ဒီဇင်ဘာ(သို့)(၂၆ ) ဇန်နဝါရီ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးလောက အမြင်အသံများ

 339

သုတကျော် (NP News) - မတ် ၂ဝ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာ(သို့မဟုတ်) လာမည့်နှစ် ဇန်နဝါရီတွင်ကျင်းပရန်စီ စဉ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘီလာရုစ်သမ္မတ လူကာရှန်ကိုနှင့်တွေ့ဆုံပြီးနောက် ပြုလုပ်သောပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါ သတင်းသည် လူအများကြားတွင် စိတ်ဝင်စားစရာသတင်းတစ်ပုဒ် ဖြစ်သွားခဲ့သည်။ အထူးသဖြင့် နိုင်ငံရေးနှင့် စီးပွားရေး ကြားတွင် အလှုပ်အခတ်များဖြစ်သွားခဲ့သည်။ အဆိုပါစကားနှင့်ပတ်သက်၍ နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၏ မျှော်လင့် ချက်၊ သဘောထားနှင့် ခန့်မှန်း ချက်များကို NP News စာဖတ်ပရိသတ်များအတွက် ဖော်ပြအပ်ပါသည်။

ဒေါက်တာ အေးမောင် - ဥက္ကဋ္ဌ (ရခိုင့်ဦးဆောင်ပါတီ)
အခုရက်ကတော့ မပါသေးဘူး။ ဒါပေမဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်လောက် ဖြစ်နိုင်ခြေဆိုတော့ ပိုပြီးတော့ ဒါကာလသတ်မှတ်ချက်ဖြစ်လာပြီပေါ့။ နိုင်ငံရေးပါတီများဘက်က ကြိုဆိုကြမှာပေါ့။ ဒုတိယအချက်က အဲဒီလို ပြောရုံနဲ့ ပြင်ဆင်ဖို့ကတော့ နိုင်ငံရေးပါတီများဘက်က ခက်ခဲတာပေါ့။ အဲဒီတော့ နစကရဲ့လက်ရှိကာလက ခင်ဗျားတို့ သိတဲ့အတိုင်း ခြောက်လဆိုတော့ ဇူလိုင်လ(၃၁)ရက်အထိ ယူရဦးမှာပေါ့။ အခုပြောတဲ့ ဒီဇင်ဘာသည် ကာလသတ်မှတ်ချက် ဘာထဲပါသလဲဆိုတာ တွက်ရမှာပေါ့။ ခင်ဗျားတို့ သတိထားမိရင် နစကသွားနေတဲ့ ဦးတည်ချက်က နှစ်ခုရှိတယ်ဗျ။ နှစ်ခုဆိုတာက လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးမယ်။ ရွေးကောက်ခံရတဲ့ အစိုးရကို အာဏာလွှဲ ပြောင်းပေးမယ်ဆိုတာလေ။ အဲဒီနှစ်ခုက ရွေးကောက်ပွဲနဲ့ ချိတ်ဆက်ထား တာ။ အဲဒီနှစ်ခုပါ ထည့်သွင်းစဉ်စားမှ လာမယ့် ကာလကို တိတိကျကျသုံးသပ်နိုင်မှာပေါ့။ ပထမတစ်ချက်က ရွေးကောက်ပွဲဟာ ဒီဇင်ဘာလို့ပြောရင် နစကသည် နောက် လာမယ့် ဩဂုတ်လ (၁) ရက် ကာလ ကို ကာလုံကို လွှဲတော့မှာလားပေါ့။ လွှဲမယ်ဆိုရင် ရွေးကောက်ပွဲကျင်းပပေးပြီးရင် အာဏာအလွှဲအပြောင်းပါ တစ်ဆက်တည်း ဖြစ်သွားမှာလားပေါ့။ အဲဒီတော့ ကျွန်တော်တို့က အဲဒီလိုစဉ်းစားရင်ရွေး ကောက်ပွဲအတွက် လုံခြုံမှုရှိမှဆိုတာ စဉ်းစားတာပေါ့။ အာဏာအလွှဲအပြောင်းဆိုရင် အာဏာမလွှဲပြောင်း ခင်ကရှိနေတဲ့ ဘဏ္ဍာရေးအနေအထားတွေ စဉ်းစားရ တာပေါ့ဗျာ။ အာဏာရော လုပ်ပိုင်ခွင့်ရောလွှဲရတာ ကိုး။ အဲဒီနှစ်ခုကိုစဉ်းစားရင် ကျွန်တော်တို့က လာမယ့် (၂၀၂၆)အာဏာလွှဲပြောင်းမယ့်ကာလ ဖြစ်နိုင်တာပေါ့။ ရွေးကောက်ပွဲအလွန်မှာလေ။ ကျွန်တော်တို့က ဘဏ္ဍာနှစ်ကို စဉ်းစားဖို့ လိုအပ်လာတာပေါ့။ မြန်မာနိုင်ငံမှာသွားနေတာက ဧပြီ (၁)ရက်ကနေ မတ်လ (၃၁)ရက် အထိ သွားတာကိုး။ နောက်အစိုးရ အသစ်တစ်ရပ်သည် ဘယ်လိုပဲဖြစ်ဖြစ် ဖွဲ့စည်းပြီးမှ (၂၀၂၆)ခုနှစ် ဧပြီလ(၁) ရက်မှာ အသက်ဝင်ရမှာကိုး။ ဆိုတော့ အဲဒီကာလအထိ အခုကနေ စဉ်းစားရင် အခြေခံဥပဒေအရ ရွေးကောက်ပွဲကို ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ကျင်းပပေးရမယ်။ ရွေးကောက်ပွဲကာလသည် ကြာနိုင်တာပေါ့။ တစ် ကြိမ်တည်းနဲ့ မပြီးရင် နှစ်ကြိမ်စသည်ဖြင့် ကြာနိုင်တာပေါ့။ ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားဖို့ဆိုရင် ဩဂုတ်လ (၁)ရက် အထိ (၂၀၂၅)က စပြီး ကာလုံ ကို နစကက လွှဲနိုင်တာပေါ့။ ကာလုံသည် ခြောက်လအာဏာယူရမှာပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် (၂၀၂၆) ဇန်နဝါရီ (၁)ရက်ဆိုရင် ခြောက်လ ပြည့်မှာပေါ့။ အဲဒီကာလအထိ ခြောက်လတာကာလ အတွင်းမှာ ကာလုံသည် ရွေးကောက်ပွဲ ကျင်းပပြီးသား ဖြစ်ရမှာပေါ့။ အဲဒီတော့ ဦးမင်းအောင်လှိုင်ပြောတဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်ကနေ ဇန်နဝါရီ ပထမပတ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဇန်နဝါရီ (၃၁) ရက်၊ (၂၀၂၆)ဆိုရင် ရွေးကောက်ပွဲ ပြီးပြီးသား ဖြစ်ရမှာပေါ့။ ဒါက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ပေါ့။ အဲဒီတော့ အာဏာလွှဲပြောင်းမှု ဘယ်လိုလုပ်မှာလဲဆိုတဲ့ မေးခွန်းနံပါတ် နှစ်ပေါ် လာတာပေါ့ဗျာ။ အဲဒီတော့ အာဏာလွှဲပြောင်းမယ်ဆို အစိုးရအဖွဲ့ သည် ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်ခေါ်တာ ဖေဖော်ဝါရီ(၁)ရက်ဆိုရင် ဖေဖော်ဝါရီအတွင်း အစိုးရအဖွဲ့ကို ဖွဲ့ရမှာပေါ့။ အဲဒီကာလအတွင်း ဘယ်သူအုပ်ချုပ်မှာလဲဆိုတဲ့ မေးခွန်းပြန်ပေါ်လာတာပေါ့ဗျာ။ အဲဒီတော့ ကာကွယ် ရေး နဲ့ လုံခြုံရေးကောင်စီသည် ခုနကအုပ်စာကို ပြန်စဉ်း စားရင် နှစ်ကြိမ်များယူမှာလားပေါ့။ အခြေခံဥပဒေအရ ခွင့်ပြုပေးနိုင်မှာလားပေါ့။ ဒါပေမဲ့ အခြေခံဥပဒေအရကတော့ နှစ်ကြိမ်ရယ်လို့ သတ်မှတ်မထားဘူးဗျ။ ဒါကြောင့် ကာလုံသည် ပထမခြောက်လအတွင်းမှာ ရွေးကောက်ပွဲကျင်းပ ပြီးတော့မှ ဒုတိယယူမယ့် ခြောက်လက မတ်လ (၃၁)ရက်အထိ ယူပြီးတော့မှ အာဏာအလွှဲအပြောင်းကို လုပ်ပေးမှာလားဆိုတာ စဉ်းစားဖို့လိုတာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် (၂၀၂၅)၊ ဇူလိုင် (၃၁) ရက်မှာ နစကရဲ့အခုခြောက်လသည် ပြီးမယ်ပေါ့ဗျာ။ ခြောက်လ ထပ်ပြီးတော့ ယူမှာ လားပေါ့။ ခြောက်လ ထပ်ယူပြီးမှ မတ်လ(၃၁) ရက် (၂၀၂၆)နဲ့ ညှိပြီး တော့မှ ကာလုံအတွင်းဝင်အောင် အပ်မှာလားပေါ့။ အဲဒီလိုဆိုရင် ခင်ဗျား ဩဂုတ်လ (၁) ရက်၊ (၂၀၂၅) မှာ အာဏာခြောက်လထပ်ယူပြီး အာဏာအပြည့် မယူဘဲနဲ့ ဒီဘက်က သုံးလ၊ ဟိုဘက်က သုံးလ ကာလုံ ကို လွှဲမှာပေါ့။ အောက်တိုဘာလ (၁)ရက်ကစပြီး ကာလုံကို လွှဲမှာလားပေါ့။ ဩဂုတ်လကနေ စက်တင် ဘာ (၃၀)အထိကို နစက ယူမှာပေါ့။ ခြောက်လ ယူပြီးမှ နှစ်လထပ်ယူမှာပေါ့။ ပြီးတော့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကိုလွှဲမှာလားပေါ့။ နှစ်လနဲ့ ပတ်သက်လို့ မေးခွန်း ပေါ်လာတာပေါ့။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးနဲ့ ပတ်သက်လို့ နစကသည် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိပြီးတော့မှ နယ်မြေလုံခြုံမှု၊ နယ်မြေ စိုးမိုးမှု၊ တစ်နည်းအားဖြင့် ရွေးကောက်ပွဲ ပိုပြီး တည်ငြိမ်အေးချမ်းအောင်လုပ်ဖို့ ထပ်ပြီး နှစ်လလိုသေးတယ်ဆိုရင် နစကသည် ထပ်ပြီးတော့ ယူနိုင်သေးတာပေါ့။

ဦးစိုင်းအိုက်ပေါင်း-ဥက္ကဋ္ဌ (ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)
ရွေးကောက်ပွဲကတော့ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့မှန်းတာက နိုဝင်ဘာလ မှန်းတာ။ ဒါပေမဲ့ သူတို့ ပြောတာက အစောဆုံးက (၂၀၂၅) ဒီဇင်ဘာလပေါ့နော်။ နောက်အကျဆုံးက (၂၀၂၆)ဇန်နဝါရီလလို့ ပြောတယ် လေ။ ရွေးကောက် ပွဲကတော့ ဖြစ်မှာပဲ။ ကျွန်တော်တို့သည်တစ်ခါတော့ PR နဲ့ဆိုရင် လွှတ်တော်ကိုယ်စားလှယ် လောင်း တွေက ဘယ်သူလဲဆိုတာ မြို့နယ်တွေကသိစရာမလိုဘူးလေ။ ကျွန်တော်တို့က Close list ဆိုတော့ နာမည်ဖော်ပြစရာ မလိုဘူး။ ပါတီလိုဂိုပဲ။ ဥပမာ-ကျားဖြူ ဆိုရင်လည်း ကျားဖြူပဲ။ မရမ်းကုန်း မြို့နယ်က တိုင်းဒေသကြီးလွှတ်တော် ဘယ်သူလဲ၊ ပြည်သူ့လွှတ် တော်ဘယ်သူလဲ၊ အမျိုးသား လွှတ်တော်ကိုယ်စား လှယ်ဘယ်သူလဲဆိုတာ ဖော်ပြစရာ မလိုဘူးလေ။ ပါတီရဲ့ လိုဂိုနဲ့ပဲသွားမယ် ဆိုတော့ ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးအရတော့ ပူစရာမလိုဘူးလေနော်။ ကျွန်တော်တို့ဖြစ်စေချင်တာက UEC က PR နဲ့ သွားမယ်လို့ ပြောထားတဲ့အတိုင်း ဖြစ်စေချင်တယ်။ PR လုပ်မယ်ဆို ရင်လည်း အားလုံးကပါဝင်လာမယ် လေနော်။ ပါတီတစ်ခုကနေပြီးတော့ Land slide ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဖြစ်လည်းဖြစ်စရာ အကြောင်းမရှိတော့ဘူး။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကျ PR သွား လုပ်လို့မရတော့ဘူး။ ရန်ကုန်တိုင်းဆိုရင် ကရင်ရှိမယ်၊ ရခိုင်ရှိမယ်။ အဲဒါကကျတော့ နိုင်သူအကုန်ယူစနစ်နဲ့ ဖြစ်သွား မှာပဲ။ အဲဒီဟာတစ်ခုပဲရှိမှာ။ ကျန်တာ အကုန်လုံးက PR လုပ်လို့ရတယ်လေ။ နစကလည်း ကြေညာထားပြီးသားလေ။ ရှေ့လုပ်ငန်းစဉ်ငါးရပ် ထဲမှာ ရွေးကောက်ပွဲကနေပေါ်ပေါက်လာနိုင်တဲ့ အစိုးရကို အာဏာလွှဲပြောင်းပေးမယ်လို့ ပြောထား ပြီးသား လေ။ ပြန်လွှဲမှာပေါ့။ (၂၀၁၀) ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးက Land slide နိုင်တယ်နော်။ (၂၀၁၅) ရွေးကောက်ပွဲ NLD နိုင်တယ်။ တစ်ပါတီတည်း လွှတ်တော်ကိုလည်း ကြီးစိုးထားတယ်။ အစိုးရကိုလည်း ကြီးစိုးထား တယ်။ ဒီ (၂၀၂၅) ကျတော့ ဒီလို ပုံစံလာမှာမဟုတ်တော့ဘူး။ ဒါကြောင့် ထိုက်သင့်သ လောက် ပါလာမှာပဲ။

ဦးခင်မောင်ဇော် (နိုင်ငံရေးသုံးသပ်လေ့လာသူ)
ရွေးကောက်ပွဲကတော့ မဖြစ်စရာအကြောင်းမရှိဘူး။ အနည်းဆုံး မြို့နယ်(၁၁၀)ဆိုတာလည်း ထွက်လာပြီ။ ဒီထက်ပိုအောင်တော့ ကြိုးစားရမှာပေါ့။ Base line မှာတော့ မြို့ (၁၁၀) ပြင်ဆင်နေတယ်ဆိုတဲ့သဘောတော့ ရှိတာပေါ့။ နိုင်ငံရေးဘောင် ကျယ်ဖို့အတွက်ကတော့ နံပါတ်တစ်က အရေအတွက်ပေါ့။ (၁၁၀)ဆိုတာကတော့ တော်တော်နည်းသေး တာပေါ့နော်။ ဒါကတော့ အပိုင်လုပ်နိုင်တာကို စဉ်းစားတဲ့ သဘောတော့ ရှိတာပေါ့။ သို့သော် ဒီလိုပဲ ပြန်စမှပဲ နိုင်ငံရေး ဘောင်ကျယ်ဖို့ ပထမခြေလှမ်းလို့ ပြောရမှာပေါ့။ ဘက်စုံပေါ့ဗျာ။ နိုင်ငံရေးရော၊ ပြည်တွင်း၊ ပြည်ပ ပြဿနာတွေရှိ တဲ့အချိန်မှာ နိုင်ငံရေး ဘောင်ကျယ်ဖို့ဆိုတာက ရေရှည်ရည်မှန်းချက်ပေါ့။ သို့သော် လောလောဆယ်တော့ ပထမ ခြေ လှမ်းကနေ၊ တစ်ကနေ ပြန်စရတဲ့အနေအထားမှာ ဖြစ်မြောက်ရေးက အဓိကပေါ့။ အဲဒီအချိန်မှာ နိုင်ငံရေး ပါတီတွေ အနေနဲ့ကတော့ ကျွန်တော်တို့လည်း တောက်လျှောက် ထိတွေ့တာပဲ။ အားလည်း ပေးပါတယ်။ သူတို့အနေနဲ့ အခက်အခဲမျိုးစုံရှိပေမယ့် နံပါတ်တစ်ကတော့ လုံခြုံရေးပေါ့။ လုံခြုံရေးဆိုတာ နှစ်ခုသုံးခုလောက်ရှိတာပေါ့။ တစ်ခုက တော့ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေး။ နောက်တစ်ခါ မဲထည့်မယ့် ပြည်သူတွေရဲ့ လုံခြုံရေး။ အဲဒီမှာ နိုင်ငံရေးပါတီရယ်၊ နိုင်ငံရဲ့လုံခြုံရေးကို တာဝန်ယူမယ့် အစိုးရအဖွဲ့အစည်းတွေရယ်၊ ရွေးကော်ရယ် သေချာ တိုင်ပင် ညှိနှိုင်းပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ တတ်နိုင်သမျှ အလုံခြုံဆုံးနဲ့ အများဆုံးရအောင် ကြိုးစားရမယ့် အခြေအနေလို့ ကျွန်တော် မြင်ပါတယ်။ ကျွန်တော်ကတော့ ဝင်ပြိုင်တဲ့ ပါတီရှိကြမှာပေါ့။ အနည်းဆုံး ပါတီ လေးငါး ဆယ်ပါတီ။ ဒီထက်လည်း ပိုများမှာပေါ့။ ကျွန်တော်က တော့ ပုဇွန်တောင် မဲဆန္ဒနယ်မှာထည့်ရမယ့် မဲဆန္ဒရှင် တစ်ယောက်ပေါ့။ ဒီမှာတော့ ကျွန်တော်က တစ်ခုပဲ စဉ်းစားမှာပဲ။ အနိုင်ရခဲ့ရင် အစိုးရအဖွဲ့ဖွဲ့ပြီးတော့ နိုင်ငံတော်ကို ဦးဆောင်ပြီးရှေ့ဆက်သွားဖို့ အဆင် သင့် ဖြစ်ပြီးသား ပြင်ဆင်ပြီးသားလို့ ကျွန်တော်က ယုံကြည်တဲ့ပါတီကိုပဲမဲထည့်မှာ။ အဓိကက ကျွန် တော်က ပွင့်ပွင့်လင်းလင်းပြောရရင်တော့ နိုင်ငံတော် ကို ရှေ့ဆက်ပြီးတော့ ပြန်လည်တည်ဆောက်ရေး၊ နိုင်ငံရေးဘောင်၊ အုပ်ချုပ်ရေးဆိုတာ အများကြီး ရုန်းကန်ရဦးမယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်ဗျာ တစ်နိုင်ငံလုံးက လက်နက်ကိုင်တွေလက်ထဲ ရောက်နေတာဗျ။ ဒါတွေကို ဘယ်လိုဖောက်ထွက်မလဲ။ အဲဒီလို ဖြစ်တဲ့အချိန်မှာ တပ်မတော်၊ လက်ရှိ အစိုးရနဲ့ အမျိုးသားရေးအင်အားစုတွေက ဝိုင်းရုန်းရမယ့် အခြေအနေ။ ဝိုင်းရုန်းနိုင်စွမ်းရှိမယ်ထင်တဲ့၊ ဦး ဆောင်မှု ပေးနိုင်တဲ့ ပါတီမျိုးဆိုရင်တော့ ကျွန်တော်က အဲဒီလိုဟာမျိုးကို ရွေးမှာ။ ပါတီကြီးက အဖွဲ့ဝင်တွေများမှ အဲဒီလို မဟုတ်ပါဘူး။ ဦးဆောင်တဲ့ အဖွဲ့အစည်း က Vision ပေါ့ဗျာ။ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားလဲ၊ ပြင်ဆင်ထားလဲ ဒီလိုပေတံမျိုးနဲ့ တိုင်း တာပြီး မဲပေးမှာပဲ။ အားကိုးပြီးပေးတာပေါ့ဗျာ။

ဦးကျော်ဇေယျ (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
အန်ကယ်ကတော့ ရွေးကောက်ပွဲလုပ်ဖြစ် မယ်ထင်တယ်။ သူတို့ရဲ့ရည်မှန်းထားတဲ့အတိုင်း ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဆိုတာ။ နောက်ပြီးတော့ သူတို့ထပ်ပြောတာက နစကဥက္ကဋ္ဌကြီး ကိုယ်တိုင်ပြောတာက ဂုဏ်သိက္ခာ ရှိတဲ့ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲပေါ့။ ဂုဏ်သိက္ခာရှိတယ်ဆိုတဲ့ စကားလုံးက သိပ်တာသွားတယ်။ တကယ် ဂုဏ်သိက္ခာရှိအောင်ပေါ့။ နောက်တစ်ခါ ပြောပြောနေတဲ့ နိုင်ငံတကာကပြောနေတဲ့ အားလုံးပါဝင်ရေး ဆိုတဲ့ စကားလုံးကလည်း တာသွားတယ်။ ဘယ်သူတွေ ပါဝင်ရမလဲဆိုတာတော့ ပြည်သူတွေ သိနေတယ်။ ပြည်သူတွေသိသလို နစကလည်း သိသင့်တယ်။ ဒါမှဂုဏ်သိက္ခာရှိပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အန်ကယ်က ထင်ပါတယ်။ အန်ကယ်ကတော့ နစကဥက္ကဋ္ဌပြောတဲ့အတိုင်းဆို လာမယ့်ခြောက်လ သက်တမ်းအတိုး မှာတော့ ကာလုံကို သူ ပြန်လွှဲမယ် ထင်တယ်။ ကာလုံကို အာဏာသုံးရပ်ပြန်လွှဲမယ်။ ကာလုံကနေ စီစဉ်မယ်၊ စီစဉ်ပြီးရင် ခြောက်လ အတွင်း ရွေးကောက်ပွဲလုပ်ရမယ်ဆိုတာ (၂၀ဝ၈) အခြေခံဥပဒေအတိုင်းပဲ သူတိတိကျကျ လိုက်နာပြီး ဆောင်ရွက်မယ်လို့ပဲ အန်ကယ်ထင်တယ်။ (၂၀၂၀) တုန်းက တည်ငြိမ်တဲ့ကာလလို့ ဆိုရမှာပေါ့။ တည်ငြိမ်တဲ့ကာလမှာတောင် ရွေးကောက်ပွဲဟာ မတည်မငြိမ် ဖြစ်သွားတယ်။ အများကြီးပဲ မဲကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတွေ ဖြစ်တယ်ပေါ့။ အဲဒါကို ဖြစ်တဲ့အတွက် အခုလို မတည်ငြိမ်တဲ့ကာလမှာ လုပ်တဲ့ ရွေးကောက် ပွဲက ပိုပြီးတော့အရေးကြီးတယ်။ ပိုပြီးတော့ တာဝန်ရှိ တယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း မတည်ငြိမ်တဲ့ကာလမှာ ဘာတွေလုပ်သင့်တယ်ဆို တာ စီမံချက်ရေးဆွဲထားသင့်တယ်လို့ အန်ကယ်က တော့ မြင်တယ်။ နစကဥက္ကဋ္ဌကြီးက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တဲ့အခါ ဒါတွေက အခိုက်အတန့်လေးတွေပါ ဆိုတာဟုတ်ပြီ။ ခေါင်းဆောင်ကတော့ ပြောနေပြီ။ တကယ် လက်တွေ့ အကောင်အ ထည် ဖော်ရမှာက အောက်ခြေကတပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တွေ သွားရမှာ။ ဖိဖိစီးစီးလုပ်ဖို့လိုမယ်။ ရွေးကောက်ပွဲကတော့ သိပြီးတဲ့အတိုင်းပဲလေ။ ရွေးကောက်ပွဲရက်က သိသွားပြီပဲ ဘယ်လောက်မှ မလိုတော့ဘူး။ အခုချိန်ကတည်းက စပြီးတော့ တည်ငြိမ်ဖို့ဟာကို အဂတိကင်းကင်းရှင်းရှင်းနဲ့ ပြည်သူလူထု ငြိုငြင်မှု မရှိအောင် လုပ်ဖို့လိုမယ်။ ပြည်သူက အားပေးမှ ရွေးကောက်ပွဲက အောင်မြင်မှာ။ အဲဒီ အသိလေးတွေကို ဝန်ထမ်းတွေ အားလုံး အောက်ခြေ အထိ သိဖို့ လိုမယ်လို့ တင်ပြချင်ပါတယ်။

ဦးတင့်ဆွေ - ဒုတိယ ဥက္ကဋ္ဌ (ဒီမိုကရက်တစ်ပါတီ)
ရွေးကောက်ပွဲက မဖြစ်နိုင်စရာမရှိဘူးဗျ။ ကျိန်းသေဖြစ်နိုင်တယ်။ နိုင်ငံရေးပါတီစတည် ထောင်ကတည်းကိုက ပထမအချက်က ရွေးကောက်ပွဲလေ။ ရွေးကောက်ပွဲမဝင်ရင်ပါတီက ဖျက်သိမ်းလို့ ရတယ်လေ။ အရင်ဥပဒေကတည်း ကိုက ရွေးကောက် ပွဲမှာ သုံးနယ်ဝင်မှမဝင်ရင် ပါတီဖျက်သိမ်းတယ် ဆို တာ။ ပြောချင်တာက နိုင်ငံရေးပါတီရဲ့ ပထမခြေ လှမ်းက ရွေးကောက်ပွဲဝင်ဖို့ပဲ။ အန်ကယ်တို့က ရွေးကောက်ပွဲကို မျှော်လင့်ပါတယ်။ အရေးပေါ်ကာလ ပြီးဆုံးသွားတဲ့အတွက် အရပ်သားအစိုးရ ပေါ်လာမယ်။ လွှတ်တော်ပေါ်လာတဲ့အတွက် လက်ရှိ သွားနေတဲ့အရွေ့ရဲ့ မလိုလားတဲ့ဥပဒေတွေကို ဖျက်ပြီး လိုအပ်တဲ့ဥပဒေကိုပြင်နိုင်ရင် အများကြီးကောင်းတာပေါ့။ လွှတ်တော်အလုပ်က ဥပဒေပြင်တယ်၊ ဖျက် တယ်။ ဘတ်ဂျက်ကို အတည်ပြုတယ်။ ရေးရာ ကော်မတီတွေဖွဲ့တယ်။ ဒါတွေက အရမ်းအရေးကြီးတယ်။ အန်ကယ်တို့က ရွေးကောက်ပွဲကို အရမ်း မျှော်လင့်တာပေါ့။ လက်ရှိမှာ နစကဥက္ကဋ္ဌအပြင် နိုင်ငံတော်ဝန်ကြီးချုပ်ဆိုတော့ တာဝန်နှစ်ခု ယူထားတယ် လေ။ (ရွေးကောက်ပွဲ မလုပ်ခင်) သူပြန်အပ်ရမှာက နစကကို ပြန်အပ်ရမှာ။ သူဘာကျန်ခဲ့ မလဲဆိုတော့ နိုင်ငံတော်ဝန်ကြီးချုပ် ကျန်မယ်လေ။ ဖွဲ့စည်းပုံမှာက အရေးပေါ်ကာလအနေနဲ့ ပေးတာက နစက အနေနဲ့ပေးတာလေ။ သို့သော်လည်း တိုင်းပြည်မှာ စီမံခန့်ခွဲဖို့၊ ဝန်ကြီးဌာနတွေ အုပ်ချုပ်ဖို့ဆိုတာက ဝန်ကြီးချုပ် လိုတယ်။ ဒါကြောင့် အာဏာထိန်းပြီး ဩဂုတ်လ (၁)ရက်မှာ ဝန်ကြီးချုပ်ဆိုပြီး ထပ်ယူတာလေ။ အဲဒါကြောင့် ပြန်အပ်တယ်ဆိုရင် အန်ကယ်မြင်တာက နစကဆိုတဲ့ ကောင်စီဥက္ကဋ္ဌကို အပ်တာ။ ရွေးကောက်ပွဲလုပ်ဖို့အတွက် ကလည်း အိမ်စောင့် အစိုးရအနေနဲ့ ကျန်ခဲ့မှဖြစ်မှာလေ။ ဒါ ကြောင့် သူက (ဝန်ကြီးချုပ်ရာထူး) မယူဘူးဆိုရင် သူ စီမံခန့်ခွဲနေတာတွေ တလွဲဖြစ်သွားမှာ။ နံပါတ်တစ်ကတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဥပဒေတစ်ခုလို တယ်။ ရွေးကောက်ပွဲ ဥပဒေလေ။ အခု ဥပဒေက မထွက်သေးဘူး။ မကြာခင် ထွက်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် က ပြည်ပမှာပြောတယ်ဆို တော့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဥပဒေထွက်မယ်လေ။ ဥပမာ အမတ်အရွေးခံ မယ်ဆိုရင် အမတ်တစ်ယောက်ရဲ့ အရည်အချင်းက ဘာတွေဘာတွေ အဲဒါတွေလာ မယ်။ နောက်ပြီး ရွေးကောက်ပွဲက စနစ်နှစ်ခုနဲ့ သွားမှာ။ နိုင်သူ အကုန်ယူစနစ်ရယ် အချိုးကျ ကိုယ်စားပြု စနစ်ရယ်လေ။ ပါတီတွေ ပေါင်းပြီးတော့ မဟာမိတ် လုပ်ပြီး ရွေးကောက်ဝင်မှာတွေ ဘာတွေ ရှိတယ်လေ။ တို့ ရန်ကုန်တိုင်းဆို (၄၅) မြို့နယ်ရှိတယ်။ မြို့နယ် အကုန်မဝင်နိုင်ဘူးဆိုရင် မဟာမိတ်တွေပေါင်းပြီး ဝင်ဖို့ဆိုရင် ရွေးကောက်ပွဲကော်မရှင်က ဒါနဲ့ပတ်သက်လို့ နည်းဥပဒေ ထုတ်မယ်ထင်တယ်လေ။ နံပါတ်တစ်က လုံခြုံရေးအရေးကြီးတယ်။ လုံခြုံရေးနဲ့ ကျွဲကူးရေပါ တရားဥပဒေစိုးမိုးရေးက အရေးကြီးတယ်။ တရားဥပဒေစိုးမိုးရေးရှိမှ လုံခြုံရေးက ပါသွားတယ်။ ဘာကြောင့်လဲ ဆိုတော့ တရားဥပဒေစိုးမိုးရေးကို မီးမောင်းထိုးပြောလဲဆိုတော့ မဲထည့်တဲ့ ပြည်သူတွေက အရင်ကတည်းက မဲအမှန်ကိုရဖို့ဆိုတာ တရားဥပဒေစိုးမိုး မှရတာ။ ဟိုးအရင် ဖဆပလ ခေတ် တုန်းကဆို မဲကသုံးမဲရှိတယ်။ အဝါက ပထစမဲ သန့် ရှင်းပေါ့။ အနီက တည်မြဲမဲ။ အပြာက ပမညတ မဲ။ အဲဒီမှာ လက်နက်ကိုင် ရှိတဲ့နယ်တွေမှာပေါ့။ ဖဆပလ လက်ထက်ကလည်း တစ်တိုင်းပြည်လုံး မလွှမ်းခြုံနိုင် ဘူးလေ။ သောင်းကျန်းသူတွေ လိုလားတာက အပြာ ဗျ။ ဝိဓူရ (သခင်ချစ်မောင်)တို့ အဖွဲ့ဗျ။ လက်ဝဲလို လားတဲ့အဖွဲ့ပေါ့။ သူတို့က (အဲဒီနယ်တွေမှာ မပါ) ပါတီမထောင် တဲ့ အခါကျတော့ သောင်းကျန်းသူတွေ က နယ်တွေမှာ

ဒီနယ်မှာအပြာရှိရင် အပြာထည့်။ အဝါရှိရင် အဝါကိုထည့်။ အနီကိုမထည့်နဲ့ တပ်မတော် လိုလားသူတွေဆိုတော့ အဲဒီနယ်ကလူတွေမဲက အမှန် ဖြစ်ပါ့မလား။ မဟုတ်ဘူးလား။ သူတို့ အသံတွေ အမှန်ဖြစ်ပါ့မလား။ (၂၀၁၀)တို့ (၂၀၁၂) ကြား ဖြတ်တွေမှာ ဆိုရင် နယ်စပ်တွေမှာရှိတဲ့ ပါတီတွေမှာ မဲတွေက ပြောင်းသွားရော။ အဲဒီနယ်တွေက နဗဥျ တွေက သူတို့ လိုလားတဲ့ ပါတီတွေကို မဲထည့်ခိုင်းဖို့ ဩဇာ ညောင်းတာလေ။ အခု အန်ကယ်ပြောတဲ့ တရားဥပဒေ စိုးမိုးရေးက အဲဒါပဲ။ ရန်ကုန်တော့ စိုးမိုး နိုင်တာပေါ့။ ဒါပေမဲ့ ပဲခူးတိုင်းဆို အနောက်ခြမ်း၊ အရှေ့ခြမ်း မစိုးမိုးတဲ့နေရာတွေရှိတယ်လေ။ သူတို့ ဘာသာက ဒီပါတီထည့်ကွာဆို အာဏာသည် ပြောင်းဝမှာ ရှိတယ်လေ။ အဲဒီက ပြည်သူတွေက မဲတွေ အစစ်အမှန် ဖြစ်ပါ့မလား။ အဲဒါကို စိုးရိမ်တာပါ။

Zawgyi Version:
ဒီဇင္ဘာ(သို႔)(၂၆ ) ဇန္နဝါရီ ေ႐ြးေကာက္ပြဲနဲ႔ႏိုင္ငံေရးေလာက အျမင္အသံမ်ား
သုတေက်ာ္ (NP News) - မတ္ ၂ဝ

ျမန္မာႏိုင္ငံ၏ ေ႐ြးေကာက္ပြဲကို ယခုႏွစ္ ဒီဇင္ဘာ(သို႔မဟုတ္) လာမည့္ႏွစ္ ဇန္နဝါရီတြင္က်င္းပရန္စီ စဥ္ထားေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဘီလာ႐ုစ္သမၼတ လူကာရွန္ကိုႏွင့္ေတြ႕ဆုံၿပီးေနာက္ ျပဳလုပ္ေသာပူးတြဲသတင္းစာရွင္းလင္းပြဲတြင္ ထုတ္ေဖာ္ေျပာၾကားလိုက္သည္။ အဆိုပါ သတင္းသည္ လူအမ်ားၾကားတြင္ စိတ္ဝင္စားစရာသတင္းတစ္ပုဒ္ ျဖစ္သြားခဲ့သည္။ အထူးသျဖင့္ ႏိုင္ငံေရးႏွင့္ စီးပြားေရး ၾကားတြင္ အလႈပ္အခတ္မ်ားျဖစ္သြားခဲ့သည္။ အဆိုပါစကားႏွင့္ပတ္သက္၍ ႏိုင္ငံေရးနယ္ပယ္မွ ပုဂၢိဳလ္မ်ား၏ ေမွ်ာ္လင့္ ခ်က္၊ သေဘာထားႏွင့္ ခန႔္မွန္း ခ်က္မ်ားကို NP News စာဖတ္ပရိသတ္မ်ားအတြက္ ေဖာ္ျပအပ္ပါသည္။

ေဒါက္တာ ေအးေမာင္ - ဥကၠ႒ (ရခိုင့္ဦးေဆာင္ပါတီ)
အခုရက္ကေတာ့ မပါေသးဘူး။ ဒါေပမဲ့ ဒီဇင္ဘာလ ေနာက္ဆုံးပတ္ေလာက္ ျဖစ္ႏိုင္ေျခဆိုေတာ့ ပိုၿပီးေတာ့ ဒါကာလသတ္မွတ္ခ်က္ျဖစ္လာၿပီေပါ့။ ႏိုင္ငံေရးပါတီမ်ားဘက္က ႀကိဳဆိုၾကမွာေပါ့။ ဒုတိယအခ်က္က အဲဒီလို ေျပာ႐ုံနဲ႔ ျပင္ဆင္ဖို႔ကေတာ့ ႏိုင္ငံေရးပါတီမ်ားဘက္က ခက္ခဲတာေပါ့။ အဲဒီေတာ့ နစကရဲ႕လက္ရွိကာလက ခင္ဗ်ားတို႔ သိတဲ့အတိုင္း ေျခာက္လဆိုေတာ့ ဇူလိုင္လ(၃၁)ရက္အထိ ယူရဦးမွာေပါ့။ အခုေျပာတဲ့ ဒီဇင္ဘာသည္ ကာလသတ္မွတ္ခ်က္ ဘာထဲပါသလဲဆိုတာ တြက္ရမွာေပါ့။ ခင္ဗ်ားတို႔ သတိထားမိရင္ နစကသြားေနတဲ့ ဦးတည္ခ်က္က ႏွစ္ခုရွိတယ္ဗ်။ ႏွစ္ခုဆိုတာက လြတ္လပ္တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲကို က်င္းပေပးမယ္။ ေ႐ြးေကာက္ခံရတဲ့ အစိုးရကို အာဏာလႊဲ ေျပာင္းေပးမယ္ဆိုတာေလ။ အဲဒီႏွစ္ခုက ေ႐ြးေကာက္ပြဲနဲ႔ ခ်ိတ္ဆက္ထား တာ။ အဲဒီႏွစ္ခုပါ ထည့္သြင္းစဥ္စားမွ လာမယ့္ ကာလကို တိတိက်က်သုံးသပ္ႏိုင္မွာေပါ့။ ပထမတစ္ခ်က္က ေ႐ြးေကာက္ပြဲဟာ ဒီဇင္ဘာလို႔ေျပာရင္ နစကသည္ ေနာက္ လာမယ့္ ဩဂုတ္လ (၁) ရက္ ကာလ ကို ကာလုံကို လႊဲေတာ့မွာလားေပါ့။ လႊဲမယ္ဆိုရင္ ေ႐ြးေကာက္ပြဲက်င္းပေပးၿပီးရင္ အာဏာအလႊဲအေျပာင္းပါ တစ္ဆက္တည္း ျဖစ္သြားမွာလားေပါ့။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က အဲဒီလိုစဥ္းစားရင္ေ႐ြး ေကာက္ပြဲအတြက္ လုံၿခဳံမႈရွိမွဆိုတာ စဥ္းစားတာေပါ့။ အာဏာအလႊဲအေျပာင္းဆိုရင္ အာဏာမလႊဲေျပာင္း ခင္ကရွိေနတဲ့ ဘ႑ာေရးအေနအထားေတြ စဥ္းစားရ တာေပါ့ဗ်ာ။ အာဏာေရာ လုပ္ပိုင္ခြင့္ေရာလႊဲရတာ ကိုး။ အဲဒီႏွစ္ခုကိုစဥ္းစားရင္ ကြၽန္ေတာ္တို႔က လာမယ့္ (၂၀၂၆)အာဏာလႊဲေျပာင္းမယ့္ကာလ ျဖစ္ႏိုင္တာေပါ့။ ေ႐ြးေကာက္ပြဲအလြန္မွာေလ။ ကြၽန္ေတာ္တို႔က ဘ႑ာႏွစ္ကို စဥ္းစားဖို႔ လိုအပ္လာတာေပါ့။ ျမန္မာႏိုင္ငံမွာသြားေနတာက ဧၿပီ (၁)ရက္ကေန မတ္လ (၃၁)ရက္ အထိ သြားတာကိုး။ ေနာက္အစိုးရ အသစ္တစ္ရပ္သည္ ဘယ္လိုပဲျဖစ္ျဖစ္ ဖြဲ႕စည္းၿပီးမွ (၂၀၂၆)ခုႏွစ္ ဧၿပီလ(၁) ရက္မွာ အသက္ဝင္ရမွာကိုး။ ဆိုေတာ့ အဲဒီကာလအထိ အခုကေန စဥ္းစားရင္ အေျခခံဥပေဒအရ ေ႐ြးေကာက္ပြဲကို ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီက က်င္းပေပးရမယ္။ ေ႐ြးေကာက္ပြဲကာလသည္ ၾကာႏိုင္တာေပါ့။ တစ္ ႀကိမ္တည္းနဲ႔ မၿပီးရင္ ႏွစ္ႀကိမ္စသည္ျဖင့္ ၾကာႏိုင္တာေပါ့။ ျဖစ္ႏိုင္ေျခတစ္ခုကို စဥ္းစားဖို႔ဆိုရင္ ဩဂုတ္လ (၁)ရက္ အထိ (၂၀၂၅)က စၿပီး ကာလုံ ကို နစကက လႊဲႏိုင္တာေပါ့။ ကာလုံသည္ ေျခာက္လအာဏာယူရမွာေပါ့ဗ်ာ။ ဘယ္လိုပဲျဖစ္ျဖစ္ (၂၀၂၆) ဇန္နဝါရီ (၁)ရက္ဆိုရင္ ေျခာက္လ ျပည့္မွာေပါ့။ အဲဒီကာလအထိ ေျခာက္လတာကာလ အတြင္းမွာ ကာလုံသည္ ေ႐ြးေကာက္ပြဲ က်င္းပၿပီးသား ျဖစ္ရမွာေပါ့။ အဲဒီေတာ့ ဦးမင္းေအာင္လႈိင္ေျပာတဲ့ ဒီဇင္ဘာလ ေနာက္ဆုံးပတ္ကေန ဇန္နဝါရီ ပထမပတ္ေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ ဇန္နဝါရီ (၃၁) ရက္၊ (၂၀၂၆)ဆိုရင္ ေ႐ြးေကာက္ပြဲ ၿပီးၿပီးသား ျဖစ္ရမွာေပါ့။ ဒါက ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ေပါ့။ အဲဒီေတာ့ အာဏာလႊဲေျပာင္းမႈ ဘယ္လိုလုပ္မွာလဲဆိုတဲ့ ေမးခြန္းနံပါတ္ ႏွစ္ေပၚ လာတာေပါ့ဗ်ာ။ အဲဒီေတာ့ အာဏာလႊဲေျပာင္းမယ္ဆို အစိုးရအဖြဲ႕ သည္ ဘယ္လိုပဲျဖစ္ျဖစ္ လႊတ္ေတာ္ေခၚတာ ေဖေဖာ္ဝါရီ(၁)ရက္ဆိုရင္ ေဖေဖာ္ဝါရီအတြင္း အစိုးရအဖြဲ႕ကို ဖြဲ႕ရမွာေပါ့။ အဲဒီကာလအတြင္း ဘယ္သူအုပ္ခ်ဳပ္မွာလဲဆိုတဲ့ ေမးခြန္းျပန္ေပၚလာတာေပါ့ဗ်ာ။ အဲဒီေတာ့ ကာကြယ္ ေရး နဲ႔ လုံၿခဳံေရးေကာင္စီသည္ ခုနကအုပ္စာကို ျပန္စဥ္း စားရင္ ႏွစ္ႀကိမ္မ်ားယူမွာလားေပါ့။ အေျခခံဥပေဒအရ ခြင့္ျပဳေပးႏိုင္မွာလားေပါ့။ ဒါေပမဲ့ အေျခခံဥပေဒအရကေတာ့ ႏွစ္ႀကိမ္ရယ္လို႔ သတ္မွတ္မထားဘူးဗ်။ ဒါေၾကာင့္ ကာလုံသည္ ပထမေျခာက္လအတြင္းမွာ ေ႐ြးေကာက္ပြဲက်င္းပ ၿပီးေတာ့မွ ဒုတိယယူမယ့္ ေျခာက္လက မတ္လ (၃၁)ရက္အထိ ယူၿပီးေတာ့မွ အာဏာအလႊဲအေျပာင္းကို လုပ္ေပးမွာလားဆိုတာ စဥ္းစားဖို႔လိုတာေပါ့။ ဘယ္လိုပဲ ျဖစ္ျဖစ္ (၂၀၂၅)၊ ဇူလိုင္ (၃၁) ရက္မွာ နစကရဲ႕အခုေျခာက္လသည္ ၿပီးမယ္ေပါ့ဗ်ာ။ ေျခာက္လ ထပ္ၿပီးေတာ့ ယူမွာ လားေပါ့။ ေျခာက္လ ထပ္ယူၿပီးမွ မတ္လ(၃၁) ရက္ (၂၀၂၆)နဲ႔ ညႇိၿပီး ေတာ့မွ ကာလုံအတြင္းဝင္ေအာင္ အပ္မွာလားေပါ့။ အဲဒီလိုဆိုရင္ ခင္ဗ်ား ဩဂုတ္လ (၁) ရက္၊ (၂၀၂၅) မွာ အာဏာေျခာက္လထပ္ယူၿပီး အာဏာအျပည့္ မယူဘဲနဲ႔ ဒီဘက္က သုံးလ၊ ဟိုဘက္က သုံးလ ကာလုံ ကို လႊဲမွာေပါ့။ ေအာက္တိုဘာလ (၁)ရက္ကစၿပီး ကာလုံကို လႊဲမွာလားေပါ့။ ဩဂုတ္လကေန စက္တင္ ဘာ (၃၀)အထိကို နစက ယူမွာေပါ့။ ေျခာက္လ ယူၿပီးမွ ႏွစ္လထပ္ယူမွာေပါ့။ ၿပီးေတာ့ ကာကြယ္ေရးနဲ႔ လုံၿခဳံေရး ေကာင္စီကိုလႊဲမွာလားေပါ့။ ႏွစ္လနဲ႔ ပတ္သက္လို႔ ေမးခြန္း ေပၚလာတာေပါ့။ ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပေရးနဲ႔ ပတ္သက္လို႔ နစကသည္ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီနဲ႔ ညႇိၿပီးေတာ့မွ နယ္ေျမလုံၿခဳံမႈ၊ နယ္ေျမ စိုးမိုးမႈ၊ တစ္နည္းအားျဖင့္ ေ႐ြးေကာက္ပြဲ ပိုၿပီး တည္ၿငိမ္ေအးခ်မ္းေအာင္လုပ္ဖို႔ ထပ္ၿပီး ႏွစ္လလိုေသးတယ္ဆိုရင္ နစကသည္ ထပ္ၿပီးေတာ့ ယူႏိုင္ေသးတာေပါ့။

ဦးစိုင္းအိုက္ေပါင္း-ဥကၠ႒ (ရွမ္းႏွင့္ တိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ)
ေ႐ြးေကာက္ပြဲကေတာ့ ျဖစ္ႏိုင္တာေပါ့။ ဒါေပမဲ့ ကြၽန္ေတာ္တို႔မွန္းတာက ႏိုဝင္ဘာလ မွန္းတာ။ ဒါေပမဲ့ သူတို႔ ေျပာတာက အေစာဆုံးက (၂၀၂၅) ဒီဇင္ဘာလေပါ့ေနာ္။ ေနာက္အက်ဆုံးက (၂၀၂၆)ဇန္နဝါရီလလို႔ ေျပာတယ္ ေလ။ ေ႐ြးေကာက္ ပြဲကေတာ့ ျဖစ္မွာပဲ။ ကြၽန္ေတာ္တို႔သည္တစ္ခါေတာ့ PR နဲ႔ဆိုရင္ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္း ေတြက ဘယ္သူလဲဆိုတာ ၿမိဳ႕နယ္ေတြကသိစရာမလိုဘူးေလ။ ကြၽန္ေတာ္တို႔က Close list ဆိုေတာ့ နာမည္ေဖာ္ျပစရာ မလိုဘူး။ ပါတီလိုဂိုပဲ။ ဥပမာ-က်ားျဖဴ ဆိုရင္လည္း က်ားျဖဴပဲ။ မရမ္းကုန္း ၿမိဳ႕နယ္က တိုင္းေဒသႀကီးလႊတ္ေတာ္ ဘယ္သူလဲ၊ ျပည္သူ႔လႊတ္ ေတာ္ဘယ္သူလဲ၊ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စား လွယ္ဘယ္သူလဲဆိုတာ ေဖာ္ျပစရာ မလိုဘူးေလ။ ပါတီရဲ႕ လိုဂိုနဲ႔ပဲသြားမယ္ ဆိုေတာ့ ကိုယ္စားလွယ္ေတြရဲ႕ လုံၿခဳံေရးအရေတာ့ ပူစရာမလိုဘူးေလေနာ္။ ကြၽန္ေတာ္တို႔ျဖစ္ေစခ်င္တာက UEC က PR နဲ႔ သြားမယ္လို႔ ေျပာထားတဲ့အတိုင္း ျဖစ္ေစခ်င္တယ္။ PR လုပ္မယ္ဆို ရင္လည္း အားလုံးကပါဝင္လာမယ္ ေလေနာ္။ ပါတီတစ္ခုကေနၿပီးေတာ့ Land slide ဆိုတာ မျဖစ္ႏိုင္ေတာ့ဘူး။ ျဖစ္လည္းျဖစ္စရာ အေၾကာင္းမရွိေတာ့ဘူး။ ဒါေပမဲ့ တစ္ခုေတာ့ရွိတယ္။ တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးက် PR သြား လုပ္လို႔မရေတာ့ဘူး။ ရန္ကုန္တိုင္းဆိုရင္ ကရင္ရွိမယ္၊ ရခိုင္ရွိမယ္။ အဲဒါကက်ေတာ့ ႏိုင္သူအကုန္ယူစနစ္နဲ႔ ျဖစ္သြား မွာပဲ။ အဲဒီဟာတစ္ခုပဲရွိမွာ။ က်န္တာ အကုန္လုံးက PR လုပ္လို႔ရတယ္ေလ။ နစကလည္း ေၾကညာထားၿပီးသားေလ။ ေရွ႕လုပ္ငန္းစဥ္ငါးရပ္ ထဲမွာ ေ႐ြးေကာက္ပြဲကေနေပၚေပါက္လာႏိုင္တဲ့ အစိုးရကို အာဏာလႊဲေျပာင္းေပးမယ္လို႔ ေျပာထား ၿပီးသား ေလ။ ျပန္လႊဲမွာေပါ့။ (၂၀၁၀) ေ႐ြးေကာက္ပြဲတုန္းက ျပည္ခိုင္ၿဖိဳးက Land slide ႏိုင္တယ္ေနာ္။ (၂၀၁၅) ေ႐ြးေကာက္ပြဲ NLD ႏိုင္တယ္။ တစ္ပါတီတည္း လႊတ္ေတာ္ကိုလည္း ႀကီးစိုးထားတယ္။ အစိုးရကိုလည္း ႀကီးစိုးထား တယ္။ ဒီ (၂၀၂၅) က်ေတာ့ ဒီလို ပုံစံလာမွာမဟုတ္ေတာ့ဘူး။ ဒါေၾကာင့္ ထိုက္သင့္သ ေလာက္ ပါလာမွာပဲ။

ဦးခင္ေမာင္ေဇာ္ (ႏိုင္ငံေရးသုံးသပ္ေလ့လာသူ)
ေ႐ြးေကာက္ပြဲကေတာ့ မျဖစ္စရာအေၾကာင္းမရွိဘူး။ အနည္းဆုံး ၿမိဳ႕နယ္(၁၁၀)ဆိုတာလည္း ထြက္လာၿပီ။ ဒီထက္ပိုေအာင္ေတာ့ ႀကိဳးစားရမွာေပါ့။ Base line မွာေတာ့ ၿမိဳ႕ (၁၁၀) ျပင္ဆင္ေနတယ္ဆိုတဲ့သေဘာေတာ့ ရွိတာေပါ့။ ႏိုင္ငံေရးေဘာင္ က်ယ္ဖို႔အတြက္ကေတာ့ နံပါတ္တစ္က အေရအတြက္ေပါ့။ (၁၁၀)ဆိုတာကေတာ့ ေတာ္ေတာ္နည္းေသး တာေပါ့ေနာ္။ ဒါကေတာ့ အပိုင္လုပ္ႏိုင္တာကို စဥ္းစားတဲ့ သေဘာေတာ့ ရွိတာေပါ့။ သို႔ေသာ္ ဒီလိုပဲ ျပန္စမွပဲ ႏိုင္ငံေရး ေဘာင္က်ယ္ဖို႔ ပထမေျခလွမ္းလို႔ ေျပာရမွာေပါ့။ ဘက္စုံေပါ့ဗ်ာ။ ႏိုင္ငံေရးေရာ၊ ျပည္တြင္း၊ ျပည္ပ ျပႆနာေတြရွိ တဲ့အခ်ိန္မွာ ႏိုင္ငံေရး ေဘာင္က်ယ္ဖို႔ဆိုတာက ေရရွည္ရည္မွန္းခ်က္ေပါ့။ သို႔ေသာ္ ေလာေလာဆယ္ေတာ့ ပထမ ေျခ လွမ္းကေန၊ တစ္ကေန ျပန္စရတဲ့အေနအထားမွာ ျဖစ္ေျမာက္ေရးက အဓိကေပါ့။ အဲဒီအခ်ိန္မွာ ႏိုင္ငံေရး ပါတီေတြ အေနနဲ႔ကေတာ့ ကြၽန္ေတာ္တို႔လည္း ေတာက္ေလွ်ာက္ ထိေတြ႕တာပဲ။ အားလည္း ေပးပါတယ္။ သူတို႔အေနနဲ႔ အခက္အခဲမ်ိဳးစုံရွိေပမယ့္ နံပါတ္တစ္ကေတာ့ လုံၿခဳံေရးေပါ့။ လုံၿခဳံေရးဆိုတာ ႏွစ္ခုသုံးခုေလာက္ရွိတာေပါ့။ တစ္ခုက ေတာ့ အေ႐ြးခံမယ့္ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ လုံၿခဳံေရး။ ေနာက္တစ္ခါ မဲထည့္မယ့္ ျပည္သူေတြရဲ႕ လုံၿခဳံေရး။ အဲဒီမွာ ႏိုင္ငံေရးပါတီရယ္၊ ႏိုင္ငံရဲ႕လုံၿခဳံေရးကို တာဝန္ယူမယ့္ အစိုးရအဖြဲ႕အစည္းေတြရယ္၊ ေ႐ြးေကာ္ရယ္ ေသခ်ာ တိုင္ပင္ ညႇိႏႈိင္းၿပီးေတာ့ ဘယ္လိုလုပ္ရင္ေကာင္းမလဲဆိုတဲ့ တတ္ႏိုင္သမွ် အလုံၿခဳံဆုံးနဲ႔ အမ်ားဆုံးရေအာင္ ႀကိဳးစားရမယ့္ အေျခအေနလို႔ ကြၽန္ေတာ္ ျမင္ပါတယ္။ ကြၽန္ေတာ္ကေတာ့ ဝင္ၿပိဳင္တဲ့ ပါတီရွိၾကမွာေပါ့။ အနည္းဆုံး ပါတီ ေလးငါး ဆယ္ပါတီ။ ဒီထက္လည္း ပိုမ်ားမွာေပါ့။ ကြၽန္ေတာ္က ေတာ့ ပုဇြန္ေတာင္ မဲဆႏၵနယ္မွာထည့္ရမယ့္ မဲဆႏၵရွင္ တစ္ေယာက္ေပါ့။ ဒီမွာေတာ့ ကြၽန္ေတာ္က တစ္ခုပဲ စဥ္းစားမွာပဲ။ အႏိုင္ရခဲ့ရင္ အစိုးရအဖြဲ႕ဖြဲ႕ၿပီးေတာ့ ႏိုင္ငံေတာ္ကို ဦးေဆာင္ၿပီးေရွ႕ဆက္သြားဖို႔ အဆင္ သင့္ ျဖစ္ၿပီးသား ျပင္ဆင္ၿပီးသားလို႔ ကြၽန္ေတာ္က ယုံၾကည္တဲ့ပါတီကိုပဲမဲထည့္မွာ။ အဓိကက ကြၽန္ ေတာ္က ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ ႏိုင္ငံေတာ္ ကို ေရွ႕ဆက္ၿပီးေတာ့ ျပန္လည္တည္ေဆာက္ေရး၊ ႏိုင္ငံေရးေဘာင္၊ အုပ္ခ်ဳပ္ေရးဆိုတာ အမ်ားႀကီး ႐ုန္းကန္ရဦးမယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ဗ်ာ တစ္ႏိုင္ငံလုံးက လက္နက္ကိုင္ေတြလက္ထဲ ေရာက္ေနတာဗ်။ ဒါေတြကို ဘယ္လိုေဖာက္ထြက္မလဲ။ အဲဒီလို ျဖစ္တဲ့အခ်ိန္မွာ တပ္မေတာ္၊ လက္ရွိ အစိုးရနဲ႔ အမ်ိဳးသားေရးအင္အားစုေတြက ဝိုင္း႐ုန္းရမယ့္ အေျခအေန။ ဝိုင္း႐ုန္းႏိုင္စြမ္းရွိမယ္ထင္တဲ့၊ ဦး ေဆာင္မႈ ေပးႏိုင္တဲ့ ပါတီမ်ိဳးဆိုရင္ေတာ့ ကြၽန္ေတာ္က အဲဒီလိုဟာမ်ိဳးကို ေ႐ြးမွာ။ ပါတီႀကီးက အဖြဲ႕ဝင္ေတြမ်ားမွ အဲဒီလို မဟုတ္ပါဘူး။ ဦးေဆာင္တဲ့ အဖြဲ႕အစည္း က Vision ေပါ့ဗ်ာ။ ဘယ္ေလာက္ က်ယ္က်ယ္ျပန႔္ျပန႔္ ရႈျမင္ထားလဲ၊ ျပင္ဆင္ထားလဲ ဒီလိုေပတံမ်ိဳးနဲ႔ တိုင္း တာၿပီး မဲေပးမွာပဲ။ အားကိုးၿပီးေပးတာေပါ့ဗ်ာ။

ဦးေက်ာ္ေဇယ် (တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း)
အန္ကယ္ကေတာ့ ေ႐ြးေကာက္ပြဲလုပ္ျဖစ္ မယ္ထင္တယ္။ သူတို႔ရဲ႕ရည္မွန္းထားတဲ့အတိုင္း ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲဆိုတာ။ ေနာက္ၿပီးေတာ့ သူတို႔ထပ္ေျပာတာက နစကဥကၠ႒ႀကီး ကိုယ္တိုင္ေျပာတာက ဂုဏ္သိကၡာ ရွိတဲ့ လြတ္လပ္ၿပီး တရား မွ်တတဲ့ ေ႐ြးေကာက္ပြဲေပါ့။ ဂုဏ္သိကၡာရွိတယ္ဆိုတဲ့ စကားလုံးက သိပ္တာသြားတယ္။ တကယ္ ဂုဏ္သိကၡာရွိေအာင္ေပါ့။ ေနာက္တစ္ခါ ေျပာေျပာေနတဲ့ ႏိုင္ငံတကာကေျပာေနတဲ့ အားလုံးပါဝင္ေရး ဆိုတဲ့ စကားလုံးကလည္း တာသြားတယ္။ ဘယ္သူေတြ ပါဝင္ရမလဲဆိုတာေတာ့ ျပည္သူေတြ သိေနတယ္။ ျပည္သူေတြသိသလို နစကလည္း သိသင့္တယ္။ ဒါမွဂုဏ္သိကၡာရွိၿပီး လြတ္လပ္တဲ့ ေ႐ြးေကာက္ပြဲျဖစ္မယ္လို႔ အန္ကယ္က ထင္ပါတယ္။ အန္ကယ္ကေတာ့ နစကဥကၠ႒ေျပာတဲ့အတိုင္းဆို လာမယ့္ေျခာက္လ သက္တမ္းအတိုး မွာေတာ့ ကာလုံကို သူ ျပန္လႊဲမယ္ ထင္တယ္။ ကာလုံကို အာဏာသုံးရပ္ျပန္လႊဲမယ္။ ကာလုံကေန စီစဥ္မယ္၊ စီစဥ္ၿပီးရင္ ေျခာက္လ အတြင္း ေ႐ြးေကာက္ပြဲလုပ္ရမယ္ဆိုတာ (၂၀ဝ၈) အေျခခံဥပေဒအတိုင္းပဲ သူတိတိက်က် လိုက္နာၿပီး ေဆာင္႐ြက္မယ္လို႔ပဲ အန္ကယ္ထင္တယ္။ (၂၀၂၀) တုန္းက တည္ၿငိမ္တဲ့ကာလလို႔ ဆိုရမွာေပါ့။ တည္ၿငိမ္တဲ့ကာလမွာေတာင္ ေ႐ြးေကာက္ပြဲဟာ မတည္မၿငိမ္ ျဖစ္သြားတယ္။ အမ်ားႀကီးပဲ မဲကိစၥနဲ႔ပတ္သက္ၿပီး ျပႆနာေတြ ျဖစ္တယ္ေပါ့။ အဲဒါကို ျဖစ္တဲ့အတြက္ အခုလို မတည္ၿငိမ္တဲ့ကာလမွာ လုပ္တဲ့ ေ႐ြးေကာက္ ပြဲက ပိုၿပီးေတာ့အေရးႀကီးတယ္။ ပိုၿပီးေတာ့ တာဝန္ရွိ တယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔လည္း မတည္ၿငိမ္တဲ့ကာလမွာ ဘာေတြလုပ္သင့္တယ္ဆို တာ စီမံခ်က္ေရးဆြဲထားသင့္တယ္လို႔ အန္ကယ္က ေတာ့ ျမင္တယ္။ နစကဥကၠ႒ႀကီးက ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဖိတ္ေခၚတဲ့အခါ ဒါေတြက အခိုက္အတန႔္ေလးေတြပါ ဆိုတာဟုတ္ၿပီ။ ေခါင္းေဆာင္ကေတာ့ ေျပာေနၿပီ။ တကယ္ လက္ေတြ႕ အေကာင္အ ထည္ ေဖာ္ရမွာက ေအာက္ေျခကတပ္မေတာ္၊ ရဲတပ္ဖြဲ႕နဲ႔ လုံၿခဳံေရးအဖြဲ႕ေတြ သြားရမွာ။ ဖိဖိစီးစီးလုပ္ဖို႔လိုမယ္။ ေ႐ြးေကာက္ပြဲကေတာ့ သိၿပီးတဲ့အတိုင္းပဲေလ။ ေ႐ြးေကာက္ပြဲရက္က သိသြားၿပီပဲ ဘယ္ေလာက္မွ မလိုေတာ့ဘူး။ အခုခ်ိန္ကတည္းက စၿပီးေတာ့ တည္ၿငိမ္ဖို႔ဟာကို အဂတိကင္းကင္းရွင္းရွင္းနဲ႔ ျပည္သူလူထု ၿငိဳျငင္မႈ မရွိေအာင္ လုပ္ဖို႔လိုမယ္။ ျပည္သူက အားေပးမွ ေ႐ြးေကာက္ပြဲက ေအာင္ျမင္မွာ။ အဲဒီ အသိေလးေတြကို ဝန္ထမ္းေတြ အားလုံး ေအာက္ေျခ အထိ သိဖို႔ လိုမယ္လို႔ တင္ျပခ်င္ပါတယ္။

ဦးတင့္ေဆြ - ဒုတိယ ဥကၠ႒ (ဒီမိုကရက္တစ္ပါတီ)
ေ႐ြးေကာက္ပြဲက မျဖစ္ႏိုင္စရာမရွိဘူးဗ်။ က်ိန္းေသျဖစ္ႏိုင္တယ္။ ႏိုင္ငံေရးပါတီစတည္ ေထာင္ကတည္းကိုက ပထမအခ်က္က ေ႐ြးေကာက္ပြဲေလ။ ေ႐ြးေကာက္ပြဲမဝင္ရင္ပါတီက ဖ်က္သိမ္းလို႔ ရတယ္ေလ။ အရင္ဥပေဒကတည္း ကိုက ေ႐ြးေကာက္ ပြဲမွာ သုံးနယ္ဝင္မွမဝင္ရင္ ပါတီဖ်က္သိမ္းတယ္ ဆို တာ။ ေျပာခ်င္တာက ႏိုင္ငံေရးပါတီရဲ႕ ပထမေျခ လွမ္းက ေ႐ြးေကာက္ပြဲဝင္ဖို႔ပဲ။ အန္ကယ္တို႔က ေ႐ြးေကာက္ပြဲကို ေမွ်ာ္လင့္ပါတယ္။ အေရးေပၚကာလ ၿပီးဆုံးသြားတဲ့အတြက္ အရပ္သားအစိုးရ ေပၚလာမယ္။ လႊတ္ေတာ္ေပၚလာတဲ့အတြက္ လက္ရွိ သြားေနတဲ့အေ႐ြ႕ရဲ႕ မလိုလားတဲ့ဥပေဒေတြကို ဖ်က္ၿပီး လိုအပ္တဲ့ဥပေဒကိုျပင္ႏိုင္ရင္ အမ်ားႀကီးေကာင္းတာေပါ့။ လႊတ္ေတာ္အလုပ္က ဥပေဒျပင္တယ္၊ ဖ်က္ တယ္။ ဘတ္ဂ်က္ကို အတည္ျပဳတယ္။ ေရးရာ ေကာ္မတီေတြဖြဲ႕တယ္။ ဒါေတြက အရမ္းအေရးႀကီးတယ္။ အန္ကယ္တို႔က ေ႐ြးေကာက္ပြဲကို အရမ္း ေမွ်ာ္လင့္တာေပါ့။ လက္ရွိမွာ နစကဥကၠ႒အျပင္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ဆိုေတာ့ တာဝန္ႏွစ္ခု ယူထားတယ္ ေလ။ (ေ႐ြးေကာက္ပြဲ မလုပ္ခင္) သူျပန္အပ္ရမွာက နစကကို ျပန္အပ္ရမွာ။ သူဘာက်န္ခဲ့ မလဲဆိုေတာ့ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ က်န္မယ္ေလ။ ဖြဲ႕စည္းပုံမွာက အေရးေပၚကာလအေနနဲ႔ ေပးတာက နစက အေနနဲ႔ေပးတာေလ။ သို႔ေသာ္လည္း တိုင္းျပည္မွာ စီမံခန႔္ခြဲဖို႔၊ ဝန္ႀကီးဌာနေတြ အုပ္ခ်ဳပ္ဖို႔ဆိုတာက ဝန္ႀကီးခ်ဳပ္ လိုတယ္။ ဒါေၾကာင့္ အာဏာထိန္းၿပီး ဩဂုတ္လ (၁)ရက္မွာ ဝန္ႀကီးခ်ဳပ္ဆိုၿပီး ထပ္ယူတာေလ။ အဲဒါေၾကာင့္ ျပန္အပ္တယ္ဆိုရင္ အန္ကယ္ျမင္တာက နစကဆိုတဲ့ ေကာင္စီဥကၠ႒ကို အပ္တာ။ ေ႐ြးေကာက္ပြဲလုပ္ဖို႔အတြက္ ကလည္း အိမ္ေစာင့္ အစိုးရအေနနဲ႔ က်န္ခဲ့မွျဖစ္မွာေလ။ ဒါ ေၾကာင့္ သူက (ဝန္ႀကီးခ်ဳပ္ရာထူး) မယူဘူးဆိုရင္ သူ စီမံခန႔္ခြဲေနတာေတြ တလြဲျဖစ္သြားမွာ။ နံပါတ္တစ္ကေတာ့ ေ႐ြးေကာက္ပြဲလုပ္မယ္ဆိုရင္ ဥပေဒတစ္ခုလို တယ္။ ေ႐ြးေကာက္ပြဲ ဥပေဒေလ။ အခု ဥပေဒက မထြက္ေသးဘူး။ မၾကာခင္ ထြက္လိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႏိုင္ငံေတာ္အႀကီးအကဲ ကိုယ္တိုင္ က ျပည္ပမွာေျပာတယ္ဆို ေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေ႐ြးေကာက္ပြဲဥပေဒထြက္မယ္ေလ။ ဥပမာ အမတ္အေ႐ြးခံ မယ္ဆိုရင္ အမတ္တစ္ေယာက္ရဲ႕ အရည္အခ်င္းက ဘာေတြဘာေတြ အဲဒါေတြလာ မယ္။ ေနာက္ၿပီး ေ႐ြးေကာက္ပြဲက စနစ္ႏွစ္ခုနဲ႔ သြားမွာ။ ႏိုင္သူ အကုန္ယူစနစ္ရယ္ အခ်ိဳးက် ကိုယ္စားျပဳ စနစ္ရယ္ေလ။ ပါတီေတြ ေပါင္းၿပီးေတာ့ မဟာမိတ္ လုပ္ၿပီး ေ႐ြးေကာက္ဝင္မွာေတြ ဘာေတြ ရွိတယ္ေလ။ တို႔ ရန္ကုန္တိုင္းဆို (၄၅) ၿမိဳ႕နယ္ရွိတယ္။ ၿမိဳ႕နယ္ အကုန္မဝင္ႏိုင္ဘူးဆိုရင္ မဟာမိတ္ေတြေပါင္းၿပီး ဝင္ဖို႔ဆိုရင္ ေ႐ြးေကာက္ပြဲေကာ္မရွင္က ဒါနဲ႔ပတ္သက္လို႔ နည္းဥပေဒ ထုတ္မယ္ထင္တယ္ေလ။ နံပါတ္တစ္က လုံၿခဳံေရးအေရးႀကီးတယ္။ လုံၿခဳံေရးနဲ႔ ကြၽဲကူးေရပါ တရားဥပေဒစိုးမိုးေရးက အေရးႀကီးတယ္။ တရားဥပေဒစိုးမိုးေရးရွိမွ လုံၿခဳံေရးက ပါသြားတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ တရားဥပေဒစိုးမိုးေရးကို မီးေမာင္းထိုးေျပာလဲဆိုေတာ့ မဲထည့္တဲ့ ျပည္သူေတြက အရင္ကတည္းက မဲအမွန္ကိုရဖို႔ဆိုတာ တရားဥပေဒစိုးမိုး မွရတာ။ ဟိုးအရင္ ဖဆပလ ေခတ္ တုန္းကဆို မဲကသုံးမဲရွိတယ္။ အဝါက ပထစမဲ သန႔္ ရွင္းေပါ့။ အနီက တည္ၿမဲမဲ။ အျပာက ပမညတ မဲ။ အဲဒီမွာ လက္နက္ကိုင္ ရွိတဲ့နယ္ေတြမွာေပါ့။ ဖဆပလ လက္ထက္ကလည္း တစ္တိုင္းျပည္လုံး မလႊမ္းၿခဳံႏိုင္ ဘူးေလ။ ေသာင္းက်န္းသူေတြ လိုလားတာက အျပာ ဗ်။ ဝိဓူရ (သခင္ခ်စ္ေမာင္)တို႔ အဖြဲ႕ဗ်။ လက္ဝဲလို လားတဲ့အဖြဲ႕ေပါ့။ သူတို႔က (အဲဒီနယ္ေတြမွာ မပါ) ပါတီမေထာင္ တဲ့ အခါက်ေတာ့ ေသာင္းက်န္းသူေတြ က နယ္ေတြမွာ

ဒီနယ္မွာအျပာရွိရင္ အျပာထည့္။ အဝါရွိရင္ အဝါကိုထည့္။ အနီကိုမထည့္နဲ႔ တပ္မေတာ္ လိုလားသူေတြဆိုေတာ့ အဲဒီနယ္ကလူေတြမဲက အမွန္ ျဖစ္ပါ့မလား။ မဟုတ္ဘူးလား။ သူတို႔ အသံေတြ အမွန္ျဖစ္ပါ့မလား။ (၂၀၁၀)တို႔ (၂၀၁၂) ၾကား ျဖတ္ေတြမွာ ဆိုရင္ နယ္စပ္ေတြမွာရွိတဲ့ ပါတီေတြမွာ မဲေတြက ေျပာင္းသြားေရာ။ အဲဒီနယ္ေတြက နဗဥ် ေတြက သူတို႔ လိုလားတဲ့ ပါတီေတြကို မဲထည့္ခိုင္းဖို႔ ဩဇာ ေညာင္းတာေလ။ အခု အန္ကယ္ေျပာတဲ့ တရားဥပေဒ စိုးမိုးေရးက အဲဒါပဲ။ ရန္ကုန္ေတာ့ စိုးမိုး ႏိုင္တာေပါ့။ ဒါေပမဲ့ ပဲခူးတိုင္းဆို အေနာက္ျခမ္း၊ အေရွ႕ျခမ္း မစိုးမိုးတဲ့ေနရာေတြရွိတယ္ေလ။ သူတို႔ ဘာသာက ဒီပါတီထည့္ကြာဆို အာဏာသည္ ေျပာင္းဝမွာ ရွိတယ္ေလ။ အဲဒီက ျပည္သူေတြက မဲေတြ အစစ္အမွန္ ျဖစ္ပါ့မလား။ အဲဒါကို စိုးရိမ္တာပါ။

Related news

© 2021. All rights reserved.