State bulding ပြဿနာလား Nation building ပြဿနာလား

165

အောင်နိုင်သူ (ဇွဲကပင်) (NP News) - မတ် ၂ဝ
နိုင်ငံရေး သိပ္ပံဝေါဟာရတွင် နိုင်ငံကို State ဟုခေါ်ပြီး လူမျိုးကို Nation ဟု ခေါ်ကြသည်။ ထို့ကြောင့် ပညာရှင် များက နိုင်ငံတော်တည်ဆောက်ရေး ကို State building ဟု ခေါ်ကြသည်။ ထိုနည်းတူ နိုင်ငံသား၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုမူ Nation building ဟု ခေါ်ကြသည်ကို တွေ့ရပါသည်။
နိုင်ငံတော်ကို တည်ဆောက်သည့်နေရာတွင် State building ပိုင်းနှင့် Nation building ပိုင်းကို ဟန်ချက်ညီညီ တည်ဆောက်ကြရန်လိုအပ်ပါသည်။ သို့ သော် ခက်သည်က State building နှင့် Nation building သည် တစ်ခုခုကိုဖိပြီး တည်ဆောက်လိုက်လျှင် ကျန်အပိုင်းကို ထိခိုက်တတ်တာမျိုးလည်းဖြစ်တတ်ပါသည်။ အကြောင်းကမူ State building ပိုင်းသည်ရုပ်ပိုင်းဆိုင်ရာ Physical ပိုင်းဖြစ်သဖြင့်အမာလိုင်းဟု ဆိုရမည်ဖြစ်ပါသည်။ Nation building ပိုင်းကမူ စိတ်ပိုင်းဆိုင်ရာ Mental အပျော့လိုင်း၊ အပျော့ပိုင်းဖြစ်သဖြင့် သဘောတရားက အပျော့ ၊ အမာ ဆန့်ကျင်နေသော ကြောင့်ဖြစ်သည်။
ဤအပိုင်း (၂)ပိုင်းတွင် မည်သည့်အပိုင်းက ပိုအရေးကြီးသနည်းမေးလျှင် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်နေ၍ အပြန်အလှန်အရေးကြီးသည်ဟု ပြောရမည်ဖြစ်ပါသည်။ သို့သော် Nation building ပိုင်းက ပို၍အရေးကြီးသည်ဟု စာရေးသူကယူဆမိပါ သည်။
State building? Nation building နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် မည်ကဲ့သို့ဖြစ်ခဲ့သနည်း ဟု စာရေးသူတို့ အနည်းငယ်လေ့လာကြည့်ကြပါမည်။ (၁၉၈၈) ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရတက် လာတော့ သမိုင်း တစ်လျှောက် မြန်မာပြည်မှာ ဖြစ်ပေါ်ခဲ့သည့်နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံတော်မူဝါဒ တစ်ရပ်ချမှတ်ရန် ပြင်ဆင်ခဲ့ပါသည်။ အထူးသဖြင့် (၁၉၄၈-၄၉) ခုနှစ်တွင် ကြုံတွေ့ခဲ့ရသော ရောင်စုံသူပုန်သောင်း ကျန်းမှုအန္တရာယ်၊ (၁၉၅၈) ခုနှစ် ပါတီနိုင်ငံရေး ပဋိပက္ခ ၊ (၁၉၆၂) ခုနှစ် အမြင်ကျဉ်း မြောင်းသူ တိုင်းရင်းသား ခေါင်း ဆောင်များက ပြည်ထောင်စုကနေ ခွဲထွက်ကြိုးပမ်းခဲ့မှု ၊ (၁၉၈၈) ခုနှစ်မင်းမဲ့စရိုက်ဆူပူလှုပ်ရှားမှုများသည် ပြည်ထောင်စု ပြိုကွဲမည်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ အချုပ်အခြာအာဏာဆုံးရှုံးရမည့်အရေးနှင့်လည်း ရင်ဆိုင် ခဲ့ရပေသည်။ ထို့ကြောင့် ဖြစ်ပေါ်ခဲ့သော သမိုင်းသင်ခန်းစာများကိုအခြေခံပြီး နဝတ အစိုးရသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့်အချုပ်အခြာ အာဏာတည် တံ့ခိုင်မြဲရေးသည်နိုင်ငံတော်၏ မူဝါဒ အမျိုးသားရေး တာဝန်အဖြစ်သတ်မှတ်လာခဲ့ပေသည်။
ဒို့တာဝန်အရေး(၃) ပါးက အမျိုးသားနိုင်ငံရေး အမျိုးသားအကျိုးစီးပွားဖြစ်သည်ဟု နိုင်ငံတော်အစိုးရက မကြာခဏပြောလေ့ရှိသကဲ့သို့ (၂၀ဝ၈) ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၆)(က)(ခ)(ဂ) တို့တွင်လည်း ကောင်း ၊ ၂၀(င) တွင်လည်းကောင်း ၊ ပုဒ်မ(၃၈၃) တွင်လည်းကောင်း ဒို့တာဝန်အရေး(၃)ပါး၏အရေး ကြီးပုံ၊ ဒို့တာဝန်အရေး(၃)ပါး ကိုကာကွယ်စောင့် ရှောက်ရန် နိုင်ငံသားတိုင်းနှင့်တပ်မတော်တွင် တာဝန်ရှိပုံတို့ကို အတိအလင်းပြဋ္ဌာန်းထားပြီး ဖြစ် သည်။
(၁၉၈၈) ခုနှစ်ကစ၍ ယနေ့တိုင် မူဝါဒ တစ်ရပ် အဖြစ် ပေါ်ပေါက်လာခဲ့သည့်ဒို့တာဝန်အရေးသုံး ပါးဆန်းစစ်လေ့ လာကြည့်သည့်အခါ ပြည်ထောင်စုမပြိုကွဲရေးနှင့် အချုပ်အခြာတည်တံ့ခိုင်မြဲရေးသည် State building ပိုင်း၌ ပါဝင်သည် ကိုတွေ့ရသည်။ တစ်နည်းပြောရလျှင် ရုပ်ပိုင်းဆိုင်ရာ Physical ပိုင်း မှာ ပါဝင်သည်ဟု ဆိုရမည်ဖြစ်ပါသည်။ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးကမူ Nation building ပိုင်းတွင် ပါဝင်ပါသဖြင့် Mental ပိုင်းဖြစ်ပါသည်။
နဝတ၊ နယက ခေတ်တွင်တော့ State building ပိုင်းကို ပို၍ ဖိပြီး အင်တိုက်အားတိုက် တည်ဆောက်ခဲ့သည်ကို တွေ့ရသည်။ ဥပမာ နိုင်ငံတစ်ဝန်းလုံးတွင် လမ်း၊ တံတား၊ ကျောင်း၊ တက္ကသိုလ်၊ ဆေးရုံ၊ ဆည် မြောင်းတာတမံများကို လက်ညှိုးထိုးမလွဲ အလေးထားတည်ဆောက်ခဲ့သည်ကို တွေ့ရသည်။ ထိုသို့ တည်ဆောက်နိုင်ခဲ့ခြင်းကြောင့်လည်း တိုင်းပြည်အတွက် အခြေခံအဆောက်အအုံအမြောက်အများ ပေါ်ထွက်လာခဲ့သဖြင့် လူထုအတွက် ကဏ္ဍစုံ၊ နယ်ပယ်စုံ မှာ အဆင်ပြေမှုများစွာရှိခဲ့သည်ကိုလည်း ငြင်းမရပေ။ သို့သော် တစ်ဖက်မှာလည်း မြေရာပြဿနာများက ဤတည် ဆောက်ရေးနှင့်အတူ ကျွဲကူးရေပါသလို ပါလာခဲ့သည်ကိုသတိပြုမိသူက နည်းလှပေသည်။
စာရေးသူကိုယ်တိုင် နဝတ၊ နယက ခေတ်၏ မြို့ပြစီမံကိန်းကြီးများ၏ အံ့မခန်းဖွယ် တိုးတက်ဖြစ်ထွန်းမှု များကို ကြည့်ပြီး စိတ်ထဲချီးကျူးမဆုံးဖြစ်ခဲ့ဖူးသည်။ သို့သော် ထိုဒေသခံ ပြည်သူများနှင့်တွေ့ပြီး စကားပြောကြည့်သည့် အခါတွင်တော့ မြေရာပြဿ နာများကြောင့် သူတို့ရင်ထဲက ခံစားချက်တွေကို တွေ့မြင်ခွင့်ရခဲ့သည်။
တစ်ခါ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကို ဖိဖိ စီးစီးကိုင်တွယ်ခဲ့၍ ငြိမ်းချမ်းသွားသည့်နေရာများရှိခဲ့ပါသည်။ သို့သော် တချို့ EAOs များက အားမ တန်၍ မာန်လျှော့ပြီး အပစ်အခတ်ရပ်စဲလိုက်ရသော် လည်း ထိုကဲ့သို့ ဆောင်ရွက်ခဲ့မှု အပေါ် သိပ်မနှစ်မြို့ခဲ့ကြပေ။ ၎င်းတို့ ရင်ထဲက အနာတရများကို ရင်ထဲမှာ သိုသိပ်ပြီး သိမ်းဆည်းထားခဲ့ကြပါသည်။ ဤသည်မှာ နဝတ နယက ခေတ်၏ State building ကို အင်တိုက်အားတိုက် တည်ဆောင်မှုနှင့်အတူ တစ်ဖက်က Nation building ဆိုသည့် Mental ပိုင်းကို အားနည်းချက်အဖြစ် ရိုက်ခတ်ကာ ထိခိုက်မှုများဖြစ်ပေါ် ခဲ့ရပါသည်။ သို့သော် ချက်ချင်း ပေါက်ကွဲမှုအဖြစ်သို့ ကူးပြောင်းမလာဘဲ အချိန်မကျသေး၍ပေါက်ကွဲတော့မည့် ဒိုင်းနမိုက်ကြီး တစ်လုံးလို တာစူပြီးရှိနေခဲ့သည်။
သာမန်အားဖြင့်တော့ နဝတ၊ နယက ခေတ်က ပြဿနာများတွင် တပ်မတော်နှင့် EAOs အကြားဖြစ်ခဲ့သည့် ပြဿနာတစ်ရပ် Nation building ပိုင်း လောက်သာ အပေါ်ယံရှုမြင်စရာရှိပါသည်။ သို့သော် လူတို့၏ခံစားမှုပိုင်းဆိုင် ရာများတွင် ဒဏ်ရာများ ကိုယ်စီနှင့်ရင်ဘတ်ထဲတွင် ကိန်းအောင်းနေခဲ့ကြပါ သည်။ တနည်းပြောရလျှင် ဗမာလူမျိုးများ၏ ရင်ထဲတွင် မြေရာပြဿနာများကြောင့် မြန်မာ့လူ့အဖွဲ့အစည်းကြားမှာ အက်ကြောင်းက ငုပ်လျှိုနေသည့်ရောဂါတွေ အဖြစ်နှင့် ရှိနေခဲ့ပါသည်။ ထိုကဲ့သို့သော အခြေနေမျိုးတွင် ဦးသိန်းစိန်ခေတ် ဒီမိုကရေစီတံခါးဖွင့် လှစ်လိုက်သည့်အချိန်၌ ထိုပြဿနာများသည် နိုင်ငံ ရေးရောဂါများအဖြစ် နေရာစုံကနေဝင်ရောက်လာပါ တော့သည်။ ပိုဆိုးသည်က ဒေါ်စု၏ NLD ပါတီကို နိုင်ငံရေးတံခါးပေါက် ဖွင့်ပေးလိုက်ချိန်တွင် မြေရာ ပြဿနာများ၊ အရေးအခင်းကာလများတွင် တပ်မ တော်က ဖြေရှင်းကိုင်တွယ်ခဲ့ရမှုများကိုနိုင်ငံရေးလက် နက်အဖြစ် အသုံးချတိုက်ခိုက်လာပါတော့သည် ။
အဆိုပါ ပြဿနာများကိုလူထုကြားထဲ ပျံ့နှံ့ အောင် စည်းရုံးလှုံ့ဆော်ပေးလိုက်သည့်အခါ တပ် နှင့် ပြည်သူ စည်းလုံးညီညွတ်ရေးက တော်တော်လေး ခက်ခက်ခဲခဲတည်ဆောက်ရမည့်အခြေအနေကို ရောက်ရှိခဲ့ရသလို မြန်မာနီ မြန်မာစိမ်းဆိုပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ အက်ကြောင်းကြီးကလည်း ကြီးထွားသထက် ကြီးထွားလာလာခဲ့ပါသည်။
ဤအက်ကြောင်းကြီးက (၂၀၂၁) ခုနှစ် အရောက်မှာတော့ မြန်မာနီ မြန်မာစိမ်းဆိုပြီး နှစ်ခြမ်းအဖြစ် လုံးဝကွဲ ထွက်သွားပါတော့သည်။ ဤအချက်ကို အခွင့်ကောင်းယူရန်စောင့်နေသည့် EAOs များသည်ဗမာအကွဲကိုစောင့်ပြီး နှစ်တစ်ထောင်မှာ တစ်ကြိမ်တောင် မရနိုင်သည့်အခွင့်အရေးကို ရခဲ့ပြီးဖြစ် ၍အမိအရ အသုံးချအမြတ်ထုတ်ခဲ့ကြပါသည်။
ထို့ကြောင့်လက်ရှိကာလတွင် ပြည်တွင်းလက် နက်ကိုင်ပဋိပက္ခကို အမြင့်ဆုံးနှင့် အဆိုးဆုံးအခြေအနေကို ရောက်အောင်တွန်းပို့လိုက်သည်ကို တွေ့ မြင်ရမည်ဖြစ်ပါသည်။ ဤသည်မှာ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးဆိုသည့် Nation building ပိုင်းတွင် ဖြစ်ပေါ်လာခဲ့သည့် ပြဿနာတစ်ရပ်ဖြစ်ပါသည်။ NLD ပါတီ၏ မဟာဗျူဟာကျကျ တပ်မ တော်နှင့် ပြည်သူသွေးခွဲခဲ့ခြင်းကြောင့်လည်း Nation buil- ding ပြဿနာက တစ်နေ့တခြားပို၍ ကြီးထွား သထက် ကြီး ထွားလာခဲ့ရခြင်းဖြစ်ပါသည်။
အချုပ်ဆိုရလျှင် State building ပိုင်း တည်ဆောက်ခဲ့မှု၏အကျိုးဆက်အဖြစ် အားနည်းချက် များဖြစ်ပေါ်ခဲ့ ရသည်။ အဆိုပါ အားနည်းချက်များက Nation building ပိုင်းကို ဆက်လက် ဂယက်ရိုက် ခတ်ခဲ့သည်တွေ့ရသည်။ ဤအားနည်းချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက နိုင်ငံရေး လက်နက်သဖွယ် အသုံးချတိုက်ခိုက်ခဲ့သဖြင့် Nation building က အက်ကြောင်း ဖြစ်ပေါ်ခဲ့ရသည်။ (၂၀၂၁) ခုနှစ် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းတွင် EAOs များက အဆိုပါ အက်ကြောင်းကြီး အသုံးချ အမြတ်ထုတ်လာခြင်းကြောင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ပို၍ ကြီးထွားလာခဲ့ရသည်။ Nation building လည်း ပြိုကွဲခဲ့ရပေသည်။ ထို့ကြောင့် ယနေ့နိုင်ငံရေး ပြဿနာသည် Nation building ပြိုကွဲမှုကြောင့် ဖြစ်ပေါ်လာသည့်ပြဿနာ အကျိုးဆက်ဖြစ်သဖြင့် Nation building ကို အလေး ထားပြီး ပြန်လည်တည်ဆောက်သင့်ပါ ကြောင်း အကြံပြုလိုက်ရပါသည်။

Zawgyi Version:
State bulding ျပႆနာလား Nation building ျပႆနာလား
ေအာင္ႏိုင္သူ (ဇြဲကပင္) (NP News) - မတ္ ၂ဝ
ႏိုင္ငံေရး သိပၸံေဝါဟာရတြင္ ႏိုင္ငံကို State ဟုေခၚၿပီး လူမ်ိဳးကို Nation ဟု ေခၚၾကသည္။ ထို႔ေၾကာင့္ ပညာရွင္ မ်ားက ႏိုင္ငံေတာ္တည္ေဆာက္ေရး ကို State building ဟု ေခၚၾကသည္။ ထိုနည္းတူ ႏိုင္ငံသား၊ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးကိုမူ Nation building ဟု ေခၚၾကသည္ကို ေတြ႕ရပါသည္။
ႏိုင္ငံေတာ္ကို တည္ေဆာက္သည့္ေနရာတြင္ State building ပိုင္းႏွင့္ Nation building ပိုင္းကို ဟန္ခ်က္ညီညီ တည္ေဆာက္ၾကရန္လိုအပ္ပါသည္။ သို႔ ေသာ္ ခက္သည္က State building ႏွင့္ Nation building သည္ တစ္ခုခုကိုဖိၿပီး တည္ေဆာက္လိုက္လွ်င္ က်န္အပိုင္းကို ထိခိုက္တတ္တာမ်ိဳးလည္းျဖစ္တတ္ပါသည္။ အေၾကာင္းကမူ State building ပိုင္းသည္႐ုပ္ပိုင္းဆိုင္ရာ Physical ပိုင္းျဖစ္သျဖင့္အမာလိုင္းဟု ဆိုရမည္ျဖစ္ပါသည္။ Nation building ပိုင္းကမူ စိတ္ပိုင္းဆိုင္ရာ Mental အေပ်ာ့လိုင္း၊ အေပ်ာ့ပိုင္းျဖစ္သျဖင့္ သေဘာတရားက အေပ်ာ့ ၊ အမာ ဆန႔္က်င္ေနေသာ ေၾကာင့္ျဖစ္သည္။
ဤအပိုင္း (၂)ပိုင္းတြင္ မည္သည့္အပိုင္းက ပိုအေရးႀကီးသနည္းေမးလွ်င္ ကိုင္းကြၽန္းမွီ ကြၽန္းကိုင္းမွီ ျဖစ္ေန၍ အျပန္အလွန္အေရးႀကီးသည္ဟု ေျပာရမည္ျဖစ္ပါသည္။ သို႔ေသာ္ Nation building ပိုင္းက ပို၍အေရးႀကီးသည္ဟု စာေရးသူကယူဆမိပါ သည္။
State building? Nation building ႏွင့္ ပတ္သက္ၿပီး ျမန္မာႏိုင္ငံတြင္ မည္ကဲ့သို႔ျဖစ္ခဲ့သနည္း ဟု စာေရးသူတို႔ အနည္းငယ္ေလ့လာၾကည့္ၾကပါမည္။ (၁၉၈၈) ခုႏွစ္တြင္ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႕ အစိုးရတက္ လာေတာ့ သမိုင္း တစ္ေလွ်ာက္ ျမန္မာျပည္မွာ ျဖစ္ေပၚခဲ့သည့္ႏိုင္ငံေရး အေျခအေနမ်ားႏွင့္ပတ္သက္ၿပီး ႏိုင္ငံေတာ္မူဝါဒ တစ္ရပ္ခ်မွတ္ရန္ ျပင္ဆင္ခဲ့ပါသည္။ အထူးသျဖင့္ (၁၉၄၈-၄၉) ခုႏွစ္တြင္ ႀကဳံေတြ႕ခဲ့ရေသာ ေရာင္စုံသူပုန္ေသာင္း က်န္းမႈအႏၲရာယ္၊ (၁၉၅၈) ခုႏွစ္ ပါတီႏိုင္ငံေရး ပဋိပကၡ ၊ (၁၉၆၂) ခုႏွစ္ အျမင္က်ဥ္း ေျမာင္းသူ တိုင္းရင္းသား ေခါင္း ေဆာင္မ်ားက ျပည္ေထာင္စုကေန ခြဲထြက္ႀကိဳးပမ္းခဲ့မႈ ၊ (၁၉၈၈) ခုႏွစ္မင္းမဲ့စ႐ိုက္ဆူပူလႈပ္ရွားမႈမ်ားသည္ ျပည္ေထာင္စု ၿပိဳကြဲမည္အႏၲရာယ္ႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရသည္။ အခ်ဳပ္အျခာအာဏာဆုံးရႈံးရမည့္အေရးႏွင့္လည္း ရင္ဆိုင္ ခဲ့ရေပသည္။ ထို႔ေၾကာင့္ ျဖစ္ေပၚခဲ့ေသာ သမိုင္းသင္ခန္းစာမ်ားကိုအေျခခံၿပီး နဝတ အစိုးရသည္ ျပည္ေထာင္စု မၿပိဳကြဲေရး၊ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးႏွင့္အခ်ဳပ္အျခာ အာဏာတည္ တံ့ခိုင္ၿမဲေရးသည္ႏိုင္ငံေတာ္၏ မူဝါဒ အမ်ိဳးသားေရး တာဝန္အျဖစ္သတ္မွတ္လာခဲ့ေပသည္။
ဒို႔တာဝန္အေရး(၃) ပါးက အမ်ိဳးသားႏိုင္ငံေရး အမ်ိဳးသားအက်ိဳးစီးပြားျဖစ္သည္ဟု ႏိုင္ငံေတာ္အစိုးရက မၾကာခဏေျပာေလ့ရွိသကဲ့သို႔ (၂၀ဝ၈) ဖြဲ႕စည္းပုံ အေျခခံဥပေဒပုဒ္မ (၆)(က)(ခ)(ဂ) တို႔တြင္လည္း ေကာင္း ၊ ၂၀(င) တြင္လည္းေကာင္း ၊ ပုဒ္မ(၃၈၃) တြင္လည္းေကာင္း ဒို႔တာဝန္အေရး(၃)ပါး၏အေရး ႀကီးပုံ၊ ဒို႔တာဝန္အေရး(၃)ပါး ကိုကာကြယ္ေစာင့္ ေရွာက္ရန္ ႏိုင္ငံသားတိုင္းႏွင့္တပ္မေတာ္တြင္ တာဝန္ရွိပုံတို႔ကို အတိအလင္းျပ႒ာန္းထားၿပီး ျဖစ္ သည္။
(၁၉၈၈) ခုႏွစ္ကစ၍ ယေန႔တိုင္ မူဝါဒ တစ္ရပ္ အျဖစ္ ေပၚေပါက္လာခဲ့သည့္ဒို႔တာဝန္အေရးသုံး ပါးဆန္းစစ္ေလ့ လာၾကည့္သည့္အခါ ျပည္ေထာင္စုမၿပိဳကြဲေရးႏွင့္ အခ်ဳပ္အျခာတည္တံ့ခိုင္ၿမဲေရးသည္ State building ပိုင္း၌ ပါဝင္သည္ ကိုေတြ႕ရသည္။ တစ္နည္းေျပာရလွ်င္ ႐ုပ္ပိုင္းဆိုင္ရာ Physical ပိုင္း မွာ ပါဝင္သည္ဟု ဆိုရမည္ျဖစ္ပါသည္။ တိုင္းရင္း သား စည္းလုံးညီၫြတ္ေရးကမူ Nation building ပိုင္းတြင္ ပါဝင္ပါသျဖင့္ Mental ပိုင္းျဖစ္ပါသည္။
နဝတ၊ နယက ေခတ္တြင္ေတာ့ State building ပိုင္းကို ပို၍ ဖိၿပီး အင္တိုက္အားတိုက္ တည္ေဆာက္ခဲ့သည္ကို ေတြ႕ရသည္။ ဥပမာ ႏိုင္ငံတစ္ဝန္းလုံးတြင္ လမ္း၊ တံတား၊ ေက်ာင္း၊ တကၠသိုလ္၊ ေဆး႐ုံ၊ ဆည္ ေျမာင္းတာတမံမ်ားကို လက္ညႇိဳးထိုးမလြဲ အေလးထားတည္ေဆာက္ခဲ့သည္ကို ေတြ႕ရသည္။ ထိုသို႔ တည္ေဆာက္ႏိုင္ခဲ့ျခင္းေၾကာင့္လည္း တိုင္းျပည္အတြက္ အေျခခံအေဆာက္အအုံအေျမာက္အမ်ား ေပၚထြက္လာခဲ့သျဖင့္ လူထုအတြက္ က႑စုံ၊ နယ္ပယ္စုံ မွာ အဆင္ေျပမႈမ်ားစြာရွိခဲ့သည္ကိုလည္း ျငင္းမရေပ။ သို႔ေသာ္ တစ္ဖက္မွာလည္း ေျမရာျပႆနာမ်ားက ဤတည္ ေဆာက္ေရးႏွင့္အတူ ကြၽဲကူးေရပါသလို ပါလာခဲ့သည္ကိုသတိျပဳမိသူက နည္းလွေပသည္။
စာေရးသူကိုယ္တိုင္ နဝတ၊ နယက ေခတ္၏ ၿမိဳ႕ျပစီမံကိန္းႀကီးမ်ား၏ အံ့မခန္းဖြယ္ တိုးတက္ျဖစ္ထြန္းမႈ မ်ားကို ၾကည့္ၿပီး စိတ္ထဲခ်ီးက်ဴးမဆုံးျဖစ္ခဲ့ဖူးသည္။ သို႔ေသာ္ ထိုေဒသခံ ျပည္သူမ်ားႏွင့္ေတြ႕ၿပီး စကားေျပာၾကည့္သည့္ အခါတြင္ေတာ့ ေျမရာျပႆ နာမ်ားေၾကာင့္ သူတို႔ရင္ထဲက ခံစားခ်က္ေတြကို ေတြ႕ျမင္ခြင့္ရခဲ့သည္။
တစ္ခါ ျပည္တြင္း လက္နက္ကိုင္ပဋိပကၡကို ဖိဖိ စီးစီးကိုင္တြယ္ခဲ့၍ ၿငိမ္းခ်မ္းသြားသည့္ေနရာမ်ားရွိခဲ့ပါသည္။ သို႔ေသာ္ တခ်ိဳ႕ EAOs မ်ားက အားမ တန္၍ မာန္ေလွ်ာ့ၿပီး အပစ္အခတ္ရပ္စဲလိုက္ရေသာ္ လည္း ထိုကဲ့သို႔ ေဆာင္႐ြက္ခဲ့မႈ အေပၚ သိပ္မႏွစ္ၿမိဳ႕ခဲ့ၾကေပ။ ၎တို႔ ရင္ထဲက အနာတရမ်ားကို ရင္ထဲမွာ သိုသိပ္ၿပီး သိမ္းဆည္းထားခဲ့ၾကပါသည္။ ဤသည္မွာ နဝတ နယက ေခတ္၏ State building ကို အင္တိုက္အားတိုက္ တည္ေဆာင္မႈႏွင့္အတူ တစ္ဖက္က Nation building ဆိုသည့္ Mental ပိုင္းကို အားနည္းခ်က္အျဖစ္ ႐ိုက္ခတ္ကာ ထိခိုက္မႈမ်ားျဖစ္ေပၚ ခဲ့ရပါသည္။ သို႔ေသာ္ ခ်က္ခ်င္း ေပါက္ကြဲမႈအျဖစ္သို႔ ကူးေျပာင္းမလာဘဲ အခ်ိန္မက်ေသး၍ေပါက္ကြဲေတာ့မည့္ ဒိုင္းနမိုက္ႀကီး တစ္လုံးလို တာစူၿပီးရွိေနခဲ့သည္။
သာမန္အားျဖင့္ေတာ့ နဝတ၊ နယက ေခတ္က ျပႆနာမ်ားတြင္ တပ္မေတာ္ႏွင့္ EAOs အၾကားျဖစ္ခဲ့သည့္ ျပႆနာတစ္ရပ္ Nation building ပိုင္း ေလာက္သာ အေပၚယံရႈျမင္စရာရွိပါသည္။ သို႔ေသာ္ လူတို႔၏ခံစားမႈပိုင္းဆိုင္ ရာမ်ားတြင္ ဒဏ္ရာမ်ား ကိုယ္စီႏွင့္ရင္ဘတ္ထဲတြင္ ကိန္းေအာင္းေနခဲ့ၾကပါ သည္။ တနည္းေျပာရလွ်င္ ဗမာလူမ်ိဳးမ်ား၏ ရင္ထဲတြင္ ေျမရာျပႆနာမ်ားေၾကာင့္ ျမန္မာ့လူ႔အဖြဲ႕အစည္းၾကားမွာ အက္ေၾကာင္းက ငုပ္လွ်ိဳေနသည့္ေရာဂါေတြ အျဖစ္ႏွင့္ ရွိေနခဲ့ပါသည္။ ထိုကဲ့သို႔ေသာ အေျခေနမ်ိဳးတြင္ ဦးသိန္းစိန္ေခတ္ ဒီမိုကေရစီတံခါးဖြင့္ လွစ္လိုက္သည့္အခ်ိန္၌ ထိုျပႆနာမ်ားသည္ ႏိုင္ငံ ေရးေရာဂါမ်ားအျဖစ္ ေနရာစုံကေနဝင္ေရာက္လာပါ ေတာ့သည္။ ပိုဆိုးသည္က ေဒၚစု၏ NLD ပါတီကို ႏိုင္ငံေရးတံခါးေပါက္ ဖြင့္ေပးလိုက္ခ်ိန္တြင္ ေျမရာ ျပႆနာမ်ား၊ အေရးအခင္းကာလမ်ားတြင္ တပ္မ ေတာ္က ေျဖရွင္းကိုင္တြယ္ခဲ့ရမႈမ်ားကိုႏိုင္ငံေရးလက္ နက္အျဖစ္ အသုံးခ်တိုက္ခိုက္လာပါေတာ့သည္ ။
အဆိုပါ ျပႆနာမ်ားကိုလူထုၾကားထဲ ပ်ံ႕ႏွံ႔ ေအာင္ စည္း႐ုံးလႈံ႕ေဆာ္ေပးလိုက္သည့္အခါ တပ္ ႏွင့္ ျပည္သူ စည္းလုံးညီၫြတ္ေရးက ေတာ္ေတာ္ေလး ခက္ခက္ခဲခဲတည္ေဆာက္ရမည့္အေျခအေနကို ေရာက္ရွိခဲ့ရသလို ျမန္မာနီ ျမန္မာစိမ္းဆိုၿပီး ျမန္မာ့လူ႔အဖြဲ႕အစည္း၏ အက္ေၾကာင္းႀကီးကလည္း ႀကီးထြားသထက္ ႀကီးထြားလာလာခဲ့ပါသည္။
ဤအက္ေၾကာင္းႀကီးက (၂၀၂၁) ခုႏွစ္ အေရာက္မွာေတာ့ ျမန္မာနီ ျမန္မာစိမ္းဆိုၿပီး ႏွစ္ျခမ္းအျဖစ္ လုံးဝကြဲ ထြက္သြားပါေတာ့သည္။ ဤအခ်က္ကို အခြင့္ေကာင္းယူရန္ေစာင့္ေနသည့္ EAOs မ်ားသည္ဗမာအကြဲကိုေစာင့္ၿပီး ႏွစ္တစ္ေထာင္မွာ တစ္ႀကိမ္ေတာင္ မရႏိုင္သည့္အခြင့္အေရးကို ရခဲ့ၿပီးျဖစ္ ၍အမိအရ အသုံးခ်အျမတ္ထုတ္ခဲ့ၾကပါသည္။
ထို႔ေၾကာင့္လက္ရွိကာလတြင္ ျပည္တြင္းလက္ နက္ကိုင္ပဋိပကၡကို အျမင့္ဆုံးႏွင့္ အဆိုးဆုံးအေျခအေနကို ေရာက္ေအာင္တြန္းပို႔လိုက္သည္ကို ေတြ႕ ျမင္ရမည္ျဖစ္ပါသည္။ ဤသည္မွာ တိုင္းရင္းသားစည္း လုံးညီၫြတ္ေရးဆိုသည့္ Nation building ပိုင္းတြင္ ျဖစ္ေပၚလာခဲ့သည့္ ျပႆနာတစ္ရပ္ျဖစ္ပါသည္။ NLD ပါတီ၏ မဟာဗ်ဴဟာက်က် တပ္မ ေတာ္ႏွင့္ ျပည္သူေသြးခြဲခဲ့ျခင္းေၾကာင့္လည္း Nation buil- ding ျပႆနာက တစ္ေန႔တျခားပို၍ ႀကီးထြား သထက္ ႀကီး ထြားလာခဲ့ရျခင္းျဖစ္ပါသည္။
အခ်ဳပ္ဆိုရလွ်င္ State building ပိုင္း တည္ေဆာက္ခဲ့မႈ၏အက်ိဳးဆက္အျဖစ္ အားနည္းခ်က္ မ်ားျဖစ္ေပၚခဲ့ ရသည္။ အဆိုပါ အားနည္းခ်က္မ်ားက Nation building ပိုင္းကို ဆက္လက္ ဂယက္႐ိုက္ ခတ္ခဲ့သည္ေတြ႕ရသည္။ ဤအားနည္းခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္၏ NLD ပါတီက ႏိုင္ငံေရး လက္နက္သဖြယ္ အသုံးခ်တိုက္ခိုက္ခဲ့သျဖင့္ Nation building က အက္ေၾကာင္း ျဖစ္ေပၚခဲ့ရသည္။ (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရး အေျပာင္းအလဲျဖစ္ၿပီးေနာက္ပိုင္းတြင္ EAOs မ်ားက အဆိုပါ အက္ေၾကာင္းႀကီး အသုံးခ် အျမတ္ထုတ္လာျခင္းေၾကာင့္ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡမ်ား ပို၍ ႀကီးထြားလာခဲ့ရသည္။ Nation building လည္း ၿပိဳကြဲခဲ့ရေပသည္။ ထို႔ေၾကာင့္ ယေန႔ႏိုင္ငံေရး ျပႆနာသည္ Nation building ၿပိဳကြဲမႈေၾကာင့္ ျဖစ္ေပၚလာသည့္ျပႆနာ အက်ိဳးဆက္ျဖစ္သျဖင့္ Nation building ကို အေလး ထားၿပီး ျပန္လည္တည္ေဆာက္သင့္ပါ ေၾကာင္း အႀကံျပဳလိုက္ရပါသည္။