တစ်ခေါ်မှ တစ်မျှော်ဖြစ်သွားသည့် ကျောက်ပန်းတောင်း - မြင်းခြံ ခရီး

 1121

သုတကျော်(NP News)- မတ် ၁၉

ကျောက်ပန်းတောင်းမြို့နှင့် မြင်းခြံမြို့ ကြားခရီးသည် အလွန်အမင်း ဝေးလှသည်မဟုတ်ပါ။ မိုင်(၆၀)ခန့်သာရှိသည်။ အညာဒေသမှ စီးပွားရေး ကောင်းရာ ယင်းမြို့နှစ်မြို့သည် သမိုင်းတစ်လျှောက် အဆက်အဆံများစွာရှိခဲ့၏။ သို့သော် လက်နက်ကိုင် အဖွဲ့များစွာတို့က ယင်းနှစ်မြို့ကြား အတားအဆီးဖြစ် သွားခဲ့လေရာ "မိုင်(၆၀)ခရီး၊ မောင်လာရန်မနီး"ပဲ ဖြစ်သွားချေတော့၏။

အညာဒေသသို့ တိုက်ပွဲများခေါ်မလာမီ အချိန်က ကျောက်ပန်းတောင်းမြို့နှင့် မြင်းခြံမြို့တို့ သည် စည်ပင်သာယာဝပြောခဲ့ကြသည်။ ယခုထက် တိုင်လည်း စည်ပင်ပါ၏။ သို့သော် စိုပြည်သောအနေ အထားမဟုတ်တော့ဘဲ ခြောက်သွေ့သော အခြေအ နေသို့ တစ်စတစ်စပြောင်းလဲလာနေပြီ။ ထို့ထက်ပို ဆိုးသည်က စိတ်အေးလက်အေးအနေအထား မဟုတ်တော့ခြင်းဖြစ်သည်။ ရှေ့သွား နောက်ကြည့်ဆို သောသဘောမျိုးဖြင့် အသက်ရှင်နေထိုင် လုပ်ကိုင် နေကြရခြင်းဖြစ်သည်။ " ကျောက်ပန်းတောင်းမြို့ပတ် ချာလည်မှာက မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ ညောင်ဦး၊ ချောက်၊ ပုဂံရှိတာ။ မိုင်အကွာအဝေးကလည်း သိပ်မ ကွာဘူး။ အဲဒီတော့ ကျွန်တော်တို့မြို့က ပိုစည်တာပေါ့။ မြို့အချက်အချာကျတာ"ဟု ကျောက်ပန်းတောင်းမြို့ခံတစ်ဦးက အခြေအနေကိုပြောပြသည်။

ယခင်က ဆိုင်ကယ်တစ်စီးဖြင့်လည်း လို ရာသွားနိုင်သည်။ စိတ်အေးလက်အေးလည်း ရှိခဲ့ကြသည်။ ညအချိန်တွင်လည်း ဥဒဟိုသွားနိုင်သည်။ ကြောက်လန့်ရန်မလို။ စိတ်လုံခြုံသည်။ (၂၀၂၁) ခု နှစ်နောက်ပိုင်းတွင် PDF အမည်ခံ လက်နက်ကိုင်များ ယင်းဒေသတွင် တဖြည်းဖြည်းများပြားလာခဲ့သည်။ အစပိုင်းက ဒလန်ဟုခေါင်းစဉ်တပ်ကာ သတ်ဖြတ်ခြင်း များကို စတင်ပြုလုပ်ခဲ့ကြသည်။ ယင်းနောက် အညာ ဒေသသို့ လက်နက်များ တဖြည်းဖြည်းစိမ့်ဝင်လာခဲ့ရာ PDF များ အမြစ်တွယfရာဒေသများတွင် လက်နက်ရှိ သူပြောစကားကို အားလုံးကနားထောင်ရသော အခြေအနေသို့ ဆိုက်သွားခဲ့ခြင်းဖြစ်သည်။ ယင်းဒေ သမှ ဆိုးရွားသောအခြေအနေများသည် မူလတွင် အတွင်းကြိတ်အဖြစ်ခံစားနေရရာမှ ယခုအခါ အင် တာနက်တွင်ပင် ဖြစ်စဉ်အကြောင်းရေးသားချက်များကို ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့စပြုနေရပြီ ဖြစ်သည်။

ယခင်က သာမန် လက်လုပ်လက်စားများ သည်လည်း လက်နက်ကိုင်များနှင့်ပူးပေါင်းကာ မ လျော်ဩဇာများကျင့်သုံးလာသည်။ အညာဒေသမှ လက်နက်ကိုင်များအကြောင်း အင်တာနက်မှ ဖြစ်စဉ် များအနက် တစ်ခုမှာ ယခင်က ဆိတ်ကျောင်း၊ နွား ကျောင်း စသည်ဖြင့် ရရာအလုပ်ကိုလုပ်ကိုင်နေကြ သောလူငယ်များသည် PDF များနှင့်ပေါင်းမိသွားပြီး နောက် ရွာသို့ခေါ်လာသည်။ ယင်းနောက် ၎င်းတို့ ကိုယ်တိုင်လည်း PDF အမည်ခံကာ ဗိုလ်လုပ်နေကြ တော့သည်ဟု ဆို၏။ ထို့နောက် ရွာတွင် အာဏာပြ သည်။ လက်နက်အားကိုးဖြင့် အာဏာပြရင်း ပြရင်းဖြင့် ကျေးရွာအာဏာရှင်များဖြစ်လာကြသည်။ ထို့နောက် တစ်ဆင့်တက်ကာ ငွေရှာရန်ကြိုးပမ်းလာ သည်။ ငွေလက်နက်ကြီးသည် ၎င်းတို့ထိမှန်သူမှန်သမျှကို အာသာငမ်းငမ်းတက်စေသောသဘောရှိလေရာ အနှီ ကျေးလက်မှလူငယ်များလည်း ခံနိုင်ရည်ရှိပါရိုးလား။ ပိုဆိုးသည်က လက်အတွင်း အချိန်မရွေးပစ်နိုင် သောလက်နက်များလည်းရှိနေသေးရာ မြင်းကို ချိုတပ်ပေးလိုက်သကဲ့သို့ ဖြစ်လာနေတော့သည်။

ယင်းလူတို့၏လက်အတွင်း ကျောက်ပန်းတောင်း - မြင်းခြံလမ်းသည်လည်း ဓားစာခံဖြစ်သွား ရသည်မှာ ယုတ္တိရှိသည်ဟု ပြောရမည်ဖြစ်သည်။ ကျောက်ပန်းတောင်း-မြင်းခြံ လမ်းပိုင်းတွင် ကျောက်ပန်းတောင်း-ပုပ္ပား-ဝဲလောင်-တောင်သာ-မြင်းခြံ စသည်ဖြင့်ပါဝင်ပြီး လမ်းပိုင်းတွင် ကျေးရွာများကို ဖြတ်သန်းသွားသည်။ ထို့ပြင် ယင်းလမ်းပိုင်းမှ အခြား နေရာများသို့ ဖြန့်ခွဲသွားလာနိုင်မည့် လမ်းချိုးများ လည်းရှိသည်။ ယင်းလမ်းပိုင်းတွင် ယခုတော့ ဘာမ ဆို ဖြစ်သွားနိုင်သည့်အခြေအနေကို ရောက်သွားပြီဖြစ် သည်။ အေးအေးဆေးဆေးသွားနေရင်းဖြင့် လမ်း တစ်နေရာအရောက်တွင် PDF များထွက်လာပြီး ဖမ်းခေါ်သွားခြင်းမျိုးလည်းရှိနိုင်သည်။ ဗုံးကွဲခြင်းလည်းဖြစ်နိုင်သည်။ အစိုးမရသောလမ်းပိုင်း ဖြစ်သွားတော့၏။

ထို့ပြင် ပိုဆိုးသည်က မည်သည့်အဖွဲ့က မှန်း မသိရခြင်းဖြစ်သည်။ PDF များချည်းဖြစ်သည် မှန်သော်လည်း မည်သည့်အဖွဲ့ကလုပ်မှန်းမသိရဘဲ ထိခိုက်သွားသောဖြစ်စဉ်များလည်း ရှိသည်။ ပြည်သူ လူထုထိခိုက်ရသောဖြစ်စဉ်များတွင် လက်သည်မပေါ် လေတော့ပါ။ "ကျောက်ပန်းတောင်း-မြင်းခြံလမ်းပိုင်း က အဆင်မပြေဆုံးဖြစ်လာတာပါပဲ။ ဘယ်လိုဖြစ်လဲ ဆိုတော့ ပုပ္ပားကျော်တာနဲ့ စိတ်မချရတော့ဘူး။ အရင် က ဝဲလောင်ကျော်မှဖြစ်တာ။ အခုက ပုပ္ပားကျော်တာနဲ့ ပြန်ပေးဆွဲတာတို့၊ ဘယ်အဖွဲ့ကမှန်းမသိဘဲ ကားကို ခေါ်သွားတာတို့ဖြစ်လာတယ်"ဟု အထက်ပါ ဒေသခံကဆိုသည်။ ယင်းလမ်းပိုင်းတွင် PDF များအနေဖြင့် ဂိတ်ကြီးများကိုဖွင့်နိုင်ခြင်းတော့ မရှိပေ။ တောင်သာ မြို့နယ်နှင့် မြင်းခြံမြို့နယ်ကြားတွင် အခြေအနေပေါ် မူတည်ကာ PDF ဂိတ်များ ပေါ်လိုက်ပျောက်လိုက် တော့ရှိနေသည်။ ဂိတ်ပမာဏကို ခန့်မှန်းရန်မလွယ်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်စစ်ကြောင်းများ အခြေအနေကိုမူတည်ကာ ပြေးလိုက်၊ ပြန်လာလိုက် လုပ်နေကြသောကြောင့် ဖြစ်သည်။ "ဟိုတစ်ရက်က ဆို လိုင်စင်သက်တမ်းသွားတိုးတဲ့ ခရီးသည်တင်ကား ပေါ့။ အဲဒီကားဆိုရင် PDF ကခေါ်သွားပြီးတော့ သိန်းနှစ်ရာနဲ့ ပြန်ရွေးရတယ်။ အဲဒီကားပြန်ရတယ်။ ကိုယ်မသိတာလည်းအများကြီးပဲ။ ဒါကြောင့် အဲဒီလမ်းပိုင်းကို တော်တော်များများ မသုံးတော့တာ။ မဖြစ်မှသုံးကြတာ" ဟု ၎င်းကဆိုသည်။

ပန်းရည်ဘဏ်တိုက်၊ နိဗ္ဗာန်ဆော် စသည် ဖြင့် နာမည်ကျော်သီချင်းပေါင်းများစွာကို ရေးစပ်သီး ကုံးခဲ့သော ကန်မြဲ ဦးအေးကျော်၏ ဇာတိချက်မြှုပ် ဖြစ်သော ကန်မြဲကျေးရွာအပါအဝင် နာမည်ကျော် နေရာများစွာရှိသည့် ယင်းဒေသတွင် လက်နက်ကိုင် တို့ကြီးစိုးလာပြီးနောက် သမိုင်းဘီး တစ်ပတ်ပြန်လည် လာသည်။ ဒုတိယကမ္ဘာစစ်နှင့် လွတ်လပ်ရေးရစကာ လများဆီက ယင်းဒေသတွင် မငြိမ်မသက်မှုများ အ တော်အတန်ဖြစ်ခဲ့ပါ၏။ တောမီးလောင်ပြီး တော ကြောင်များ လက်ခမောင်းခတ်ခဲ့ကြသည်။ ထိုစဉ် ကတော့ ဓားပြများကမွှေခဲ့ကြခြင်းဖြစ်ပြီး ယခုလည်း လက်နက်ကိုင်များ ယင်းဒေသတွင် ပြန်ရောက်လာ ခဲ့ပြန်ပြီဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သေနတ်ပစ်ဖောက်ပြီး ရွာအတွင်းဝင်ကြသူများ မဟုတ်လေတော့။ လက်နက်ကိုင်အစုအဖွဲ့များဖြစ်သော် လည်း ကျေးရွာအတွင်းသာမက ပတ်ဝန်းကျင်ကိုပါ အာဏာပြပြီး စိတ်မထင်လျှင်မထင်သကဲ့သို့လုပ်တတ် သော ဓားပြထက်ဆိုးသူများ ရောက်လာကြခြင်းဖြစ် သည်။ " အဲဒီဘက် လှုပ်ရှားတဲ့အဖွဲ့တွေကိုမပြော ခင်မှာ အဲဒီဘက်က ပုပ္ပားစောင်းခေါ်တာပေါ့။ ပုပ္ပား စောင်းဆိုတာက တောင်သာနဲ့နီးတယ်၊ မလှိုင်နဲ့နီး တယ်။ ဒီဘက်ကစစ်ကြောင်းထိုးလိုက်ရင် တောင်သာ ဘက်သွားခိုတယ်၊ မလှိုင်ဘက်သွားခိုတယ်။ တောင် သာဘက် စစ်ကြောင်းထိုးရင် ကျွန်တော်တို့ဘက် ရောက်လာတယ်။ တောင်သာနဲ့ ကျောက်ပန်းတောင်း နယ်စပ်ဘက်မှာ ခိုနေတာများတယ်" ဟု ကျောက် ပန်းတောင်းဒေသခံကဆိုသည်။

ယခင်က ကားများ၊ မော်တော်ဆိုင်ကယ် များဖြင့်ရှိနေခဲ့သော ကျောက်ပန်းတောင်း-မြင်းခြံ လမ်းပိုင်းသည် ယခုအခါ ခြောက်သွေ့သွားပြီဖြစ် သည်။ အနီးအပါးကျေးရွာများမှ သွားလာသူများမှအပ ကျောက်ပန်းတောင်းမှမြင်းခြံသို့ ယင်းလမ်းကို အသုံး ပြုသွားလာသူနည်းပါးသွားခဲ့သည်။ သတ္တိရှိပင်ရှိစေ ဦးတော့။ ယင်းလမ်းပိုင်းကိုသုံးရန်အတွက် ဉာဏ်ဖြင့် ဆင်ခြင်ကာ မသွားလာကြခြင်းမျိုးဖြစ်သည်။ အသက် ကိုဉာဏ်စောင့်သည် မဟုတ်ပါလား။ "အခုကတော့ အဲဒီလမ်းပိုင်းက အတော်များများ မသွားကြတော့ဘူး ပေါ့။ အများဆုံးသွားကြတာက ညောင်ဦးဘက်က ပတ်သွားကြတယ်။ အဲဒီလမ်းပိုင်းကလည်း စိတ်ချရ သလားဆိုတော့ စိတ်မချရပါဘူး။ ဒါပေမဲ့ အဲဒီဘက်မှာ စိတ်မချရတာက ဒီ လောက်တော့မဟုတ်ဘူးပေါ့"ဟု အခြား ကျောက်ပန်းတောင်းဒေသခံတစ်ဦးက ဆိုသည်။ လမ်းနှစ်လမ်းတွင် ဖြစ်နိုင်ခြေကို ချိန်ထိုး သည့်အခါ ကျောက်ပန်းတောင်း-မြင်းခြံလမ်းပိုင်းက လမ်းပိုင်းတစ်ခုလုံးစာစိုးရိမ်ရပြီး တစ်ခုခုဖြစ်သွားနိုင် သည်။ ညောင်ဦး-မြင်းခြံလမ်းပိုင်းတွင်မူ ယင်းလမ်းပိုင်းထက် စိုးရိမ်ရသောနေရာ လျော့နည်းသည်။

" မဖြစ်မနေသွားရမယ်ဆိုရင်တော့ ညောင်ဦးဘက်ကပတ်တာပေါ့။ ညောင်ဦးဘက်ကတော့ ဆင်တဲဝချောင်းကျော်မှ စိတ်မချရတာ။ ဒါကလည်း ဘယ်လောက်မှမရှိဘူး။ ဆယ်မိုင်၊ ဆယ့်တစ်မိုင်လောက်ပဲ ရှိတယ်။ အဲဒါလေးပဲ စိုးရိမ်ရတာပေါ့။ ဟိုဟာကတော့ တောက်လျှောက်စိုးရိမ်ရတာ" ဟု ၎င်းကဆိုသည်။ လက်နက်ကိုင်များရှိခြင်း၏ အကျိုးဆက် အဖြစ် ယင်းဒေသတွင် လမ်းအသုံးပြုခ ကောက်ခံသည့်ဂိတ်များကိုပင် ပိတ်လိုက်ရသည်။ အကြောင်းမှာ PDF များက သေနတ်ဖြင့်ပစ်ခတ်မှုများပြုလုပ်သော ကြောင့် ဖြစ်သည်။ " မိတ္ထီလာ-တောင်သာ-မြင်းခြံလမ်းကို BOT ကောက်နေတဲ့ကုမ္ပဏီဆိုရင် ဝင်ပြီးပစ်တာ၊ ခတ်တာလုပ်တော့ သူတို့တောင် ပိုက် ဆံမကောက်ဘူး အဲဒီလိုဖြစ်နေတယ်" ဟု ၎င်းက ဆိုသည်။ ကျောက်ပန်းတောင်း-မြင်းခြံ လမ်းပိုင်း တွင် စိတ်အေးလက်သာသွားလာနိုင်ခဲ့သည်ဆိုခြင်း မှာ ယခုတော့ အိမ်မက်တစ်ခုသဖွယ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ အိပ်မက်ဆိုခြင်းသည် ဟုတ်ပင်ဟုတ်ပါ၏ လောဟု တွေးစရာဖြစ်လာသည်။ ယင်းလမ်းပိုင်းကိုအသုံးပြုသည့်အခါ ပြည်သူများအားလုံး ရင်တွင်းဝယ်အပူဆိုသော ဝန်ထုပ်ဝန်ပိုးတစ်ခုတိုးလာသည်။ မည်သူမဆို စိတ်အေးချမ်းသာစွာ ခရီးသွားလိုသည်မှာ သဘာဝဖြစ်သည်။ ယခု ခရီးတွင်ကား ကြိုလည်း မမှန်းနိုင်၊ တစ်စုံတစ်ရာ ဖြစ် သွားလျှင်လည်း မည်သူ ကလုပ်မှန်းမသိဘဲ တာဝန်မယူနိုင်သောအနေအ ထားသို့ ရောက်ရှိနေပြီဖြစ်သည်။

မြန်မာစကားတွင် ခရီးနှင့်ပတ်သက်၍ ပုံနှိုင်းဥပမာပေးသည့် တစ်မျှော်တစ်ခေါ်ဆိုသောအသုံး ရှိပါသည်။ ကျောက်ပန်းတောင်း-မြင်းခြံခရီးကို ဥပမာ ပေးရမည်ဆိုလျှင် အလွန်အမင်းဝေးကွာလှသည် မဟုတ်သောကြောင့် တစ်ခေါ်သာသာခရီးဟု ဝင်္ကဝုတ္တိ သဘော သုံးနိုင်ပါလိမ့်မည်။ သို့သော် ယင်းအနေအထားမှသည် ယခုအခါ ယင်းလမ်းကိုသုံးပါက မိသားစုများသည် တစ်မျှော်မျှော်ဖြင့် စိုးရိမ်မကင်းဖြစ်ရသော အခြေအနေသို့ ဆိုက်ရောက်သွားချေပြီ ဖြစ်ပါသည်။

zawgyi version
တစ္ေခၚမွ တစ္ေမွ်ာ္ျဖစ္သြားသည့္ ေက်ာက္ပန္းေတာင္း - ျမင္းၿခံ ခရီး
သုတေက်ာ္(NP News)- မတ္ ၁၉

ေက်ာက္ပန္းေတာင္းၿမိဳ႕ႏွင့္ ျမင္းၿခံၿမိဳ႕ ၾကားခရီးသည္ အလြန္အမင္း ေဝးလွသည္မဟုတ္ပါ။ မိုင္(၆၀)ခန႔္သာရွိသည္။ အညာေဒသမွ စီးပြားေရး ေကာင္းရာ ယင္းၿမိဳ႕ႏွစ္ၿမိဳ႕သည္ သမိုင္းတစ္ေလွ်ာက္ အဆက္အဆံမ်ားစြာရွိခဲ့၏။ သို႔ေသာ္ လက္နက္ကိုင္ အဖြဲ႕မ်ားစြာတို႔က ယင္းႏွစ္ၿမိဳ႕ၾကား အတားအဆီးျဖစ္ သြားခဲ့ေလရာ "မိုင္(၆၀)ခရီး၊ ေမာင္လာရန္မနီး"ပဲ ျဖစ္သြားေခ်ေတာ့၏။

အညာေဒသသို႔ တိုက္ပြဲမ်ားေခၚမလာမီ အခ်ိန္က ေက်ာက္ပန္းေတာင္းၿမိဳ႕ႏွင့္ ျမင္းၿခံၿမိဳ႕တို႔ သည္ စည္ပင္သာယာဝေျပာခဲ့ၾကသည္။ ယခုထက္ တိုင္လည္း စည္ပင္ပါ၏။ သို႔ေသာ္ စိုျပည္ေသာအေန အထားမဟုတ္ေတာ့ဘဲ ေျခာက္ေသြ႕ေသာ အေျခအ ေနသို႔ တစ္စတစ္စေျပာင္းလဲလာေနၿပီ။ ထို႔ထက္ပို ဆိုးသည္က စိတ္ေအးလက္ေအးအေနအထား မဟုတ္ေတာ့ျခင္းျဖစ္သည္။ ေရွ႕သြား ေနာက္ၾကည့္ဆို ေသာသေဘာမ်ိဳးျဖင့္ အသက္ရွင္ေနထိုင္ လုပ္ကိုင္ ေနၾကရျခင္းျဖစ္သည္။ " ေက်ာက္ပန္းေတာင္းၿမိဳ႕ပတ္ ခ်ာလည္မွာက မလႈိင္၊ ေတာင္သာ၊ ျမင္းၿခံ၊ ေညာင္ဦး၊ ေခ်ာက္၊ ပုဂံရွိတာ။ မိုင္အကြာအေဝးကလည္း သိပ္မ ကြာဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ၿမိဳ႕က ပိုစည္တာေပါ့။ ၿမိဳ႕အခ်က္အခ်ာက်တာ"ဟု ေက်ာက္ပန္းေတာင္းၿမိဳ႕ခံတစ္ဦးက အေျခအေနကိုေျပာျပသည္။

ယခင္က ဆိုင္ကယ္တစ္စီးျဖင့္လည္း လို ရာသြားႏိုင္သည္။ စိတ္ေအးလက္ေအးလည္း ရွိခဲ့ၾကသည္။ ညအခ်ိန္တြင္လည္း ဥဒဟိုသြားႏိုင္သည္။ ေၾကာက္လန႔္ရန္မလို။ စိတ္လုံၿခဳံသည္။ (၂၀၂၁) ခု ႏွစ္ေနာက္ပိုင္းတြင္ PDF အမည္ခံ လက္နက္ကိုင္မ်ား ယင္းေဒသတြင္ တျဖည္းျဖည္းမ်ားျပားလာခဲ့သည္။ အစပိုင္းက ဒလန္ဟုေခါင္းစဥ္တပ္ကာ သတ္ျဖတ္ျခင္း မ်ားကို စတင္ျပဳလုပ္ခဲ့ၾကသည္။ ယင္းေနာက္ အညာ ေဒသသို႔ လက္နက္မ်ား တျဖည္းျဖည္းစိမ့္ဝင္လာခဲ့ရာ PDF မ်ား အျမစ္တြယfရာေဒသမ်ားတြင္ လက္နက္ရွိ သူေျပာစကားကို အားလုံးကနားေထာင္ရေသာ အေျခအေနသို႔ ဆိုက္သြားခဲ့ျခင္းျဖစ္သည္။ ယင္းေဒ သမွ ဆိုး႐ြားေသာအေျခအေနမ်ားသည္ မူလတြင္ အတြင္းႀကိတ္အျဖစ္ခံစားေနရရာမွ ယခုအခါ အင္ တာနက္တြင္ပင္ ျဖစ္စဥ္အေၾကာင္းေရးသားခ်က္မ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ ျမင္ေတြ႕စျပဳေနရၿပီ ျဖစ္သည္။

ယခင္က သာမန္ လက္လုပ္လက္စားမ်ား သည္လည္း လက္နက္ကိုင္မ်ားႏွင့္ပူးေပါင္းကာ မ ေလ်ာ္ဩဇာမ်ားက်င့္သုံးလာသည္။ အညာေဒသမွ လက္နက္ကိုင္မ်ားအေၾကာင္း အင္တာနက္မွ ျဖစ္စဥ္ မ်ားအနက္ တစ္ခုမွာ ယခင္က ဆိတ္ေက်ာင္း၊ ႏြား ေက်ာင္း စသည္ျဖင့္ ရရာအလုပ္ကိုလုပ္ကိုင္ေနၾက ေသာလူငယ္မ်ားသည္ PDF မ်ားႏွင့္ေပါင္းမိသြားၿပီး ေနာက္ ႐ြာသို႔ေခၚလာသည္။ ယင္းေနာက္ ၎တို႔ ကိုယ္တိုင္လည္း PDF အမည္ခံကာ ဗိုလ္လုပ္ေနၾက ေတာ့သည္ဟု ဆို၏။ ထို႔ေနာက္ ႐ြာတြင္ အာဏာျပ သည္။ လက္နက္အားကိုးျဖင့္ အာဏာျပရင္း ျပရင္းျဖင့္ ေက်း႐ြာအာဏာရွင္မ်ားျဖစ္လာၾကသည္။ ထို႔ေနာက္ တစ္ဆင့္တက္ကာ ေငြရွာရန္ႀကိဳးပမ္းလာ သည္။ ေငြလက္နက္ႀကီးသည္ ၎တို႔ထိမွန္သူမွန္သမွ်ကို အာသာငမ္းငမ္းတက္ေစေသာသေဘာရွိေလရာ အႏွီ ေက်းလက္မွလူငယ္မ်ားလည္း ခံႏိုင္ရည္ရွိပါ႐ိုးလား။ ပိုဆိုးသည္က လက္အတြင္း အခ်ိန္မေ႐ြးပစ္ႏိုင္ ေသာလက္နက္မ်ားလည္းရွိေနေသးရာ ျမင္းကို ခ်ိဳတပ္ေပးလိုက္သကဲ့သို႔ ျဖစ္လာေနေတာ့သည္။

ယင္းလူတို႔၏လက္အတြင္း ေက်ာက္ပန္းေတာင္း - ျမင္းၿခံလမ္းသည္လည္း ဓားစာခံျဖစ္သြား ရသည္မွာ ယုတၱိရွိသည္ဟု ေျပာရမည္ျဖစ္သည္။ ေက်ာက္ပန္းေတာင္း-ျမင္းၿခံ လမ္းပိုင္းတြင္ ေက်ာက္ပန္းေတာင္း-ပုပၸား-ဝဲေလာင္-ေတာင္သာ-ျမင္းၿခံ စသည္ျဖင့္ပါဝင္ၿပီး လမ္းပိုင္းတြင္ ေက်း႐ြာမ်ားကို ျဖတ္သန္းသြားသည္။ ထို႔ျပင္ ယင္းလမ္းပိုင္းမွ အျခား ေနရာမ်ားသို႔ ျဖန႔္ခြဲသြားလာႏိုင္မည့္ လမ္းခ်ိဳးမ်ား လည္းရွိသည္။ ယင္းလမ္းပိုင္းတြင္ ယခုေတာ့ ဘာမ ဆို ျဖစ္သြားႏိုင္သည့္အေျခအေနကို ေရာက္သြားၿပီျဖစ္ သည္။ ေအးေအးေဆးေဆးသြားေနရင္းျဖင့္ လမ္း တစ္ေနရာအေရာက္တြင္ PDF မ်ားထြက္လာၿပီး ဖမ္းေခၚသြားျခင္းမ်ိဳးလည္းရွိႏိုင္သည္။ ဗုံးကြဲျခင္းလည္းျဖစ္ႏိုင္သည္။ အစိုးမရေသာလမ္းပိုင္း ျဖစ္သြားေတာ့၏။

ထို႔ျပင္ ပိုဆိုးသည္က မည္သည့္အဖြဲ႕က မွန္း မသိရျခင္းျဖစ္သည္။ PDF မ်ားခ်ည္းျဖစ္သည္ မွန္ေသာ္လည္း မည္သည့္အဖြဲ႕ကလုပ္မွန္းမသိရဘဲ ထိခိုက္သြားေသာျဖစ္စဥ္မ်ားလည္း ရွိသည္။ ျပည္သူ လူထုထိခိုက္ရေသာျဖစ္စဥ္မ်ားတြင္ လက္သည္မေပၚ ေလေတာ့ပါ။ "ေက်ာက္ပန္းေတာင္း-ျမင္းၿခံလမ္းပိုင္း က အဆင္မေျပဆုံးျဖစ္လာတာပါပဲ။ ဘယ္လိုျဖစ္လဲ ဆိုေတာ့ ပုပၸားေက်ာ္တာနဲ႔ စိတ္မခ်ရေတာ့ဘူး။ အရင္ က ဝဲေလာင္ေက်ာ္မွျဖစ္တာ။ အခုက ပုပၸားေက်ာ္တာနဲ႔ ျပန္ေပးဆြဲတာတို႔၊ ဘယ္အဖြဲ႕ကမွန္းမသိဘဲ ကားကို ေခၚသြားတာတို႔ျဖစ္လာတယ္"ဟု အထက္ပါ ေဒသခံကဆိုသည္။ ယင္းလမ္းပိုင္းတြင္ PDF မ်ားအေနျဖင့္ ဂိတ္ႀကီးမ်ားကိုဖြင့္ႏိုင္ျခင္းေတာ့ မရွိေပ။ ေတာင္သာ ၿမိဳ႕နယ္ႏွင့္ ျမင္းၿခံၿမိဳ႕နယ္ၾကားတြင္ အေျခအေနေပၚ မူတည္ကာ PDF ဂိတ္မ်ား ေပၚလိုက္ေပ်ာက္လိုက္ ေတာ့ရွိေနသည္။ ဂိတ္ပမာဏကို ခန႔္မွန္းရန္မလြယ္။ အဘယ္ေၾကာင့္ဆိုေသာ္ တပ္မေတာ္စစ္ေၾကာင္းမ်ား အေျခအေနကိုမူတည္ကာ ေျပးလိုက္၊ ျပန္လာလိုက္ လုပ္ေနၾကေသာေၾကာင့္ ျဖစ္သည္။ "ဟိုတစ္ရက္က ဆို လိုင္စင္သက္တမ္းသြားတိုးတဲ့ ခရီးသည္တင္ကား ေပါ့။ အဲဒီကားဆိုရင္ PDF ကေခၚသြားၿပီးေတာ့ သိန္းႏွစ္ရာနဲ႔ ျပန္ေ႐ြးရတယ္။ အဲဒီကားျပန္ရတယ္။ ကိုယ္မသိတာလည္းအမ်ားႀကီးပဲ။ ဒါေၾကာင့္ အဲဒီလမ္းပိုင္းကို ေတာ္ေတာ္မ်ားမ်ား မသုံးေတာ့တာ။ မျဖစ္မွသုံးၾကတာ" ဟု ၎ကဆိုသည္။

ပန္းရည္ဘဏ္တိုက္၊ နိဗၺာန္ေဆာ္ စသည္ ျဖင့္ နာမည္ေက်ာ္သီခ်င္းေပါင္းမ်ားစြာကို ေရးစပ္သီး ကုံးခဲ့ေသာ ကန္ၿမဲ ဦးေအးေက်ာ္၏ ဇာတိခ်က္ျမႇဳပ္ ျဖစ္ေသာ ကန္ၿမဲေက်း႐ြာအပါအဝင္ နာမည္ေက်ာ္ ေနရာမ်ားစြာရွိသည့္ ယင္းေဒသတြင္ လက္နက္ကိုင္ တို႔ႀကီးစိုးလာၿပီးေနာက္ သမိုင္းဘီး တစ္ပတ္ျပန္လည္ လာသည္။ ဒုတိယကမာၻစစ္ႏွင့္ လြတ္လပ္ေရးရစကာ လမ်ားဆီက ယင္းေဒသတြင္ မၿငိမ္မသက္မႈမ်ား အ ေတာ္အတန္ျဖစ္ခဲ့ပါ၏။ ေတာမီးေလာင္ၿပီး ေတာ ေၾကာင္မ်ား လက္ခေမာင္းခတ္ခဲ့ၾကသည္။ ထိုစဥ္ ကေတာ့ ဓားျပမ်ားကေမႊခဲ့ၾကျခင္းျဖစ္ၿပီး ယခုလည္း လက္နက္ကိုင္မ်ား ယင္းေဒသတြင္ ျပန္ေရာက္လာ ခဲ့ျပန္ၿပီျဖစ္သည္။ သို႔ေသာ္ ယခုတစ္ႀကိမ္တြင္မူ ေသနတ္ပစ္ေဖာက္ၿပီး ႐ြာအတြင္းဝင္ၾကသူမ်ား မဟုတ္ေလေတာ့။ လက္နက္ကိုင္အစုအဖြဲ႕မ်ားျဖစ္ေသာ္ လည္း ေက်း႐ြာအတြင္းသာမက ပတ္ဝန္းက်င္ကိုပါ အာဏာျပၿပီး စိတ္မထင္လွ်င္မထင္သကဲ့သို႔လုပ္တတ္ ေသာ ဓားျပထက္ဆိုးသူမ်ား ေရာက္လာၾကျခင္းျဖစ္ သည္။ " အဲဒီဘက္ လႈပ္ရွားတဲ့အဖြဲ႕ေတြကိုမေျပာ ခင္မွာ အဲဒီဘက္က ပုပၸားေစာင္းေခၚတာေပါ့။ ပုပၸား ေစာင္းဆိုတာက ေတာင္သာနဲ႔နီးတယ္၊ မလႈိင္နဲ႔နီး တယ္။ ဒီဘက္ကစစ္ေၾကာင္းထိုးလိုက္ရင္ ေတာင္သာ ဘက္သြားခိုတယ္၊ မလႈိင္ဘက္သြားခိုတယ္။ ေတာင္ သာဘက္ စစ္ေၾကာင္းထိုးရင္ ကြၽန္ေတာ္တို႔ဘက္ ေရာက္လာတယ္။ ေတာင္သာနဲ႔ ေက်ာက္ပန္းေတာင္း နယ္စပ္ဘက္မွာ ခိုေနတာမ်ားတယ္" ဟု ေက်ာက္ ပန္းေတာင္းေဒသခံကဆိုသည္။

ယခင္က ကားမ်ား၊ ေမာ္ေတာ္ဆိုင္ကယ္ မ်ားျဖင့္ရွိေနခဲ့ေသာ ေက်ာက္ပန္းေတာင္း-ျမင္းၿခံ လမ္းပိုင္းသည္ ယခုအခါ ေျခာက္ေသြ႕သြားၿပီျဖစ္ သည္။ အနီးအပါးေက်း႐ြာမ်ားမွ သြားလာသူမ်ားမွအပ ေက်ာက္ပန္းေတာင္းမွျမင္းၿခံသို႔ ယင္းလမ္းကို အသုံး ျပဳသြားလာသူနည္းပါးသြားခဲ့သည္။ သတၱိရွိပင္ရွိေစ ဦးေတာ့။ ယင္းလမ္းပိုင္းကိုသုံးရန္အတြက္ ဉာဏ္ျဖင့္ ဆင္ျခင္ကာ မသြားလာၾကျခင္းမ်ိဳးျဖစ္သည္။ အသက္ ကိုဉာဏ္ေစာင့္သည္ မဟုတ္ပါလား။ "အခုကေတာ့ အဲဒီလမ္းပိုင္းက အေတာ္မ်ားမ်ား မသြားၾကေတာ့ဘူး ေပါ့။ အမ်ားဆုံးသြားၾကတာက ေညာင္ဦးဘက္က ပတ္သြားၾကတယ္။ အဲဒီလမ္းပိုင္းကလည္း စိတ္ခ်ရ သလားဆိုေတာ့ စိတ္မခ်ရပါဘူး။ ဒါေပမဲ့ အဲဒီဘက္မွာ စိတ္မခ်ရတာက ဒီ ေလာက္ေတာ့မဟုတ္ဘူးေပါ့"ဟု အျခား ေက်ာက္ပန္းေတာင္းေဒသခံတစ္ဦးက ဆိုသည္။ လမ္းႏွစ္လမ္းတြင္ ျဖစ္ႏိုင္ေျခကို ခ်ိန္ထိုး သည့္အခါ ေက်ာက္ပန္းေတာင္း-ျမင္းၿခံလမ္းပိုင္းက လမ္းပိုင္းတစ္ခုလုံးစာစိုးရိမ္ရၿပီး တစ္ခုခုျဖစ္သြားႏိုင္ သည္။ ေညာင္ဦး-ျမင္းၿခံလမ္းပိုင္းတြင္မူ ယင္းလမ္းပိုင္းထက္ စိုးရိမ္ရေသာေနရာ ေလ်ာ့နည္းသည္။

" မျဖစ္မေနသြားရမယ္ဆိုရင္ေတာ့ ေညာင္ဦးဘက္ကပတ္တာေပါ့။ ေညာင္ဦးဘက္ကေတာ့ ဆင္တဲဝေခ်ာင္းေက်ာ္မွ စိတ္မခ်ရတာ။ ဒါကလည္း ဘယ္ေလာက္မွမရွိဘူး။ ဆယ္မိုင္၊ ဆယ့္တစ္မိုင္ေလာက္ပဲ ရွိတယ္။ အဲဒါေလးပဲ စိုးရိမ္ရတာေပါ့။ ဟိုဟာကေတာ့ ေတာက္ေလွ်ာက္စိုးရိမ္ရတာ" ဟု ၎ကဆိုသည္။ လက္နက္ကိုင္မ်ားရွိျခင္း၏ အက်ိဳးဆက္ အျဖစ္ ယင္းေဒသတြင္ လမ္းအသုံးျပဳခ ေကာက္ခံသည့္ဂိတ္မ်ားကိုပင္ ပိတ္လိုက္ရသည္။ အေၾကာင္းမွာ PDF မ်ားက ေသနတ္ျဖင့္ပစ္ခတ္မႈမ်ားျပဳလုပ္ေသာ ေၾကာင့္ ျဖစ္သည္။ " မိတၳီလာ-ေတာင္သာ-ျမင္းၿခံလမ္းကို BOT ေကာက္ေနတဲ့ကုမၸဏီဆိုရင္ ဝင္ၿပီးပစ္တာ၊ ခတ္တာလုပ္ေတာ့ သူတို႔ေတာင္ ပိုက္ ဆံမေကာက္ဘူး အဲဒီလိုျဖစ္ေနတယ္" ဟု ၎က ဆိုသည္။ ေက်ာက္ပန္းေတာင္း-ျမင္းၿခံ လမ္းပိုင္း တြင္ စိတ္ေအးလက္သာသြားလာႏိုင္ခဲ့သည္ဆိုျခင္း မွာ ယခုေတာ့ အိမ္မက္တစ္ခုသဖြယ္ ျဖစ္သြားခဲ့ၿပီ ျဖစ္သည္။ အိပ္မက္ဆိုျခင္းသည္ ဟုတ္ပင္ဟုတ္ပါ၏ ေလာဟု ေတြးစရာျဖစ္လာသည္။ ယင္းလမ္းပိုင္းကိုအသုံးျပဳသည့္အခါ ျပည္သူမ်ားအားလုံး ရင္တြင္းဝယ္အပူဆိုေသာ ဝန္ထုပ္ဝန္ပိုးတစ္ခုတိုးလာသည္။ မည္သူမဆို စိတ္ေအးခ်မ္းသာစြာ ခရီးသြားလိုသည္မွာ သဘာဝျဖစ္သည္။ ယခု ခရီးတြင္ကား ႀကိဳလည္း မမွန္းႏိုင္၊ တစ္စုံတစ္ရာ ျဖစ္ သြားလွ်င္လည္း မည္သူ ကလုပ္မွန္းမသိဘဲ တာဝန္မယူႏိုင္ေသာအေနအ ထားသို႔ ေရာက္ရွိေနၿပီျဖစ္သည္။

ျမန္မာစကားတြင္ ခရီးႏွင့္ပတ္သက္၍ ပုံႏႈိင္းဥပမာေပးသည့္ တစ္ေမွ်ာ္တစ္ေခၚဆိုေသာအသုံး ရွိပါသည္။ ေက်ာက္ပန္းေတာင္း-ျမင္းၿခံခရီးကို ဥပမာ ေပးရမည္ဆိုလွ်င္ အလြန္အမင္းေဝးကြာလွသည္ မဟုတ္ေသာေၾကာင့္ တစ္ေခၚသာသာခရီးဟု ဝကၤဝုတၱိ သေဘာ သုံးႏိုင္ပါလိမ့္မည္။ သို႔ေသာ္ ယင္းအေနအထားမွသည္ ယခုအခါ ယင္းလမ္းကိုသုံးပါက မိသားစုမ်ားသည္ တစ္ေမွ်ာ္ေမွ်ာ္ျဖင့္ စိုးရိမ္မကင္းျဖစ္ရေသာ အေျခအေနသို႔ ဆိုက္ေရာက္သြားေခ်ၿပီ ျဖစ္ပါသည္။

Related news

© 2021. All rights reserved.