ထိုင်းနိုင်ငံရောက် မိုင်းဖုန်း ဆရာတော်ဘုရားကြီးကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် သွားရောက် ဂါရဝပြု

 630

သုတကျော် (NP News) - မတ် ၁၉
ထိုင်းနိုင်ငံသို့ ကြွရောက်တော်မူနေသည့် မိုင်းဖုန်းဆရာတော်ဘုရားကြီးထံသို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် က သွားရောက် ဂါရဝ ပြုခဲ့ကြောင်း သိရသည်။
ဘန်ကောက်မြို့သို့ ကြွရောက်တော့ မူနေသည့် မိုင်းဖုန်း ဆရာတော်ဘုရားကြီးကို သက်ဆင် နှင့် ၎င်း ၏ သမီးငယ် Pintongtha Kunakornwong တို့က ယနေ့ (မတ်လ ၁၉ ရက်) တွင် သွားရောက်ဖူးမြော်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“မနေ့ကပဲ ရောက်သွားတယ်နဲ့ တူတယ်။ ထိုင်ဝမ် (တိုင်ပေ) သွားမလို့။ ခရီးစဉ်ကတော့ ထိုင်ဝမ် နဲ့ စင်္ကာပူ လို့ ပြောတယ်။ အတိအကျတော့ မသိဘူး။ ဘန်ကောက်ကနေ တဆင့် သွားမှာပါ” ဟု မိုင်းဖုန်းဆရာတော်ကြီး နှင့် နီးစပ်သော တပည့် ရဟန်းတော် တစ်ပါးက NP News သို့ မိန့်ကြားသည်။

Zawgyi Version:
ထိုင္းႏိုင္ငံေရာက္ မိုင္းဖုန္း ဆရာေတာ္ဘုရားႀကီးကို ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ သြားေရာက္ ဂါရဝျပဳ
သုတေက်ာ္ (NP News) - မတ္ ၁၉
ထိုင္းႏိုင္ငံသို႔ ႂကြေရာက္ေတာ္မူေနသည့္ မိုင္းဖုန္းဆရာေတာ္ဘုရားႀကီးထံသို႔ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ က သြားေရာက္ ဂါရဝ ျပဳခဲ့ေၾကာင္း သိရသည္။
ဘန္ေကာက္ၿမိဳ႕သို႔ ႂကြေရာက္ေတာ့ မူေနသည့္ မိုင္းဖုန္း ဆရာေတာ္ဘုရားႀကီးကို သက္ဆင္ ႏွင့္ ၎ ၏ သမီးငယ္ Pintongtha Kunakornwong တို႔က ယေန႔ (မတ္လ ၁၉ ရက္) တြင္ သြားေရာက္ဖူးေျမာ္ခဲ့ျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။
“မေန႔ကပဲ ေရာက္သြားတယ္နဲ႔ တူတယ္။ ထိုင္ဝမ္ (တိုင္ေပ) သြားမလို႔။ ခရီးစဥ္ကေတာ့ ထိုင္ဝမ္ နဲ႔ စကၤာပူ လို႔ ေျပာတယ္။ အတိအက်ေတာ့ မသိဘူး။ ဘန္ေကာက္ကေန တဆင့္ သြားမွာပါ” ဟု မိုင္းဖုန္းဆရာေတာ္ႀကီး ႏွင့္ နီးစပ္ေသာ တပည့္ ရဟန္းေတာ္ တစ္ပါးက NP News သို႔ မိန႔္ၾကားသည္။

Related news

© 2021. All rights reserved.