ငွေဆောင်ကမ်းခြေသို့ နေ့စဉ် ခရီးသွားဧည့်သည် ၂၈၀၀ ဦးခန့် ဝင်ရောက်နေ

 470

NP News မတ်လ (၁၉)ရက်
ငွေဆောင်ကမ်းခြေသို့ နေ့စဉ် ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် လူဦးရေ ၂,၈၀၀ ခန့်အထိ ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ငွေဆောင်ကမ်းခြေသည် ရေကြည်လင်ပြီး လည်ပတ်စရာနေရာများအဖြစ် ချစ်သူများကျွန်း၊ မြွေကျွန်း၊ ငွေဆောင်ညဈေးတန်း စသည့်နေရာများသို့လည်း သွားရောက်လည်ပတ်နိုင်ပြီး ဧည့်သည်များအတွက် ဝန်ဆောင်မှုပေးသည့် ဟိုတယ်ပေါင်း ၃၄ လုံးရှိ ကြောင်း သိရသည်။
“ငွေဆောင်ကမ်းခြေကို အခုလက်ရှိကာလမှာ ဧည့်သည်ဝင်ရောက်မှုက အရင်နှစ်က ရာသီချိန်အတိုင်းပဲ နေ့စဉ် လူဦးရေ ၂၇၀၀ ကနေ ၂၈၀၀ ဝန်းကျင်ရှိတယ်။ ဟိုတယ်ပေါင်းအားလုံး ၃၄ လုံးဖွင့်လှစ်ပြီးတော့ ဧည့်သည်တွေကို လက်ခံဝန်ဆောင်မှုပေးနေပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ငွေဆောင်ကမ်းခြေသည် ကမ္ဘာ့ကမ်းခြေများစံနှုန်းဖြစ်သည့် ကမ်းခြေသာယာလှပမှု၊ ရေ၏အရည်အသွေး၊ သဲအရည်အသွေး၊ ရေကူးသူများဘေးကင်းလုံခြုံသည့်အခြေအနေ၊ ခရီးသွားဆွဲဆောင်မှု၊ ကမ်းခြေနှင့်ဆက်စပ်၍ လည်ပတ်နိုင်ချေ စသည့် ကမ်းခြေတစ်ခုတွင်ရှိသင့်သည့် အချက်များအားလုံးရှိကြောင်း၊ ယင်းကြောင့် ပြည်တွင်း ပြည်ပ ခရီးသွားများ စိတ်ဝင်တစားလည်ပတ်လေ့ရှိကြောင်း သိရသည်။

Zawgyi Version:
ေငြေဆာင္ကမ္းေျခသို႔ ေန႔စဥ္ ခရီးသြားဧည့္သည္ ၂၈၀၀ ဦးခန႔္ ဝင္ေရာက္ေန
NP News မတ္လ (၁၉)ရက္
ေငြေဆာင္ကမ္းေျခသို႔ ေန႔စဥ္ ခရီးသြားဧည့္သည္ ဝင္ေရာက္မႈသည္ လူဦးေရ ၂,၈၀၀ ခန႔္အထိ ရွိေနေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး ဟိုတယ္ႏွင့္ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။
ေငြေဆာင္ကမ္းေျခသည္ ေရၾကည္လင္ၿပီး လည္ပတ္စရာေနရာမ်ားအျဖစ္ ခ်စ္သူမ်ားကြၽန္း၊ ေႁမြကြၽန္း၊ ေငြေဆာင္ညေဈးတန္း စသည့္ေနရာမ်ားသို႔လည္း သြားေရာက္လည္ပတ္ႏိုင္ၿပီး ဧည့္သည္မ်ားအတြက္ ဝန္ေဆာင္မႈေပးသည့္ ဟိုတယ္ေပါင္း ၃၄ လုံးရွိ ေၾကာင္း သိရသည္။
“ေငြေဆာင္ကမ္းေျခကို အခုလက္ရွိကာလမွာ ဧည့္သည္ဝင္ေရာက္မႈက အရင္ႏွစ္က ရာသီခ်ိန္အတိုင္းပဲ ေန႔စဥ္ လူဦးေရ ၂၇၀၀ ကေန ၂၈၀၀ ဝန္းက်င္ရွိတယ္။ ဟိုတယ္ေပါင္းအားလုံး ၃၄ လုံးဖြင့္လွစ္ၿပီးေတာ့ ဧည့္သည္ေတြကို လက္ခံဝန္ေဆာင္မႈေပးေနပါတယ္” ဟု ဧရာဝတီတိုင္းေဒသႀကီး ဟိုတယ္ႏွင့္ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ေငြေဆာင္ကမ္းေျခသည္ ကမာၻ႔ကမ္းေျခမ်ားစံႏႈန္းျဖစ္သည့္ ကမ္းေျခသာယာလွပမႈ၊ ေရ၏အရည္အေသြး၊ သဲအရည္အေသြး၊ ေရကူးသူမ်ားေဘးကင္းလုံၿခဳံသည့္အေျခအေန၊ ခရီးသြားဆြဲေဆာင္မႈ၊ ကမ္းေျခႏွင့္ဆက္စပ္၍ လည္ပတ္ႏိုင္ေခ် စသည့္ ကမ္းေျခတစ္ခုတြင္ရွိသင့္သည့္ အခ်က္မ်ားအားလုံးရွိေၾကာင္း၊ ယင္းေၾကာင့္ ျပည္တြင္း ျပည္ပ ခရီးသြားမ်ား စိတ္ဝင္တစားလည္ပတ္ေလ့ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.