင္းကို ႏွစ္ေက်ာ့စလုံးမွာ အႏိုင္ယူေက်ာ္ျဖတ္ႏိုင္ဖို႔ မလြယ္ကူတာေၾကာင့္ ဒီႏွစ္ရဲ႕ ကြားတာဖိုင္နယ္ပြဲစဥ္က ေပၚတူဂီအသင္းကသာ ဆီမီးဖိုင္နယ္တက္ဖို႔ရာခိုင္ႏႈန္ပိုမ်ားပါတယ္။
အီတလီ Vs ဂ်ာမနီ
ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဂ်ာမနီ ၅ - ၂ အီတလီ (၁၅-၆-၂ဝ၂၂)
အီတလီ ဝ - ၁ ဂ်ာမနီ (၅-၆-၂ဝ၂၂)
အီတလီ ဝ - ဝ ဂ်ာမနီ (၁၆-၁၁-၂ဝ၁၆)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အီတလီ (၄ဝ% - ၆ဝ%) ဂ်ာမနီ
ေနးရွင္းလိဂ္ ၿပိဳင္ပြဲရဲ႕ ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္ေတြမွာ ဒီပြဲစဥ္က ေစာင့္ၾကည့္ခ်င္စရာေကာင္းၿပီး ပြဲေကာင္း တစ္ပြဲျဖစ္လာဖို႔လည္းရွိေနပါတယ္။ အီတလီအသင္းက အခုေနာက္ပိုင္းႏွစ္ေတြမွာ အက်ဘက္ ကိုေရာက္ရွိေနၿပီး ေျခစြမ္းပိုင္းမွာ ဆိုး႐ြားတဲ့ ႏွစ္အပိုင္းအျခားကို ေရာက္ရွိေနတဲ့အေနအထားအထိျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂ဝ၂၂ ကမာၻ႔ဖလား ၿပိဳင္ပြဲကိုေတာင္ ဝင္မပါႏိုင္ေလာက္တဲ့အထိကို ဆိုး႐ြားသြားတဲ့အေျခအေနအထိျဖစ္ခဲ့ပါတယ္။ ဒါဟာ လူငယ္မ်ိဳးဆက္ျပတ္ေတာက္မႈလို႔ ေျပာလို႔ရသလို လူငယ္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ညံ့ဖ်င္းမႈေၾကာင့္လို႔ လည္းဆိုႏိုင္ပါတယ္။ တစ္ေခာတ္တစ္ခါက ဉေရာပမွာ နာမည္ေက်ာ္တဲ့အျပင္ ေအာင္ျမင္မႈအရေရာ ဆုဖလား ရရွိမႈအပိုင္းမွာပါ ေက်ာ္ၾကားခဲ့တဲ့အသင္းတစ္သင္းမေနနဲ႔ ဆိုး႐ြားတဲ့ ႏွစ္အပိုင္းအျခားတစ္ခုကို ရင္ဆိုင္ေနရတာ က စိတ္မေကာင္းစရာျဖစ္ပါတယ္။ ဂ်ာမနီအသင္းကလဲ အီတလီအသင္းထက္မဆိုးရင္ေတာင္ ပိုေကာင္းေနတယ္ လို႔ ေျပာလို႔မရေသတဲ့အေနအထားျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဂ်ာမနီအသင္းဟာ ဒီဘက္ေခာတ္မွာ ေအာင္ျမင္မႈနဲ႔အလွမ္းေဝးေနတဲ့အသင္းျဖစ္ၿပီး ကစားသမားေဟာင္းမ်ားစြာမရွိေတာ့တဲ့ေနာက္ပိုင္းမွာ ဆက္တိုက္ဆိုသလို ရလဒ္ပိုင္းဆိုး႐ြားေနခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂ဝ၂၂ ကမာၻ႔ဖလားမွာ ဂ်ာမနီအသင္းဟာ အုပ္စုအဆင့္ကေနပဲ လွည့္ျပန္ခဲ့ရသလို ေျခစြမ္းပိုင္းအရလည္း အေတာ္ေလးဆိုး႐ြာခဲ့ၿပီး ဂ်ပန္အသင္းကိုေတာင္ ႏိုင္ေအာင္မကန္ႏိုင္ေလာက္တဲ့အထိ အေျခအေနဆိုးခဲ့ပါတယ္။ ဒါ့ျပင္ ၂ဝ၂၄ ယူ႐ိုၿပိဳင္ပြဲမွာလည္း ဆုဖလားရရွိမယ္ လို႔ ေရပန္းစားခဲ့ေပမယ့္ ကြာတားဖိုင္နယ္အဆင့္ကိုပဲေရာက္ရွိခဲ့တာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ ဂ်ာမနီအသင္း အေနနဲ႔ လက္ရွိၿပိဳင္ပြဲမွာ အေကာင္းဆုံးအေနနဲ႔ ျပန္လာမယ္လို႔ ခန႔္မွန္းမႈေတြကလည္းရွိလာပါတယ္။ ဒါေၾကာင့္ ဒီႏွစ္သင္းရဲ႕ ကြာတားဖိုင္နယ္အဆင့္ေတြ႕ဆုံမႈမွာေတာ့ ဂ်ာမနီးအသင္းက ဆီမီးဖိုင္နယ္ကိုတက္ေရာက္ဖို႔ အခြင့္အေရးပိုရွိႏိုင္ၿပီး ခ်န္ပီယံဆုကိုလည္း စိန္ေခၚဖို႔အလားအလာရွိေနပါတယ္။
နယ္သာလန္ Vs စပိန္
ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
နယ္သာလန္ ၁ - ၁ စပိန္ (၁၂-၁၁-၂ဝ၂၂)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
နယ္သာလန္ ( ၅ဝ% - ၅ဝ%) စပိန္
နယ္သာလန္အသင္းက ၿပီးခဲ့တဲ့ ၂ဝ၂၄ ကမာၻ႔ဖလားၿပိဳင္ပြဲကေနစၿပီး ဉေရာပမွာ ျပန္လည္ေခါင္းေထာင္လာခဲ့တဲ့ အသင္းလို႔ဆိုႏိုင္ပါတယ္။ အဲဒီၿပိဳင္ပြဲမွာ နယ္သာလန္အသင္းက ကြာတားဖိုင္နယ္အသင္း့မွာ ခ်န္ပီယံ အာဂ်င္တီးနားအသင္းကို ပင္နယ္တီအဆုံးအျဖတ္အထိေရာက္ေအာင္ အေကာင္းမြန္ဆုံးကစားခဲ့ႏိုင္ၿပီး အျပန္အလွန္သြင္းဂိုးေတြနဲ႔အတူ ကစားျပခဲ့တာေတြက နယ္သာလန္အသင္းရဲ႕ ျပန္လာႏိုင္မႈေတြပဲျဖစ္ပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့ ယူ႐ို ၂ဝ၂၄ ၿပိဳင္ပြဲမွာလည္း ဆီမီးဖိုင္နယ္အထိ တက္လွမ္းလာႏိုင္ခဲ့မႈနဲ႔အတူ လက္ရွိေနးရွင္း လိဂ္ၿပိဳင္ပြဲမွာလည္း ခ်န္ပီယံျဖစ္ဖို႔ အခြင့္အေရးရွိေနတာလည္းျဖစ္ပါတယ္။ ဒါေတြဟာ နယ္သာလန္အသင္းရဲ႕ ေနာက္တန္းခံစစ္က ဗန္ဒိုက္နဲ႔ ေနသန္အကီတို႔ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ကြင္လယ္ပိုင္းက လူငယ္ေျခတက္ ကစားသမား ဆီမြန္ရဲ႕ ေျခစြမ္း၊ တိုက္စစ္ပိုင္းမွာ အားကိုးေလာက္စရာ ေျခစြမ္းမ်ိဳးနဲ႔ ဂတ္ပိုတို႔ရွိေနတာကလည္း နယ္သာလန္အသင္းအတြက္ ဘယ္အသင္းကိုမဆို ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိေနတာမ်ိဳးျဖစ္ပါတယ္။ စပန္အသင္းကေတာ့ နယ္သာလန္ထက္ ခ်န္ပီယံျဖစ္ဖို႔ ထင္ေၾကးေပးခံေနရတဲ့အသင္းျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြမွာလည္း ဉေရာပရဲ႕ ဆုဖလားေတြျဖစ္တဲ့ ယူ႐ိုဖလားနဲ႔ ေနးရွင္းလိဂ္ေတြကို ပူပူေႏြးေႏြးရရွိထားတဲ့အသင္းျဖစ္ပါတယ္။ စပိန္အသင္းရဲ႕ ထူးျခားခ်က္က လူငယ္မ်ိဳးဆက္အရမ္းေကာင္းတဲ့ အစဥ္အလာတစ္ခုကို ပိုင္ဆိုင္ထားတာျဖစ္ၿပီး ဘာစီလိုနာရဲ႕ လာမာစီရာ အကယ္ဒမီဆိုတာဟာ မက္ဆီလို ပါရမီရွင္ေပါင္းမ်ားစြာေမြးဖြားအျဖစ္ရွိေနၿပီး လက္ရွိအခ်ိန္အထိ လည္း ကစားသမားေကာင္းေတြကို ေမြးထုတ္ေပးေနတာျဖစ္ပါတယ္။ ဒီအခ်က္ရဲ႕ အက်ိဳးအျမတ္ကို စပိန္အသင္းကအဓိကရရွိေနၿပီး ဂါဗီ၊ပတ္ထရီ၊လမိုင္လာမဲယားနဲ႔ နီကိုဝီလီယံတို႔လို စပိန္ရဲ႕ အနာဂတ္ ကစားသမားေလးေတြကို ပိုင္ဆိုင္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ႏွစ္သင္းလုံးအတြက္ ခက္ခဲေစမွာျဖစ္ၿပီး ေနာက္ဆုံးပင္နယ္တီအထိကိုေတာင္ ေစာင့္ၾကည့္သြားရမယ့္ အလားအလာေတြရွိေနပါတယ္။
၂၁-၃-၂ဝ၂၅ (ေသာၾကာေန႔ နံနက္ပိုင္း)
နံနက္(၂း၁၅) ခ႐ိုေအးရွား Vs ျပင္သစ္
နံနက္(၂း၁၅) ဒိန္းမတ္ Vs ေပၚတူဂီ
နံနက္(၂း၁၅) အီတလီ Vs ဂ်ာမနီ
နံနက္(၂း၁၅) နယ္သာလန္ Vs စပိန္