ICC တရားစွဲအရာရှိက သူ့အပေါ် လိင်ပိုင်းဆိုင်ရာစွပ်စွဲမှုကိုအာရုံပြောင်းရန် ဖိလစ်ပိုင်သမ္မတ ဟောင်းအမှုကို ပစ်မှတ်ထားနေဟု ဆို

 2970

Htay Oung (NP News) - မတ် ၂၁

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ရိုအာ ဒူတာတေးကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က ကြားနာစစ်ဆေးနေပါ တယ်။ သမ္မတဟောင်းကြီးဟာ လူသားမျိုးနွယ်အပေါ် ဘယ်လို ရာဇဝတ်မှု ကျူးလွန်တဲ့အတွက် ဘယ်လိုအပြစ် ပေးသင့်ကြောင်း တရားခွင်မှာ အာဘောင်အာရင်းသန်သန်နဲ့ လျှောက်လဲနေသူက ICC တရားစွဲ အရာရှိချုပ် ကာရင်ခန်းဖြစ်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်က သူ့ဝန်ထမ်းဟောင်းကောင်မလေးကို လိင်ပိုင်းဆိုင်ရာ မှား ယွင်းမှုနဲ့ တရားစွဲခံထားရသူ ဖြစ်နေပါတယ်။ ၂၀၂၃ ခုနှစ်ကတည်းက စစ်ဆေးနေဆဲ အဲဒီအမှုမှာတော့ သူခမျာ မျက်ကလဲဆန်ပြာ ငြင်းဆန်နေရရှာတယ်လို့ “မနီလာတိုင်းမ်း” ၂ဝ၂၅ ခုနှစ် မတ်လ ၁၉ ရက်က ရေးသားခဲ့ပါတယ်။
ခန်းရဲ့လုပ်ရပ်ဟာ သူ့ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို အာရုံပြောင်းဖို့ တမင်လုပ်နေတာဖြစ်ကြောင်း ေ၀ ဖန်သူများက မေးငေါ့နေကြပါတယ်။ စကော့တလန်မှာ မွေးဖွားတဲ့ ပါကစ္စတန်နွယ်ဖွား ကာရင်ခန်း (၅၄-နှစ်) ဟာ “ကင်းကောလိပ်” ထွက် ဥပဒေပညာရှင်ဖြစ်ပါတယ်။ သူ့ရဲ့ညီအရင်းတစ်ဦးဖြစ်သူ ကွန်ဆာဗေးတစ်အမတ်ဟောင်း ကလည်း “ကလေးသူငယ်လိင်စော်ကားမှု” နဲ့ ပါတီက ထုတ်ပယ်ခံထားရပါတယ်။ ၂၀၂၁ ခုနှစ်မှာ ICC ရှေ့နေချုပ် ဖြစ်လာတဲ့ ခန်းဟာ ၂ဝ၂၄ ခုနှစ် မေလမှာ အစ္စရေး လက်ရှိဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ ကာကွယ်ရေး ဝန်ကြီး ယိုအတ်ဂဲလင့်တို့ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
အနောက်နိုင်ငံများရဲ့လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမှု Sexual misconduct ဆိုတာ အလွန်ကြောက်စရာ ကောင်းတဲ့ခေါင်းးစဉ်ဖြစ်ပါတယ်။။ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ နှောင့်ယှက်မှု၊ အနိုင်ကျင့်မှု၊ ခွဲခြားဆက်ဆံမှု၊ ခြိမ်းခြောက်မှု စသဖြင့် အတော်စုံပါတယ်။ လွန်ခဲ့တဲ့နှစ် VOA အသံလွှင့်ဌာနက မြန်မာလူမျိုးအရာရှိဟောင်းတစ်ဦး ကို ဒီခေါင်းစဉ်နဲ့ အလုပ်မှ ထုတ်ပယ်ခဲ့ဖူးပါတယ်။ အပြစ်တွေ့လို့ ကိုယ်ဖိဟောက်မိတဲ့ ကိုယ့်လက် အောက်ဝန်ထမ်း က အမျိုးသမီးတစ်ဦးဖြစ်နေရင် “သူဟာ မိန်းမတစ်ယောက်ဖြစ်နေလို့သာ ဒီလိုပြုမူခံရပါတယ်” လို့ တိုင်ကြားခံရပြီး ပြဿနာတက်တတ်ပါတယ်။ ကာရင်ခန်းကတော့ သူ့ဝန်ထမ်းဟောင်း ကောင်မလေးကို ဒချိရန် ကြံစည်ပြီး အဲဒီအကြောင်း ဘယ်သူ့ကိုမပြောဖို့ စည်းရုံးခဲ့တဲ့အမှုဖြစ်ပြီး အဲ့ဒီနှစ်အောက်တိုဘာလမှာ သတင်းထွက်လာပါ တယ်။
အစ္စရေးခေါင်းဆောင်တွေကို အမှုဖွင့်ဖို့ ပြင်ဆင်ခဲ့တဲ့ (ခန်းမတိုင်မီ) ICC ယခင် ရှေ့နေချုပ်ကိုလည်း အစ္စရေး “မော့ဆက် ထောက်လှမ်းရေး” က ခြိမ်းခြောက်ခဲ့ဖူးတယ်လို့ “ဂါးဒီးယန်း” ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်က ရေးပါတယ်။ ခန်းရဲ့ကိစ္စမှာတော့ မော့ဆက်ပါဝင်ကြောင်း အထောက်အထား မတွေ့ရှိရပေမယ့် ဟိုးလေးတကြော် ဖြစ်လာတဲ့ ခန်းရဲ့အပုပ်နံ့သတင်းဟာ “ဌာနတွင်း စုံစမ်းစစ်ဆေးမှု” လောက်နဲ့မပြီးတော့ပဲ ရုံးရောက် ဂတ်ရောက် အမှုအ ခင်းဖြစ်သွားပါတယ်။ “အစ္စရေးခေါင်းဆောင်တွေကို ဝရမ်းထုတ်ဖို့ စွပ်စွဲသူ ICC အရာရှိဟာ ကိုယ်တိုင်စာရိတ္တ မကောင်းသူဖြစ်နေပါလား” လို့ လူပြောစရာဖြစ်သွားပါတယ်။ ခန်းရဲ့ကိစ္စဟာ အစ္စရေး ခေါင်းဆောင်တွေ အမှုအပေါ် လွှမ်းမိုးမှု ရှိ-မရှိ ဆုံးဖြတ်ဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်များကလည်း “ပွဲခင်းထဲ မြွေလွှတ်” ပေးသလို လုပ်လာတယ်လို့ CBS က ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်က ရေးသားခဲ့ပါ တယ်။
(ပါကစ္စတန်နွယ်ဖွား) ခန်းဟာ (ကမ္ဘာ့ မွတ်စလင်နိုင်ငံများအကြိုက်) အစ္စရေးခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ် သူရဲကောင်းလုပ်ပြပြီး သူ့ရဲ့လိင်ပိုင်းဆိုင်ရာ အရှုတ်တော်ပုံကို အဖတ်ဆယ်ဖို့ ကြိုးပမ်းခြင်းဖြစ်ကြောင်း “ဝေါလ်စထရိဂျာနယ်” က ရေးပါတယ်။ အလားတူ (ဖိလစ်ပိုင်တောင်ပိုင်း “မာရဝီမြို့ စီးနင်းခံရမှု” မှာ အစွန်း ရောက်အစ္စလာမ်မစ် အဘူဆေယက်တို့ကို အပြီးတိုင်သုတ်သင်မိန့်ပေးခဲ့တဲ့) သမ္မတဟောင်း ဒူတာတေးကို ပစ်မှတ်ထားလာခြင်းကလည်း သူ့ရဲ့ရာထူးကို ကာကွယ်ဖို့သက်သက် တမင်လုပ်ထာလို့ ဆိုပါတယ်။
ဒူတာတေးကို ဖမ်းဆီးရေး ICC က ဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာခုံရုံးကို ဖိအားပေးခဲ့သူက ခန်းကိုယ်တိုင်ဖြစ် ကြောင်း သတင်းများအရ သိရှိရပါတယ်။ ခန်းအနေနဲ့ ရာထူးမှ နှုတ်ထွက်ပေးဖို့ ICC အကြီးတန်း အရာရှိ ၃ ဦး တို့ကို အကြိမ်ကြိမ် နားချခဲ့ပေမယ့် ခေါင်းမာမာနဲ့ ငြင်းဆန်နေကြာင်း ဗြိတိသျှ မီဒီယာများက ဖော်ပြကြပါတယ်။
ဒူတာတေး ကိစ္စနဲ့ ခန်းနည်းတူ လူအများ မျက်မုန်းကျိုးခံရသူက ဖိလစ်ပိုင်လက်ရှိသမ္မတ ဘောင်ဘောင်မား ကို့စ် ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို ၁၉၆၅- ၁၉၈၆ ခုနှစ်အထိ အာဏာသုံးအုပ်ချုပ်ခဲ့ပြီး လူထုအုံကြွမှုကြောင့် တိုင်းပြည် က ထွက်ပြေးသွားသူရဲ့ သားအကြီးဖြစ်သူ ဘောင်ဘောင်ဟာ မိမိနိုင်ငံသား သမ္မတဟောင်းတစ်ဦးကို မိမိတိုင်းပြည် တရားရုံးများရဲ့ပြင်ပ ICC လို နိုင်ငံရပ်ခြားတရားရုံးလက်ထဲ လွှဲအပ်ပေးခဲ့လို့ ဖြစ်ပါတယ်။
ICC ဟာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ် မြို့မှာ ရုံးစိုက်ပါတယ်။ ၁၉၉၈-ခုနှစ် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၅ နိုင်ငံတို့ရဲံ “ရောမသဘောတူညီချက်” အရ ၂၀၀၂-ခုနှစ်မှာ စတင်ထူထောင်ခဲ့ပါတယ်။ ဒတ်ချ်အစိုးရရဲ့ ကာကွယ်စောင့်ရှောက် မှာအောက်မှာ တရားရုံးတို့ရဲ့ အင်္ဂါရပ်နဲ့ အညီ ဖွဲ့စည်းထားပေမယ့် “ဘယ်သူဘယ်ဝါကို ဖမ်းဆီးပြီး ရုံးတော် ရှေ့မှောက် ခေါ်ယူလာစေ” ဆိုတဲ့ ဝရမ်းကို လုပ်ကိုင်ဆောင်ရွက်ပေးမယ့် ကိုယ်ပိုင် ရဲတပ်ဖွဲ့ မရှိပါဘူး၊
အလားတူ ICC က ထောင်ဒဏ်ချမှတ်လိုက်တဲ့ တရားခံများကို ချုပ်နှောင်ထားဖို့ “ ကိုယ်ပိုင်အကျဉ်းထောင်” လည်း မရှိပါဘူး၊ အမှုစစ်ဆေးနေခိုက် တရားခံများကို နယ်သာလန်အစိုးရ “ဆချေနင်ယင် အကျဉ်းထောင်” ဝင်းအတွင်း အခန်းတစ်ခုမှာ ယာယီ ချုပ်နှောင်ထားရပါတယ်။ စောင့်ကြပ်သူများအဖြစ် ရောမစာချုပ် အဖွဲ့ဝင် နိုင်ငံများ စရိတ်နဲ့ ဒတ်ချ်အကျဉ်းဌာနဝန်ထမ်းများက တာဝန်ယူရပါတယ်။ ICC ဟာ သေဒဏ် စီရင်ပိုင်ခွင့် မရှိပါဘူး။ “ထောင်ဒဏ် ဘယ်နှစ်နှစ် ကျခံစေလို့ စီရင်ချက် ချမှတ်ပြီးရင်တော့ ဆက်လက်ချုပ်နှောင်ထားဖို့ ဖမ်းဆီးပေးတဲ့ နိုင်ငံထံ တရားခံထံ ပြန်ပို့ပေးရပါတယ်။
ဒီနေရာမှာ ပြင်သစ်နိုင်ငံ လီယွံန်မြို့ အခြေစိုက် အင်တာပိုလ် Interpol လို့ခေါ်တဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ဆိုတာ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်း တစ်ခု မဟုတ်ကြောင်း သိရှိဖို့လိုပါတယ်။ လက်ရှိကုလသမဂ္ဂအဖွဲ့ကြီး မပေါ်ပေါက်မီ ၁၉၂၃-ခု နှစ်တည်းက ထူထောင်ခဲ့တဲ့ စီမံခန့်ခွဲမှုအဖွဲ့ဖြစ်ပါတယ်။ နိုင်ငံတကာရာဇဝတ်မှုများကို တိုက်ဖျက်ရန် နိုင်ငံအချင်းချင်းကြား သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ ရာဇဝတ်သားများကို ခြေရာခံ/ ဖမ်းဆီးခြင်း၊ နိုင်ငံတကာရာဇဝတ်မှုများကို တားဆီးကာကွယ်ခြင်းစသဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြပါ တယ်။ အင်တာပိုလ်မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်း ပါဝင်ရမယ်လို့ သတ်မှတ်ချက် မရှိပေမယ့် ကမ္ဘာ့ (၁၉၅) နိုင်ငံမှ ရဲတပ်ဖွဲ့အချင်းချင်း အင်တာပိုလ်မှတဆင့် ချိတ်ဆက်ဆောင်ရွက်နေကြပါတယ်။ အဲ့ဒီနိုင်ငံတွေဟာ ၁၉၅၆ ခုနှစ် အင်တာပိုလ်ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းများအတိုင်း စနစ်တကျ စီမံဆောင်ရွက်နေပြီး အဖွဲ့ဝင်နိုင်ငံများ ကလည်း လိုက်နာမည်ဖြစ်ကြောင်း သဘောတူညီချက်ပေးထားရပါတယ်။
ICC က ဘယ်လိုပဲ ဖမ်းဝရမ်း ထုတ်ပြန်သည်ဖြစ်စေ တရားခံကို သက်ဆိုင်ရာနိုင်ငံအစိုးရက ဖမ်းဆီးမပေးခဲ့ရင် နိုင်ငံတကာရာဇဝတ်ခုံရုံးကြီးလည်း ဘာမှမတတ်နိုင်ပါဘူး၊ ဥပမာအားဖြင့် “ရုရှားသမ္မတ ဗလာဒီမာပူတင်” နဲ့ ပြည်တွင်းစစ်ကာလ ဆူဒန်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး “အိုမာ အယ်လ် ဘာရှီယာ” ကို ဖမ်းဆီးပေးရန် သက်ဆိုင်ရာနိုင်ငံ ရဲတပ်ဖွဲ့က ငြင်းဆန်နေပါတယ်။ အသက် ၈၁ နှစ်အရွယ် ဘာရှီယာဟာ ဆူဒန်နိုင်ငံမှာပဲ ရှိနေခဲ့ပါ တယ်။
ရဲတပ်ဖွဲ့နဲ့ အကျဉ်းထောင်မရှိရုံမက ပြည်ပတရားရုံးတစ်ခုခုမှာ တရားစီရင်ခံရခြင်းဟာ ကိုယ့်နိုင်ငံ အချုပ်အချာ အာဏာပိုင်ဆိုင်မှုကို ထိခိုက်စေနိုင်တယ်လို့ ရှု့မြင်ကြတဲ့အတွက် ဘယ်နိုင်ငံ အစိုးရကမျှ သူ့နိုင်ငံသားကို လွှဲပြောင်း မပေးချင်ကြပါဘူး။ ဥပမာ - ၁၉၉၈ ခုနှစ်မှာ ဖြုတ်ချခံရတဲ့ ခမာနီကွန်မြူနစ်ခေါင်းဆောင် ပိုပေါ့ဟာ ကမ္ဘောဒီယား ပြည်သူ ၁.၃ သန်းခန့် အသတ်ခံရမှုမှာ တာဝန်ရှိသူဖြစ်ပါတယ်။ သူ့ကို “နိုင်ငံတကာ ရာဇဝတ်ခုံရုံး” နဲ့ ကြားနာအပြစ် ပေးရန် ကမ္ဘာ့နိုင်ငံများက တောင်းဆိုခဲ့ပေမယ့် ကမ္ဘောဒီးယားအစိုးရက ငြင်းဆန်ပြီး ပြည်တွင်းတရားရုံးမှာပဲ စစ်ဆေးခဲ့ပါတယ်။ အသက် ၇၃ နှစ်အရွယ် ပိုပေါ့ဟာ အကျယ်ချုပ်ကျခံနေရစဉ် ကမ္ဘောဒီးယားနိုင်ငံမှာ လူကြီး ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
တိုင်းပြည်အချို့မှာ ဖြစ်ပေါ်နေတဲ့ အကြီးစား ရာဇဝတ်မှုကြီးများ၊ လူသားမျိးနွယ်အပေါ် ကျူးလွန်ရာရောက်ရှိတဲ့ ရာဇဝတ်မှုများကို ကြားနာ စစ်ဆေးရန်အတွက် ICC ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တရားရုံးရဲ့သက်တမ်းတလျောက် လူပေါင်း ၄ဝ ကျော်ကို ဖမ်းဝရမ်းထုတ်ခဲ့ရာ နိုင်ငံ့ခေါင်းဆောင်များ၊ စစ်ဘက်ဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေး သမားများနဲ့ အခြားအရပ်သားလူပုဂ္ဂိုလ်များ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအထဲက လူ ၂၀ ခန့်ကိုပဲ ရုံးတင် တရားစွဲဆိုတဲ့အထိ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ကာလကြာမြင့် အသက်အရွယ် ကြီးရင့်ပြီး ပြည်ပ ခရီးသွားစဉ် ဖမ်းဆီးခံရသူလည်း ရှိပါတယ်။
ICC က ဖမ်းဝရမ်းထုတ်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံအတွင်းမှာပဲ ဖမ်းဆီးရမိသူအချို့ ရှိပါတယ်။ ဥပမာ - ဒီမိုကရက် တစ်ကွန်ဂိုနိုင်ငံ DRC မှ “ယွန်ပီယာ ဘမ်ဘာ” ၆၂ နှစ်ဟာ ၂၀၀၈ ခုနှစ် အဲ့ဒီနိုင်ငံမှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်။ သူဟာ DRC နိုင်ငံရဲ့ သမ္မတဟောင်းနဲ့ ဒုတိယဝန်ကြီးချုပ်ဖြစ်ပြီး အာဏာမရမီ “ကွန်ဂိုလွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့” MLC သူပုန်ခေါင်းဆောင်ဘ၀ စစ်ရာဇဝတ်မှုများကြောင့် ICC က ဖမ်းဝရမ်း ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။ DRC နိုင်ငံရဲ့ ကိုလိုနီ အရှင်သခင်ဟောင်း ယနေ့တိုင် ဩဇာလွှမ်းမိုးဆဲ ဘယ်လ်ဂျီယန်ရဲတပ်ဖွဲ့က လုံခြုံရေးပျက်ပြားနေတဲ့ DRC နိုင်ငံအတွင်း ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ပါတယ်။
ယူဂန်ဒါနိုင်ငံမှ “ဒိုမနစ် အွန်ဂွမ်” ( အသက် ၅၀ ခန့်) ကတော့ LRA ယူဂန်ဒါ ပြောက်ကျားသူပုန်ခေါင်းဆောင်ဘ၀ “ကလေးစစ်သားအသုံးပြုမှု” “မုဒိန်းမှု” “ညှင်းပန်းနှိပ်စက် ကျွန်ပြုခြင်း” အပါအဝင် စစ်ရာဇဝတ်မှုများနဲ့ ICC က ဖမ်းဝရမ်းထုတ်ခံရခြင်းဖြစ်ပါတယ်။ သူဟာ အာဖရိကအလယ်ပိုင်း လက်နက်ကိုင်သူပုန်အဖွဲ့များအကြား သွားလာ လှုပ်ရှားနေစဉ် ပြည်တွင်းစစ်မှာ အစိုးရဘက်က ဝင်ရောက်ကူညီတဲ့ “ဗဟိုအာဖရိက သမ္မတနိုင်ငံ” CAR တပ်များက DRC နိုင်ငံအတွင်း ဖမ်းဆီးရမိခဲ့ပြီး ICC ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။

ဆိုလိုတာ ICC ရဲ့ဖမ်းဝရမ်းဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့တရားဝင် အစိုးရ၊ တရားဝင်စစ်တပ်မှ ဝရမ်းထုတ်လေ့ရှိ တာ မဟုတ်ရပါဘူး။ ရောမသဘောတူစာချုပ်ပါ အချက်များနဲ့ ငြိစွန်းရင် သူပုန်ခေါင်းဆောင်တွေကိုလည်း ဝရမ်းထုတ်တတ်ပါတယ်။ စစ်ဖြစ်ပွားနေစဉ် ပြည်တွင်း ထောက်ခံမှု ကျဆင်းနိုင်လို့ သက်ဆိုင်ရာ တရားဝင် အစိုးရက မသိဟန်ဆောင် "ဟ" ပေးထားတုန်း မဟာမိတ် အိမ်နီးချင်းနိုင်ငံစစ်တပ်က အလစ်ဝင် "ဆွဲစိ" တာမျိုး လည်း ဖြစ်တတ်ပါတယ်။
#HtayOung, #OungMarine

Zawgyi Version:
ICC တရားစြဲအရာရွိက သူ႔အေပၚ လိင္ပိုင္းဆိုင္ရာစြပ္စြဲမႈကိုအာ႐ုံေျပာင္းရန္ ဖိလစ္ပိုင္သမၼတ ေဟာင္းအမႈကို ပစ္မွတ္ထားေနဟု ဆို
Htay Oung (NP News) - မတ္ ၂၁

ဖိလစ္ပိုင္သမၼတေဟာင္း ႐ိုဒရီဂို ႐ိုအာ ဒူတာေတးကို ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး ICC က ၾကားနာစစ္ေဆးေနပါ တယ္။ သမၼတေဟာင္းႀကီးဟာ လူသားမ်ိဳးႏြယ္အေပၚ ဘယ္လို ရာဇဝတ္မႈ က်ဴးလြန္တဲ့အတြက္ ဘယ္လိုအျပစ္ ေပးသင့္ေၾကာင္း တရားခြင္မွာ အာေဘာင္အာရင္းသန္သန္နဲ႔ ေလွ်ာက္လဲေနသူက ICC တရားစြဲ အရာရွိခ်ဳပ္ ကာရင္ခန္းျဖစ္ပါတယ္။ ဒါေပမယ့္ သူကိုယ္တိုင္က သူ႔ဝန္ထမ္းေဟာင္းေကာင္မေလးကို လိင္ပိုင္းဆိုင္ရာ မွား ယြင္းမႈနဲ႔ တရားစြဲခံထားရသူ ျဖစ္ေနပါတယ္။ ၂၀၂၃ ခုႏွစ္ကတည္းက စစ္ေဆးေနဆဲ အဲဒီအမႈမွာေတာ့ သူခမ်ာ မ်က္ကလဲဆန္ျပာ ျငင္းဆန္ေနရရွာတယ္လို႔ “မနီလာတိုင္းမ္း” ၂ဝ၂၅ ခုႏွစ္ မတ္လ ၁၉ ရက္က ေရးသားခဲ့ပါတယ္။
ခန္းရဲ႕လုပ္ရပ္ဟာ သူ႔ကိုယ္ေရးကိုယ္တာ ျပႆနာေတြကို အာ႐ုံေျပာင္းဖို႔ တမင္လုပ္ေနတာျဖစ္ေၾကာင္း ေ၀ ဖန္သူမ်ားက ေမးေငါ့ေနၾကပါတယ္။ စေကာ့တလန္မွာ ေမြးဖြားတဲ့ ပါကစၥတန္ႏြယ္ဖြား ကာရင္ခန္း (၅၄-ႏွစ္) ဟာ “ကင္းေကာလိပ္” ထြက္ ဥပေဒပညာရွင္ျဖစ္ပါတယ္။ သူ႔ရဲ႕ညီအရင္းတစ္ဦးျဖစ္သူ ကြန္ဆာေဗးတစ္အမတ္ေဟာင္း ကလည္း “ကေလးသူငယ္လိင္ေစာ္ကားမႈ” နဲ႔ ပါတီက ထုတ္ပယ္ခံထားရပါတယ္။ ၂၀၂၁ ခုႏွစ္မွာ ICC ေရွ႕ေနခ်ဳပ္ ျဖစ္လာတဲ့ ခန္းဟာ ၂ဝ၂၄ ခုႏွစ္ ေမလမွာ အစၥေရး လက္ရွိဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟုနဲ႔ ကာကြယ္ေရး ဝန္ႀကီး ယိုအတ္ဂဲလင့္တို႔ကို ဖမ္းဝရမ္းထုတ္ခဲ့ပါတယ္။
အေနာက္ႏိုင္ငံမ်ားရဲ႕လိင္ပိုင္းဆိုင္ရာ မေလ်ာ္မကန္ျပဳမႈ Sexual misconduct ဆိုတာ အလြန္ေၾကာက္စရာ ေကာင္းတဲ့ေခါင္းးစဥ္ျဖစ္ပါတယ္။။ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ၊ ေႏွာင့္ယွက္မႈ၊ အႏိုင္က်င့္မႈ၊ ခြဲျခားဆက္ဆံမႈ၊ ၿခိမ္းေျခာက္မႈ စသျဖင့္ အေတာ္စုံပါတယ္။ လြန္ခဲ့တဲ့ႏွစ္ VOA အသံလႊင့္ဌာနက ျမန္မာလူမ်ိဳးအရာရွိေဟာင္းတစ္ဦး ကို ဒီေခါင္းစဥ္နဲ႔ အလုပ္မွ ထုတ္ပယ္ခဲ့ဖူးပါတယ္။ အျပစ္ေတြ႕လို႔ ကိုယ္ဖိေဟာက္မိတဲ့ ကိုယ့္လက္ ေအာက္ဝန္ထမ္း က အမ်ိဳးသမီးတစ္ဦးျဖစ္ေနရင္ “သူဟာ မိန္းမတစ္ေယာက္ျဖစ္ေနလို႔သာ ဒီလိုျပဳမူခံရပါတယ္” လို႔ တိုင္ၾကားခံရၿပီး ျပႆနာတက္တတ္ပါတယ္။ ကာရင္ခန္းကေတာ့ သူ႔ဝန္ထမ္းေဟာင္း ေကာင္မေလးကို ဒခ်ိရန္ ႀကံစည္ၿပီး အဲဒီအေၾကာင္း ဘယ္သူ႔ကိုမေျပာဖို႔ စည္း႐ုံးခဲ့တဲ့အမႈျဖစ္ၿပီး အဲ့ဒီႏွစ္ေအာက္တိုဘာလမွာ သတင္းထြက္လာပါ တယ္။
အစၥေရးေခါင္းေဆာင္ေတြကို အမႈဖြင့္ဖို႔ ျပင္ဆင္ခဲ့တဲ့ (ခန္းမတိုင္မီ) ICC ယခင္ ေရွ႕ေနခ်ဳပ္ကိုလည္း အစၥေရး “ေမာ့ဆက္ ေထာက္လွမ္းေရး” က ၿခိမ္းေျခာက္ခဲ့ဖူးတယ္လို႔ “ဂါးဒီးယန္း” ၂ဝ၂၄ ခုႏွစ္ ေအာက္တိုဘာလ ၂၄ ရက္က ေရးပါတယ္။ ခန္းရဲ႕ကိစၥမွာေတာ့ ေမာ့ဆက္ပါဝင္ေၾကာင္း အေထာက္အထား မေတြ႕ရွိရေပမယ့္ ဟိုးေလးတေၾကာ္ ျဖစ္လာတဲ့ ခန္းရဲ႕အပုပ္နံ႔သတင္းဟာ “ဌာနတြင္း စုံစမ္းစစ္ေဆးမႈ” ေလာက္နဲ႔မၿပီးေတာ့ပဲ ႐ုံးေရာက္ ဂတ္ေရာက္ အမႈအ ခင္းျဖစ္သြားပါတယ္။ “အစၥေရးေခါင္းေဆာင္ေတြကို ဝရမ္းထုတ္ဖို႔ စြပ္စြဲသူ ICC အရာရွိဟာ ကိုယ္တိုင္စာရိတၱ မေကာင္းသူျဖစ္ေနပါလား” လို႔ လူေျပာစရာျဖစ္သြားပါတယ္။ ခန္းရဲ႕ကိစၥဟာ အစၥေရး ေခါင္းေဆာင္ေတြ အမႈအေပၚ လႊမ္းမိုးမႈ ရွိ-မရွိ ဆုံးျဖတ္ဖို႔ အေမရိကန္ကြန္ဂရက္လႊတ္ေတာ္အမတ္မ်ားကလည္း “ပြဲခင္းထဲ ေႁမြလႊတ္” ေပးသလို လုပ္လာတယ္လို႔ CBS က ၂ဝ၂၄ ခုႏွစ္ ေအာက္တိုဘာလ ၂၅ ရက္က ေရးသားခဲ့ပါ တယ္။
(ပါကစၥတန္ႏြယ္ဖြား) ခန္းဟာ (ကမာၻ႔ မြတ္စလင္ႏိုင္ငံမ်ားအႀကိဳက္) အစၥေရးေခါင္းေဆာင္ေတြကို ဖမ္းဝရမ္းထုတ္ သူရဲေကာင္းလုပ္ျပၿပီး သူ႔ရဲ႕လိင္ပိုင္းဆိုင္ရာ အရႈတ္ေတာ္ပုံကို အဖတ္ဆယ္ဖို႔ ႀကိဳးပမ္းျခင္းျဖစ္ေၾကာင္း “ေဝါလ္စထရိဂ်ာနယ္” က ေရးပါတယ္။ အလားတူ (ဖိလစ္ပိုင္ေတာင္ပိုင္း “မာရဝီၿမိဳ႕ စီးနင္းခံရမႈ” မွာ အစြန္း ေရာက္အစၥလာမ္မစ္ အဘူေဆယက္တို႔ကို အၿပီးတိုင္သုတ္သင္မိန႔္ေပးခဲ့တဲ့) သမၼတေဟာင္း ဒူတာေတးကို ပစ္မွတ္ထားလာျခင္းကလည္း သူ႔ရဲ႕ရာထူးကို ကာကြယ္ဖို႔သက္သက္ တမင္လုပ္ထာလို႔ ဆိုပါတယ္။
ဒူတာေတးကို ဖမ္းဆီးေရး ICC က ဝရမ္းထုတ္ေပးဖို႔ ႏိုင္ငံတကာခုံ႐ုံးကို ဖိအားေပးခဲ့သူက ခန္းကိုယ္တိုင္ျဖစ္ ေၾကာင္း သတင္းမ်ားအရ သိရွိရပါတယ္။ ခန္းအေနနဲ႔ ရာထူးမွ ႏႈတ္ထြက္ေပးဖို႔ ICC အႀကီးတန္း အရာရွိ ၃ ဦး တို႔ကို အႀကိမ္ႀကိမ္ နားခ်ခဲ့ေပမယ့္ ေခါင္းမာမာနဲ႔ ျငင္းဆန္ေနၾကာင္း ၿဗိတိသွ် မီဒီယာမ်ားက ေဖာ္ျပၾကပါတယ္။
ဒူတာေတး ကိစၥနဲ႔ ခန္းနည္းတူ လူအမ်ား မ်က္မုန္းက်ိဳးခံရသူက ဖိလစ္ပိုင္လက္ရွိသမၼတ ေဘာင္ေဘာင္မား ကို႔စ္ ျဖစ္ပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံကို ၁၉၆၅- ၁၉၈၆ ခုႏွစ္အထိ အာဏာသုံးအုပ္ခ်ဳပ္ခဲ့ၿပီး လူထုအုံႂကြမႈေၾကာင့္ တိုင္းျပည္ က ထြက္ေျပးသြားသူရဲ႕ သားအႀကီးျဖစ္သူ ေဘာင္ေဘာင္ဟာ မိမိႏိုင္ငံသား သမၼတေဟာင္းတစ္ဦးကို မိမိတိုင္းျပည္ တရား႐ုံးမ်ားရဲ႕ျပင္ပ ICC လို ႏိုင္ငံရပ္ျခားတရား႐ုံးလက္ထဲ လႊဲအပ္ေပးခဲ့လို႔ ျဖစ္ပါတယ္။
ICC ဟာ နယ္သာလန္ႏိုင္ငံ သည္ဟိတ္ဂ္ ၿမိဳ႕မွာ ႐ုံးစိုက္ပါတယ္။ ၁၉၉၈-ခုႏွစ္ ကမာၻ႔ႏိုင္ငံေပါင္း ၁၂၅ ႏိုင္ငံတို႔ရဲံ “ေရာမသေဘာတူညီခ်က္” အရ ၂၀၀၂-ခုႏွစ္မွာ စတင္ထူေထာင္ခဲ့ပါတယ္။ ဒတ္ခ်္အစိုးရရဲ႕ ကာကြယ္ေစာင့္ေရွာက္ မွာေအာက္မွာ တရား႐ုံးတို႔ရဲ႕ အဂၤါရပ္နဲ႔ အညီ ဖြဲ႕စည္းထားေပမယ့္ “ဘယ္သူဘယ္ဝါကို ဖမ္းဆီးၿပီး ႐ုံးေတာ္ ေရွ႕ေမွာက္ ေခၚယူလာေစ” ဆိုတဲ့ ဝရမ္းကို လုပ္ကိုင္ေဆာင္႐ြက္ေပးမယ့္ ကိုယ္ပိုင္ ရဲတပ္ဖြဲ႕ မရွိပါဘူး၊
အလားတူ ICC က ေထာင္ဒဏ္ခ်မွတ္လိုက္တဲ့ တရားခံမ်ားကို ခ်ဳပ္ေႏွာင္ထားဖို႔ “ ကိုယ္ပိုင္အက်ဥ္းေထာင္” လည္း မရွိပါဘူး၊ အမႈစစ္ေဆးေနခိုက္ တရားခံမ်ားကို နယ္သာလန္အစိုးရ “ဆေခ်နင္ယင္ အက်ဥ္းေထာင္” ဝင္းအတြင္း အခန္းတစ္ခုမွာ ယာယီ ခ်ဳပ္ေႏွာင္ထားရပါတယ္။ ေစာင့္ၾကပ္သူမ်ားအျဖစ္ ေရာမစာခ်ဳပ္ အဖြဲ႕ဝင္ ႏိုင္ငံမ်ား စရိတ္နဲ႔ ဒတ္ခ်္အက်ဥ္းဌာနဝန္ထမ္းမ်ားက တာဝန္ယူရပါတယ္။ ICC ဟာ ေသဒဏ္ စီရင္ပိုင္ခြင့္ မရွိပါဘူး။ “ေထာင္ဒဏ္ ဘယ္ႏွစ္ႏွစ္ က်ခံေစလို႔ စီရင္ခ်က္ ခ်မွတ္ၿပီးရင္ေတာ့ ဆက္လက္ခ်ဳပ္ေႏွာင္ထားဖို႔ ဖမ္းဆီးေပးတဲ့ ႏိုင္ငံထံ တရားခံထံ ျပန္ပို႔ေပးရပါတယ္။
ဒီေနရာမွာ ျပင္သစ္ႏိုင္ငံ လီယြံန္ၿမိဳ႕ အေျခစိုက္ အင္တာပိုလ္ Interpol လို႔ေခၚတဲ့ ႏိုင္ငံတကာရဲတပ္ဖြဲ႕ဆိုတာ ကုလသမဂၢဆိုင္ရာ အဖြဲ႕အစည္း တစ္ခု မဟုတ္ေၾကာင္း သိရွိဖို႔လိုပါတယ္။ လက္ရွိကုလသမဂၢအဖြဲ႕ႀကီး မေပၚေပါက္မီ ၁၉၂၃-ခု ႏွစ္တည္းက ထူေထာင္ခဲ့တဲ့ စီမံခန႔္ခြဲမႈအဖြဲ႕ျဖစ္ပါတယ္။ ႏိုင္ငံတကာရာဇဝတ္မႈမ်ားကို တိုက္ဖ်က္ရန္ ႏိုင္ငံအခ်င္းခ်င္းၾကား သတင္းအခ်က္အလက္မ်ား ဖလွယ္ျခင္း၊ ရာဇဝတ္သားမ်ားကို ေျခရာခံ/ ဖမ္းဆီးျခင္း၊ ႏိုင္ငံတကာရာဇဝတ္မႈမ်ားကို တားဆီးကာကြယ္ျခင္းစသျဖင့္ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ၾကပါ တယ္။ အင္တာပိုလ္မွာ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံတိုင္း ပါဝင္ရမယ္လို႔ သတ္မွတ္ခ်က္ မရွိေပမယ့္ ကမာၻ႔ (၁၉၅) ႏိုင္ငံမွ ရဲတပ္ဖြဲ႕အခ်င္းခ်င္း အင္တာပိုလ္မွတဆင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ေနၾကပါတယ္။ အဲ့ဒီႏိုင္ငံေတြဟာ ၁၉၅၆ ခုႏွစ္ အင္တာပိုလ္ဖြဲ႕စည္းပုံ အေျခခံစည္းမ်ဥ္းမ်ားအတိုင္း စနစ္တက် စီမံေဆာင္႐ြက္ေနၿပီး အဖြဲ႕ဝင္ႏိုင္ငံမ်ား ကလည္း လိုက္နာမည္ျဖစ္ေၾကာင္း သေဘာတူညီခ်က္ေပးထားရပါတယ္။
ICC က ဘယ္လိုပဲ ဖမ္းဝရမ္း ထုတ္ျပန္သည္ျဖစ္ေစ တရားခံကို သက္ဆိုင္ရာႏိုင္ငံအစိုးရက ဖမ္းဆီးမေပးခဲ့ရင္ ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံးႀကီးလည္း ဘာမွမတတ္ႏိုင္ပါဘူး၊ ဥပမာအားျဖင့္ “႐ုရွားသမၼတ ဗလာဒီမာပူတင္” နဲ႔ ျပည္တြင္းစစ္ကာလ ဆူဒန္ေခါင္းေဆာင္ေဟာင္း ဗိုလ္ခ်ဳပ္ႀကီး “အိုမာ အယ္လ္ ဘာရွီယာ” ကို ဖမ္းဆီးေပးရန္ သက္ဆိုင္ရာႏိုင္ငံ ရဲတပ္ဖြဲ႕က ျငင္းဆန္ေနပါတယ္။ အသက္ ၈၁ ႏွစ္အ႐ြယ္ ဘာရွီယာဟာ ဆူဒန္ႏိုင္ငံမွာပဲ ရွိေနခဲ့ပါ တယ္။
ရဲတပ္ဖြဲ႕နဲ႔ အက်ဥ္းေထာင္မရွိ႐ုံမက ျပည္ပတရား႐ုံးတစ္ခုခုမွာ တရားစီရင္ခံရျခင္းဟာ ကိုယ့္ႏိုင္ငံ အခ်ဳပ္အခ်ာ အာဏာပိုင္ဆိုင္မႈကို ထိခိုက္ေစႏိုင္တယ္လို႔ ရႈ႕ျမင္ၾကတဲ့အတြက္ ဘယ္ႏိုင္ငံ အစိုးရကမွ် သူ႔ႏိုင္ငံသားကို လႊဲေျပာင္း မေပးခ်င္ၾကပါဘူး။ ဥပမာ - ၁၉၉၈ ခုႏွစ္မွာ ျဖဳတ္ခ်ခံရတဲ့ ခမာနီကြန္ျမဴနစ္ေခါင္းေဆာင္ ပိုေပါ့ဟာ ကေမာၻဒီယား ျပည္သူ ၁.၃ သန္းခန႔္ အသတ္ခံရမႈမွာ တာဝန္ရွိသူျဖစ္ပါတယ္။ သူ႔ကို “ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး” နဲ႔ ၾကားနာအျပစ္ ေပးရန္ ကမာၻ႔ႏိုင္ငံမ်ားက ေတာင္းဆိုခဲ့ေပမယ့္ ကေမာၻဒီးယားအစိုးရက ျငင္းဆန္ၿပီး ျပည္တြင္းတရား႐ုံးမွာပဲ စစ္ေဆးခဲ့ပါတယ္။ အသက္ ၇၃ ႏွစ္အ႐ြယ္ ပိုေပါ့ဟာ အက်ယ္ခ်ဳပ္က်ခံေနရစဥ္ ကေမာၻဒီးယားႏိုင္ငံမွာ လူႀကီး ေရာဂါနဲ႔ ကြယ္လြန္ခဲ့ပါတယ္။
တိုင္းျပည္အခ်ိဳ႕မွာ ျဖစ္ေပၚေနတဲ့ အႀကီးစား ရာဇဝတ္မႈႀကီးမ်ား၊ လူသားမ်ိးႏြယ္အေပၚ က်ဴးလြန္ရာေရာက္ရွိတဲ့ ရာဇဝတ္မႈမ်ားကို ၾကားနာ စစ္ေဆးရန္အတြက္ ICC ကို ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး တရား႐ုံးရဲ႕သက္တမ္းတေလ်ာက္ လူေပါင္း ၄ဝ ေက်ာ္ကို ဖမ္းဝရမ္းထုတ္ခဲ့ရာ ႏိုင္ငံ့ေခါင္းေဆာင္မ်ား၊ စစ္ဘက္ဆိုင္ရာအႀကီးအကဲမ်ား၊ ႏိုင္ငံေရး သမားမ်ားနဲ႔ အျခားအရပ္သားလူပုဂၢိဳလ္မ်ား ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီအထဲက လူ ၂၀ ခန႔္ကိုပဲ ႐ုံးတင္ တရားစြဲဆိုတဲ့အထိ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။
ကာလၾကာျမင့္ အသက္အ႐ြယ္ ႀကီးရင့္ၿပီး ျပည္ပ ခရီးသြားစဥ္ ဖမ္းဆီးခံရသူလည္း ရွိပါတယ္။
ICC က ဖမ္းဝရမ္းထုတ္ခဲ့ၿပီး သက္ဆိုင္ရာႏိုင္ငံအတြင္းမွာပဲ ဖမ္းဆီးရမိသူအခ်ိဳ႕ ရွိပါတယ္။ ဥပမာ - ဒီမိုကရက္ တစ္ကြန္ဂိုႏိုင္ငံ DRC မွ “ယြန္ပီယာ ဘမ္ဘာ” ၆၂ ႏွစ္ဟာ ၂၀၀၈ ခုႏွစ္ အဲ့ဒီႏိုင္ငံမွာပဲ ဖမ္းဆီးရမိခဲ့ပါတယ္။ သူဟာ DRC ႏိုင္ငံရဲ႕ သမၼတေဟာင္းနဲ႔ ဒုတိယဝန္ႀကီးခ်ဳပ္ျဖစ္ၿပီး အာဏာမရမီ “ကြန္ဂိုလြတ္ေျမာက္ေရး လႈပ္ရွားမႈအဖြဲ႕” MLC သူပုန္ေခါင္းေဆာင္ဘ၀ စစ္ရာဇဝတ္မႈမ်ားေၾကာင့္ ICC က ဖမ္းဝရမ္း ထုတ္ခဲ့ျခင္း ျဖစ္ပါတယ္။ DRC ႏိုင္ငံရဲ႕ ကိုလိုနီ အရွင္သခင္ေဟာင္း ယေန႔တိုင္ ဩဇာလႊမ္းမိုးဆဲ ဘယ္လ္ဂ်ီယန္ရဲတပ္ဖြဲ႕က လုံၿခဳံေရးပ်က္ျပားေနတဲ့ DRC ႏိုင္ငံအတြင္း ဝင္ေရာက္ဖမ္းဆီးျခင္း ျဖစ္ပါတယ္။
ယူဂန္ဒါႏိုင္ငံမွ “ဒိုမနစ္ အြန္ဂြမ္” ( အသက္ ၅၀ ခန႔္) ကေတာ့ LRA ယူဂန္ဒါ ေျပာက္က်ားသူပုန္ေခါင္းေဆာင္ဘ၀ “ကေလးစစ္သားအသုံးျပဳမႈ” “မုဒိန္းမႈ” “ညႇင္းပန္းႏွိပ္စက္ ကြၽန္ျပဳျခင္း” အပါအဝင္ စစ္ရာဇဝတ္မႈမ်ားနဲ႔ ICC က ဖမ္းဝရမ္းထုတ္ခံရျခင္းျဖစ္ပါတယ္။ သူဟာ အာဖရိကအလယ္ပိုင္း လက္နက္ကိုင္သူပုန္အဖြဲ႕မ်ားအၾကား သြားလာ လႈပ္ရွားေနစဥ္ ျပည္တြင္းစစ္မွာ အစိုးရဘက္က ဝင္ေရာက္ကူညီတဲ့ “ဗဟိုအာဖရိက သမၼတႏိုင္ငံ” CAR တပ္မ်ားက DRC ႏိုင္ငံအတြင္း ဖမ္းဆီးရမိခဲ့ၿပီး ICC ထံ လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္ပါတယ္။

ဆိုလိုတာ ICC ရဲ႕ဖမ္းဝရမ္းဆိုတာ တိုင္းျပည္တစ္ျပည္ရဲ႕တရားဝင္ အစိုးရ၊ တရားဝင္စစ္တပ္မွ ဝရမ္းထုတ္ေလ့ရွိ တာ မဟုတ္ရပါဘူး။ ေရာမသေဘာတူစာခ်ဳပ္ပါ အခ်က္မ်ားနဲ႔ ၿငိစြန္းရင္ သူပုန္ေခါင္းေဆာင္ေတြကိုလည္း ဝရမ္းထုတ္တတ္ပါတယ္။ စစ္ျဖစ္ပြားေနစဥ္ ျပည္တြင္း ေထာက္ခံမႈ က်ဆင္းႏိုင္လို႔ သက္ဆိုင္ရာ တရားဝင္ အစိုးရက မသိဟန္ေဆာင္ "ဟ" ေပးထားတုန္း မဟာမိတ္ အိမ္နီးခ်င္းႏိုင္ငံစစ္တပ္က အလစ္ဝင္ "ဆြဲစိ" တာမ်ိဳး လည္း ျဖစ္တတ္ပါတယ္။
#HtayOung, #OungMarine

Related news

© 2021. All rights reserved.