“၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲအတွက် တိုက်ရိုက်ထုတ်လွှင့်မည်

 3515

ပုံစာ။ ။ ဆွေးနွေးမည့် ပြည်ပ ပညာရှင်များ ရောက်ရှိလာပုံ
ချယ်ရီ(NP News)- မတ် ၂၀
“၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲကို ရုပ်မြင်သံကြား၊ FMနှင့် အွန်လိုင်းမီဒီယာများတဆင့် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး ပါဝင်ဆွေးနွေးမည့် နိုင်ငံတကာမှ ပညာရှင်များရောက်ရှိ နေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါသုံးသပ်ဆွေးနွေးပွဲကို လာမည့်(မတ်လ ၂၁ရက်)၊ နံနက်ပိုင်း (၈)နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သုံးသပ်ဆွေးနွေးပွဲတွင် ခေါင်းစဉ်သုံးခုဖြင့် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီ၊ နီပေါနိုင်ငံတို့မှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းမှပညာရှင်များက ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေ့လာသုံးသပ်သူများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ နိုင်ငံရေးပါတီများမှပုဂ္ဂိုလ်များ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ မြန်မာနိုင်ငံအရေး စိတ်ဝင်စားကြသူများ တက်ရောက်ကြမည်ဖြစ်သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနား ကျင်းပပုံများကို (မတ်လ ၂၁ရက်)၊ နံနက်ပိုင်း (၈နာရီ ၁၅ မိနစ်)အချိန်မှစတင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD၊ MRTV News၊ MRTV Parliaments၊ MITV နှင့် မိတ်ဖက်ရုပ်သံ လိုင်းများဖြစ်ကြသော MWD - HD Channel ၊ MWD Variety - HD Channel တို့မှလည်းကောင်း၊ မြန်မာ့အသံရေဒီယို၊ ပတ္တမြား၊ ချယ်ရီ၊ ပဉ္စဝတီ၊ မန္တလေး၊ ရွှေ၊ ပုဂံတို့အပြင် မိတ်ဖက် FM များဖြစ်သည့် Star နှင့် သဇင် FM တို့မှလည်းကောင်း၊ MOI Website၊ MO Youtube၊ MRTV Website၊ MRTV App:၊ Radio App: နှင့် Online Media တို့မှလည်းကောင်း တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ။ ။ အခမ်းအနားအတွက် ကြိုတင် ပြင်ဆင်ထားပုံ
Zawgyi Version:
“၂၀၂၅ အလြန္ ဗဟုဝင္႐ိုးကမာၻတြင္ ျမန္မာႏိုင္ငံႀကဳံေတြ႕လာရမည့္ စိန္ေခၚမႈမ်ားႏွင့္ အခြင့္အလမ္းမ်ား” သုံးသပ္ေဆြးေႏြးပြဲအတြက္ တိုက္႐ိုက္ထုတ္လႊင့္မည္
ခ်ယ္ရီ(NP News)- မတ္ ၂၀
“၂၀၂၅ အလြန္ ဗဟုဝင္႐ိုးကမာၻတြင္ ျမန္မာႏိုင္ငံႀကဳံေတြ႕လာရမည့္ စိန္ေခၚမႈမ်ားႏွင့္ အခြင့္အလမ္းမ်ား” သုံးသပ္ေဆြးေႏြးပြဲကို ႐ုပ္ျမင္သံၾကား၊ FMႏွင့္ အြန္လိုင္းမီဒီယာမ်ားတဆင့္ တိုက္႐ိုက္ထုတ္လႊင့္မည္ျဖစ္ၿပီး ပါဝင္ေဆြးေႏြးမည့္ ႏိုင္ငံတကာမွ ပညာရွင္မ်ားေရာက္ရွိ ေနၿပီျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါသုံးသပ္ေဆြးေႏြးပြဲကို လာမည့္(မတ္လ ၂၁ရက္)၊ နံနက္ပိုင္း (၈)နာရီခြဲတြင္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းဗဟိုဌာန-၁ ၌ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
သုံးသပ္ေဆြးေႏြးပြဲတြင္ ေခါင္းစဥ္သုံးခုျဖင့္ တ႐ုတ္၊ ႐ုရွား၊ အိႏၵိယ၊ ဂ်ပန္၊ ထိုင္း၊ အီတလီ၊ နီေပါႏိုင္ငံတို႔မွ ပထဝီစီးပြားေရးႏွင့္ ပထဝီႏိုင္ငံေရးဆိုင္ရာ ကြၽမ္းက်င္ပညာရွင္မ်ားႏွင့္ ျပည္တြင္းမွပညာရွင္မ်ားက ပါဝင္ေဆြးေႏြးသြားမည္ျဖစ္ၿပီး ႏိုင္ငံတကာမွ ေလ့လာသုံးသပ္သူမ်ား၊ အသိပညာရွင္ အတတ္ပညာရွင္မ်ား၊ ႏိုင္ငံေရးပါတီမ်ားမွပုဂၢိဳလ္မ်ား၊ ႏိုင္ငံေရးေလ့လာသုံးသပ္သူမ်ား၊ ျမန္မာႏိုင္ငံအေရး စိတ္ဝင္စားၾကသူမ်ား တက္ေရာက္ၾကမည္ျဖစ္သည္။
အဆိုပါ ဖြင့္ပြဲအခမ္းအနား က်င္းပပုံမ်ားကို (မတ္လ ၂၁ရက္)၊ နံနက္ပိုင္း (၈နာရီ ၁၅ မိနစ္)အခ်ိန္မွစတင္၍ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား MRTV-HD၊ MRTV News၊ MRTV Parliaments၊ MITV ႏွင့္ မိတ္ဖက္႐ုပ္သံ လိုင္းမ်ားျဖစ္ၾကေသာ MWD - HD Channel ၊ MWD Variety - HD Channel တို႔မွလည္းေကာင္း၊ ျမန္မာ့အသံေရဒီယို၊ ပတၱျမား၊ ခ်ယ္ရီ၊ ပၪၥဝတီ၊ မႏၲေလး၊ ေ႐ႊ၊ ပုဂံတို႔အျပင္ မိတ္ဖက္ FM မ်ားျဖစ္သည့္ Star ႏွင့္ သဇင္ FM တို႔မွလည္းေကာင္း၊ MOI Website၊ MO Youtube၊ MRTV Website၊ MRTV App:၊ Radio App: ႏွင့္ Online Media တို႔မွလည္းေကာင္း တိုက္႐ိုက္ (LIVE) ထုတ္လႊင့္ျပသမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.