ရုရှားတွေရင်းနှီးမြှုပ်နှံမယ့် ထားဝယ် SEZ အနာဂတ်ကို ဆွေးနွေးခြင်း

 626

ယွန်း (NP News)- မတ် ၁၉

မြန်မာ - ရုရှားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် ထားဝယ်အထူးစီးပွားရေးဇုန် နှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အနှောင့်အယှက်များ၊ စိန်ခေါ်မှုများနှင့် ဖြစ်နိုင်ခြေများကို ထိပ်တန်းစီးပွားရေးလုပ်ငန်း ရှင်ကြီးတစ်ဦးနှင့် NP News က မေးမြန်းဆွေးနွေးထားသည်များအား ကောက်နုတ်‌ဖော်ပြအပ်ပါသည်။

မေး- ရုရှားမှာ ဗိုလ်ချုပ်မှူးကြီးကသွားပြီးတော့ ထားဝယ်စီမံကိန်းကို တော်တော်လေးအားထည့်ပြော ခဲ့တာတွေ့တယ်။ လုပ်ငန်းရှင်တွေလည်း ပါသွားတာ တွေ့ရတယ်။ ထားဝယ်နဲ့ပတ်သက်ပြီး အားနဲ့အင် နဲ့လုပ်မယ့်သဘောကို သွားတွေ့ရတယ်။ အဲဒီတော့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ရုရှားနဲ့မြန်မာ ပူးပေါင်းလုပ်ဆောင်မှုကြောင့် ထားဝယ်စီမံကိန်းရဲ့ အလားအလာဘာဖြစ်မလဲ။
ဖြေ- ဒီစီမံကိန်း အကောင်အထည်ပေါ်အောင် မြင်သွားရင်တော့ မြန်မာပြည်ရဲ့ ဂျီဒီပီ ၂၀%၊ ၂၅% လောက်တက်သွားမယ်။ မြန်မာပြည်တစ်ခုလုံးရဲ့ ဖွံ့ ဖြိုးတိုးတက်မှုက ဒီနေရာမှာပြန်ပြီးတော့ အခြေပြုပြီး ကောင်းသွားနိုင်တဲ့အလားအလာရှိတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒါကကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်သုံး ကောင်ပစ်သလိုပဲ။ ပထမတစ်လုံးက ကိုယ့်တိုင်းပြည် တိုးတက်ဖွံ့ဖြိုးဖို့အတွက် တကယ်ကို အထောက် အကူပြုတဲ့ စီမံကိန်းကြီးဖြစ်တယ်။ နောက် တစ်ခုကကျတော့ စင်ကာပူတို့ မလက္ကာရေလက်ကြားကို ဖြတ်ပြီးသွားတဲ့ကိစ္စဖြစ်တဲ့အတွက် ထိုင်းနိုင်ငံ အတွက်လည်း အရမ်းအကျိုးရှိမယ်။ လာအိုလို ကုန်း တွင်းပိုင်းနိုင်ငံအတွက်လည်း အ‌ပေါ်ကနေ ဆင်းလာ တဲ့ရထားလမ်းနဲ့ချိတ်ဆက်ပြီးတော့ ဆိပ်ကမ်းတစ်ခု ရသွားမယ်။ ဗီယက်နမ်တို့၊ ကမ္ဘောဒီးယားတို့အတွက် ကိုလည်း အရှေ့အလယ်ပိုင်းဘက်ကလာတဲ့ သွင်း ကုန်တွေအတွက် ရထားလမ်းတို့၊ ကုန်ကားလမ်းတို့ နဲ့ချိတ်ဆက်ပြီးသွားမှာဖြစ်တဲ့အတွက် အရမ်းကောင်း သွားမယ်။ အဓိကကတော့ အဲဒီအတွက်လည်း အ ကျိုးစီးပွားတွေ အများကြီးရမယ်။ ဒါက ဒုတိယ ကျောက်ခဲပေါ့။ တတိယတစ်ခုကျတော့ စင်ကာပူတို့ အောက်ဘက်ကတိုင်းပြည်တွေပေါ့ Malacca Strait ကို အားပြုထားပြီးတော့မှ ဝင်ငွေတွေအများ ကြီးရနေတဲ့တိုင်းပြည်တွေအတွက်ကျတော့ ဒုက္ခရောက်သွားမယ်။ သူတို့အားနည်းသွားမယ်ပေါ့။ ဘာလို့လဲဆိုတော့ သူတို့က ဟိုးအရင် အီတာလျံ-ထိုင်း လက်ထက်ကတည်းက ဒါကြီးကို မပျက်ပျက်အောင် ဖျက်ခဲ့ကြတာလေ။
ဗမာပြည်က Human Resources တွေကို ဈေး‌ပေါပေါနဲ့ ခေါ်ခိုင်းပြီး သူတို့တိုင်းပြည်တိုးတက် အောင်လုပ်နေကြတာ။ ဒီလူတွေအကုန်လုံး Skill Labour တွေဖြစ်ပြီး ဒီ Project Zone တွေမှာ နိုင်ငံ တကာဈေးနှုန်းတွေနဲ့ရပြီး ပြန်ရောက်လာမယ်ဆိုရင် မြန်မာပြည်က ဝင်ငွေတိုးတက်လာမယ်။ သူတို့နိုင်ငံ မှာကျတော့ထုတ်လုပ်မှုတွေကျသွားပြီးတော့ အားနည်းသွားပြီးတော့ Cost တွေတက်လာမယ်။ မြန်မာပြည်အတွက်ကတော့ အလွန်တရာအကျိုးရှိတဲ့ စီမံကိန်းလို့ ကျွန်တော်မြင်ပါတယ်။

မေး - ထားဝယ်စီမံကိန်းမှာ ရုရှားတွေ အဓိကလုပ်ချင်တာက ဘယ်ကဏ္ဍတွေဖြစ်နိုင်ခြေရှိလဲ။
ဖြေ- အဓိကကတော့ သူတို့ကတော့ ဆိပ်ကမ်း ဆောက်လုပ်ရေးလုပ်ငန်းတို့ ကျွန်တော်မြင်တာပေါ့ နော်။ ကြေညာထားတာလည်း သုံးခုရှိတယ်။ လျှပ်စစ် စက်ရုံ၊ နောက်တစ်ခါရေနံချက်စက်ရုံ အဓိကကတော့ စက်မှုဇုန်လုပ်ငန်းတစ်ခုလုပ်ပြီဆိုရင် Water Sup- ply, Electricity Supply တွေစသည်ဖြင့် ပြည့်စုံ မှ တခြားနိုင်ငံကလူတွေ၊ စက်ရုံတွေက လာပြီးရင်းနှီး မြှုပ်နှံမှာ။ သူတို့က အဲဒီMain Infrastructure တွေကိုတည်ဆောက်ပေးမယ်လို့ ကျွန်တော်ထင် တယ်။

မေး-အဲဒီမှာ ရေနံချက်စက်ရုံလုပ်မယ်တို့၊ နျူကလီးယား လျှပ်စစ်ဓာတ်အားပေးရုံလုပ်မယ်တို့၊LNG Terminal တွေလုပ်မယ်တို့ သတင်းတွေထဲမှာ ရေး နေတာတွေ့ရတယ်။ များသောအားဖြင့် စာချုပ် တွေရဲ့သဘောသဘာဝမှာ တွေ့နေရတယ်။ ဒါတွေ ကကော ထားဝယ်ပဲလား။ တကယ့်ရေနံချက်စက်ရုံတို့ ဘာတို့ရည်မှန်းချက်က အဲဒါပဲလား။ ဖြစ်နိုင်ခြေပေါ့။
ဖြေ- ကျွန်တော်နားလည်တာတော့ သူတို့ရေး ထားတဲ့အထဲမှာတော့ ထားဝယ် SEZ က လျှပ်စစ်က နျူကလီးယားတော့ မပါဘူး။ ဒါပေမဲ့ ရေနံချက်စက်ရုံပါတယ်။ ဘာလို့ရေနံချက်စက်ရုံပါလဲဆိုတော့ ဒီဆိပ်ကမ်းကိုလာကြမယ့် သင်္ဘောတွေ အများကြီးရှိတယ်။ ဒီသင်္ဘောတွေကိုSupply လုပ်ဖို့အတွက် ဒီဇယ်၊ ဓာတ်ဆီတွေလိုမယ်။ နောက်တစ်ခါ Southeast Asia Market အတွက် ဒီဇယ်အောက်တိန်း Supply ကို ဒီနေရာမှာချက်ပြီး ပိုက်လိုင်းနဲ့သာ အဲဒီတစ်ဝိုက်ကိုဖြန့်နိုင်ရင် အရှေ့အ လယ်ပိုင်းတို့ကနေ သင်္ဘောကြီးနဲ့သယ်ပြီး ပတ်ပြီးပို့ရ တဲ့ ကုန်ကျစရိတ်ထက် အများကြီး သက်သာသွားမယ်။ ဒီနေရာမှာ Strateg- ically လာပြီးလုပ်ကြ တဲ့သဘောလို့ယူဆလို့ရတယ်။ Geographic အရ ဒီနေရာက တကယ်ကို Stra- tegy ဖြစ်ခဲ့တာဆိုတော့လေ။

မေး- ကျွန်တော်စိတ်ဝင်စားတာက ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုတာ ယခင်ထဲက ရေနက် ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန်ဆိုပြီး နှစ်မျိုး ရှိတယ်။ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုတာက ကုန် တင်သင်္ဘောအကြီးကြီးတွေကပ်ဖို့၊ အထူးစီးပွားရေး ဇုန်ဆိုတာက စက်မှုလုပ်ငန်းတွေ များသောအားဖြင့် မြို့ပြအိမ်ရာအကြီးကြီးတွေ တကယ့်အကြီးစား Project အဖြစ်လုပ်ခဲ့ကြတာ။ ရုရှားတွေ လာမယ့် အပိုင်းက အထူးစီးပွားရေးဇုန်ထဲကိုပဲ အာရုံစိုက်တာ မျိုးလား၊ ဆိပ်ကမ်းကိုပဲ အာရုံစိုက်တာမျိုးလား ဆို တဲ့ဟာကို မရှင်းလင်းသေးဘူးလို့ သွားတွေ့ရတယ်။
ဖြေ- ကျွန်တော်ခုန‌ပြောသလိုလေ။ အဓိက Main Infrastructure ဖြစ်တဲ့ ရေနက်ဆိပ်ကမ်းရှိမှ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဆိုတာကလည်း ဆိပ်ကမ်းလိုတယ်လေ။ ဒေသထွက်ကျောက်မီးသွေး‌ တွေ သုံးလို့မလုံလောက်ရင် နိုင်ငံတကာက သယ်ရ မယ်ဆိုရင် ဆိပ်ကမ်းရှိဖို့လိုတယ်။ ရေနံချက်စက်ရုံ ဆိုတာကလည်း ဆိပ်ကမ်းရှိမှရတယ်လေ။ နောက် တစ်ခါ သီလဝါကရေတိမ်တယ်။ တန်ချိန်(၂)သောင်း လောက်ပဲ အကြီးဆုံးသင်္ဘောသွားလို့ရတာဆိုတော့ ရေနက်ဆိပ်ကမ်းကျတော့ တန်ချိန်(၈)သောင်း၊ (၁)သိန်းလောက်အထိ ဝင်လို့ရတဲ့သင်္ဘောတွေဝင်လာ နိုင်တာဆိုတော့ Logistic Cost အရ အများကြီး သက်သာနိုင်တယ်လေ။ ပြီးတော့မှ အဲဒါတွေနဲ့ သက် သာတဲ့ဆီဖိုး၊ သက်သာတဲ့မီးဖိုး၊ သက်သာတဲ့ရေဖိုး တွေနဲ့ စက်မှုဇုန်ကြီးမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် ကော်မတီတွေကို ခေါ်လို့ရတယ်ပေါ့နော်။ အဓိက ကတော့ မြန်မာပြည်က ဒီပရောဂျက်ကြီးကို Local Developer အနေနဲ့ အကောင်အထည်ဖော်လိုက် တာ။ အဲဒီလို အကောင်အထည်ဖော်တဲ့လုပ်ငန်းမှာ ရုရှားကုမ္ပဏီတွေက ရှေ့ကဆိပ်ကမ်းနဲ့ လိုအပ်တဲ့Main Infrastructure တွေကို လာရောက်ရင်းနှီး မတည်ပေးတယ်လို့ ယူဆလို့ရတယ်။ ပြီးတော့မှ အဲဒီ နောက်မှာဖြစ်လာမယ့် Special Economic Zone ဆိုတဲ့ Law ထွက်ပြီးသားSpecial Economic Zone မှာ နိုင်ငံတကာက စက်ရုံတွေလာတည်မယ်။ သက်သာတဲ့မြေငှားခနှုန်းထားနဲ့ သူတို့ရမယ်။ ပြီးရင် ဒီမှာလာပြီးတော့ ရှိလာတဲ့ Raw တွေကို ဈေး သက်သက်သာသာနဲ့သယ်လာပြီးတော့ ဒီမှာထုတ် လုပ်ပြီးတော့ နိုင်ငံခြားကိုပြန်ထွက်သွားမယ်ဆိုရင် ဘာအခွန်အခမှ ပေးစရာမလိုဘဲနဲ့ Production Cost ကို အခုလို အမေရိကားတို့ဘာတို့ Trade War ဖြစ်နေတဲ့အချိန် ဒီလိုနေရာမျိုးမှာလာပြီး ထုတ်လုပ် ပြီးတော့ သက်သက်သာသာနဲ့ နိုင်ငံတကာကို ပြန်ဖြန့် လို့ရသွားမယ်ဆိုတဲ့ နေရာမျိုးပေါ့။ အဲဒီအတွက်ကြောင့် Deep Sea Port တစ်ခုရဲ့နောက်မှာSpe- cial Economic Zone တွဲလိုက်တဲ့အတွက် ပိုပြီး တော့ အကျိုးဖြစ်သွားစေတယ်။ ပြီးရင် အာဆီယံကို လွယ်လွယ်ကူကူပို့လို့ရမယ်။ မြန်မာပြည်ထဲကို ပြန်ပို့ ရင်သာ အခွန်ဆောင်ရမှာလေ။ မြန်မာပြည်က ဘာရ လဲလို့မေးရင် လျှပ်စစ်မီး‌ရောင်းစားတဲ့ပိုက်ဆံရမယ်၊ ဆီရောင်းစားတာတွေရမယ်၊ ရေ Supply တွေရမယ်၊ နောက်တစ်ခါ ပညာရှင်နဲ့ Labour အားလုံးပေါင်း (၃)သိန်းလောက် အလုပ်ရမယ်။ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာတွေအကုန်လုံး ဒီကိုပြန်လာပြီး အလုပ်လုပ်မယ်ဆိုရင် နိုင်ငံခြားသားကုမ္ပဏီတွေ ဖြစ်တဲ့အတွက် နိုင်ငံတကာအတိုင်း လခပေးရမှာဖြစ် တဲ့အတွက် နိုင်ငံခြားအထိထွက်ပြီး အလုပ်လုပ်စရာ မလိုတော့ဘဲ ကိုယ့်မြေကိုယ့်ရေပေါ်မှာ လခကောင်း ကောင်းနဲ့ ခံစားချက်ကောင်းကောင်း၊ အာမခံချက် ကောင်းကောင်းနဲ့ အလုပ်ရကြမယ်။ အဲဒီမှာပဲ ကျောင်းတွေထားဘာတွေထားနဲ့ပဲ အကုန်လုံး မြို့ကြီး တစ်မြို့လိုပေါ်ပေါက်လာမှာပေါ့။ ဒီကနေရလာ တဲ့ငွေနဲ့တင် မိဘတွေဆီပြန်ပို့ကြမယ်။ သုံးကြမယ်၊ စားကြမယ်ဆို တိုင်းပြည်ရဲ့ဂျီဒီပီလည်း (၂၀)၊ (၂၅)လောက်တက်လာမယ်။ မြန်မာပြည်ရဲ့ အစကောင်း ခြင်းပေါ့နော်။ ပြန်လည်ထူထောင်မှု စီးပွားရေးအစ‌ ကောင်းခြင်းကို ဒီကနေစလိမ့်မယ်လို့ ကျွန်တော်တော့ မျှော်လင့်တယ်။

မေး- စာချုပ်ချုပ်ခဲ့တာကို ကြည့်လိုက်ခြင်းအား ဖြင့် နှစ်နိုင်ငံသဘောတူစာချုပ်တော့ ချုပ်ခဲ့ကြပြီ၊ ဒါပေမဲ့ စာချုပ်ပဲရှိသေးတယ်။ တကယ့် Action Plan ကကော ထိထိရောက်ရောက် အောင်အောင်မြင် မြင် အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတဲ့ မေးခွန်း တွေရှိတယ်။ အဲဒီတစ်ချက်ကိုကော ဘယ်လိုမြင်လဲ။
ဖြေ- ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ဖို့လိုတာပေါ့။ စာချုပ်ချုပ်တယ်ဆိုတာက ပထမအဆင့်တော့ အောင်မြင်သွားတာပေါ့ဗျာ။ မင်္ဂလာဆောင်သလိုပေါ့။ စေ့စပ်ကြောင်းလမ်းခြင်းကနေစလိုက်တာပေါ့။ ဒါကစေ့စပ်ကြောင်းလမ်းတာပေါ့။ လက်ထပ်တဲ့ပွဲမတိုင်ခင်မှာတော့ နှစ်ဦးနှစ်ဖက် နား လည်မှုတွေယူမယ်။ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်တွေကနေ ငွေချေးဖို့တွေကို သေချာအောင်လုပ်ရမယ်။ အဲဒီလို လုပ်ဖို့အတွက် ပရောဂျက်တိုင်း ပရောဂျက်တိုင်းမှာ တော့ ဖြစ်နိုင်ခြေကနေ လုပ်ရတယ်လေ။ အဲဒီတော့ ဒီပရောဂျက်ရဲ့ ဖြစ်နိုင်စွမ်းကိုလေ့လာပြီးတော့ ဘယ်လောက်အထိဖြစ်နိုင်ခြေရှိတယ်၊ ဘယ်လောက် ရာခိုင်နှုန်းအထိ တိုင်းပြည်ကိုအကျိုးပြုတယ် ‌နောက် တစ်ခါ ချေးထားတဲ့ပိုက်ဆံတွေကို ပြန်လည်ပေးဆပ် ဖို့အတွက် ဘယ်နှနှစ်အတွင်းမှာ ပြန်လည်ပေးဆပ် နိုင်တယ် ဒီလိုအချက်အလက်တွေကိုအခြေခံပြီး တော့ ငွေရေးကြေးရေးဆိုင်ရာ လေ့လာမှုစာတမ်းလေး ကို ဘဏ်တွေကိုတင်ပြတဲ့အခါမှာ ဘဏ်တွေက ဒီ ကောင် အတိုးဘယ်လောက်အထိပေးလို့ရတယ်၊ ဒီ ပရောဂျက်က ဆုံးရှုံးနိုင်စရာမရှိဘူး အောင်မြင်နိုင် တယ်လို့သုံးသပ်ရင် ငွေထုတ်ချေးမယ်။ ထုတ် ချေးတဲ့ငွေနဲ့ ဒီပရောဂျက်ကို အကောင်အထည်ဖော် ပြီးသွားရမှာပေါ့။ အဲဒီ‌တော့ ဒီကြားထဲမှာလည်း ခုနက ကျွန်တော်ပြောသလို အနှောင့်အယှက်တွေကလည်း အများကြီးပေါ်လာမှာဖြစ်တဲ့အတွက် ဒါကိုကြံ့ကြံ့ခံပြီး မြန်မာပြည်သားအားလုံးက မျိုးချစ်စိတ်အပြည့်နဲ့ တိုင်းပြည်ချစ်စိတ်အပြည့်နဲ့ ဒါကိုမဖြစ်ဖြစ်အောင် ဝိုင်းဝန်းကြိုးစားကြမယ်ဆိုတဲ့စိတ်လေးတွေနဲ့ ဝိုင်း ဝန်းကျော်လွှားမယ်ဆိုရင် ဖြစ်ပါတယ်။ အရေးအကြီး ဆုံးက ဖြစ်ချင်စိတ်ပါပဲ။ ဗိုလ်ချုပ်မှူးကြီးရဲ့ အင်တာ ဗျူးမှာလည်း ပြောထားတယ်လေ။ ဖြစ်ချင်စိတ်က အရေးကြီးပါတယ်ဆိုတာ။ အဲဒီဖြစ်ချင်စိတ်ကလေးပဲ အရေးကြီးတာပါ။ အဲဒီတော့ တိုင်းပြည်ကို တကယ် ချစ်ကြဖို့လိုတာပေါ့ဗျာ။

မေး- ကျွန်တော်နောက်တစ်ခုစဉ်းစားမိတာပေါ့။ ထားဝယ်မှာလုပ်မယ့် ရေနံချက်စက်ရုံပဲ ဥပမာပေး ကြပါစို့။ ဒီကောင်ဆိုရင် နံပါတ်တစ်က စက်ရုံတည်ဖို့ အတွက်က ကုန်ကျစရိတ်က ဒေါ်လာသန်း ရာချီလိမ့် မယ်လို့ အကြမ်းဖျင်းတွက်ချက်တယ်။ ဒီပိုက်ဆံက မြန်မာက Investment လုပ်မှာလား၊ ရုရှားကလုပ်မှာ လား၊ မြန်မာ-ရုရှား Joint လုပ်ထားတဲ့ ကုမ္ပဏီတွေက လုပ်မှာလား။ ငွေကိုဘယ်သူကချေးပေးမှာလဲ။ ရုရှား ဘဏ်တွေကလား။ နိုင်ငံတကာဘဏ်တွေတက်ချေး မှာလား စသည်ဖြင့် အဲဒီလုပ်ငန်းစဉ်ကြီးတစ်ခုလုံးက တော်တော်လေး စဉ်းစားစရာသိပ်ကောင်းနေတယ် ပေါ့နော်။ ဘယ်သူတာဝန်ခံမှာလဲဆိုတဲ့ တစ်ချက်။ နောက်တစ်ချက်က ဘာကြောင့်ရုရှားတွေက ဒီမှာလာ ပြီးတော့ စက်ရုံတည်ပြီးတော့ ရေနံချက်ရတာလဲဆိုတဲ့ တွက်ချက်မှုပေါ့။ သူတို့ဘာကိုတွက်ချက်ထားလို့ ဒီမှာ လာတည်တာလဲဆိုတဲ့မေးခွန်း အဲဒါလည်း စိတ်ဝင် စားတယ်။ ဘယ်လိုမြင်မိလဲ။
ဖြေ- ဒါကတော့လေ Businessmen တွေ အကုန်လုံးက တစ်ကမ္ဘာလုံးပတ်ပြီး စီးပွားရှာနေကြ တာကိုး။ တစ်နှစ်တစ်နှစ် စင်ကာပူမှာ ဆီရောင်းရတဲ့ ငွေပေါ့။ စင်ကာပူက အာရှရဲ့ Oil and Gas Hub ပုံစံမျိုးဖြစ်နေတော့ စင်ကာပူမှာလည်း ရေနံချက် စက်ရုံတွေရှိတယ်လေ။ စင်ကာပူကဘာမှမထွက်ဘူး။ အကုန်လုံးကို အရှေ့အလယ်ပိုင်းကယူတယ်၊ ရုရှား ကယူတယ်။ ပြီးရင် သူ့ဆီမှာရေနံချက်ပြီး ဆီတွေကိုအရှေ့တောင်အာရှကိုဖြန့်ပြီးတော့ စင်ကာပူနိုင်ငံက ဝင်ငွေကောင်းနေတာ။ ဒါတွေကို တခြားနိုင်ငံက ရင်း နှီးမြှုပ်နှံတဲ့လူတွေကလည်း ဒီနေရာမှာသင်္ဘောတွေအများကြီးလာမယ်၊ အာဆီယံတစ်ခုလုံးကို လက်လှမ်း မီတဲ့‌နေရာဖြစ်တဲ့အတွက် ဒီနေရာကနေလာပြီး ရေနံ တွေချက်ပြီး ဒီနေရာကနေဖြန့်မယ်ဆိုရင် အလုပ်ဖြစ် လိမ့်မယ်လို့ သူတို့ကြိုမြင်ထားတဲ့ဟာရှိတာကို။ အဲဒီ အတွက်ကြောင့် သူတို့ ဒီမှာလာပြီးသန်းပေါင်းရာချီတဲ့ ရေနံချက်စက်ရုံကြီးကို ရင်းတာပေါ့နော်။ ဘယ်နိုင်ငံ မှာမဆို စီမံကိန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ ဘယ် တော့မှ ကိုယ်ပိုင်ငွေနဲ့ရင်းကြတာမဟုတ်ဘူး။ မြန်မာ ပြည်မှာသာ သိန်း(၁၀ဝ)ရှိရင် သိန်း (၁၀ဝ) ဖိုးအလုပ် လုပ်တယ်ဆိုတာ ဖြစ်တာ။ သူတို့နိုင်ငံမှာ သိန်း(၁၀ဝ) ရှိရင် အဲဒီသိန်း (၁၀ဝ) ပြပြီးတော့ စီမံကိန်းရဲ့ဖြစ် မြောက်နိုင်စွမ်းနဲ့ အောင်မြင်နိုင်စွမ်းကို တင်ပြပြီးရင် သိန်း (၉၀ဝ) လောက်ကို ဘဏ်ကနေချေးပြီးတော့ သိန်း(၁၀ဝဝ)ဖိုးအလုပ်လုပ်တာလေ။ ကိုယ့်မှာလည်း သိန်း (၁၀ဝ) လောက်ရှိတယ်။ ကိုယ့်စီမံကိန်းက လည်း ဖြစ်နိုင်စွမ်းမြင့်မားပြီး အရင်းကျေကာလ လည်းမြန်မယ်၊ ပြန်လည်ပေးဆပ်နိုင်စွမ်းလည်းရှိ တယ်ဆိုရင် အဲဒါကိုယုံကြည်တဲ့ဘဏ်တွေက ငွေချေး တယ်။ ငွေချေးတယ်ဆိုတော့ နိုင်ငံတကာဘဏ်တွေ နဲ့ International Financial Institution တွေ ဆိုတာလည်း ငွေကိုငွေနဲ့ပဲ ရင်းစားနေတာဖြစ်တဲ့အ တွက် ဒီလိုမျိုးချေးမယ့် ပရောဂျက်တွေမရှိရင် သူတို့ လည်းရပ်တည်လို့မရဘူး။ အဲဒီတော့ သူတို့ရဲ့စီးပွား ရေးအရ သူတို့ကငွေချေးကိုချေးရမှာ။ ချေးမယ့်သူ မရှိလို့ မရဘူး။ ဒါပေမဲ့ ခိုင်မာသေချာတဲ့စီမံကိန်းကို သူတို့ချေးမိဖို့လိုတာ။ အဲဒါလေးကို သူတို့က လေ့လာပြီး ဒီဟာမှာယုံကြည်တယ်ဆို ငွေချေးကြ မယ်။ နောက်တစ်ခုက စီမံကိန်းသာကောင်းပါစေ ငွေ ရှာရတာ၊ ငွေချေးရတာ မခက်ခဲဘူး။ မြန်မာပြည်ဖြစ် လို့ မလိုလားချင်တဲ့သူတွေ ဥရောပတို့ဘာတို့က မချေးချင်ဘူးဆိုရင်တောင် Public Financial Institution တွေရှိတယ်။ သူတို့အစိုးရက မချေး ပေမယ့် လှည့်ပတ်ပြီးချေးချင်တဲ့ ငွေကိုရင်းစားနေတဲ့ ငွေတိုးပေးစားတဲ့သူတွေပေါ့ဗျာ။ ဂျပန်မှာဆိုရင် ဂျပန် ဘဏ်တွေက ငွေလာစုရင်အတိုးမပေးတဲ့အပြင် ထိန်း သိမ်းခတောင်ပြန်တောင်းတာရှိတယ်။ ဂျပန်အပြင် တခြားနိုင်ငံတွေမှာ။ ပိုက်ဆံပေါတဲ့သူတွေက အဲဒါမျိုး အတိုးလေး၊ ငါးရာခိုင်နှုန်းရမယ်ဆို ခုန်ပေါက်ပြီး တော့ကို လာချေးကြမှာ။ အဓိကက သူတို့ကြည့်မှာက ပရောဂျက်ရဲ့အောင်မြင်နိုင်မှု ဘယ်လောက်အခြေ အနေကောင်းလဲ။ အဲဒီလိုအခြေအနေကောင်းရင် ဒီ ကောင်ငါ့ကိုပြန်ပေးနိုင်မယ့်အခြေအနေဘယ် လောက်ရှိသလဲ။ အဲဒီလိုမူတည်ပြီးသွားကြတာ။ အဲဒါ ကြောင့် ပရောဂျက်စီမံကိန်းတွေလုပ်မယ်ဆိုရင် easibility Study နဲ့ Financial Analysis ကို သေချာလုပ်နိုင်ရင် အဲဒါသည်လည်း တကယ့်လက်တွေ့နဲ့မကင်းကွာဘူးဆိုရင် ဘဏ်တွေကချေးငွေ ရဖို့ ဆိုတာ မခက်ခဲဘူး။ အဲဒီလိုရှိပါတယ်။

မေး- နောက်တစ်ချက်က စိတ်ဝင်စားဖို့ကောင်း တာက မလက္ကာရေလက်ကြားကိုဖြတ်ပြီးတော့ စင် ကာပူ၊ မလေးရှားကိုဖြတ်ပြီးတော့ ကုန်တင် သင်္ဘောတွေက သွားနေကြတာ။ တရုတ်ပြည် အာရှ ဟိုဘက်ခြမ်းနဲ့ ဒီဘက်က ဥရောပဘက်ခြမ်းကို အဲဒီ ကနေဖြတ်ပြီးသွားနေရတာ။ ထားဝယ်က အရေးကြီး တယ်လို့ပြောရင်တောင် ကုန်းတွင်းဒီဘက်ကိုပဲ သွား ကြမှာ။ ပင်လယ်ရေကြောင်းကုန်သွယ်‌ရေးမှာ ပင်လယ်ကနေဖြတ်ပြီး သင်္ဘောတွေနဲ့သယ်တာက ပိုမြန် ပြီး ကျွန်တော်တို့ဆီမှာ ကုန်းတွင်းကနေ ပြန်သယ်ပြီး ဒီဘက်အာဆီယံတွေကို ပြန်ပို့တယ်ဆိုတာ ကနည်းနည်းတော့ ရာနှုန်းအားဖြင့်တော့ အရမ်းကြီး မလက္ကာတစ်ခုလုံးကို သွားထိခိုက်မယ်လို့ မမြင်ဘူး။ ကျွန်တော့်အမြင်ပေါ့။ ဒါပေမဲ့ တချို့ကတော့ မလက္ကာကြီးတစ်ခုလုံး စုပ်ပြတ်သပ်သွားနိုင်တယ်။ ပိတ်သွားနိုင်တယ်ဆိုပြီး ရှုမြင်ကြတယ်။ ကျွန်တော် ကတော့ အဲဒီလိုမမြင်ထားဘူးပေါ့။ ဒီဟာကိုကော ဘယ်လိုမြင်မိလဲ။ တကယ်တမ်းကျတော့ ထားဝယ် က အဲဒီလောက်ကြီးမဟုတ်ဘူးဆိုတဲ့ အတွေးမျိုး ကျွန်တော်တို့မြင်ထားတယ်။
ဖြေ- အဲဒီလိုမျိုးမြင်ကြတာလည်း တစ်မျိုးကောင်း ပါတယ်။ သိပ်အနှောင့်အယှက်မပေးဘူးပေါ့ဗျာ။ ဒါ ပေမဲ့ ဘာအရေးကြီးလဲဆိုတော့ အချိန်ပေါ့။ ကျွန် တော်တို့ မြန်မာပြည်မှာသာအချိန်က အရမ်းပေါ သလိုဖြစ်နေတာ။ နိုင်ငံတကာမှာကျတော့ အချိန်ကို အရမ်းအလုအယက်လုပ်ကြတာ။ အချိန်ကတန်ဖိုးရှိ တယ်။ သင်္ဘောတစ်စင်းက မလက္ကာရေလက်ကြား ကနေဖြတ်ပြီး ဟိုးအပေါ်ဘက်ကိုတက်ဖို့ဆိုလို့ရှိရင် ဘာပဲပြောပြော အချိန်နှစ်ရက်ကနေ သုံးရက်ကြာ တယ်။ မောင်းနေရတာဆီကုန်တယ်လေ။ အချိန်ကုန် တယ်၊ ဆီကုန်တယ်။ သင်္ဘောက ထားဝယ်မှာကပ်မယ်။ ဆိပ်ကမ်းချမယ်။ နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း ဆိုတာလည်း သင်္ဘောတစ်စင်းကို ငါးနာရီကနေ ရှစ် နာရီကြားမှာ အကုန်ချမယ်။ အဲဒါတွေချပြီးသွားရင် ရထားလမ်းနဲ့ ဟိုးဘက်ဗီယက်နမ်ဘက်အထိ သွား မယ်။ ဗီယက်နမ်ဘက်အထိသွားမယ်ဆိုရင် (၂၄) နာရီအတွင်းမှာရောက်မယ်။ ရောက်ပြီး ဟိုးဘက်မှာ ကုန်ပြန်တင်ပြီး ပြန်ထွက်သွားမယ်ဆိုရင် အချိန် တစ် ရက်၊ တစ်ရက်ခွဲလောက်ကျုံ့သွားပြီ။ ဒီသင်္ဘောတွေ က ပြန်လှည့်ပြီး နေ့ချင်းသုံးလို့ရသွားပြီ။ ဒါကဟိုဘက် ထိပ် ဒီဘက်ထိပ်ကိုပြောတာ။ ထိုင်းနိုင်ငံလို နိုင်ငံမျိုး ကျတော့၊ ကမ္ဘောဒီးယားလိုနိုင်ငံမျိုးကျတော့ အရှေ့ အလယ်ပိုင်းကနေ လာမယ်ဆိုရင် အဲဒီမှာကပ်လိုက် ပြီးရင် အဲဒီကနေရထားနဲ့သယ်သွားလိုက်တာနဲ့ ကျန် တဲ့နိုင်ငံတွေထက် သူကပိုအကျိုးရှိတာ။ ထိုင်းတို့၊ ကမ္ဘောဒီးယားတို့၊ ဗီယက်နမ်တို့အတွက်ကျ တကယ့် ကို ရွှေအိုးကြီးပဲ ဒီပရောဂျက်က။ အချိန်တိုတိုလေး နဲ့ခဏလေးပဲ ဒီနေ့မနက်သင်္ဘောတင်မယ် ညနေဆို သူ့ဆီရောက်ပြီ။ အောက်ကပတ်နေတဲ့ကောင်က နောက်သုံးရက်မှရောက်မှာ။ အဲဒီတော့ မလက္ကာ ဒေသတစ်ခုလုံး ဒုက္ခမရောက်ပေမယ့် (၃၀) ကနေ၊ (၄၀) ရာခိုင်နှုန်းလောက် သူတို့ဝင်ငွေလျော့သွားမှာတော့ သေချာတယ်။
(ဆက်လက်ဖော်ပြပါမည်)

zawgyi version
႐ုရွားေတြရင္းႏွီးျမႇဳပ္ႏွံမယ့္ ထားဝယ္ SEZ အနာဂတ္ကို ေဆြးေႏြးျခင္း
ယြန္း (NP News)- မတ္ ၁၉

ျမန္မာ - ႐ုရွားႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္သြားမည့္ ထားဝယ္အထူးစီးပြားေရးဇုန္ ႏွင့္ပတ္သက္၍ ျဖစ္ေပၚလာႏိုင္သည့္ အေႏွာင့္အယွက္မ်ား၊ စိန္ေခၚမႈမ်ားႏွင့္ ျဖစ္ႏိုင္ေျခမ်ားကို ထိပ္တန္းစီးပြားေရးလုပ္ငန္း ရွင္ႀကီးတစ္ဦးႏွင့္ NP News က ေမးျမန္းေဆြးေႏြးထားသည္မ်ားအား ေကာက္ႏုတ္‌ေဖာ္ျပအပ္ပါသည္။

ေမး- ႐ုရွားမွာ ဗိုလ္ခ်ဳပ္မႉးႀကီးကသြားၿပီးေတာ့ ထားဝယ္စီမံကိန္းကို ေတာ္ေတာ္ေလးအားထည့္ေျပာ ခဲ့တာေတြ႕တယ္။ လုပ္ငန္းရွင္ေတြလည္း ပါသြားတာ ေတြ႕ရတယ္။ ထားဝယ္နဲ႔ပတ္သက္ၿပီး အားနဲ႔အင္ နဲ႔လုပ္မယ့္သေဘာကို သြားေတြ႕ရတယ္။ အဲဒီေတာ့ လုပ္ငန္းရွင္တစ္ေယာက္အေနနဲ႔ ႐ုရွားနဲ႔ျမန္မာ ပူးေပါင္းလုပ္ေဆာင္မႈေၾကာင့္ ထားဝယ္စီမံကိန္းရဲ႕ အလားအလာဘာျဖစ္မလဲ။
ေျဖ- ဒီစီမံကိန္း အေကာင္အထည္ေပၚေအာင္ ျမင္သြားရင္ေတာ့ ျမန္မာျပည္ရဲ႕ ဂ်ီဒီပီ ၂၀%၊ ၂၅% ေလာက္တက္သြားမယ္။ ျမန္မာျပည္တစ္ခုလုံးရဲ႕ ဖြံ႕ ၿဖိဳးတိုးတက္မႈက ဒီေနရာမွာျပန္ၿပီးေတာ့ အေျချပဳၿပီး ေကာင္းသြားႏိုင္တဲ့အလားအလာရွိတယ္။ ဘာျဖစ္လို႔ လဲဆိုေတာ့ ဒါကေက်ာက္ခဲတစ္လုံးတည္းနဲ႔ ငွက္သုံး ေကာင္ပစ္သလိုပဲ။ ပထမတစ္လုံးက ကိုယ့္တိုင္းျပည္ တိုးတက္ဖြံ႕ၿဖိဳးဖို႔အတြက္ တကယ္ကို အေထာက္ အကူျပဳတဲ့ စီမံကိန္းႀကီးျဖစ္တယ္။ ေနာက္ တစ္ခုကက်ေတာ့ စင္ကာပူတို႔ မလကၠာေရလက္ၾကားကို ျဖတ္ၿပီးသြားတဲ့ကိစၥျဖစ္တဲ့အတြက္ ထိုင္းႏိုင္ငံ အတြက္လည္း အရမ္းအက်ိဳးရွိမယ္။ လာအိုလို ကုန္း တြင္းပိုင္းႏိုင္ငံအတြက္လည္း အ‌ေပၚကေန ဆင္းလာ တဲ့ရထားလမ္းနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ ဆိပ္ကမ္းတစ္ခု ရသြားမယ္။ ဗီယက္နမ္တို႔၊ ကေမာၻဒီးယားတို႔အတြက္ ကိုလည္း အေရွ႕အလယ္ပိုင္းဘက္ကလာတဲ့ သြင္း ကုန္ေတြအတြက္ ရထားလမ္းတို႔၊ ကုန္ကားလမ္းတို႔ နဲ႔ခ်ိတ္ဆက္ၿပီးသြားမွာျဖစ္တဲ့အတြက္ အရမ္းေကာင္း သြားမယ္။ အဓိကကေတာ့ အဲဒီအတြက္လည္း အ က်ိဳးစီးပြားေတြ အမ်ားႀကီးရမယ္။ ဒါက ဒုတိယ ေက်ာက္ခဲေပါ့။ တတိယတစ္ခုက်ေတာ့ စင္ကာပူတို႔ ေအာက္ဘက္ကတိုင္းျပည္ေတြေပါ့ Malacca Strait ကို အားျပဳထားၿပီးေတာ့မွ ဝင္ေငြေတြအမ်ား ႀကီးရေနတဲ့တိုင္းျပည္ေတြအတြက္က်ေတာ့ ဒုကၡေရာက္သြားမယ္။ သူတို႔အားနည္းသြားမယ္ေပါ့။ ဘာလို႔လဲဆိုေတာ့ သူတို႔က ဟိုးအရင္ အီတာလ်ံ-ထိုင္း လက္ထက္ကတည္းက ဒါႀကီးကို မပ်က္ပ်က္ေအာင္ ဖ်က္ခဲ့ၾကတာေလ။
ဗမာျပည္က Human Resources ေတြကို ေဈး‌ေပါေပါနဲ႔ ေခၚခိုင္းၿပီး သူတို႔တိုင္းျပည္တိုးတက္ ေအာင္လုပ္ေနၾကတာ။ ဒီလူေတြအကုန္လုံး Skill Labour ေတြျဖစ္ၿပီး ဒီ Project Zone ေတြမွာ ႏိုင္ငံ တကာေဈးႏႈန္းေတြနဲ႔ရၿပီး ျပန္ေရာက္လာမယ္ဆိုရင္ ျမန္မာျပည္က ဝင္ေငြတိုးတက္လာမယ္။ သူတို႔ႏိုင္ငံ မွာက်ေတာ့ထုတ္လုပ္မႈေတြက်သြားၿပီးေတာ့ အားနည္းသြားၿပီးေတာ့ Cost ေတြတက္လာမယ္။ ျမန္မာျပည္အတြက္ကေတာ့ အလြန္တရာအက်ိဳးရွိတဲ့ စီမံကိန္းလို႔ ကြၽန္ေတာ္ျမင္ပါတယ္။

ေမး - ထားဝယ္စီမံကိန္းမွာ ႐ုရွားေတြ အဓိကလုပ္ခ်င္တာက ဘယ္က႑ေတြျဖစ္ႏိုင္ေျခရွိလဲ။
ေျဖ- အဓိကကေတာ့ သူတို႔ကေတာ့ ဆိပ္ကမ္း ေဆာက္လုပ္ေရးလုပ္ငန္းတို႔ ကြၽန္ေတာ္ျမင္တာေပါ့ ေနာ္။ ေၾကညာထားတာလည္း သုံးခုရွိတယ္။ လွ်ပ္စစ္ စက္႐ုံ၊ ေနာက္တစ္ခါေရနံခ်က္စက္႐ုံ အဓိကကေတာ့ စက္မႈဇုန္လုပ္ငန္းတစ္ခုလုပ္ၿပီဆိုရင္ Water Sup- ply, Electricity Supply ေတြစသည္ျဖင့္ ျပည့္စုံ မွ တျခားႏိုင္ငံကလူေတြ၊ စက္႐ုံေတြက လာၿပီးရင္းႏွီး ျမႇဳပ္ႏွံမွာ။ သူတို႔က အဲဒီMain Infrastructure ေတြကိုတည္ေဆာက္ေပးမယ္လို႔ ကြၽန္ေတာ္ထင္ တယ္။

ေမး-အဲဒီမွာ ေရနံခ်က္စက္႐ုံလုပ္မယ္တို႔၊ န်ဴကလီးယား လွ်ပ္စစ္ဓာတ္အားေပး႐ုံလုပ္မယ္တို႔၊LNG Terminal ေတြလုပ္မယ္တို႔ သတင္းေတြထဲမွာ ေရး ေနတာေတြ႕ရတယ္။ မ်ားေသာအားျဖင့္ စာခ်ဳပ္ ေတြရဲ႕သေဘာသဘာဝမွာ ေတြ႕ေနရတယ္။ ဒါေတြ ကေကာ ထားဝယ္ပဲလား။ တကယ့္ေရနံခ်က္စက္႐ုံတို႔ ဘာတို႔ရည္မွန္းခ်က္က အဲဒါပဲလား။ ျဖစ္ႏိုင္ေျခေပါ့။
ေျဖ- ကြၽန္ေတာ္နားလည္တာေတာ့ သူတို႔ေရး ထားတဲ့အထဲမွာေတာ့ ထားဝယ္ SEZ က လွ်ပ္စစ္က န်ဴကလီးယားေတာ့ မပါဘူး။ ဒါေပမဲ့ ေရနံခ်က္စက္႐ုံပါတယ္။ ဘာလို႔ေရနံခ်က္စက္႐ုံပါလဲဆိုေတာ့ ဒီဆိပ္ကမ္းကိုလာၾကမယ့္ သေဘၤာေတြ အမ်ားႀကီးရွိတယ္။ ဒီသေဘၤာေတြကိုSupply လုပ္ဖို႔အတြက္ ဒီဇယ္၊ ဓာတ္ဆီေတြလိုမယ္။ ေနာက္တစ္ခါ Southeast Asia Market အတြက္ ဒီဇယ္ေအာက္တိန္း Supply ကို ဒီေနရာမွာခ်က္ၿပီး ပိုက္လိုင္းနဲ႔သာ အဲဒီတစ္ဝိုက္ကိုျဖန႔္ႏိုင္ရင္ အေရွ႕အ လယ္ပိုင္းတို႔ကေန သေဘၤာႀကီးနဲ႔သယ္ၿပီး ပတ္ၿပီးပို႔ရ တဲ့ ကုန္က်စရိတ္ထက္ အမ်ားႀကီး သက္သာသြားမယ္။ ဒီေနရာမွာ Strateg- ically လာၿပီးလုပ္ၾက တဲ့သေဘာလို႔ယူဆလို႔ရတယ္။ Geographic အရ ဒီေနရာက တကယ္ကို Stra- tegy ျဖစ္ခဲ့တာဆိုေတာ့ေလ။

ေမး- ကြၽန္ေတာ္စိတ္ဝင္စားတာက ထားဝယ္ ေရနက္ဆိပ္ကမ္းစီမံကိန္းဆိုတာ ယခင္ထဲက ေရနက္ ဆိပ္ကမ္းစီမံကိန္းနဲ႔ အထူးစီးပြားေရးဇုန္ဆိုၿပီး ႏွစ္မ်ိဳး ရွိတယ္။ ေရနက္ဆိပ္ကမ္းစီမံကိန္းဆိုတာက ကုန္ တင္သေဘၤာအႀကီးႀကီးေတြကပ္ဖို႔၊ အထူးစီးပြားေရး ဇုန္ဆိုတာက စက္မႈလုပ္ငန္းေတြ မ်ားေသာအားျဖင့္ ၿမိဳ႕ျပအိမ္ရာအႀကီးႀကီးေတြ တကယ့္အႀကီးစား Project အျဖစ္လုပ္ခဲ့ၾကတာ။ ႐ုရွားေတြ လာမယ့္ အပိုင္းက အထူးစီးပြားေရးဇုန္ထဲကိုပဲ အာ႐ုံစိုက္တာ မ်ိဳးလား၊ ဆိပ္ကမ္းကိုပဲ အာ႐ုံစိုက္တာမ်ိဳးလား ဆို တဲ့ဟာကို မရွင္းလင္းေသးဘူးလို႔ သြားေတြ႕ရတယ္။
ေျဖ- ကြၽန္ေတာ္ခုန‌ေျပာသလိုေလ။ အဓိက Main Infrastructure ျဖစ္တဲ့ ေရနက္ဆိပ္ကမ္းရွိမွ ေက်ာက္မီးေသြး ဓာတ္အားေပးစက္႐ုံဆိုတာကလည္း ဆိပ္ကမ္းလိုတယ္ေလ။ ေဒသထြက္ေက်ာက္မီးေသြး‌ ေတြ သုံးလို႔မလုံေလာက္ရင္ ႏိုင္ငံတကာက သယ္ရ မယ္ဆိုရင္ ဆိပ္ကမ္းရွိဖို႔လိုတယ္။ ေရနံခ်က္စက္႐ုံ ဆိုတာကလည္း ဆိပ္ကမ္းရွိမွရတယ္ေလ။ ေနာက္ တစ္ခါ သီလဝါကေရတိမ္တယ္။ တန္ခ်ိန္(၂)ေသာင္း ေလာက္ပဲ အႀကီးဆုံးသေဘၤာသြားလို႔ရတာဆိုေတာ့ ေရနက္ဆိပ္ကမ္းက်ေတာ့ တန္ခ်ိန္(၈)ေသာင္း၊ (၁)သိန္းေလာက္အထိ ဝင္လို႔ရတဲ့သေဘၤာေတြဝင္လာ ႏိုင္တာဆိုေတာ့ Logistic Cost အရ အမ်ားႀကီး သက္သာႏိုင္တယ္ေလ။ ၿပီးေတာ့မွ အဲဒါေတြနဲ႔ သက္ သာတဲ့ဆီဖိုး၊ သက္သာတဲ့မီးဖိုး၊ သက္သာတဲ့ေရဖိုး ေတြနဲ႔ စက္မႈဇုန္ႀကီးမွာ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံမယ့္ ေကာ္မတီေတြကို ေခၚလို႔ရတယ္ေပါ့ေနာ္။ အဓိက ကေတာ့ ျမန္မာျပည္က ဒီပေရာဂ်က္ႀကီးကို Local Developer အေနနဲ႔ အေကာင္အထည္ေဖာ္လိုက္ တာ။ အဲဒီလို အေကာင္အထည္ေဖာ္တဲ့လုပ္ငန္းမွာ ႐ုရွားကုမၸဏီေတြက ေရွ႕ကဆိပ္ကမ္းနဲ႔ လိုအပ္တဲ့Main Infrastructure ေတြကို လာေရာက္ရင္းႏွီး မတည္ေပးတယ္လို႔ ယူဆလို႔ရတယ္။ ၿပီးေတာ့မွ အဲဒီ ေနာက္မွာျဖစ္လာမယ့္ Special Economic Zone ဆိုတဲ့ Law ထြက္ၿပီးသားSpecial Economic Zone မွာ ႏိုင္ငံတကာက စက္႐ုံေတြလာတည္မယ္။ သက္သာတဲ့ေျမငွားခႏႈန္းထားနဲ႔ သူတို႔ရမယ္။ ၿပီးရင္ ဒီမွာလာၿပီးေတာ့ ရွိလာတဲ့ Raw ေတြကို ေဈး သက္သက္သာသာနဲ႔သယ္လာၿပီးေတာ့ ဒီမွာထုတ္ လုပ္ၿပီးေတာ့ ႏိုင္ငံျခားကိုျပန္ထြက္သြားမယ္ဆိုရင္ ဘာအခြန္အခမွ ေပးစရာမလိုဘဲနဲ႔ Production Cost ကို အခုလို အေမရိကားတို႔ဘာတို႔ Trade War ျဖစ္ေနတဲ့အခ်ိန္ ဒီလိုေနရာမ်ိဳးမွာလာၿပီး ထုတ္လုပ္ ၿပီးေတာ့ သက္သက္သာသာနဲ႔ ႏိုင္ငံတကာကို ျပန္ျဖန႔္ လို႔ရသြားမယ္ဆိုတဲ့ ေနရာမ်ိဳးေပါ့။ အဲဒီအတြက္ေၾကာင့္ Deep Sea Port တစ္ခုရဲ႕ေနာက္မွာSpe- cial Economic Zone တြဲလိုက္တဲ့အတြက္ ပိုၿပီး ေတာ့ အက်ိဳးျဖစ္သြားေစတယ္။ ၿပီးရင္ အာဆီယံကို လြယ္လြယ္ကူကူပို႔လို႔ရမယ္။ ျမန္မာျပည္ထဲကို ျပန္ပို႔ ရင္သာ အခြန္ေဆာင္ရမွာေလ။ ျမန္မာျပည္က ဘာရ လဲလို႔ေမးရင္ လွ်ပ္စစ္မီး‌ေရာင္းစားတဲ့ပိုက္ဆံရမယ္၊ ဆီေရာင္းစားတာေတြရမယ္၊ ေရ Supply ေတြရမယ္၊ ေနာက္တစ္ခါ ပညာရွင္နဲ႔ Labour အားလုံးေပါင္း (၃)သိန္းေလာက္ အလုပ္ရမယ္။ ႏိုင္ငံတကာမွာ ေရာက္ေနတဲ့ ျမန္မာေတြအကုန္လုံး ဒီကိုျပန္လာၿပီး အလုပ္လုပ္မယ္ဆိုရင္ ႏိုင္ငံျခားသားကုမၸဏီေတြ ျဖစ္တဲ့အတြက္ ႏိုင္ငံတကာအတိုင္း လခေပးရမွာျဖစ္ တဲ့အတြက္ ႏိုင္ငံျခားအထိထြက္ၿပီး အလုပ္လုပ္စရာ မလိုေတာ့ဘဲ ကိုယ့္ေျမကိုယ့္ေရေပၚမွာ လခေကာင္း ေကာင္းနဲ႔ ခံစားခ်က္ေကာင္းေကာင္း၊ အာမခံခ်က္ ေကာင္းေကာင္းနဲ႔ အလုပ္ရၾကမယ္။ အဲဒီမွာပဲ ေက်ာင္းေတြထားဘာေတြထားနဲ႔ပဲ အကုန္လုံး ၿမိဳ႕ႀကီး တစ္ၿမိဳ႕လိုေပၚေပါက္လာမွာေပါ့။ ဒီကေနရလာ တဲ့ေငြနဲ႔တင္ မိဘေတြဆီျပန္ပို႔ၾကမယ္။ သုံးၾကမယ္၊ စားၾကမယ္ဆို တိုင္းျပည္ရဲ႕ဂ်ီဒီပီလည္း (၂၀)၊ (၂၅)ေလာက္တက္လာမယ္။ ျမန္မာျပည္ရဲ႕ အစေကာင္း ျခင္းေပါ့ေနာ္။ ျပန္လည္ထူေထာင္မႈ စီးပြားေရးအစ‌ ေကာင္းျခင္းကို ဒီကေနစလိမ့္မယ္လို႔ ကြၽန္ေတာ္ေတာ့ ေမွ်ာ္လင့္တယ္။

ေမး- စာခ်ဳပ္ခ်ဳပ္ခဲ့တာကို ၾကည့္လိုက္ျခင္းအား ျဖင့္ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ေတာ့ ခ်ဳပ္ခဲ့ၾကၿပီ၊ ဒါေပမဲ့ စာခ်ဳပ္ပဲရွိေသးတယ္။ တကယ့္ Action Plan ကေကာ ထိထိေရာက္ေရာက္ ေအာင္ေအာင္ျမင္ ျမင္ အေကာင္အထည္ေဖာ္ႏိုင္ပါ့မလားဆိုတဲ့ ေမးခြန္း ေတြရွိတယ္။ အဲဒီတစ္ခ်က္ကိုေကာ ဘယ္လိုျမင္လဲ။
ေျဖ- ထိထိေရာက္ေရာက္ အေကာင္အထည္ ေဖာ္ႏိုင္ဖို႔လိုတာေပါ့။ စာခ်ဳပ္ခ်ဳပ္တယ္ဆိုတာက ပထမအဆင့္ေတာ့ ေအာင္ျမင္သြားတာေပါ့ဗ်ာ။ မဂၤလာေဆာင္သလိုေပါ့။ ေစ့စပ္ေၾကာင္းလမ္းျခင္းကေနစလိုက္တာေပါ့။ ဒါကေစ့စပ္ေၾကာင္းလမ္းတာေပါ့။ လက္ထပ္တဲ့ပြဲမတိုင္ခင္မွာေတာ့ ႏွစ္ဦးႏွစ္ဖက္ နား လည္မႈေတြယူမယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ဘဏ္ေတြကေန ေငြေခ်းဖို႔ေတြကို ေသခ်ာေအာင္လုပ္ရမယ္။ အဲဒီလို လုပ္ဖို႔အတြက္ ပေရာဂ်က္တိုင္း ပေရာဂ်က္တိုင္းမွာ ေတာ့ ျဖစ္ႏိုင္ေျခကေန လုပ္ရတယ္ေလ။ အဲဒီေတာ့ ဒီပေရာဂ်က္ရဲ႕ ျဖစ္ႏိုင္စြမ္းကိုေလ့လာၿပီးေတာ့ ဘယ္ေလာက္အထိျဖစ္ႏိုင္ေျခရွိတယ္၊ ဘယ္ေလာက္ ရာခိုင္ႏႈန္းအထိ တိုင္းျပည္ကိုအက်ိဳးျပဳတယ္ ‌ေနာက္ တစ္ခါ ေခ်းထားတဲ့ပိုက္ဆံေတြကို ျပန္လည္ေပးဆပ္ ဖို႔အတြက္ ဘယ္ႏွႏွစ္အတြင္းမွာ ျပန္လည္ေပးဆပ္ ႏိုင္တယ္ ဒီလိုအခ်က္အလက္ေတြကိုအေျခခံၿပီး ေတာ့ ေငြေရးေၾကးေရးဆိုင္ရာ ေလ့လာမႈစာတမ္းေလး ကို ဘဏ္ေတြကိုတင္ျပတဲ့အခါမွာ ဘဏ္ေတြက ဒီ ေကာင္ အတိုးဘယ္ေလာက္အထိေပးလို႔ရတယ္၊ ဒီ ပေရာဂ်က္က ဆုံးရႈံးႏိုင္စရာမရွိဘူး ေအာင္ျမင္ႏိုင္ တယ္လို႔သုံးသပ္ရင္ ေငြထုတ္ေခ်းမယ္။ ထုတ္ ေခ်းတဲ့ေငြနဲ႔ ဒီပေရာဂ်က္ကို အေကာင္အထည္ေဖာ္ ၿပီးသြားရမွာေပါ့။ အဲဒီ‌ေတာ့ ဒီၾကားထဲမွာလည္း ခုနက ကြၽန္ေတာ္ေျပာသလို အေႏွာင့္အယွက္ေတြကလည္း အမ်ားႀကီးေပၚလာမွာျဖစ္တဲ့အတြက္ ဒါကိုႀကံ့ႀကံ့ခံၿပီး ျမန္မာျပည္သားအားလုံးက မ်ိဳးခ်စ္စိတ္အျပည့္နဲ႔ တိုင္းျပည္ခ်စ္စိတ္အျပည့္နဲ႔ ဒါကိုမျဖစ္ျဖစ္ေအာင္ ဝိုင္းဝန္းႀကိဳးစားၾကမယ္ဆိုတဲ့စိတ္ေလးေတြနဲ႔ ဝိုင္း ဝန္းေက်ာ္လႊားမယ္ဆိုရင္ ျဖစ္ပါတယ္။ အေရးအႀကီး ဆုံးက ျဖစ္ခ်င္စိတ္ပါပဲ။ ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕ အင္တာ ဗ်ဴးမွာလည္း ေျပာထားတယ္ေလ။ ျဖစ္ခ်င္စိတ္က အေရးႀကီးပါတယ္ဆိုတာ။ အဲဒီျဖစ္ခ်င္စိတ္ကေလးပဲ အေရးႀကီးတာပါ။ အဲဒီေတာ့ တိုင္းျပည္ကို တကယ္ ခ်စ္ၾကဖို႔လိုတာေပါ့ဗ်ာ။

ေမး- ကြၽန္ေတာ္ေနာက္တစ္ခုစဥ္းစားမိတာေပါ့။ ထားဝယ္မွာလုပ္မယ့္ ေရနံခ်က္စက္႐ုံပဲ ဥပမာေပး ၾကပါစို႔။ ဒီေကာင္ဆိုရင္ နံပါတ္တစ္က စက္႐ုံတည္ဖို႔ အတြက္က ကုန္က်စရိတ္က ေဒၚလာသန္း ရာခ်ီလိမ့္ မယ္လို႔ အၾကမ္းဖ်င္းတြက္ခ်က္တယ္။ ဒီပိုက္ဆံက ျမန္မာက Investment လုပ္မွာလား၊ ႐ုရွားကလုပ္မွာ လား၊ ျမန္မာ-႐ုရွား Joint လုပ္ထားတဲ့ ကုမၸဏီေတြက လုပ္မွာလား။ ေငြကိုဘယ္သူကေခ်းေပးမွာလဲ။ ႐ုရွား ဘဏ္ေတြကလား။ ႏိုင္ငံတကာဘဏ္ေတြတက္ေခ်း မွာလား စသည္ျဖင့္ အဲဒီလုပ္ငန္းစဥ္ႀကီးတစ္ခုလုံးက ေတာ္ေတာ္ေလး စဥ္းစားစရာသိပ္ေကာင္းေနတယ္ ေပါ့ေနာ္။ ဘယ္သူတာဝန္ခံမွာလဲဆိုတဲ့ တစ္ခ်က္။ ေနာက္တစ္ခ်က္က ဘာေၾကာင့္႐ုရွားေတြက ဒီမွာလာ ၿပီးေတာ့ စက္႐ုံတည္ၿပီးေတာ့ ေရနံခ်က္ရတာလဲဆိုတဲ့ တြက္ခ်က္မႈေပါ့။ သူတို႔ဘာကိုတြက္ခ်က္ထားလို႔ ဒီမွာ လာတည္တာလဲဆိုတဲ့ေမးခြန္း အဲဒါလည္း စိတ္ဝင္ စားတယ္။ ဘယ္လိုျမင္မိလဲ။
ေျဖ- ဒါကေတာ့ေလ Businessmen ေတြ အကုန္လုံးက တစ္ကမာၻလုံးပတ္ၿပီး စီးပြားရွာေနၾက တာကိုး။ တစ္ႏွစ္တစ္ႏွစ္ စင္ကာပူမွာ ဆီေရာင္းရတဲ့ ေငြေပါ့။ စင္ကာပူက အာရွရဲ႕ Oil and Gas Hub ပုံစံမ်ိဳးျဖစ္ေနေတာ့ စင္ကာပူမွာလည္း ေရနံခ်က္ စက္႐ုံေတြရွိတယ္ေလ။ စင္ကာပူကဘာမွမထြက္ဘူး။ အကုန္လုံးကို အေရွ႕အလယ္ပိုင္းကယူတယ္၊ ႐ုရွား ကယူတယ္။ ၿပီးရင္ သူ႔ဆီမွာေရနံခ်က္ၿပီး ဆီေတြကိုအေရွ႕ေတာင္အာရွကိုျဖန႔္ၿပီးေတာ့ စင္ကာပူႏိုင္ငံက ဝင္ေငြေကာင္းေနတာ။ ဒါေတြကို တျခားႏိုင္ငံက ရင္း ႏွီးျမႇဳပ္ႏွံတဲ့လူေတြကလည္း ဒီေနရာမွာသေဘၤာေတြအမ်ားႀကီးလာမယ္၊ အာဆီယံတစ္ခုလုံးကို လက္လွမ္း မီတဲ့‌ေနရာျဖစ္တဲ့အတြက္ ဒီေနရာကေနလာၿပီး ေရနံ ေတြခ်က္ၿပီး ဒီေနရာကေနျဖန႔္မယ္ဆိုရင္ အလုပ္ျဖစ္ လိမ့္မယ္လို႔ သူတို႔ႀကိဳျမင္ထားတဲ့ဟာရွိတာကို။ အဲဒီ အတြက္ေၾကာင့္ သူတို႔ ဒီမွာလာၿပီးသန္းေပါင္းရာခ်ီတဲ့ ေရနံခ်က္စက္႐ုံႀကီးကို ရင္းတာေပါ့ေနာ္။ ဘယ္ႏိုင္ငံ မွာမဆို စီမံကိန္းေတြရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုတာ ဘယ္ ေတာ့မွ ကိုယ္ပိုင္ေငြနဲ႔ရင္းၾကတာမဟုတ္ဘူး။ ျမန္မာ ျပည္မွာသာ သိန္း(၁၀ဝ)ရွိရင္ သိန္း (၁၀ဝ) ဖိုးအလုပ္ လုပ္တယ္ဆိုတာ ျဖစ္တာ။ သူတို႔ႏိုင္ငံမွာ သိန္း(၁၀ဝ) ရွိရင္ အဲဒီသိန္း (၁၀ဝ) ျပၿပီးေတာ့ စီမံကိန္းရဲ႕ျဖစ္ ေျမာက္ႏိုင္စြမ္းနဲ႔ ေအာင္ျမင္ႏိုင္စြမ္းကို တင္ျပၿပီးရင္ သိန္း (၉၀ဝ) ေလာက္ကို ဘဏ္ကေနေခ်းၿပီးေတာ့ သိန္း(၁၀ဝဝ)ဖိုးအလုပ္လုပ္တာေလ။ ကိုယ့္မွာလည္း သိန္း (၁၀ဝ) ေလာက္ရွိတယ္။ ကိုယ့္စီမံကိန္းက လည္း ျဖစ္ႏိုင္စြမ္းျမင့္မားၿပီး အရင္းေက်ကာလ လည္းျမန္မယ္၊ ျပန္လည္ေပးဆပ္ႏိုင္စြမ္းလည္းရွိ တယ္ဆိုရင္ အဲဒါကိုယုံၾကည္တဲ့ဘဏ္ေတြက ေငြေခ်း တယ္။ ေငြေခ်းတယ္ဆိုေတာ့ ႏိုင္ငံတကာဘဏ္ေတြ နဲ႔ International Financial Institution ေတြ ဆိုတာလည္း ေငြကိုေငြနဲ႔ပဲ ရင္းစားေနတာျဖစ္တဲ့အ တြက္ ဒီလိုမ်ိဳးေခ်းမယ့္ ပေရာဂ်က္ေတြမရွိရင္ သူတို႔ လည္းရပ္တည္လို႔မရဘူး။ အဲဒီေတာ့ သူတို႔ရဲ႕စီးပြား ေရးအရ သူတို႔ကေငြေခ်းကိုေခ်းရမွာ။ ေခ်းမယ့္သူ မရွိလို႔ မရဘူး။ ဒါေပမဲ့ ခိုင္မာေသခ်ာတဲ့စီမံကိန္းကို သူတို႔ေခ်းမိဖို႔လိုတာ။ အဲဒါေလးကို သူတို႔က ေလ့လာၿပီး ဒီဟာမွာယုံၾကည္တယ္ဆို ေငြေခ်းၾက မယ္။ ေနာက္တစ္ခုက စီမံကိန္းသာေကာင္းပါေစ ေငြ ရွာရတာ၊ ေငြေခ်းရတာ မခက္ခဲဘူး။ ျမန္မာျပည္ျဖစ္ လို႔ မလိုလားခ်င္တဲ့သူေတြ ဥေရာပတို႔ဘာတို႔က မေခ်းခ်င္ဘူးဆိုရင္ေတာင္ Public Financial Institution ေတြရွိတယ္။ သူတို႔အစိုးရက မေခ်း ေပမယ့္ လွည့္ပတ္ၿပီးေခ်းခ်င္တဲ့ ေငြကိုရင္းစားေနတဲ့ ေငြတိုးေပးစားတဲ့သူေတြေပါ့ဗ်ာ။ ဂ်ပန္မွာဆိုရင္ ဂ်ပန္ ဘဏ္ေတြက ေငြလာစုရင္အတိုးမေပးတဲ့အျပင္ ထိန္း သိမ္းခေတာင္ျပန္ေတာင္းတာရွိတယ္။ ဂ်ပန္အျပင္ တျခားႏိုင္ငံေတြမွာ။ ပိုက္ဆံေပါတဲ့သူေတြက အဲဒါမ်ိဳး အတိုးေလး၊ ငါးရာခိုင္ႏႈန္းရမယ္ဆို ခုန္ေပါက္ၿပီး ေတာ့ကို လာေခ်းၾကမွာ။ အဓိကက သူတို႔ၾကည့္မွာက ပေရာဂ်က္ရဲ႕ေအာင္ျမင္ႏိုင္မႈ ဘယ္ေလာက္အေျခ အေနေကာင္းလဲ။ အဲဒီလိုအေျခအေနေကာင္းရင္ ဒီ ေကာင္ငါ့ကိုျပန္ေပးႏိုင္မယ့္အေျခအေနဘယ္ ေလာက္ရွိသလဲ။ အဲဒီလိုမူတည္ၿပီးသြားၾကတာ။ အဲဒါ ေၾကာင့္ ပေရာဂ်က္စီမံကိန္းေတြလုပ္မယ္ဆိုရင္ easibility Study နဲ႔ Financial Analysis ကို ေသခ်ာလုပ္ႏိုင္ရင္ အဲဒါသည္လည္း တကယ့္လက္ေတြ႕နဲ႔မကင္းကြာဘူးဆိုရင္ ဘဏ္ေတြကေခ်းေငြ ရဖို႔ ဆိုတာ မခက္ခဲဘူး။ အဲဒီလိုရွိပါတယ္။

ေမး- ေနာက္တစ္ခ်က္က စိတ္ဝင္စားဖို႔ေကာင္း တာက မလကၠာေရလက္ၾကားကိုျဖတ္ၿပီးေတာ့ စင္ ကာပူ၊ မေလးရွားကိုျဖတ္ၿပီးေတာ့ ကုန္တင္ သေဘၤာေတြက သြားေနၾကတာ။ တ႐ုတ္ျပည္ အာရွ ဟိုဘက္ျခမ္းနဲ႔ ဒီဘက္က ဥေရာပဘက္ျခမ္းကို အဲဒီ ကေနျဖတ္ၿပီးသြားေနရတာ။ ထားဝယ္က အေရးႀကီး တယ္လို႔ေျပာရင္ေတာင္ ကုန္းတြင္းဒီဘက္ကိုပဲ သြား ၾကမွာ။ ပင္လယ္ေရေၾကာင္းကုန္သြယ္‌ေရးမွာ ပင္လယ္ကေနျဖတ္ၿပီး သေဘၤာေတြနဲ႔သယ္တာက ပိုျမန္ ၿပီး ကြၽန္ေတာ္တို႔ဆီမွာ ကုန္းတြင္းကေန ျပန္သယ္ၿပီး ဒီဘက္အာဆီယံေတြကို ျပန္ပို႔တယ္ဆိုတာ ကနည္းနည္းေတာ့ ရာႏႈန္းအားျဖင့္ေတာ့ အရမ္းႀကီး မလကၠာတစ္ခုလုံးကို သြားထိခိုက္မယ္လို႔ မျမင္ဘူး။ ကြၽန္ေတာ့္အျမင္ေပါ့။ ဒါေပမဲ့ တခ်ိဳ႕ကေတာ့ မလကၠာႀကီးတစ္ခုလုံး စုပ္ျပတ္သပ္သြားႏိုင္တယ္။ ပိတ္သြားႏိုင္တယ္ဆိုၿပီး ရႈျမင္ၾကတယ္။ ကြၽန္ေတာ္ ကေတာ့ အဲဒီလိုမျမင္ထားဘူးေပါ့။ ဒီဟာကိုေကာ ဘယ္လိုျမင္မိလဲ။ တကယ္တမ္းက်ေတာ့ ထားဝယ္ က အဲဒီေလာက္ႀကီးမဟုတ္ဘူးဆိုတဲ့ အေတြးမ်ိဳး ကြၽန္ေတာ္တို႔ျမင္ထားတယ္။
ေျဖ- အဲဒီလိုမ်ိဳးျမင္ၾကတာလည္း တစ္မ်ိဳးေကာင္း ပါတယ္။ သိပ္အေႏွာင့္အယွက္မေပးဘူးေပါ့ဗ်ာ။ ဒါ ေပမဲ့ ဘာအေရးႀကီးလဲဆိုေတာ့ အခ်ိန္ေပါ့။ ကြၽန္ ေတာ္တို႔ ျမန္မာျပည္မွာသာအခ်ိန္က အရမ္းေပါ သလိုျဖစ္ေနတာ။ ႏိုင္ငံတကာမွာက်ေတာ့ အခ်ိန္ကို အရမ္းအလုအယက္လုပ္ၾကတာ။ အခ်ိန္ကတန္ဖိုးရွိ တယ္။ သေဘၤာတစ္စင္းက မလကၠာေရလက္ၾကား ကေနျဖတ္ၿပီး ဟိုးအေပၚဘက္ကိုတက္ဖို႔ဆိုလို႔ရွိရင္ ဘာပဲေျပာေျပာ အခ်ိန္ႏွစ္ရက္ကေန သုံးရက္ၾကာ တယ္။ ေမာင္းေနရတာဆီကုန္တယ္ေလ။ အခ်ိန္ကုန္ တယ္၊ ဆီကုန္တယ္။ သေဘၤာက ထားဝယ္မွာကပ္မယ္။ ဆိပ္ကမ္းခ်မယ္။ ႏိုင္ငံတကာအဆင့္မီ ဆိပ္ကမ္း ဆိုတာလည္း သေဘၤာတစ္စင္းကို ငါးနာရီကေန ရွစ္ နာရီၾကားမွာ အကုန္ခ်မယ္။ အဲဒါေတြခ်ၿပီးသြားရင္ ရထားလမ္းနဲ႔ ဟိုးဘက္ဗီယက္နမ္ဘက္အထိ သြား မယ္။ ဗီယက္နမ္ဘက္အထိသြားမယ္ဆိုရင္ (၂၄) နာရီအတြင္းမွာေရာက္မယ္။ ေရာက္ၿပီး ဟိုးဘက္မွာ ကုန္ျပန္တင္ၿပီး ျပန္ထြက္သြားမယ္ဆိုရင္ အခ်ိန္ တစ္ ရက္၊ တစ္ရက္ခြဲေလာက္က်ဳံ႕သြားၿပီ။ ဒီသေဘၤာေတြ က ျပန္လွည့္ၿပီး ေန႔ခ်င္းသုံးလို႔ရသြားၿပီ။ ဒါကဟိုဘက္ ထိပ္ ဒီဘက္ထိပ္ကိုေျပာတာ။ ထိုင္းႏိုင္ငံလို ႏိုင္ငံမ်ိဳး က်ေတာ့၊ ကေမာၻဒီးယားလိုႏိုင္ငံမ်ိဳးက်ေတာ့ အေရွ႕ အလယ္ပိုင္းကေန လာမယ္ဆိုရင္ အဲဒီမွာကပ္လိုက္ ၿပီးရင္ အဲဒီကေနရထားနဲ႔သယ္သြားလိုက္တာနဲ႔ က်န္ တဲ့ႏိုင္ငံေတြထက္ သူကပိုအက်ိဳးရွိတာ။ ထိုင္းတို႔၊ ကေမာၻဒီးယားတို႔၊ ဗီယက္နမ္တို႔အတြက္က် တကယ့္ ကို ေ႐ႊအိုးႀကီးပဲ ဒီပေရာဂ်က္က။ အခ်ိန္တိုတိုေလး နဲ႔ခဏေလးပဲ ဒီေန႔မနက္သေဘၤာတင္မယ္ ညေနဆို သူ႔ဆီေရာက္ၿပီ။ ေအာက္ကပတ္ေနတဲ့ေကာင္က ေနာက္သုံးရက္မွေရာက္မွာ။ အဲဒီေတာ့ မလကၠာ ေဒသတစ္ခုလုံး ဒုကၡမေရာက္ေပမယ့္ (၃၀) ကေန၊ (၄၀) ရာခိုင္ႏႈန္းေလာက္ သူတို႔ဝင္ေငြေလ်ာ့သြားမွာေတာ့ ေသခ်ာတယ္။
(ဆက္လက္ေဖာ္ျပပါမည္)

Related news

© 2021. All rights reserved.