သတင်းတွေနဲ့ပတ်သက်ပြီး ကင်ဆိုးဟွန် ကို ကာကွယ်ပြောဆိုခဲ့တဲ့ မလေးရှားရေဒီယို ပြန်တောင်းပန်ရ

 278

ရောင်နီ (NP News) - မတ် ၂၁

အသက်မပြည့်သေးတဲ့ မင်းသမီးငယ် ကင်ဆေရွန်းနဲ့ date ခဲ့တယ်ဆိုတဲ့သတင်းတွေကြားက တောင်ကိုရီးယားမင်းသား ကင်ဆိုးဟွန်ကို ကာကွယ်ပေးခဲ့တဲ့ မလေးရှားရေဒီယို Eight FM အသံလွှင့်ဌာနဟာ ပရိသတ်တွေကို ပြန်တောင်းပန်လိုက်ရပါတယ်။

အသက် ၃၇ နှစ်အရွယ် ကင်ဆိုးဟွန်ဟာ မကြာသေးခင်ကမှ ကွယ်လွန်သွားခဲ့တဲ့ မင်းသမီး ကင်ဆေရွန်းကို အသက်မပြည့်ခင်တည်းက တွဲနေတာဖြစ်တယ်ဆိုပြီး YouTube ချန်နယ်တစ်ခုက ထုတ်ဖော်လိုက်ချိန်ကစ မတ်လ ၁၀ ရက်မှ ယနေ့ထိ ပြင်းထန်တဲ့ ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ကင်ဆိုးဟွန်ရဲ့အေဂျင်စီ Goldmedalist က သူတို့နှစ်ဦးဟာ ၁ နှစ်ကြာ သာ တွဲခဲ့ကြတာဖြစ်ပြီး တွဲတဲ့အချိန်မှာလည်း မင်းသမီးဟာ အသက်ပြည့်ပြီးပြီဖြစ်တယ်လို့ အခိုင်အမာ ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်တာနက် အသုံးပြုသူတွေကတော့ အေဂျင်စီရဲ့ပြောဆိုချက်အပေါ် မယုံကြည်ကြပါဘူး။ မလေးရှား Eight FM ရေဒီယိုအသံလွှင့်ဌာနကလည်း သူတို့ရဲ့နံနက်ခင်းရှိုးမှာ ကင်ဆိုးဟွန်အကြောင်း အငြင်းပွားမှုတွေကို ဆွေးနွေးပြီး ကင်မှာ အပြစ်မရှိကြောင်း ပြသတဲ့ဗီဒီယိုကို မကြာသေးခင်က ထုတ်လွှင့်ခဲ့ပါတယ်။

ကြေညာသူတစ်ဦးကလည်း "အသက်ကွာဟချက်ကြီးတဲ့ စုံတွဲတွေ အများကြီးရှိတယ်။ အရွယ်မရောက်သေးသူတွေနဲ့ချိန်းတွေ့တာလည်း ဘာပြဿနာမှ မရှိပါဘူး" လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် ဝေဖန်မှုများစွာရခဲ့တာကြောင့် အဲဒီဗီဒီယိုကို ပြန်ဖျက်ခဲ့ရပါတယ်။ ဒါ့အပြင် သတင်းဌာနဟာ ပရော်ဖက်ရှင်နယ်စံနှုန်းတွေ၊ ကျင့်ဝတ်တွေနဲ့ကိုက်ညီဖို့ လိုအပ်တဲ့အစီအမံမတွေပြုလုပ်ဖို့ ကတိပြုပြီး ပြန်လည်တောင်းပန်လိုက်ရပါတယ်။

ကမ်ဆေဟွန်းဟာ တောင်ကိုရီးယားရဲ့အနုပညာကြေး အမြင့်ဆုံး မင်းသားတစ်လက်ဖြစ်ပေမယ့် မကြာသေးခင်က ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့တဲ့ မင်းသမီး ကင်ဆေရွန်းနဲ့ တွဲခဲ့ကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိလာခဲ့ပြီးနောက် အနုပညာအလုပ်တွေ ရပ်တန့်ကာ ပိုင်ဆိုင်မှုတွေ ဒေဝါလီ ခံရမယ့် အခြေအနေထိ ရောက်ရှိနေပါတယ်။

Zawgyi Version:
သတင္းေတြနဲ႔ပတ္သက္ၿပီး ကင္ဆိုးဟြန္ ကို ကာကြယ္ေျပာဆိုခဲ့တဲ့ မေလးရွားေရဒီယို ျပန္ေတာင္းပန္ရ
ေရာင္နီ (NP News) - မတ္ ၂၁

အသက္မျပည့္ေသးတဲ့ မင္းသမီးငယ္ ကင္ေဆ႐ြန္းနဲ႔ date ခဲ့တယ္ဆိုတဲ့သတင္းေတြၾကားက ေတာင္ကိုရီးယားမင္းသား ကင္ဆိုးဟြန္ကို ကာကြယ္ေပးခဲ့တဲ့ မေလးရွားေရဒီယို Eight FM အသံလႊင့္ဌာနဟာ ပရိသတ္ေတြကို ျပန္ေတာင္းပန္လိုက္ရပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ ကင္ဆိုးဟြန္ဟာ မၾကာေသးခင္ကမွ ကြယ္လြန္သြားခဲ့တဲ့ မင္းသမီး ကင္ေဆ႐ြန္းကို အသက္မျပည့္ခင္တည္းက တြဲေနတာျဖစ္တယ္ဆိုၿပီး YouTube ခ်န္နယ္တစ္ခုက ထုတ္ေဖာ္လိုက္ခ်ိန္ကစ မတ္လ ၁၀ ရက္မွ ယေန႔ထိ ျပင္းထန္တဲ့ ေဝဖန္မႈမ်ားစြာနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ဒီသတင္းနဲ႔ပတ္သက္ၿပီး ကင္ဆိုးဟြန္ရဲ႕ေအဂ်င္စီ Goldmedalist က သူတို႔ႏွစ္ဦးဟာ ၁ ႏွစ္ၾကာ သာ တြဲခဲ့ၾကတာျဖစ္ၿပီး တြဲတဲ့အခ်ိန္မွာလည္း မင္းသမီးဟာ အသက္ျပည့္ၿပီးၿပီျဖစ္တယ္လို႔ အခိုင္အမာ ဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း အင္တာနက္ အသုံးျပဳသူေတြကေတာ့ ေအဂ်င္စီရဲ႕ေျပာဆိုခ်က္အေပၚ မယုံၾကည္ၾကပါဘူး။ မေလးရွား Eight FM ေရဒီယိုအသံလႊင့္ဌာနကလည္း သူတို႔ရဲ႕နံနက္ခင္းရႈိးမွာ ကင္ဆိုးဟြန္အေၾကာင္း အျငင္းပြားမႈေတြကို ေဆြးေႏြးၿပီး ကင္မွာ အျပစ္မရွိေၾကာင္း ျပသတဲ့ဗီဒီယိုကို မၾကာေသးခင္က ထုတ္လႊင့္ခဲ့ပါတယ္။

ေၾကညာသူတစ္ဦးကလည္း "အသက္ကြာဟခ်က္ႀကီးတဲ့ စုံတြဲေတြ အမ်ားႀကီးရွိတယ္။ အ႐ြယ္မေရာက္ေသးသူေတြနဲ႔ခ်ိန္းေတြ႕တာလည္း ဘာျပႆနာမွ မရွိပါဘူး" လို႔ ဆိုခဲ့ပါတယ္။

ဒါေပမယ့္ ေဝဖန္မႈမ်ားစြာရခဲ့တာေၾကာင့္ အဲဒီဗီဒီယိုကို ျပန္ဖ်က္ခဲ့ရပါတယ္။ ဒါ့အျပင္ သတင္းဌာနဟာ ပေရာ္ဖက္ရွင္နယ္စံႏႈန္းေတြ၊ က်င့္ဝတ္ေတြနဲ႔ကိုက္ညီဖို႔ လိုအပ္တဲ့အစီအမံမေတြျပဳလုပ္ဖို႔ ကတိျပဳၿပီး ျပန္လည္ေတာင္းပန္လိုက္ရပါတယ္။

ကမ္ေဆဟြန္းဟာ ေတာင္ကိုရီးယားရဲ႕အႏုပညာေၾကး အျမင့္ဆုံး မင္းသားတစ္လက္ျဖစ္ေပမယ့္ မၾကာေသးခင္က ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္သြားခဲ့တဲ့ မင္းသမီး ကင္ေဆ႐ြန္းနဲ႔ တြဲခဲ့ၾကတယ္ဆိုတဲ့ သတင္းေတြ ထြက္ရွိလာခဲ့ၿပီးေနာက္ အႏုပညာအလုပ္ေတြ ရပ္တန႔္ကာ ပိုင္ဆိုင္မႈေတြ ေဒဝါလီ ခံရမယ့္ အေျခအေနထိ ေရာက္ရွိေနပါတယ္။

Related news

© 2021. All rights reserved.