ဘီလာရုစ်နိုင်ငံ ဝန်ကြီးချုပ်အသစ်အကြောင်း တစေ့တစောင်း

453

ဂျန်ဇက် (NP News)- မတ် ၁၉
ဘီလာရုစ်သမ္မတ လူကာရှန်ကိုဟာ မတ် လ(၁၀)ရက်မှာ အလက်ဇန်ဒါတာချင်ကို ဘီလာရုစ် နိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ အလက်ဇန်ဒါတာချင်ဟာ (၁၉၁၈) ခုနှစ်နောက်ပိုင်းကတည်းက လွတ်လပ်ရေးရရှိခဲ့တဲ့ ဘီလာရုစ်နိုင်ငံမှာ (၁၉၉၁)ခုနှစ်နောက်ပိုင်း (၁၀)ဦး မြောက်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတာဖြစ်ပါတယ်။ ဘီလာရုစ်နိုင်ငံဝန်ကြီးချုပ်အဖြစ် ရိုမန်ဂိုလောဗ့်ချန်ကို နေရာမှာအစားထိုးဖို့ သမ္မတလူကာရှန်ကိုဟာ အလန် ဇန်ဒါတာချင်ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့တာမျိုး ဖြစ်ပါတယ်။ ဘီလာရုစ်သမ္မတလူကာရှန်ကို အစိုးရအဖွဲ့မှာ မျိုးဆက်သစ်တွေနဲ့အစားထိုးပြီး အပြောင်းအလဲလုပ်ဖို့ ဝန်ကြီးချုပ်နေရာကိုအစားထိုးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဘီလာရုစ်နိုင်ငံမင့်စ်ဒေသ အုပ်ချုပ်ရေး ကော်မတီအကြီးအကဲအဖြစ်တာဝန်ယူခဲ့ဖူးတဲ့ အလက်ဇန်ဒါတာချင်ဟာ ဘီလာရုစ်နိုင်ငံ အစိုးရအဖွဲ့ အစည်းတွေမှာ အဓိကနေရာတွေကို တာဝန်ယူခဲ့ဖူးသူ ဖြစ်ရာ အတွေ့အကြုံရင့်ကျက်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ (၁၉၇၅)ခုနှစ် ဇူလိုင်လ(၂)ရက်မှာ မွေး ဖွားခဲ့တဲ့ အလက်ဇန်ဒါတာချင်ဟာ ဘီလာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး (၂၀၁၈)ခုနှစ်ကနေ (၂၀၁၉)ခုနှစ်အထိ တာဝန်ယူခဲ့ ဖူးသူဖြစ်ပါတယ်။ ဘီလာရုစ်နိုင်ငံဟာ လက်ရှိအချိန်မှာ အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေအပြင် ပိတ်ဆို့မှုတွေကိုရင်ဆိုင် နေရတဲ့အတွက် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း ဘီလာရုစ်နိုင်ငံကို တော်လှန်ရေးမရှိဘဲတဖြည်း ဖြည်းပြုပြင်ပြောင်းလဲမှုတွေကို ချဉ်းကပ်လုပ်ဆောင် ရမယ်လို့ ဘီလာရုစ်နိုင်ငံဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ခံရတဲ့ တာချင်ကပြောပါတယ်။ ဘီလာရုစ်နိုင်ငံ ဟာ လက်ရှိအချိန်မှာ အမေရိကန်ဦးဆောင်တဲ့အ နောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်မှုမရှိ ပေမယ့် ရုရှားနိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည် ဆောက်ထားနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ အနောက်အုပ်စု နိုင်ငံတွေဟာ ဘီလာရုစ်နိုင်ငံကို စီးပွားရေးပိတ်ဆို့မှု တွေကိုလည်းချမှတ်ထားသလို အစိုးရအဖွဲ့တာဝန်ရှိ သူတွေကိုလည်း ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ထားရာ ဝန်ကြီးချုပ်အသစ်အဖြစ်တာဝန်ယူနေတဲ့ အလက်ဇန် နဒါတာချင်ဟာ ပိတ်ဆို့မှုချမှတ်ခြင်းခံထားရသူဖြစ်ပါ တယ်။ ဥရောပသမဂ္ဂအဖွဲ့၊ အယ်လ်ဘေးနီးယား၊ အိုင် ယာလန်၊ လီချင်စတိန်း၊ မွန်တီနီဂရိုး၊ မြောက်မက်ဆီ ဒိုးနီးယား၊ နော်ဝေးနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ရဲ့ ပစ်မှတ် ထားပိတ်ဆို့ခြင်းချမှတ်ခံထားရသူဖြစ်ပါတယ်။ ဗြိတိန် နိုင်ငံကလည်း အလက်ဇန်ဒါတာချင်ကို(၂၀၁၈)ခုနှစ် နောက်ပိုင်းတည်းက ဗြိတိန်နိုင်ငံအတွင်း ပြည်ဝင်ခွင့်ပိတ်ခဲ့ပါတယ်။
အလက်ဇန်ဒါတာချန်ကို (၁၉၇၅)ခုနှစ်က ဘီလာရုစ်နိုင်ငံNovog rudok အရပ်ဒေသမှာမွေးဖွား ခဲ့ပြီး အဲဒီအရပ်ဒေသမှာကြီးပြင်းခဲ့ကာ (၂၀ဝ၉)ခုနှစ် က ဘီလာရုစ်စီးပွားရေးတက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့သ လို (၂၀၁၂) ခုနှစ်မှာ ဘီလာရုစ်နိုင်ငံ ပြည်သူအုပ်ချုပ် ရေးအကယ်ဒမီက မဟာဘွဲ့ထပ်မံရရှိခဲ့တယ်လို့သိရ ပါတယ်။ ၎င်းဟာ ဘွဲ့မရခင်အချိန်တည်းက ဘီလာရုစ်နိုင်ငံအစိုးရဌာနတွေမှာ ပါဝင်လုပ်ကိုင်နေသူဖြစ် ပြီး (၁၉၉၇)ခုနှစ်ကနေ (၁၉၉၉)ခုနှစ်အထိ ဘီလာ ရုစ်နိုင်ငံ ဂရော့ဒိုပြည်နယ် Novog rudok ဒေသရဲ့ လယ်ယာမြေနဲ့ ကုန်ပစ္စည်းသိုလှောင်ရေးဌာနမှာ ညွှန် ကြားရေးမှူးတာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ အလက်ဇန်ဒါတာချင်ဟာ ဘီလာရုစ် အစိုးရဝန်ကြီးချုပ်အဖြစ် ခန့်အပ်မခံရခင် ပြည်နယ်ဒေသတွေမှာ အကြီးအကဲ တာဝန်တွေကိုထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး (၂၀ဝ၂)ခု နှစ်ကနေ (၂၀ဝ၄)ခုနှစ်အထိ Novogrudok ဒေသ ရဲ့ဘဏ္ဍာရေးဌာနမှာ အကြီးအကဲဖြစ်တာဝန်ယူခဲ့ဖူး သလို အခွန်စုံစမ်းစစ်ဆေးရေးတာဝန်တွေကိုလည်း ရယူခဲ့ဖူးသူဖြစ်ပါတယ်။
သူဟာ (၂၀၁၀)ပြည့်နှစ်နောက်ပိုင်းတည်းက Korelichi ဒေသရဲ့ အုပ်ချုပ်ရေးကော်မတီ ဒုတိယအကြီးအကဲ၊ မင့်စ်ဒေသအုပ်ချုပ်ရေးကော် မတီရဲ့စီးပွားရေးဌာန အကြီးအကဲ၊ မင့်စ် ဒေသလုံး ဆိုင်ရာ အုပ်ချုပ်ရေးဆိုင်ရာကော်မတီ ဒုတိယ အကြီး အကဲတာဝန်တွေကိုလည်း တာဝန်ယူခဲ့ဖူးသူဖြစ်ပါ တယ်။ ဘီလာရုစ်သမ္မတရဲ့ လက်ထောက်အဖြစ် တာ ဝန်ယူခဲ့ဖူးသလို(၂၀၁၆)ခုနှစ်ကနေ (၂၀၁၈)ခုနှစ် အထိ ဘီလာရုစ်ဝန်ကြီးများကောင်စီရုံးရဲ့အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ အလက်ဇန်ဒါ တာချင်ဟာ လုပ်ငန်းတွေလုပ်ဆောင်ရာမှာ စေ့စပ် သေချာသူတစ်ဦးဖြစ်တဲ့အတွက် ဘီလာရုစ်သမ္မတ လူကာရှန်ကိုဟာ ၎င်းကို ရာထူးတွေ တစ်ဆင့်ပြီးတစ်ဆင့်တိုးမြှင့်ပေးခဲ့ပြီး (၂၀၁၈)ခုနှစ်မှာ ဘီလာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူခွင့်ရခဲ့ပါတယ်။
၎င်းဟာ ဘီလာရုစ်နိုင်ငံ အစိုးရဌာနတွေ၊ ဝန်ကြီးရုံးတွေမှာလုပ်ကိုင်ချိန်အတွင်း စိန်ခေါ်မှုတွေ၊ အခက်ခဲတွေရင်ဆိုင်ခဲ့ရပေမယ့် လက်လျှော့ခြင်းမရှိ ဘဲ အကောင်းဆုံးရလဒ်မျိုးရအောင် ကြိုးပမ်းနိုင်ခဲ့သူ တစ်ဦးဖြစ်တယ်လို့ဆိုကြပါတယ်။ ဘီလာရုစ်နိုင်ငံဟာ လက်ရှိအချိန်မှာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ပိတ်ဆို့ မှုအမျိုးမျိုးကိုရင်ဆိုင်နေရတဲ့အတွက် ပြည်တွင်းမှာပဲ ကိုယ်ပိုင်ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေရတဲ့နိုင်ငံ ဖြစ်ရာ အလက်ဇန်ဒါတာချင်က နိုင်ငံရဲ့ စိုက်ပျိုးရေး ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ လိုလားနှစ်သက်သူဖြစ် တယ်လို့သိရပါတယ်။ အလက်ဇန်ဒါတာချင်က " ဘီလာရုစ်နိုင်ငံဟာ အမျိုးမျိုးသော အရေးပေါအခြေအနေတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပြီး အဲဒီအခက်အခဲတွေ စိန်ခေါ်မှုတွေကို ချက်ချင်းတုံ့ပြန်ပြီး ဖယ်ရှားပစ်နိုင်ရမယ်။ စိုက်ပျိုးရေးမြို့ရွာတွေ ကျယ်ကျယ် ပြန့်ပြန့်ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ အလားအလာအ ကောင်းဆုံး အခြေချနေထိုင်သူတွေကို ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ လယ်ယာမြေတွေကို ဖော်ထုတ်ဖို့လို အပ်တယ်။ ဘယ်လို လယ်ယာမျိုးပဲဖြစ်ဖြစ်၊ ဘယ်လို ခေတ်မီစက်ကိရိယာတွေ ထားနေပါစေ၊ အဲဒါကို လုပ်ကိုင်နိုင်တဲ့သူမရှိရင်၊ ဒါတွေအားလုံးဟာ အသုံးမဝင်တဲ့အမှိုက်ဖြစ်သွားလိမ့်မယ်။ အစိုးရရဲ့အရေးကြီးဆုံး တာဝန်ဟာ သင့်တင့်လျောက်ပတ်တဲ့ လုပ်ခလစာအ ဆင့်၊ သင့်တင့်လျောက်ပတ်တဲ့ လုပ်ငန်းခွင်အခြေအ နေတွေနဲ့ လုပ်ငန်းခွင်မှာ သက်သောင့်သက်သာရှိစေ မယ့်နေ့ရက်တွေကို သေချာစေဖို့ဖြစ်ပါတယ်" လို့ ပြောပါတယ်။
သူဟာ ဘီလာရုစ်နိုင်ငံကို (၁၉၉၄)ခုနှစ် ကတည်းက လက်ရှိအချိန်အထိအုပ်ချုပ်နေတဲ့ ဘီလာရုစ်သမ္မတနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပြီး အားကိုးယုံကြည်ခံရသူဖြစ်တယ်လို့ပြောဆိုတာတွေ လည်းရှိနေပါတယ်။ ဘီလာရုစ်ဟာ လက်ရှိအချိန်မှာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေရင်ဆိုင်နေရပေမယ့် စီးပွားရေးတိုးတက် မှုတွေရှိနေတဲ့နိုင်ငံဖြစ်ပြီး (၂၀၂၄)ခုနှစ်အတွင်းမှာ နိုင်ငံစီးပွားရေးဟာ (၄)ရာခိုင်နှုန်းနီးပါး တိုးတက် ကောင်းမွန်လာခဲ့ပါတယ်။ ဘီလာရုစ်နိုင်ငံရဲ့ဂျီဒီပီဟာ (၂၀၂၄)ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၇၃) ဘီလျံ ကျော်အထိရှိနေခဲ့ပြီး ဝန်ကြီးချုပ်အသစ် အလန်ဇန်ဒါ တာချင်လက်ထက်မှာ နိုင်ငံစီးပွားရေး ပိုမိုတိုးတက် လာမှာလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါ တယ်။ သူဟာ ဘီလာရုစ်အစိုးရဌာနအသီးသီးတွေမှာ တာဝန်ယူခဲ့ဖူးတဲ့အတွေ့ကြုံတွေကိုအခြေခံပြီး နိုင်ငံ့ စီးပွားရေး၊ သံတမန်ရေးကိစ္စတွေကို ဘယ်လိုမျိုး တိုး တက်ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်မလဲဆို တာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ ၎င်းဟာ လက်ရှိ အချိန်မှာ အသက် (၅၀)ကျော်အရွယ်သာရှိနေရာ နိုင် ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်မယ့်အသက်အရွယ်မျိုးရှိနေရာ ဘီလာရုစ်နိုင် ငံရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကိုကျော်ဖြတ်နိုင်အောင် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရဖွယ် ရှိနေပါတယ်။
ဘီလာရုစ်သမ္မတလူကာရှန်ကိုကတော့ " အလက်ဇန်ဒါတာချင်ရဲ့စွမ်းရည်ပိုင်းကို ယုံမှားသံသယ မရှိဘဲ အပြည့်အဝယုံကြည်ပါတယ်။ သူဟာ နိုင်ငံ့စီး ပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ အစိုးရအဖွဲ့ အုပ် ချုပ်ရေးပိုင်းတွေ ပိုမိုကောင်းမွန်အောင်လုပ်ဆောင် နိုင်မယ်လို့ယုံကြည်ပါတယ်။ အလက်ဇန်ဒါတာချင်ရဲ့ အတွေ့ကြုံတွေဟာ နိုင်ငံစီးပွားရေးနဲ့အုပ်ချုပ်ရေး ကဏ္ဍတွေအသွင်ပြောင်းရေးမှာ အဓိကအရေးပါတဲ့ နေရာက ပါဝင်လာမှာပါ။ တာချင်ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း အစိုးရအဖွဲ့အုပ်ချုပ်ရေး ကဏ္ဍတွေကို လမ်းòန်မှုပေးတာတွေ၊ ပြည်သူတွေထောက်ခံမှုအားကောင်းအောင် ပိုမိုလုပ်ဆောင်ပေးနိုင်မယ့်သူဖြစ်ပါတယ်}}လို့ချီးကျူးပြောဆိုထားပါ တယ်။ ဘီလာရုစ်နိုင်ငံမှာ ဝန်ကြီးချုပ်အသစ်ပြောင်းလဲခဲ့ပြီးနောက် နိုင်ငံစီးပွားရေးမူဝါဒတွေအပြောင်းအလဲဖြစ်လာနိုင်သလားဆိုပြီး ထင်ကြေးပေးသုံးသပ်မှု တွေလည်းရှိနေပါတယ်။
ဘီလာရုစ်နိုင်ငံဟာ လက်ရှိအချိန်မှာ အ နောက်အုပ်စုနိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကိုရင်ဆိုင်နေ ရတဲ့အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိကျ တဲ့ရည်မှန်းချက်တွေနဲ့ စတင်ဖို့အရေးကြီးတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ ၎င်းဟာ ပြည်သူ တွေကိုကတိပေးထားတဲ့အတိုင်း နိုင်ငံစီးပွားရေးနဲ့ တည်ငြိမ်ရေးကို အဓိကဦးစားပေးလုပ်ကိုင်ဖို့ရည်ရွယ် ထားသလို ပြည်တွင်းနဲ့ နိုင်ငံတကာကဏ္ဍတွေမှာ လည်း အဓိကအရေးပါလာဖို့ ဆောင်ရွက်ရဖွယ်ရှိနေ ပါတယ်။ ယခင်ဝန်ကြီးချုပ်ဟောင်းလက်ထက်မှာ ဘီလာရုစ်နိုင်ငံဟာ စီးပွားရေးမဟာဗျူဟာတွေနဲ့အုပ် ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းတွေမှာ လိုအပ်ချက်တွေရှိ နေရာ ဝန်ကြီးချုပ်အသစ် အလက်ဇန်ဒါတာချင်ဟာ စီးပွားရေးပိုမိုတိုးတက်စေဖို့ အဓိကဦးစားပေးဆောင် ရွက်ဖွယ်ရှိနေပါတယ်။ ဘီလာရုစ်ဝန်ကြီးချုပ်အသစ် အလက်ဇန်ဒါတာချင်က " ကျွန်တော်အနှစ်သက်ဆုံး ဆိုရိုးစကားဟာ တော်လှန်ရေးမရှိတဲ့ ဆင့်ကဲဖြစ်စဉ် ဖြစ်ပါတယ်။ နိုင်ငံတည်ငြိမ်ပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုး တိုးတက်မှုကို သေချာစေအောင် အဓိကထားလုပ် ဆောင်ဖို့အရေးကြီးပါတယ်။ ဝန်ကြီး ချုပ်အသစ်အ ဖြစ် စတင်တာဝန်ယူချိန်အတွင်း နိုင်ငံ့စီးပွားရေးကို ပြုပြင်ပြောင်းလဲတာတွေလုပ်ဆောင်မှာမဟုတ်သေး ဘူး။ အဓိကအရေးကြီးဆုံးလုပ်ဆောင်ရမှာက နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်ရေးတွေကို ဟန်ချက်ညီ အောင်ထိန်းသိမ်းဖို့ဖြစ်တယ်။ ကျွန်တော်တို့အစိုးရ အဖွဲ့ဟာ ပြည်သူတွေအားလုံးရဲ့ ရှင်သန်နေထိုင်မှု အရည်အသွေးပိုင်း ပိုမိုကောင်းမွန်လာစေဖို့၊ ပြည် သူတွေ ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ ဦးစားပေးဆောင် ရွက်မယ်။ အဲဒီကိစ္စတွေဟာ ကျွန်တော် ဝန်ကြီးချုပ် အဖြစ်တာဝန်ယူချိန်အတွင်း အဓိကထားလုပ်ဆောင် မယ့်အရာတွေဖြစ်တယ်။ အဓိကကတော့ ပြည်သူအား လုံးရဲ့အရည်အသွေးနဲ့ ရှင်သန်နေထိုင်မှု ပိုမိုကောင်း မွန်အောင်လုပ်ဆောင်မယ်" လို့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးနောက် နာရီပိုင်းအကြာမှာပဲ ကတိပြုခဲ့ပါတယ်။

zawgyi version
ဘီလာ႐ုစ္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္အသစ္အေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News)- မတ္ ၁၉
ဘီလာ႐ုစ္သမၼတ လူကာရွန္ကိုဟာ မတ္ လ(၁၀)ရက္မွာ အလက္ဇန္ဒါတာခ်င္ကို ဘီလာ႐ုစ္ ႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္လိုက္တယ္လို႔ ေၾကညာလိုက္ပါတယ္။ အလက္ဇန္ဒါတာခ်င္ဟာ (၁၉၁၈) ခုႏွစ္ေနာက္ပိုင္းကတည္းက လြတ္လပ္ေရးရရွိခဲ့တဲ့ ဘီလာ႐ုစ္ႏိုင္ငံမွာ (၁၉၉၁)ခုႏွစ္ေနာက္ပိုင္း (၁၀)ဦး ေျမာက္ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ခံရတာျဖစ္ပါတယ္။ ဘီလာ႐ုစ္ႏိုင္ငံဝန္ႀကီးခ်ဳပ္အျဖစ္ ႐ိုမန္ဂိုေလာဗ့္ခ်န္ကို ေနရာမွာအစားထိုးဖို႔ သမၼတလူကာရွန္ကိုဟာ အလန္ ဇန္ဒါတာခ်င္ကို ဝန္ႀကီးခ်ဳပ္အျဖစ္ခန႔္အပ္ခဲ့တာမ်ိဳး ျဖစ္ပါတယ္။ ဘီလာ႐ုစ္သမၼတလူကာရွန္ကို အစိုးရအဖြဲ႕မွာ မ်ိဳးဆက္သစ္ေတြနဲ႔အစားထိုးၿပီး အေျပာင္းအလဲလုပ္ဖို႔ ဝန္ႀကီးခ်ဳပ္ေနရာကိုအစားထိုးခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။ ဘီလာ႐ုစ္ႏိုင္ငံမင့္စ္ေဒသ အုပ္ခ်ဳပ္ေရး ေကာ္မတီအႀကီးအကဲအျဖစ္တာဝန္ယူခဲ့ဖူးတဲ့ အလက္ဇန္ဒါတာခ်င္ဟာ ဘီလာ႐ုစ္ႏိုင္ငံ အစိုးရအဖြဲ႕ အစည္းေတြမွာ အဓိကေနရာေတြကို တာဝန္ယူခဲ့ဖူးသူ ျဖစ္ရာ အေတြ႕အႀကဳံရင့္က်က္သူတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။ (၁၉၇၅)ခုႏွစ္ ဇူလိုင္လ(၂)ရက္မွာ ေမြး ဖြားခဲ့တဲ့ အလက္ဇန္ဒါတာခ်င္ဟာ ဘီလာ႐ုစ္ႏိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခဲ့ဖူးသူျဖစ္ၿပီး (၂၀၁၈)ခုႏွစ္ကေန (၂၀၁၉)ခုႏွစ္အထိ တာဝန္ယူခဲ့ ဖူးသူျဖစ္ပါတယ္။ ဘီလာ႐ုစ္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ အေမရိကန္အပါအဝင္ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ေဝဖန္ျပစ္တင္မႈေတြအျပင္ ပိတ္ဆို႔မႈေတြကိုရင္ဆိုင္ ေနရတဲ့အတြက္ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း ဘီလာ႐ုစ္ႏိုင္ငံကို ေတာ္လွန္ေရးမရွိဘဲတျဖည္း ျဖည္းျပဳျပင္ေျပာင္းလဲမႈေတြကို ခ်ဥ္းကပ္လုပ္ေဆာင္ ရမယ္လို႔ ဘီလာ႐ုစ္ႏိုင္ငံဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ခန႔္အပ္ခံရတဲ့ တာခ်င္ကေျပာပါတယ္။ ဘီလာ႐ုစ္ႏိုင္ငံ ဟာ လက္ရွိအခ်ိန္မွာ အေမရိကန္ဦးေဆာင္တဲ့အ ေနာက္အုပ္စုႏိုင္ငံေတြနဲ႔ ဆက္ဆံေရးေကာင္းမြန္မႈမရွိ ေပမယ့္ ႐ုရွားႏိုင္ငံနဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးတည္ ေဆာက္ထားႏိုင္တဲ့ ႏိုင္ငံျဖစ္ပါတယ္။ အေနာက္အုပ္စု ႏိုင္ငံေတြဟာ ဘီလာ႐ုစ္ႏိုင္ငံကို စီးပြားေရးပိတ္ဆို႔မႈ ေတြကိုလည္းခ်မွတ္ထားသလို အစိုးရအဖြဲ႕တာဝန္ရွိ သူေတြကိုလည္း ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ထားရာ ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္တာဝန္ယူေနတဲ့ အလက္ဇန္ နဒါတာခ်င္ဟာ ပိတ္ဆို႔မႈခ်မွတ္ျခင္းခံထားရသူျဖစ္ပါ တယ္။ ဥေရာပသမဂၢအဖြဲ႕၊ အယ္လ္ေဘးနီးယား၊ အိုင္ ယာလန္၊ လီခ်င္စတိန္း၊ မြန္တီနီဂ႐ိုး၊ ေျမာက္မက္ဆီ ဒိုးနီးယား၊ ေနာ္ေဝးနဲ႔ ဆြစ္ဇာလန္ႏိုင္ငံတို႔ရဲ႕ ပစ္မွတ္ ထားပိတ္ဆို႔ျခင္းခ်မွတ္ခံထားရသူျဖစ္ပါတယ္။ ၿဗိတိန္ ႏိုင္ငံကလည္း အလက္ဇန္ဒါတာခ်င္ကို(၂၀၁၈)ခုႏွစ္ ေနာက္ပိုင္းတည္းက ၿဗိတိန္ႏိုင္ငံအတြင္း ျပည္ဝင္ခြင့္ပိတ္ခဲ့ပါတယ္။
အလက္ဇန္ဒါတာခ်န္ကို (၁၉၇၅)ခုႏွစ္က ဘီလာ႐ုစ္ႏိုင္ငံNovog rudok အရပ္ေဒသမွာေမြးဖြား ခဲ့ၿပီး အဲဒီအရပ္ေဒသမွာႀကီးျပင္းခဲ့ကာ (၂၀ဝ၉)ခုႏွစ္ က ဘီလာ႐ုစ္စီးပြားေရးတကၠသိုလ္ကေန ဘြဲ႕ရရွိခဲ့သ လို (၂၀၁၂) ခုႏွစ္မွာ ဘီလာ႐ုစ္ႏိုင္ငံ ျပည္သူအုပ္ခ်ဳပ္ ေရးအကယ္ဒမီက မဟာဘြဲ႕ထပ္မံရရွိခဲ့တယ္လို႔သိရ ပါတယ္။ ၎ဟာ ဘြဲ႕မရခင္အခ်ိန္တည္းက ဘီလာ႐ုစ္ႏိုင္ငံအစိုးရဌာနေတြမွာ ပါဝင္လုပ္ကိုင္ေနသူျဖစ္ ၿပီး (၁၉၉၇)ခုႏွစ္ကေန (၁၉၉၉)ခုႏွစ္အထိ ဘီလာ ႐ုစ္ႏိုင္ငံ ဂေရာ့ဒိုျပည္နယ္ Novog rudok ေဒသရဲ႕ လယ္ယာေျမနဲ႔ ကုန္ပစၥည္းသိုေလွာင္ေရးဌာနမွာ ၫႊန္ ၾကားေရးမႉးတာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။ အလက္ဇန္ဒါတာခ်င္ဟာ ဘီလာ႐ုစ္ အစိုးရဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္မခံရခင္ ျပည္နယ္ေဒသေတြမွာ အႀကီးအကဲ တာဝန္ေတြကိုထမ္းေဆာင္ခဲ့ဖူးသူျဖစ္ၿပီး (၂၀ဝ၂)ခု ႏွစ္ကေန (၂၀ဝ၄)ခုႏွစ္အထိ Novogrudok ေဒသ ရဲ႕ဘ႑ာေရးဌာနမွာ အႀကီးအကဲျဖစ္တာဝန္ယူခဲ့ဖူး သလို အခြန္စုံစမ္းစစ္ေဆးေရးတာဝန္ေတြကိုလည္း ရယူခဲ့ဖူးသူျဖစ္ပါတယ္။
သူဟာ (၂၀၁၀)ျပည့္ႏွစ္ေနာက္ပိုင္းတည္းက Korelichi ေဒသရဲ႕ အုပ္ခ်ဳပ္ေရးေကာ္မတီ ဒုတိယအႀကီးအကဲ၊ မင့္စ္ေဒသအုပ္ခ်ဳပ္ေရးေကာ္ မတီရဲ႕စီးပြားေရးဌာန အႀကီးအကဲ၊ မင့္စ္ ေဒသလုံး ဆိုင္ရာ အုပ္ခ်ဳပ္ေရးဆိုင္ရာေကာ္မတီ ဒုတိယ အႀကီး အကဲတာဝန္ေတြကိုလည္း တာဝန္ယူခဲ့ဖူးသူျဖစ္ပါ တယ္။ ဘီလာ႐ုစ္သမၼတရဲ႕ လက္ေထာက္အျဖစ္ တာ ဝန္ယူခဲ့ဖူးသလို(၂၀၁၆)ခုႏွစ္ကေန (၂၀၁၈)ခုႏွစ္ အထိ ဘီလာ႐ုစ္ဝန္ႀကီးမ်ားေကာင္စီ႐ုံးရဲ႕အႀကီးအကဲအျဖစ္ တာဝန္ယူခဲ့ဖူးပါတယ္။ အလက္ဇန္ဒါ တာခ်င္ဟာ လုပ္ငန္းေတြလုပ္ေဆာင္ရာမွာ ေစ့စပ္ ေသခ်ာသူတစ္ဦးျဖစ္တဲ့အတြက္ ဘီလာ႐ုစ္သမၼတ လူကာရွန္ကိုဟာ ၎ကို ရာထူးေတြ တစ္ဆင့္ၿပီးတစ္ဆင့္တိုးျမႇင့္ေပးခဲ့ၿပီး (၂၀၁၈)ခုႏွစ္မွာ ဘီလာ႐ုစ္ႏိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခြင့္ရခဲ့ပါတယ္။
၎ဟာ ဘီလာ႐ုစ္ႏိုင္ငံ အစိုးရဌာနေတြ၊ ဝန္ႀကီး႐ုံးေတြမွာလုပ္ကိုင္ခ်ိန္အတြင္း စိန္ေခၚမႈေတြ၊ အခက္ခဲေတြရင္ဆိုင္ခဲ့ရေပမယ့္ လက္ေလွ်ာ့ျခင္းမရွိ ဘဲ အေကာင္းဆုံးရလဒ္မ်ိဳးရေအာင္ ႀကိဳးပမ္းႏိုင္ခဲ့သူ တစ္ဦးျဖစ္တယ္လို႔ဆိုၾကပါတယ္။ ဘီလာ႐ုစ္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ပိတ္ဆို႔ မႈအမ်ိဳးမ်ိဳးကိုရင္ဆိုင္ေနရတဲ့အတြက္ ျပည္တြင္းမွာပဲ ကိုယ္ပိုင္ထုတ္လုပ္ႏိုင္ေအာင္ ႀကိဳးပမ္းေနရတဲ့ႏိုင္ငံ ျဖစ္ရာ အလက္ဇန္ဒါတာခ်င္က ႏိုင္ငံရဲ႕ စိုက္ပ်ိဳးေရး က႑ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ဖို႔ လိုလားႏွစ္သက္သူျဖစ္ တယ္လို႔သိရပါတယ္။ အလက္ဇန္ဒါတာခ်င္က " ဘီလာ႐ုစ္ႏိုင္ငံဟာ အမ်ိဳးမ်ိဳးေသာ အေရးေပါအေျခအေနေတြ၊ စိန္ေခၚမႈေတြကို ရင္ဆိုင္ေနရၿပီး အဲဒီအခက္အခဲေတြ စိန္ေခၚမႈေတြကို ခ်က္ခ်င္းတုံ႔ျပန္ၿပီး ဖယ္ရွားပစ္ႏိုင္ရမယ္။ စိုက္ပ်ိဳးေရးၿမိဳ႕႐ြာေတြ က်ယ္က်ယ္ ျပန႔္ျပန႔္ဖြံ႕ၿဖိဳးတိုးတက္ဖို႔လိုတယ္။ အလားအလာအ ေကာင္းဆုံး အေျခခ်ေနထိုင္သူေတြကို ေဖာ္ထုတ္ဖို႔ လိုအပ္ပါတယ္။ လယ္ယာေျမေတြကို ေဖာ္ထုတ္ဖို႔လို အပ္တယ္။ ဘယ္လို လယ္ယာမ်ိဳးပဲျဖစ္ျဖစ္၊ ဘယ္လို ေခတ္မီစက္ကိရိယာေတြ ထားေနပါေစ၊ အဲဒါကို လုပ္ကိုင္ႏိုင္တဲ့သူမရွိရင္၊ ဒါေတြအားလုံးဟာ အသုံးမဝင္တဲ့အမႈိက္ျဖစ္သြားလိမ့္မယ္။ အစိုးရရဲ႕အေရးႀကီးဆုံး တာဝန္ဟာ သင့္တင့္ေလ်ာက္ပတ္တဲ့ လုပ္ခလစာအ ဆင့္၊ သင့္တင့္ေလ်ာက္ပတ္တဲ့ လုပ္ငန္းခြင္အေျခအ ေနေတြနဲ႔ လုပ္ငန္းခြင္မွာ သက္ေသာင့္သက္သာရွိေစ မယ့္ေန႔ရက္ေတြကို ေသခ်ာေစဖို႔ျဖစ္ပါတယ္" လို႔ ေျပာပါတယ္။
သူဟာ ဘီလာ႐ုစ္ႏိုင္ငံကို (၁၉၉၄)ခုႏွစ္ ကတည္းက လက္ရွိအခ်ိန္အထိအုပ္ခ်ဳပ္ေနတဲ့ ဘီလာ႐ုစ္သမၼတနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိသူျဖစ္ၿပီး အားကိုးယုံၾကည္ခံရသူျဖစ္တယ္လို႔ေျပာဆိုတာေတြ လည္းရွိေနပါတယ္။ ဘီလာ႐ုစ္ဟာ လက္ရွိအခ်ိန္မွာ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စု ႏိုင္ငံေတြရဲ႕ ပိတ္ဆို႔မႈေတြရင္ဆိုင္ေနရေပမယ့္ စီးပြားေရးတိုးတက္ မႈေတြရွိေနတဲ့ႏိုင္ငံျဖစ္ၿပီး (၂၀၂၄)ခုႏွစ္အတြင္းမွာ ႏိုင္ငံစီးပြားေရးဟာ (၄)ရာခိုင္ႏႈန္းနီးပါး တိုးတက္ ေကာင္းမြန္လာခဲ့ပါတယ္။ ဘီလာ႐ုစ္ႏိုင္ငံရဲ႕ဂ်ီဒီပီဟာ (၂၀၂၄)ခုႏွစ္မွာ အေမရိကန္ေဒၚလာ (၇၃) ဘီလ်ံ ေက်ာ္အထိရွိေနခဲ့ၿပီး ဝန္ႀကီးခ်ဳပ္အသစ္ အလန္ဇန္ဒါ တာခ်င္လက္ထက္မွာ ႏိုင္ငံစီးပြားေရး ပိုမိုတိုးတက္ လာမွာလားဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါ တယ္။ သူဟာ ဘီလာ႐ုစ္အစိုးရဌာနအသီးသီးေတြမွာ တာဝန္ယူခဲ့ဖူးတဲ့အေတြ႕ႀကဳံေတြကိုအေျခခံၿပီး ႏိုင္ငံ့ စီးပြားေရး၊ သံတမန္ေရးကိစၥေတြကို ဘယ္လိုမ်ိဳး တိုး တက္ေကာင္းမြန္ေအာင္ စြမ္းေဆာင္ေပးႏိုင္မလဲဆို တာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။ ၎ဟာ လက္ရွိ အခ်ိန္မွာ အသက္ (၅၀)ေက်ာ္အ႐ြယ္သာရွိေနရာ ႏိုင္ ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေကာင္းဆုံးစြမ္းေဆာင္ေပးႏိုင္မယ့္အသက္အ႐ြယ္မ်ိဳးရွိေနရာ ဘီလာ႐ုစ္ႏိုင္ ငံရင္ဆိုင္ရမယ့္စိန္ေခၚမႈေတြကိုေက်ာ္ျဖတ္ႏိုင္ေအာင္ ဘယ္လိုကူညီေပးႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရဖြယ္ ရွိေနပါတယ္။
ဘီလာ႐ုစ္သမၼတလူကာရွန္ကိုကေတာ့ " အလက္ဇန္ဒါတာခ်င္ရဲ႕စြမ္းရည္ပိုင္းကို ယုံမွားသံသယ မရွိဘဲ အျပည့္အဝယုံၾကည္ပါတယ္။ သူဟာ ႏိုင္ငံ့စီး ပြားေရး ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေစဖို႔နဲ႔ အစိုးရအဖြဲ႕ အုပ္ ခ်ဳပ္ေရးပိုင္းေတြ ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ ႏိုင္မယ္လို႔ယုံၾကည္ပါတယ္။ အလက္ဇန္ဒါတာခ်င္ရဲ႕ အေတြ႕ႀကဳံေတြဟာ ႏိုင္ငံစီးပြားေရးနဲ႔အုပ္ခ်ဳပ္ေရး က႑ေတြအသြင္ေျပာင္းေရးမွာ အဓိကအေရးပါတဲ့ ေနရာက ပါဝင္လာမွာပါ။ တာခ်င္ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း အစိုးရအဖြဲ႕အုပ္ခ်ဳပ္ေရး က႑ေတြကို လမ္းòန္မႈေပးတာေတြ၊ ျပည္သူေတြေထာက္ခံမႈအားေကာင္းေအာင္ ပိုမိုလုပ္ေဆာင္ေပးႏိုင္မယ့္သူျဖစ္ပါတယ္}}လို႔ခ်ီးက်ဴးေျပာဆိုထားပါ တယ္။ ဘီလာ႐ုစ္ႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္အသစ္ေျပာင္းလဲခဲ့ၿပီးေနာက္ ႏိုင္ငံစီးပြားေရးမူဝါဒေတြအေျပာင္းအလဲျဖစ္လာႏိုင္သလားဆိုၿပီး ထင္ေၾကးေပးသုံးသပ္မႈ ေတြလည္းရွိေနပါတယ္။
ဘီလာ႐ုစ္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ အ ေနာက္အုပ္စုႏိုင္ငံေတြရဲ႕ပိတ္ဆို႔မႈေတြကိုရင္ဆိုင္ေန ရတဲ့အတြက္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တိက် တဲ့ရည္မွန္းခ်က္ေတြနဲ႔ စတင္ဖို႔အေရးႀကီးတယ္လို႔ သုံးသပ္မႈေတြလည္းရွိေနပါတယ္။ ၎ဟာ ျပည္သူ ေတြကိုကတိေပးထားတဲ့အတိုင္း ႏိုင္ငံစီးပြားေရးနဲ႔ တည္ၿငိမ္ေရးကို အဓိကဦးစားေပးလုပ္ကိုင္ဖို႔ရည္႐ြယ္ ထားသလို ျပည္တြင္းနဲ႔ ႏိုင္ငံတကာက႑ေတြမွာ လည္း အဓိကအေရးပါလာဖို႔ ေဆာင္႐ြက္ရဖြယ္ရွိေန ပါတယ္။ ယခင္ဝန္ႀကီးခ်ဳပ္ေဟာင္းလက္ထက္မွာ ဘီလာ႐ုစ္ႏိုင္ငံဟာ စီးပြားေရးမဟာဗ်ဴဟာေတြနဲ႔အုပ္ ခ်ဳပ္ေရးပိုင္းဆိုင္ရာလုပ္ငန္းေတြမွာ လိုအပ္ခ်က္ေတြရွိ ေနရာ ဝန္ႀကီးခ်ဳပ္အသစ္ အလက္ဇန္ဒါတာခ်င္ဟာ စီးပြားေရးပိုမိုတိုးတက္ေစဖို႔ အဓိကဦးစားေပးေဆာင္ ႐ြက္ဖြယ္ရွိေနပါတယ္။ ဘီလာ႐ုစ္ဝန္ႀကီးခ်ဳပ္အသစ္ အလက္ဇန္ဒါတာခ်င္က " ကြၽန္ေတာ္အႏွစ္သက္ဆုံး ဆို႐ိုးစကားဟာ ေတာ္လွန္ေရးမရွိတဲ့ ဆင့္ကဲျဖစ္စဥ္ ျဖစ္ပါတယ္။ ႏိုင္ငံတည္ၿငိမ္ၿပီး ဟန္ခ်က္ညီတဲ့ ဖြံ႕ၿဖိဳး တိုးတက္မႈကို ေသခ်ာေစေအာင္ အဓိကထားလုပ္ ေဆာင္ဖို႔အေရးႀကီးပါတယ္။ ဝန္ႀကီး ခ်ဳပ္အသစ္အ ျဖစ္ စတင္တာဝန္ယူခ်ိန္အတြင္း ႏိုင္ငံ့စီးပြားေရးကို ျပဳျပင္ေျပာင္းလဲတာေတြလုပ္ေဆာင္မွာမဟုတ္ေသး ဘူး။ အဓိကအေရးႀကီးဆုံးလုပ္ေဆာင္ရမွာက ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ တည္ၿငိမ္ေရးေတြကို ဟန္ခ်က္ညီ ေအာင္ထိန္းသိမ္းဖို႔ျဖစ္တယ္။ ကြၽန္ေတာ္တို႔အစိုးရ အဖြဲ႕ဟာ ျပည္သူေတြအားလုံးရဲ႕ ရွင္သန္ေနထိုင္မႈ အရည္အေသြးပိုင္း ပိုမိုေကာင္းမြန္လာေစဖို႔၊ ျပည္ သူေတြ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ ဦးစားေပးေဆာင္ ႐ြက္မယ္။ အဲဒီကိစၥေတြဟာ ကြၽန္ေတာ္ ဝန္ႀကီးခ်ဳပ္ အျဖစ္တာဝန္ယူခ်ိန္အတြင္း အဓိကထားလုပ္ေဆာင္ မယ့္အရာေတြျဖစ္တယ္။ အဓိကကေတာ့ ျပည္သူအား လုံးရဲ႕အရည္အေသြးနဲ႔ ရွင္သန္ေနထိုင္မႈ ပိုမိုေကာင္း မြန္ေအာင္လုပ္ေဆာင္မယ္" လို႔ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူၿပီးေနာက္ နာရီပိုင္းအၾကာမွာပဲ ကတိျပဳခဲ့ပါတယ္။