တော်တဲ့ ကောင်းတဲ့ တက်နဲ့ လှော်စေချင်

 448

တောက မောင်ကြီး (NP News) - မတ် ၂ဝ

“နိုင်ငံတော်၏အာဏာသည် နိုင်ငံသား များထံမှဆင်းသက်သည်” တဲ့။ ဒီစကားကို စာရေးသူ ပြောတာမဟုတ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြောတာပါ။ ဒါပေမဲ့ ဒီအချိန်ကာလ အုပ်ချုပ်မှုပုံစံအရမှာတော့ နိုင်ငံသားတွေဆီက ဆင်းသက် ဖို့ဆိုတာကတော့ အလုံးစုံမဖြစ်နိုင်သေးဘဲ အုပ်ချုပ်သူတစ်ဦးတစ်ယောက်ရဲ့ မူဝါဒတွေးမြင်ပုံ၊ သူ့ဘေးမှာရှိတဲ့သူတွေ ပေးတဲ့ အကြံဉာဏ်တွေကပဲ အဖြေပေးနိုင်တဲ့ အခြေအနေဖြစ် ပါတယ်။ ဒါကြောင့်ပဲ နိုင်ငံမှာဖြစ်နေ ကြုံနေတာတွေ ကို အုပ်ချုပ်သူဆီ ပကတိအရှိတရားတွေ တိုက်ရိုက် ရောက်စေသိစေဖို့က စာရေးသူတို့လို ကလောင်ကိုင် ထားသူတွေရဲ့ ဘဝပေးတာဝန်လို့သတ်မှတ်ထားတဲ့ အတွက် ယခုဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါတယ်။
(၂၀၂၁)ခုနှစ် နိုင်ငံရေးအခင်းအကျင်း နောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအပြောင်း အလဲတင်မကဘဲ စီးပွားရေးပုံစံပါ ပြောင်းလဲသွားတာ ကိုတွေ့ရပါလိမ့်မယ်။ ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို ပြည်သူတွေခါးစည်းခံ နေရတယ်ဆိုတာ ငြင်းလို့မရတဲ့အမှန်တရားပါ။
ကုန်ဈေးနှုန်းဘာလို့တက်သလဲ။ တကယ် အလုပ်လုပ်ခဲ့တဲ့ အရင်ကအလုပ်ရှင်ကြီးတွေ သိပ်အလုပ်မလုပ် တော့ဘဲ နောက်ကိုအသာဆုတ်နေပြီး ခေတ်ပျက်သူဌေးဖြစ်ချင်သူတွေက အတင်းကာရော ဈေးကွက်ထဲဝင်ပြီး အလုပ်လုပ်တာကြောင့်လို့ပဲ သုံးသပ်မိပါတယ်။ တကယ်လုပ်ခဲ့တဲ့ တချို့သူဌေးကြီး တွေဆို ပိုင်ဆိုင်မှုတွေတောင် နေရာ ရွှေ့နေချိန်မှာ သူတို့ကတော့ ငါးသလောက်ကို ဘယ်လိုလုပ်စားရင် ကောင်းမလဲဆိုတာသိနေပြီး ရှိသမျှဈေးကွက်ကို လက်ဝါးကြီးဝိုင်းအုပ်ကြပါတော့တယ်။
ဒီလိုနဲ့ အာဏာထိန်းပြီးနောက်ပိုင်း လေးနှစ်ကျော်ကာလမှာ အရင်နဝတအစိုးရလက်ထက် ကလို ပါမစ်စီးပွား ရေးဆိုတာ တစ်ကျော့ပြန်ခေါင်း ထောင်လာပါတော့တယ်။ ဘိလပ်မြေဆိုလည်း ဘိလပ်မြေ၊ သံဆိုလည်းသံအလိုက် ပါမစ်တိုင်းက သူတို့ လူတစ်စုရဲ့လက်ထဲမှာပဲ ရောက်ပါတယ်၊ တကယ် သွင်းလားဆိုတော့လည်း တကယ်မသွင်းပါဘူး၊ တစ် တန်ဘယ်လောက်ဆိုပြီး ရောင်းစားပြီး တွက်ခြေတွေ ကိုက်နေကြတာပါ။ ဒီနေရာမှာ တစ်ခုပြောချင်တာက ဥပမာ ပါမစ်ရှိတဲ့သူက တကယ်သွင်းတဲ့သူကို တစ်တန်ကိုငါးသိန်းနဲ့ပဲရောင်း၊ သွင်းတဲ့သူက သူသွင်းလာ တဲ့ပစ္စည်းကို ပြည်တွင်းမှာပြန်ရောင်းရင် နိုင်ငံခြား ကဝယ်ရတဲ့ဈေးအပေါ်မှာ တစ်တန်တိုင်းစီကို သူ့အ တွက် ပို့ကုန်ရငွေအဖြစ်ဖန်တီး စရိတ်ကုန်ကျငွေ၊ အခွန်ဆောင်တာ၊ အမြတ်အပြင် ပါမစ်ဝယ်ခ ငါးသိန်း ထပ်ပေါင်းပြီးရောင်းတဲ့အတွက် ဒီက နောက်ဆုံး အဆင့်ဝယ်ယူသူဟာ မတရားဈေးကြီးပေးဝယ်ရတဲ့ အခြေအနေတွေမျိုး ကြုံတွေ့နေရတာပါ။
အခုဆိုရင် မြန်မာပြည်ရဲ့ စူပါမားကက် ကြီးတွေမှာဆို နိုင်ငံခြားကနေတင်သွင်းရတဲ့ပစ္စည်း တွေဖြစ်တဲ့ လူသုံးကုန်၊ ဆေးဝါးနဲ့ ကျန်းမာရေးအထောက်အကူပြုအစားအသောက်တွေ ပြတ်လပ်လုနီး ပါးဖြစ်နေပါပြီ။ ရှိနေရင် လည်း ဈေးက အဆမတန် တက်သွားပါပြီ။ မကြုံစဖူးကို ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ဒဏ်ကို ပြည်သူတွေ အလွှာအသီး သီးအလိုက် ခံနေရတာပါ။
ဒါကြောင့် ပြည်တွင်းအတွက် အမှန်တကယ်လိုအပ်တဲ့ နိုင်ငံခြားကပစ္စည်းတွေကို Permit­less ဖြစ်တဲ့စနစ်မျိုး နဲ့သွင်းနိုင်အောင် လုပ်ဖို့လိုပါတယ်။ တကယ် အရေးတကြီးမလိုအပ်တဲ့ဇိမ်ခံကားတွေလို ပစ္စည်းတွေကလွဲရင် တကယ်လို အပ်တဲ့ပစ္စည်း တွေကို ပါမစ်မလိုဘဲ သွင်းခွင့်ပေးသင့်ပါတယ်။ အဲဒီမှာလည်း ပြောစရာရှိပါသေးတယ်။ တကယ်လို့ သွင်း ကုန်တွေကိုပါမစ်မလိုဘဲ သွင်းခွင့်ပြုလိုက်ရင် မြန်မာနိုင်ငံသားသူဌေးကြီးတွေရဲ့ ပြည်ပနိုင်ငံတွေမှာ အိပ်နေတဲ့ငွေတွေ ပြည်တွင်းကို ဘိလပ်မြေ၊ သံ၊ EV ကား၊ လူသုံးကုန်စတဲ့ သွင်းကုန်ပစ္စည်းတွေအနေနဲ့ ပြန်ဝင်လာပါလိမ့်မယ်။ နိုင်ငံတော်အနေနဲ့ သွင်းကုန်ကြောင့် နိုင်ငံခြားငွေ အလုံးအရင်းအလိုက် ကုန်ကျစရာသိပ်မလိုတော့တဲ့အခြေအနေ ဖြစ်လာနိုင်ပါတယ်။ ဒါမျိုးကို ဦးသိန်းစိန်လက်ထက်မှာလည်း အလားတူဖြစ်ခဲ့ဖူးပါတယ်။ ပါမစ်စနစ်နဲ့လုပ်နေလို့လည်း နိုင်ငံတော်ကရတဲ့ အကျိုးအမြတ်ထက်စာရင်လူတစ်စု ကသာ မတရားကြီးပွားတိုးတက်သွားပြီး ပြည်သူလူထု ကတော့ ပါသမျှချေး ပုစွန်ခေါင်းထဲမှာစုဆိုသလို သိမ်းကျုံးခံနေရတာပါ။ လူတစ်စု ပါမစ်စီးပွားရေးနဲ့ လုပ်စားနေတဲ့ဒဏ်ကို နိုင်ငံတော်နဲ့ နိုင်ငံသားတွေခံနေရတာ ဖြစ်သင့် မဖြစ်သင့်ဆိုတာကို သက်ဆိုင်ရာလူကြီး မင်းတွေ စဉ်းစားချင့် ချိန်နိုင် အောင် စေတနာနဲ့တင် ပြရခြင်းဖြစ်ပါတယ်။
နောက်တစ်ခုကတော့ နစက ဥက္ကဋ္ဌကြီး မူဝါဒချထားပြီးဖော်ဆောင်ခိုင်ထားတဲ့ EV ကားကိစ္စပါ။ အခု ကားကို တင်သွင်းမယ်ဆိုရင် တင်သွင်းမယ့် ကုမ္ပဏီက ဟိုဘက်က ထုတ်လုပ်တဲ့စက်ရုံနဲ့ Dealer­ship ဖြစ်ပါတယ်ဆိုတဲ့ အထောက်အထားပြရမယ်လို့ သတ်မှတ်ထားကြောင်းသိရပါတယ်။ ဟိုဘက် တရုတ်နိုင်ငံမှာက EV ကားထုတ်လုပ်တဲ့ ကုမ္ပဏီက (၃၀)လောက်ပဲရှိနေတာကို ဒီမှာက EV ကား တင်သွင်းရောင်း ချဖို့ခွင့်ပြုထားတဲ့ကုမ္ပဏီက (၈၀) ရှိနေတော့ ကုမ္ပဏီတိုင်း Dealership မဖြစ်နိုင်တော့ပါဘူး။
EV ကားတင်သွင်းရောင်းချဖို့ ကုမ္ပဏီ တစ်ခုထောင်ရတယ်ဆိုတာ မြေငှားတာရယ် Show­room ဆောက် တာရယ်နဲ့တင် သိန်းထောင်သောင်းချီ ရင်းနှီးရတာပါ။ ဒီလို Dealership ရမှ သွင်းရမယ် ဆိုတော့ ဈေးကွက်စီးပွားရေးမှာ မမျှမတပြိုင်ဆိုင်မှု တွေကိုဖြစ်ပေါ်စေတဲ့အပြင် နာမည်ပြောင်းရလို့ အပိုကုန်ကျငွေတွေကြောင့် မလိုအပ်ဘဲနဲ့ ကားဈေး ကြီးတာကိုလည်း ဖြစ်လာစေပါတယ်။ လူကြီးတွေရဲ့ စေတနာက မသေချာဘဲကားသွင်းလာလို့ ဒီမှာ ပြည်သူတွေ ဝယ်စီးပြီးမှ ပျက်တာတို့ Error တက်တာတို့ ဆိုရင် ပြည်သူနစ်နာမှာ ကြိုတွက်မိလို့ ဒီလိုလုပ်ရတာပါဆိုရင် တင်သွင်း ရောင်းချတဲ့ ကုမ္ပဏီတွေကို ပေါင်းပြီး EV ကားဝပ်ရှော့တွေဖွင့်ခိုင်းပြီး တာဝန်ခံ ခိုင်းလိုက်ရင်ပြီးပါတယ်။ အခုလို တိုးတက်နေတဲ့ခေတ် မပြောနဲ့ အရင်လို မဆလခေတ်မှာတောင် မြန်မာတွေ မာစီးဒီးကို အသစ်လိုက်ကြီး ဝယ်သွင်းစီးခဲ့ သေးတာပဲ။ သူ့ဘာသာသူ အဆင်ပြေသွားမယ့်ကိစ္စတွေကို အတင်း ကာရောမကြပ်မတ်သင့်ဘူးလို့မြင်ပါတယ်။
အထက်ကတင်ပြခဲ့သလို EV ကားကိုလည်း လွတ်လွတ်လပ်လပ်တင်သွင်းခိုင်းလိုက်ပြီး ပြည်တွင်းမှာ မျှတစွာယှဉ်ပြိုင်ရောင်းချစေခြင်းအား ဖြင့် ကုမ္ပဏီတစ်ခုကို တစ်နှစ်ကို အစီးငါးရာ သွင်းလာ နိုင်မယ်ဆို ကုမ္ပဏီ (၈၀)ဆို တစ်နှစ်ကို အစီးရေ လေးသောင်းဝင်လာမယ်။ အဲဒီထဲကမှာ အစီးရေ သုံးသောင်းပဲရောင်းရရင်တောင် လောင်စာဆီနဲ့ မောင်းတဲ့ကားအစီးရေ သုံးသောင်းလျှော့ချလိုက်နိုင် တာနဲ့ညီမျှတဲ့အပြင် ကားသုံးသောင်းစာ လောင်စာဆီ ကိုလည်း နေ့စဉ်လျှော့ချသွားနိုင်မှာဖြစ်ပါတယ်။ ဒီလို သာ ပြည်တွင်းမှာ EV ကားဈေးကွက်ကောင်းမွန်လာ ရင် ဟိုဘက်ကုမ္ပဏီမှာ လက်ငင်းငွေချေစရာမလိုဘဲ အပ်ကုန်စနစ်လိုမျိုး ခေါက်ပြန်ကြေးစနစ်လိုမျိုးနဲ့ပါ ဝယ်ယူရရှိနိုင်တဲ့ အခြေအနေအထိပါ ဖြစ်လာနိုင်ပါတယ်။ ကားတွေသွင်းရလို့လည်း ဒေါ်လာငွေဈေး တက်မှာစိတ်မပူပါနဲ့၊ ဈေးကွက်ကို ဈေးကွက်အတိုင်း သာ ရှင်သန်ခွင့်ပေးလိုက်ပါ၊ စီးပွားရေးသမားက သူ့ ဘာသာသူ ထိန်းတတ်ပါတယ်။
နောက်တစ်ခုက နိုင်ငံတော်က MSME တွေကို အားပေးတယ်လို့ပြောပါတယ်။ နေပြည်တော်မှာဆို ပြပွဲကြီး တောင် ခမ်းခမ်းနားနားလုပ်တာတွေ့ရပါ တယ်။ ဘယ်လုပ်ငန်းမဆို အသုံးပြုရတဲ့ပစ္စည်းအား လုံးရဲ့တစ်ဝက်ကျော်ဟာ နိုင်ငံခြားကနေတင်သွင်းရ တာချည်းပါပဲ။ ကော်စေ့လိုဟာမျိုးကနေ တပ်ဆင်မယ့် စက်ပစ္စည်းအထိ ဝယ်ယူတင်သွင်း ကြရတာပါ။ ဒီအချိန်မှာ ပြည်တွင်းထုတ်ကို အားပေးတာမှန်ပေမယ့် ငါးပိထုတ်ပြီး ငံပြာရည်တောင် ထိုင်းကဝယ်စား နေရတဲ့ အခြေအနေမှာ မူဝါဒတွေဟာ အသေမထားဘဲ လိုသလိုကစားပေးဖို့လိုပါတယ်။ MSME တွေအား ကောင်းဖို့ဆိုရင် လျှပ်စစ်မီးကို ပုံမှန်ရအောင်အရင် လုပ်ရမှာပါ။ နိုင်ငံတော်က နှစ်စဉ် သိန်းထောင်ချီ အရှုံးခံပြီးလုပ်နေရတဲ့ လျှပ်စစ်မီးလို မျိုးကို အမြန်ဆုံး ပုံစံပြောင်းသင့်ပါပြီ။ နောက်ဆုံး Privatization လုပ်သင့်ရင်လည်း အကုန်လုံးဖြစ်စေ၊ အစိတ်အပိုင်း လိုက်ဖြစ်စေ လုပ်သင့်ပါတယ်။ မီးမှန်မှသာ MSME လိုမျိုးတွေ အားကောင်းမောင်းသန်လုပ်နိုင်လာသလို အရေးကြီးတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပါ ရရှိလာ မှာဖြစ်ပါတယ်။
စိုက်ပျိုးရေးကိုအခြေခံတဲ့တိုင်းပြည်လို့‌ ပြောနေပေမယ့်လည်း တကယ်တန်ဖိုးမြင့်ထုတ်ကုန် အထိ မထုတ်နိုင် သေးချိန်မှာ အခြားစီးပွားရေးကဏ္ဍတွေကိုလည်း စီးပွားရေးအမြင်နဲ့ကြည့်ပြီး အားပေး သင့်ပါတယ်။
ဥပမာ ဆောက်လုပ်ရေး၊ နည်းပညာ စတာတွေမှာ လိုအပ်နေတဲ့ ခက်ခဲနေတဲ့ ကဏ္ဍတွေကို အရှိန်နဲ့တွန်းပြီး အားပေးဖို့လိုပါတယ်။ ဒီကဏ္ဍတွေက အချိန်တိုတိုနဲ့ ထောင်တက်သွားနိုင်တဲ့အပြင် နိုင်ငံ့စီးပွားရေးအခြေအနေကိုပါ ပြောင်းလဲစေနိုင်ပြီး နိုင်ငံရေးအခြေအနေအရ တုံ့နှေးနေတဲ့အခြေအနေ ကနေ တစ်ဖန် ပြန်ရုန်းထလို့ ရသွားစေနိုင် ပါတယ်။ ဆောက်လုပ်ရေးဆိုရင်လည်း လုပ်နိုင်တာထက်ပိုပြီး မလုပ်ရတော့တဲ့အခြေအနေဖြစ်နေတာပါ။ အဓိက လိုအပ် တဲ့သွင်းအားစုတွေကို လွတ်လွတ်လပ်လပ် သွင်းခွင့်မရတာတွေ၊ မလိုအပ်ဘဲနဲ့ ခွင့်ပြုမိန့်တွေ ကြန့်ကြာနေတာတွေ၊ လုပ်သားရှားပါးလာတာတွေဟာ နိုင်ငံတော်အဆင့်ကနေဖြေရှင်းပေးရင် ခဏလေးနဲ့ အဆင်ပြေသွားနိုင်တဲ့ကိစ္စတွေ ဖြစ် ပါတယ်။
လုပ်သာကိုင်သာမရှိလို့ လုပ်ငန်းတွေရပ်သွားရင် လုပ်ငန်းရှင်ဆုံးရှုံးတာထက်စာရင် နိုင်ငံ တော်ကဆုံးရှုံး တယ်ဆိုတဲ့ အမြင်မျိုးမြင်နိုင်ဖို့လိုပါတယ်။ ပြည်သူနဲ့ တိုက်ရိုက်ဆက်ဆံရတဲ့ ဝန်ထမ်းတွေ အဆင့်ဆင့်ကလည်း ကောင်း မွန်မှန်ကန်တဲ့ဝန်ဆောင် မှုတွေကို စေတနာပါပါနဲ့ပေးတတ်ဖို့လည်းလိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် နိုင်ငံ့ဝန်ထမ်းလား ပြည်သူ့ဝန်ထမ်း လားဆိုတာကို သဲကွဲစွာမြင်နိုင်ဖို့လိုပါတယ်။ အခုဖြစ်နေတာက လူကြီးကမူဝါဒ ကောင်းကောင်း ချမှတ်ပေး ပေမယ့်လည်း အောက်ခြေက ဖော်ဆောင်သူတွေက ထင်ရာစိုင်းပြီး လုပ်ချင်သလို လုပ်နေတာတွေကိုလည်း ကြပ်မတ်သင့်ပါတယ်။ လက်နဲ့ရေးတာကို ခြေနဲ့ဖျက် သလိုအဖြစ်မျိုးတွေကို ပြတ်ပြတ်သားသား စိစစ်သင့်ပါတယ်။ တကယ်ပြောရရင် သူတို့လုပ်ရပ်တွေက CDM လုပ်တာထက်တောင်ဆိုးပြီး ပူးသတ်နေတဲ့ပုံစံ ဖြစ်နေပါတယ်။ ပြည်တွင်းမှာ အခြေအနေအကြောင်း ကြောင်းကြောင့် မတည်မငြိမ်ပဋိပက္ခတွေဖြစ်နေလို့ ကောင်းကောင်းမကိုင် တွယ်နိုင်ဘူးဆိုပြီးလည်း သိပ်စိုးရိမ်စရာမရှိပါဘူး။ ဒီအချိန်က နိုင်ငံတိုင်းလိုလိုမှာ ပြဿနာများစွာနဲ့ပါ။ ကိုယ့်နည်းကို ယ့်ဟန်နဲ့ ဖြေရှင်း နေကြသလို အပြန်အလှန်ပူးပေါင်းပြီးလည်း ဖြေရှင်း နေကြတာ တွေ့ရပါတယ်။
ဒါကြောင့် ကျွန်တော်တို့နိုင်ငံအတွက်လည်း လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာအခက်အခဲ တွေကိုဖြေရှင်းရာမှာ ပုံသေနည်းတစ်ခုတည်း မထားဘဲ ပြည်တွင်းက နိုင်ငံနဲ့ပြည်သူအပေါ် စေတနာမှန် ထားတဲ့ တတ်သိပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ပြဿနာအလိုက် အဖြေရှာလုပ်ဆောင်သင့်နေပါပြီ။ ဒါ့ပြင် မိတ်ဆွေနိုင်ငံတွေနဲ့ အပြန်အလှန် အမှီသဟဲပြုပြီး ဖြေရှင်းသင့်လည်း ဖြေရှင်းရပါလိမ့်မယ်။ ဥပမာ ပြည်တွင်းမှာဆို စီးပွားရေးအတွက်ဆို စီးပွားရေးပြု ပြင်ပြောင်းလဲရေးဝန်ကြီးဌာနလို ဝန်ကြီးဌာနအသစ်မျိုး ထပ်မံဖွဲ့စည်းပြီး သမာသမတ်ကျတဲ့ အရပ်သား၊ တကယ်အလုပ် လုပ်နေတဲ့ စီးပွားရေးသမားကိုခန့်အပ်ပြီး အဲဒီဝန်ကြီးက ဝန်ကြီးချုပ်ဖြစ်တဲ့ နစက ဥက္ကဋ္ဌကို တာဝန်ခံခိုင်းပြီး ရှိသမျှ ဝန်ကြီးဌာနအားလုံးနဲ့ ချိတ်ဆက်အလုပ်လုပ်နိုင်အောင် ဖန်တီးပေးတာမျိုး လုပ်ဆောင်ပေးသင့်ပါတယ်။ အမျိုးအစား မတူညီတဲ့ လှေတွေကို တော်တဲ့ကောင်းတဲ့ တက်တွေနဲ့ လှော် ခိုင်းပေးသလိုမျိုးပါ။
အချုပ်ပြောချင်တာကတော့ ပြည်သူတွေ ဆိုတာ ဝမ်းဝအောင်စားပြီး ခေါင်းပြားအောင်အိပ်နေရ ရင် သေနတ် ကိုင်ဖို့နေနေသာသာ အပ်တိုတစ်ချောင်းတောင် တို့ထိမှာမဟုတ်ဘူးဆိုတာရယ်၊ ဖွဲ့စည်းပုံက ပြောထားသလို ‘‘နိုင်ငံတော် ၏အာဏာသည် နိုင်ငံသားများထံမှဆင်းသက်သည်”ဆိုတဲ့ အကြောင်းအရာတွေကို ခေါင်းထဲသိပ်မထည့်ကြသေးပါ ဘူးဆိုတာကို လူကြီးတွေသိစေချင်တဲ့စေတနာနဲ့ ရေးလိုက်ရတာပါ လို့ သဘောပိုက်ပေးစေချင်ပါတယ်။

Zawgyi Version:
ေတာ္တဲ့ ေကာင္းတဲ့ တက္နဲ႔ ေလွာ္ေစခ်င္
ေတာက ေမာင္ႀကီး (NP News) - မတ္ ၂ဝ

“ႏိုင္ငံေတာ္၏အာဏာသည္ ႏိုင္ငံသား မ်ားထံမွဆင္းသက္သည္” တဲ့။ ဒီစကားကို စာေရးသူ ေျပာတာမဟုတ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒက ေျပာတာပါ။ ဒါေပမဲ့ ဒီအခ်ိန္ကာလ အုပ္ခ်ဳပ္မႈပုံစံအရမွာေတာ့ ႏိုင္ငံသားေတြဆီက ဆင္းသက္ ဖို႔ဆိုတာကေတာ့ အလုံးစုံမျဖစ္ႏိုင္ေသးဘဲ အုပ္ခ်ဳပ္သူတစ္ဦးတစ္ေယာက္ရဲ႕ မူဝါဒေတြးျမင္ပုံ၊ သူ႔ေဘးမွာရွိတဲ့သူေတြ ေပးတဲ့ အႀကံဉာဏ္ေတြကပဲ အေျဖေပးႏိုင္တဲ့ အေျခအေနျဖစ္ ပါတယ္။ ဒါေၾကာင့္ပဲ ႏိုင္ငံမွာျဖစ္ေန ႀကဳံေနတာေတြ ကို အုပ္ခ်ဳပ္သူဆီ ပကတိအရွိတရားေတြ တိုက္႐ိုက္ ေရာက္ေစသိေစဖို႔က စာေရးသူတို႔လို ကေလာင္ကိုင္ ထားသူေတြရဲ႕ ဘဝေပးတာဝန္လို႔သတ္မွတ္ထားတဲ့ အတြက္ ယခုေဆာင္းပါးကို ေရးသားရျခင္းျဖစ္ပါတယ္။
(၂၀၂၁)ခုႏွစ္ ႏိုင္ငံေရးအခင္းအက်င္း ေနာက္ပိုင္း ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ႏိုင္ငံေရးအေျပာင္း အလဲတင္မကဘဲ စီးပြားေရးပုံစံပါ ေျပာင္းလဲသြားတာ ကိုေတြ႕ရပါလိမ့္မယ္။ ေငြေၾကးေဖာင္းပြမႈေၾကာင့္ ကုန္ေဈးႏႈန္းတက္တဲ့ဒဏ္ကို ျပည္သူေတြခါးစည္းခံ ေနရတယ္ဆိုတာ ျငင္းလို႔မရတဲ့အမွန္တရားပါ။
ကုန္ေဈးႏႈန္းဘာလို႔တက္သလဲ။ တကယ္ အလုပ္လုပ္ခဲ့တဲ့ အရင္ကအလုပ္ရွင္ႀကီးေတြ သိပ္အလုပ္မလုပ္ ေတာ့ဘဲ ေနာက္ကိုအသာဆုတ္ေနၿပီး ေခတ္ပ်က္သူေဌးျဖစ္ခ်င္သူေတြက အတင္းကာေရာ ေဈးကြက္ထဲဝင္ၿပီး အလုပ္လုပ္တာေၾကာင့္လို႔ပဲ သုံးသပ္မိပါတယ္။ တကယ္လုပ္ခဲ့တဲ့ တခ်ိဳ႕သူေဌးႀကီး ေတြဆို ပိုင္ဆိုင္မႈေတြေတာင္ ေနရာ ေ႐ႊ႕ေနခ်ိန္မွာ သူတို႔ကေတာ့ ငါးသေလာက္ကို ဘယ္လိုလုပ္စားရင္ ေကာင္းမလဲဆိုတာသိေနၿပီး ရွိသမွ်ေဈးကြက္ကို လက္ဝါးႀကီးဝိုင္းအုပ္ၾကပါေတာ့တယ္။
ဒီလိုနဲ႔ အာဏာထိန္းၿပီးေနာက္ပိုင္း ေလးႏွစ္ေက်ာ္ကာလမွာ အရင္နဝတအစိုးရလက္ထက္ ကလို ပါမစ္စီးပြား ေရးဆိုတာ တစ္ေက်ာ့ျပန္ေခါင္း ေထာင္လာပါေတာ့တယ္။ ဘိလပ္ေျမဆိုလည္း ဘိလပ္ေျမ၊ သံဆိုလည္းသံအလိုက္ ပါမစ္တိုင္းက သူတို႔ လူတစ္စုရဲ႕လက္ထဲမွာပဲ ေရာက္ပါတယ္၊ တကယ္ သြင္းလားဆိုေတာ့လည္း တကယ္မသြင္းပါဘူး၊ တစ္ တန္ဘယ္ေလာက္ဆိုၿပီး ေရာင္းစားၿပီး တြက္ေျခေတြ ကိုက္ေနၾကတာပါ။ ဒီေနရာမွာ တစ္ခုေျပာခ်င္တာက ဥပမာ ပါမစ္ရွိတဲ့သူက တကယ္သြင္းတဲ့သူကို တစ္တန္ကိုငါးသိန္းနဲ႔ပဲေရာင္း၊ သြင္းတဲ့သူက သူသြင္းလာ တဲ့ပစၥည္းကို ျပည္တြင္းမွာျပန္ေရာင္းရင္ ႏိုင္ငံျခား ကဝယ္ရတဲ့ေဈးအေပၚမွာ တစ္တန္တိုင္းစီကို သူ႔အ တြက္ ပို႔ကုန္ရေငြအျဖစ္ဖန္တီး စရိတ္ကုန္က်ေငြ၊ အခြန္ေဆာင္တာ၊ အျမတ္အျပင္ ပါမစ္ဝယ္ခ ငါးသိန္း ထပ္ေပါင္းၿပီးေရာင္းတဲ့အတြက္ ဒီက ေနာက္ဆုံး အဆင့္ဝယ္ယူသူဟာ မတရားေဈးႀကီးေပးဝယ္ရတဲ့ အေျခအေနေတြမ်ိဳး ႀကဳံေတြ႕ေနရတာပါ။
အခုဆိုရင္ ျမန္မာျပည္ရဲ႕ စူပါမားကက္ ႀကီးေတြမွာဆို ႏိုင္ငံျခားကေနတင္သြင္းရတဲ့ပစၥည္း ေတြျဖစ္တဲ့ လူသုံးကုန္၊ ေဆးဝါးနဲ႔ က်န္းမာေရးအေထာက္အကူျပဳအစားအေသာက္ေတြ ျပတ္လပ္လုနီး ပါးျဖစ္ေနပါၿပီ။ ရွိေနရင္ လည္း ေဈးက အဆမတန္ တက္သြားပါၿပီ။ မႀကဳံစဖူးကို ကုန္ေဈးႏႈန္းႀကီးျမင့္တဲ့ ဒဏ္ကို ျပည္သူေတြ အလႊာအသီး သီးအလိုက္ ခံေနရတာပါ။
ဒါေၾကာင့္ ျပည္တြင္းအတြက္ အမွန္တကယ္လိုအပ္တဲ့ ႏိုင္ငံျခားကပစၥည္းေတြကို Permit­less ျဖစ္တဲ့စနစ္မ်ိဳး နဲ႔သြင္းႏိုင္ေအာင္ လုပ္ဖို႔လိုပါတယ္။ တကယ္ အေရးတႀကီးမလိုအပ္တဲ့ဇိမ္ခံကားေတြလို ပစၥည္းေတြကလြဲရင္ တကယ္လို အပ္တဲ့ပစၥည္း ေတြကို ပါမစ္မလိုဘဲ သြင္းခြင့္ေပးသင့္ပါတယ္။ အဲဒီမွာလည္း ေျပာစရာရွိပါေသးတယ္။ တကယ္လို႔ သြင္း ကုန္ေတြကိုပါမစ္မလိုဘဲ သြင္းခြင့္ျပဳလိုက္ရင္ ျမန္မာႏိုင္ငံသားသူေဌးႀကီးေတြရဲ႕ ျပည္ပႏိုင္ငံေတြမွာ အိပ္ေနတဲ့ေငြေတြ ျပည္တြင္းကို ဘိလပ္ေျမ၊ သံ၊ EV ကား၊ လူသုံးကုန္စတဲ့ သြင္းကုန္ပစၥည္းေတြအေနနဲ႔ ျပန္ဝင္လာပါလိမ့္မယ္။ ႏိုင္ငံေတာ္အေနနဲ႔ သြင္းကုန္ေၾကာင့္ ႏိုင္ငံျခားေငြ အလုံးအရင္းအလိုက္ ကုန္က်စရာသိပ္မလိုေတာ့တဲ့အေျခအေန ျဖစ္လာႏိုင္ပါတယ္။ ဒါမ်ိဳးကို ဦးသိန္းစိန္လက္ထက္မွာလည္း အလားတူျဖစ္ခဲ့ဖူးပါတယ္။ ပါမစ္စနစ္နဲ႔လုပ္ေနလို႔လည္း ႏိုင္ငံေတာ္ကရတဲ့ အက်ိဳးအျမတ္ထက္စာရင္လူတစ္စု ကသာ မတရားႀကီးပြားတိုးတက္သြားၿပီး ျပည္သူလူထု ကေတာ့ ပါသမွ်ေခ်း ပုစြန္ေခါင္းထဲမွာစုဆိုသလို သိမ္းက်ဳံးခံေနရတာပါ။ လူတစ္စု ပါမစ္စီးပြားေရးနဲ႔ လုပ္စားေနတဲ့ဒဏ္ကို ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသားေတြခံေနရတာ ျဖစ္သင့္ မျဖစ္သင့္ဆိုတာကို သက္ဆိုင္ရာလူႀကီး မင္းေတြ စဥ္းစားခ်င့္ ခ်ိန္ႏိုင္ ေအာင္ ေစတနာနဲ႔တင္ ျပရျခင္းျဖစ္ပါတယ္။
ေနာက္တစ္ခုကေတာ့ နစက ဥကၠ႒ႀကီး မူဝါဒခ်ထားၿပီးေဖာ္ေဆာင္ခိုင္ထားတဲ့ EV ကားကိစၥပါ။ အခု ကားကို တင္သြင္းမယ္ဆိုရင္ တင္သြင္းမယ့္ ကုမၸဏီက ဟိုဘက္က ထုတ္လုပ္တဲ့စက္႐ုံနဲ႔ Dealer­ship ျဖစ္ပါတယ္ဆိုတဲ့ အေထာက္အထားျပရမယ္လို႔ သတ္မွတ္ထားေၾကာင္းသိရပါတယ္။ ဟိုဘက္ တ႐ုတ္ႏိုင္ငံမွာက EV ကားထုတ္လုပ္တဲ့ ကုမၸဏီက (၃၀)ေလာက္ပဲရွိေနတာကို ဒီမွာက EV ကား တင္သြင္းေရာင္း ခ်ဖို႔ခြင့္ျပဳထားတဲ့ကုမၸဏီက (၈၀) ရွိေနေတာ့ ကုမၸဏီတိုင္း Dealership မျဖစ္ႏိုင္ေတာ့ပါဘူး။
EV ကားတင္သြင္းေရာင္းခ်ဖို႔ ကုမၸဏီ တစ္ခုေထာင္ရတယ္ဆိုတာ ေျမငွားတာရယ္ Show­room ေဆာက္ တာရယ္နဲ႔တင္ သိန္းေထာင္ေသာင္းခ်ီ ရင္းႏွီးရတာပါ။ ဒီလို Dealership ရမွ သြင္းရမယ္ ဆိုေတာ့ ေဈးကြက္စီးပြားေရးမွာ မမွ်မတၿပိဳင္ဆိုင္မႈ ေတြကိုျဖစ္ေပၚေစတဲ့အျပင္ နာမည္ေျပာင္းရလို႔ အပိုကုန္က်ေငြေတြေၾကာင့္ မလိုအပ္ဘဲနဲ႔ ကားေဈး ႀကီးတာကိုလည္း ျဖစ္လာေစပါတယ္။ လူႀကီးေတြရဲ႕ ေစတနာက မေသခ်ာဘဲကားသြင္းလာလို႔ ဒီမွာ ျပည္သူေတြ ဝယ္စီးၿပီးမွ ပ်က္တာတို႔ Error တက္တာတို႔ ဆိုရင္ ျပည္သူနစ္နာမွာ ႀကိဳတြက္မိလို႔ ဒီလိုလုပ္ရတာပါဆိုရင္ တင္သြင္း ေရာင္းခ်တဲ့ ကုမၸဏီေတြကို ေပါင္းၿပီး EV ကားဝပ္ေရွာ့ေတြဖြင့္ခိုင္းၿပီး တာဝန္ခံ ခိုင္းလိုက္ရင္ၿပီးပါတယ္။ အခုလို တိုးတက္ေနတဲ့ေခတ္ မေျပာနဲ႔ အရင္လို မဆလေခတ္မွာေတာင္ ျမန္မာေတြ မာစီးဒီးကို အသစ္လိုက္ႀကီး ဝယ္သြင္းစီးခဲ့ ေသးတာပဲ။ သူ႔ဘာသာသူ အဆင္ေျပသြားမယ့္ကိစၥေတြကို အတင္း ကာေရာမၾကပ္မတ္သင့္ဘူးလို႔ျမင္ပါတယ္။
အထက္ကတင္ျပခဲ့သလို EV ကားကိုလည္း လြတ္လြတ္လပ္လပ္တင္သြင္းခိုင္းလိုက္ၿပီး ျပည္တြင္းမွာ မွ်တစြာယွဥ္ၿပိဳင္ေရာင္းခ်ေစျခင္းအား ျဖင့္ ကုမၸဏီတစ္ခုကို တစ္ႏွစ္ကို အစီးငါးရာ သြင္းလာ ႏိုင္မယ္ဆို ကုမၸဏီ (၈၀)ဆို တစ္ႏွစ္ကို အစီးေရ ေလးေသာင္းဝင္လာမယ္။ အဲဒီထဲကမွာ အစီးေရ သုံးေသာင္းပဲေရာင္းရရင္ေတာင္ ေလာင္စာဆီနဲ႔ ေမာင္းတဲ့ကားအစီးေရ သုံးေသာင္းေလွ်ာ့ခ်လိုက္ႏိုင္ တာနဲ႔ညီမွ်တဲ့အျပင္ ကားသုံးေသာင္းစာ ေလာင္စာဆီ ကိုလည္း ေန႔စဥ္ေလွ်ာ့ခ်သြားႏိုင္မွာျဖစ္ပါတယ္။ ဒီလို သာ ျပည္တြင္းမွာ EV ကားေဈးကြက္ေကာင္းမြန္လာ ရင္ ဟိုဘက္ကုမၸဏီမွာ လက္ငင္းေငြေခ်စရာမလိုဘဲ အပ္ကုန္စနစ္လိုမ်ိဳး ေခါက္ျပန္ေၾကးစနစ္လိုမ်ိဳးနဲ႔ပါ ဝယ္ယူရရွိႏိုင္တဲ့ အေျခအေနအထိပါ ျဖစ္လာႏိုင္ပါတယ္။ ကားေတြသြင္းရလို႔လည္း ေဒၚလာေငြေဈး တက္မွာစိတ္မပူပါနဲ႔၊ ေဈးကြက္ကို ေဈးကြက္အတိုင္း သာ ရွင္သန္ခြင့္ေပးလိုက္ပါ၊ စီးပြားေရးသမားက သူ႔ ဘာသာသူ ထိန္းတတ္ပါတယ္။
ေနာက္တစ္ခုက ႏိုင္ငံေတာ္က MSME ေတြကို အားေပးတယ္လို႔ေျပာပါတယ္။ ေနျပည္ေတာ္မွာဆို ျပပြဲႀကီး ေတာင္ ခမ္းခမ္းနားနားလုပ္တာေတြ႕ရပါ တယ္။ ဘယ္လုပ္ငန္းမဆို အသုံးျပဳရတဲ့ပစၥည္းအား လုံးရဲ႕တစ္ဝက္ေက်ာ္ဟာ ႏိုင္ငံျခားကေနတင္သြင္းရ တာခ်ည္းပါပဲ။ ေကာ္ေစ့လိုဟာမ်ိဳးကေန တပ္ဆင္မယ့္ စက္ပစၥည္းအထိ ဝယ္ယူတင္သြင္း ၾကရတာပါ။ ဒီအခ်ိန္မွာ ျပည္တြင္းထုတ္ကို အားေပးတာမွန္ေပမယ့္ ငါးပိထုတ္ၿပီး ငံျပာရည္ေတာင္ ထိုင္းကဝယ္စား ေနရတဲ့ အေျခအေနမွာ မူဝါဒေတြဟာ အေသမထားဘဲ လိုသလိုကစားေပးဖို႔လိုပါတယ္။ MSME ေတြအား ေကာင္းဖို႔ဆိုရင္ လွ်ပ္စစ္မီးကို ပုံမွန္ရေအာင္အရင္ လုပ္ရမွာပါ။ ႏိုင္ငံေတာ္က ႏွစ္စဥ္ သိန္းေထာင္ခ်ီ အရႈံးခံၿပီးလုပ္ေနရတဲ့ လွ်ပ္စစ္မီးလို မ်ိဳးကို အျမန္ဆုံး ပုံစံေျပာင္းသင့္ပါၿပီ။ ေနာက္ဆုံး Privatization လုပ္သင့္ရင္လည္း အကုန္လုံးျဖစ္ေစ၊ အစိတ္အပိုင္း လိုက္ျဖစ္ေစ လုပ္သင့္ပါတယ္။ မီးမွန္မွသာ MSME လိုမ်ိဳးေတြ အားေကာင္းေမာင္းသန္လုပ္ႏိုင္လာသလို အေရးႀကီးတဲ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြပါ ရရွိလာ မွာျဖစ္ပါတယ္။
စိုက္ပ်ိဳးေရးကိုအေျခခံတဲ့တိုင္းျပည္လို႔‌ ေျပာေနေပမယ့္လည္း တကယ္တန္ဖိုးျမင့္ထုတ္ကုန္ အထိ မထုတ္ႏိုင္ ေသးခ်ိန္မွာ အျခားစီးပြားေရးက႑ေတြကိုလည္း စီးပြားေရးအျမင္နဲ႔ၾကည့္ၿပီး အားေပး သင့္ပါတယ္။
ဥပမာ ေဆာက္လုပ္ေရး၊ နည္းပညာ စတာေတြမွာ လိုအပ္ေနတဲ့ ခက္ခဲေနတဲ့ က႑ေတြကို အရွိန္နဲ႔တြန္းၿပီး အားေပးဖို႔လိုပါတယ္။ ဒီက႑ေတြက အခ်ိန္တိုတိုနဲ႔ ေထာင္တက္သြားႏိုင္တဲ့အျပင္ ႏိုင္ငံ့စီးပြားေရးအေျခအေနကိုပါ ေျပာင္းလဲေစႏိုင္ၿပီး ႏိုင္ငံေရးအေျခအေနအရ တုံ႔ေႏွးေနတဲ့အေျခအေန ကေန တစ္ဖန္ ျပန္႐ုန္းထလို႔ ရသြားေစႏိုင္ ပါတယ္။ ေဆာက္လုပ္ေရးဆိုရင္လည္း လုပ္ႏိုင္တာထက္ပိုၿပီး မလုပ္ရေတာ့တဲ့အေျခအေနျဖစ္ေနတာပါ။ အဓိက လိုအပ္ တဲ့သြင္းအားစုေတြကို လြတ္လြတ္လပ္လပ္ သြင္းခြင့္မရတာေတြ၊ မလိုအပ္ဘဲနဲ႔ ခြင့္ျပဳမိန႔္ေတြ ၾကန႔္ၾကာေနတာေတြ၊ လုပ္သားရွားပါးလာတာေတြဟာ ႏိုင္ငံေတာ္အဆင့္ကေနေျဖရွင္းေပးရင္ ခဏေလးနဲ႔ အဆင္ေျပသြားႏိုင္တဲ့ကိစၥေတြ ျဖစ္ ပါတယ္။
လုပ္သာကိုင္သာမရွိလို႔ လုပ္ငန္းေတြရပ္သြားရင္ လုပ္ငန္းရွင္ဆုံးရႈံးတာထက္စာရင္ ႏိုင္ငံ ေတာ္ကဆုံးရႈံး တယ္ဆိုတဲ့ အျမင္မ်ိဳးျမင္ႏိုင္ဖို႔လိုပါတယ္။ ျပည္သူနဲ႔ တိုက္႐ိုက္ဆက္ဆံရတဲ့ ဝန္ထမ္းေတြ အဆင့္ဆင့္ကလည္း ေကာင္း မြန္မွန္ကန္တဲ့ဝန္ေဆာင္ မႈေတြကို ေစတနာပါပါနဲ႔ေပးတတ္ဖို႔လည္းလိုပါတယ္။ ကိုယ့္ကိုယ္ကိုယ္ ႏိုင္ငံ့ဝန္ထမ္းလား ျပည္သူ႔ဝန္ထမ္း လားဆိုတာကို သဲကြဲစြာျမင္ႏိုင္ဖို႔လိုပါတယ္။ အခုျဖစ္ေနတာက လူႀကီးကမူဝါဒ ေကာင္းေကာင္း ခ်မွတ္ေပး ေပမယ့္လည္း ေအာက္ေျခက ေဖာ္ေဆာင္သူေတြက ထင္ရာစိုင္းၿပီး လုပ္ခ်င္သလို လုပ္ေနတာေတြကိုလည္း ၾကပ္မတ္သင့္ပါတယ္။ လက္နဲ႔ေရးတာကို ေျခနဲ႔ဖ်က္ သလိုအျဖစ္မ်ိဳးေတြကို ျပတ္ျပတ္သားသား စိစစ္သင့္ပါတယ္။ တကယ္ေျပာရရင္ သူတို႔လုပ္ရပ္ေတြက CDM လုပ္တာထက္ေတာင္ဆိုးၿပီး ပူးသတ္ေနတဲ့ပုံစံ ျဖစ္ေနပါတယ္။ ျပည္တြင္းမွာ အေျခအေနအေၾကာင္း ေၾကာင္းေၾကာင့္ မတည္မၿငိမ္ပဋိပကၡေတြျဖစ္ေနလို႔ ေကာင္းေကာင္းမကိုင္ တြယ္ႏိုင္ဘူးဆိုၿပီးလည္း သိပ္စိုးရိမ္စရာမရွိပါဘူး။ ဒီအခ်ိန္က ႏိုင္ငံတိုင္းလိုလိုမွာ ျပႆနာမ်ားစြာနဲ႔ပါ။ ကိုယ့္နည္းကို ယ့္ဟန္နဲ႔ ေျဖရွင္း ေနၾကသလို အျပန္အလွန္ပူးေပါင္းၿပီးလည္း ေျဖရွင္း ေနၾကတာ ေတြ႕ရပါတယ္။
ဒါေၾကာင့္ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္လည္း လက္ရွိရင္ဆိုင္ေနရတဲ့ ျပႆနာအခက္အခဲ ေတြကိုေျဖရွင္းရာမွာ ပုံေသနည္းတစ္ခုတည္း မထားဘဲ ျပည္တြင္းက ႏိုင္ငံနဲ႔ျပည္သူအေပၚ ေစတနာမွန္ ထားတဲ့ တတ္သိပညာရွင္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးၿပီး ျပႆနာအလိုက္ အေျဖရွာလုပ္ေဆာင္သင့္ေနပါၿပီ။ ဒါ့ျပင္ မိတ္ေဆြႏိုင္ငံေတြနဲ႔ အျပန္အလွန္ အမွီသဟဲျပဳၿပီး ေျဖရွင္းသင့္လည္း ေျဖရွင္းရပါလိမ့္မယ္။ ဥပမာ ျပည္တြင္းမွာဆို စီးပြားေရးအတြက္ဆို စီးပြားေရးျပဳ ျပင္ေျပာင္းလဲေရးဝန္ႀကီးဌာနလို ဝန္ႀကီးဌာနအသစ္မ်ိဳး ထပ္မံဖြဲ႕စည္းၿပီး သမာသမတ္က်တဲ့ အရပ္သား၊ တကယ္အလုပ္ လုပ္ေနတဲ့ စီးပြားေရးသမားကိုခန႔္အပ္ၿပီး အဲဒီဝန္ႀကီးက ဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ နစက ဥကၠ႒ကို တာဝန္ခံခိုင္းၿပီး ရွိသမွ် ဝန္ႀကီးဌာနအားလုံးနဲ႔ ခ်ိတ္ဆက္အလုပ္လုပ္ႏိုင္ေအာင္ ဖန္တီးေပးတာမ်ိဳး လုပ္ေဆာင္ေပးသင့္ပါတယ္။ အမ်ိဳးအစား မတူညီတဲ့ ေလွေတြကို ေတာ္တဲ့ေကာင္းတဲ့ တက္ေတြနဲ႔ ေလွာ္ ခိုင္းေပးသလိုမ်ိဳးပါ။
အခ်ဳပ္ေျပာခ်င္တာကေတာ့ ျပည္သူေတြ ဆိုတာ ဝမ္းဝေအာင္စားၿပီး ေခါင္းျပားေအာင္အိပ္ေနရ ရင္ ေသနတ္ ကိုင္ဖို႔ေနေနသာသာ အပ္တိုတစ္ေခ်ာင္းေတာင္ တို႔ထိမွာမဟုတ္ဘူးဆိုတာရယ္၊ ဖြဲ႕စည္းပုံက ေျပာထားသလို ‘‘ႏိုင္ငံေတာ္ ၏အာဏာသည္ ႏိုင္ငံသားမ်ားထံမွဆင္းသက္သည္”ဆိုတဲ့ အေၾကာင္းအရာေတြကို ေခါင္းထဲသိပ္မထည့္ၾကေသးပါ ဘူးဆိုတာကို လူႀကီးေတြသိေစခ်င္တဲ့ေစတနာနဲ႔ ေရးလိုက္ရတာပါ လို႔ သေဘာပိုက္ေပးေစခ်င္ပါတယ္။

Related news

© 2021. All rights reserved.