Pika (NP News) - မတ် ၂၁
မီလန်သည် အီတလီနိုင်ငံမြောက်ပိုင်းတွင် တည်ရှိသည့် မြို့တစ်မြို့ဖြစ်ပြီး Lombardy ဒေသ၏ မြို့တော်လည်းဖြစ်ကာ ဖက်ရှင်နှင့် ဒီဇိုင်းလောက၏ ကမ္ဘာလုံးဆိုင်ရာမြို့တော်အဖြစ် နာမည်ကျော်ကြား သည်။ မီလန်မြို့သည် မြို့ပြလူဦးရေအရ အီတလီနိုင်ငံတွင်းတွင် အကြီးဆုံး မြို့တစ်မြို့ဖြစ်ပြီး ရောမမြို့ ပြီးလျှင် အီတလီတွင် ဒုတိယမြောက်လူဦးရေ အထူထပ်ဆုံးမြို့တစ်မြို့လည်းဖြစ်သည်။ မီလန်မြို့တွင် နေထိုင်သူလူဦးရေမှာ (၁ ဒသမ ၄) သန်းခန့်ရှိပြီး မီလန်မြို့ပြဒေသတွင် နေထိုင်သူလူဦးရေမှာ (၃ ဒသမ ၂၂) သန်းရှိကြောင်းသိရသည်။ မီလန်မြို့ပြဧရိယာသည် နေထိုင်သူလူဦးရေ (၆ ဒသမ ၁၇) သန်းဖြင့် ဥရောပသမဂ္ဂတွင် စတုတ္တမြောက် လူဦးရေအထူထပ်ဆုံး မြို့ပြဧရိယာတစ်ခုဖြစ်ပြီး Greater Milan ဟု ခေါ်သော ပိုမိုကျယ်ပြန့်သည့်မီလန်မြို့ပြဧရိယာတွင် နေထိုင်သူလူဦးရေမှာ (၇ ဒသမ ၅) သန်းနှင့် (၈ ဒသမ ၂) သန်းကြားရှိကာ အီတလီတွင် အကြီးဆုံးမြို့ပြဧရိယာတစ်ခုဖြစ်သလို ဥရောပသမဂ္ဂတွင် အကြီး ဆုံးမြို့ပြဧရိယာများထဲမှတစ်ခုဖြစ်ကြောင်းသိရသည်။
ထို့ပြင် မီလန်မြို့သည် အီတလီနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သလို ဥရောပ၏ စီးပွားရေး မြို့တော်များထဲမှတစ်ခုလည်းဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာ ရေးစင်တာတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ မီလန်မြို့သည် အနုပညာ၊ ဓာတုပစ္စည်းများ၊ ကူးသန်း ရောင်းဝယ်ရေး၊ ဒီဇိုင်း၊ ပညာရေး၊ ဖျော်ဖြေရေး၊ ဖက်ရှင်၊ ဘဏ္ဍာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မီဒီ ယာ (ဆက်သွယ်ရေး)၊ ဝန်ဆောင်မှုများ၊ သုတေသနနှင့် ခရီးသွားလုပ်ငန်းတို့တွင် အားသာချက်များ ရှိ သည့် ထိပ်တန်း အယ်လ်ဖာကမ္ဘာ့မြို့တစ်မြို့လည်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် စီးပွားရေးခရိုင်သည် အီတလီနိုင်ငံ၏ စတော့အိတ်ချိန်း၊ အီတလီနိုင်ငံနှင့် နိုင်ငံတကာ ဘဏ်များနှင့် ကုမ္ပဏီများ၏ ရုံးချုပ်များ ကို လက်ခံထားသည့်နေရာတစ်ခုလည်းဖြစ်သည်။ ဂျီဒီပီအရ မီလန်မြို့သည် အီတလီတွင် အချမ်းသာ ဆုံးမြို့တစ်မြို့ဖြစ်ပြီး ဥရောပသမဂ္ဂမြို့များကြားတွင် အကြီးဆုံးစီးပွားရေးရှိသည့် မြို့များထဲမှတစ်မြို့ ဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်မှု အများဆုံးမြို့ များထဲမှ တစ်မြို့အဖြစ်ထင်ရှားပြီး အီတလီတွင် ရောမပြီးလျှင် ဒုတိယ၊ ဥရောပတွင် (၅)ခုမြောက်နှင့် ကမ္ဘာပေါ်တွင် (၁၆)ခုမြောက် ခရီးသွားလည်ပတ်မှု အများဆုံး မြို့တစ်မြို့လည်းဖြစ်သည်။ မီလန်မြို့ သည် လီယိုနာဒို ဒါဗင်ချီ၏ အဓိကလက်ရာများကဲ့သို့သော ကမ္ဘာပေါ်ရှိ အရေးအပါဆုံး စုဆောင်းမှုများ ပါဝင်သည့် ပြတိုက်နှင့် အနုပညာပြခန်းများရှိသည့် အဓိက ယဉ်ကျေးမှုစင်တာတစ်ခုလည်းဖြစ်ပြီး နိုင်ငံ လုံးဆိုင်ရာ စာရင်းသွင်းထားသော ကျောင်းသားစုစုပေါင်း၏(၁၁)ရာခိုင်နှုန်းနှင့်အတူ ပညာရေးတက္ကသိုလ် များ၊ အကယ်ဒမီများနှင့် တက္ကသိုလ်အများအပြားကို လက်ခံထားသည့်နေရာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
မီလန်မြို့ကို ဘီစီ(၅၉၀)ဝန်းကျင်တွင် ဆဲလ်တစ်လူမျိုးစုက Medhelanon ဆိုသည့် နာမည်ဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး (၂၂၂)ဘီစီတွင် ရှေးခေတ်ရောမများ၏ သိမ်းပိုက်မှုကိုခံခဲ့ရပြီး နောက် ၎င်း၏အမည်ကို Mediolanum ဟု ပြောင်းလဲပစ်ခဲ့ကြောင်းသိရသည်။ မီလန်မြို့သည် အနောက် ရောမ အင်ပါယာ၏ မြို့တော်အဖြစ်တည်ရှိခဲ့စဉ် အချိန်အတွင်း အဓိကနိုင်ငံရေးအချက်အချာနေရာတစ်ခုဖြစ်ခဲ့ ကြောင်းလည်းသိရသည်။ (၁၂)ရာစုမှ (၁၆) ရာစုမတိုင်မီအချိန်အတွင်း မီလန်မြို့သည် ဥရောပမြို့ကြီး များထဲမှတစ်မြို့ဖြစ်ခဲ့ကာ အဓိက ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးစင်တာတစ်ခုလည်းဖြစ်ခဲ့ပြီး စာပေနှင့်အနုပညာ ပြန်လည်ထွန်းကားလာသည့်ခေတ်တွင် Duchy of Milan ပြည်နယ်၏ မြို့တော် အဖြစ် အကြီးဆုံး နိုင်ငံရေး၊ အနုပညာနှင့် ဖက်ရှင်အင်အားစုများထဲမှတစ်ခုဖြစ်ခဲ့ ကြောင်းလည်း သိရ သည်။ ထို့နောက်(၂၀)ရာစုမှစတင်ပြီး မီလန်မြို့သည် အီတလီနိုင်ငံ၏ စက်မှုနှင့်ဘဏ္ဍာ ရေးမြို့တော်ဖြစ် လာခဲ့ကြောင်းသိရသည်။ (၂၀၂၄)ခုနှစ်တွင် The Economist ကုမ္ပဏီက ထုတ်ပြန်ခဲ့သော လေ့လာမှုတစ်ခုအရ မီလန်မြို့သည် ကမ္ဘာပေါ် တွင် လမ်းလျှောက်အသွားလာရဆုံးမြို့တစ်မြို့ အဖြစ် အဆင့်သတ်မှတ်ခံထားရကြောင်းသိရသည်။ထို့ပြင် ကမ္ဘာ့ဖက်ရှင်မြို့တော်(၄)ခု အနက်မှ တစ်ခု အဖြစ် အသိအမှတ်ပြုခံထားရကြောင်း သိရသည်။ Armani ၊ Prada ၊ Versace ၊ Valentino ၊ Loro Piana နှင့် Zegna တို့အပါအဝင် ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံး ဇိမ်ခံဖက်ရှင်အမှတ်တံဆိပ်များစွာ၏ ရုံးချုပ်များ သည် မီလန်မြို့တွင်တည်ရှိပြီး ကမ္ဘာပေါ်တွင် ဝင်ငွေ၊ လာရောက်ကြည့်ရှုသူများနှင့် တိုးတက်မှုနှုန်းအရ အကြီးမားဆုံးဖြစ်သည့် Milan Fashion Week နှင့် Milan Furniture Fair အပါအဝင် နိုင်ငံတကာပွဲများ နှင့် ကုန်စည်ပြပွဲ များစွာကိုလည်း လက်ခံကျင်းပလျက်ရှိသည့် မြို့တစ်မြို့ဖြစ်ကြောင်းသိရသည်။ အား ကစားနယ်ပယ်တွင် မီလန်မြို့သည် ဥရောပ၏အအောင်မြင်ဆုံး ဘောလုံးအသင်းနှစ်သင်းဖြစ်သည့် အေစီမီလန် နှင့်အင်တာမီလန်တို့အပြင် ဥရောပ၏အဓိက ဘတ်စကက် ဘောအသင်းများထဲမှတစ်ခုဖြစ် သည့် Olimpia Milano အသင်း၏ နေအိမ်လည်း ဖြစ်သည်။ ထို့ပြင် ဆောင်းရာသီ အိုလံပစ်နှင့် မသန်စွမ်း အားကစားပြိုင်ပွဲများကို (၂၀၂၆) ခုနှစ်တွင် ပထမဆုံးအကြိမ် လက်ခံကျင်းပမည်ဖြစ်ကြောင်းလည်းသိရ သည်။
ရောမမြို့သည် အီတလီနိုင်ငံ၏ နိုင်ငံရေးနှင့်ယဉ်ကျေးမှုမြို့တော်ဖြစ်သော်လည်း မီလန်မြို့သည် အီတလီနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ကာ နိုင်ငံ၏ စက်မှုနှင့် ဘဏ္ဍာရေးအချက်အချာနေရာ တစ်ခုဖြစ် သည့်အပြင် ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေး စင်တာတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် မီလန်မြို့ကို လန်ဒန်၊ ဟမ်းဘာ့ချ်၊ ဖရန့်ခ်ဖာ့၊ မြူးနစ်၊ ပဲရစ်တို့နှင့်အတူ ဥရောပ၏ စီးပွားရေးမြို့တော်(၆)ခုအနက်မှ တစ်ခုအဖြစ် သတ်မှတ်ထားကြောင်းသိရသည်။
မီလန်မြို့သည် အီတလီနိုင်ငံတွင် အချမ်းသာဆုံးမြို့များ ထဲမှ တစ်မြို့ဖြစ်ပြီး မီလန်မြို့၏ ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ (၂၀၅) ဘီလျံရှိပြီး Lombard ဒေသ၏ ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ(၅၀၅)ဘီလျံ အသီးသီးရှိကာ မီလန်သည် တစ်နိုင်ငံလုံးဂျီဒီပီ၏ (၁၀)ရာခိုင် နှုန်းခန့်ကို ထုတ်လုပ်ပေးကာ Lombardy ဒေသ၏ ဂျီဒီပီသည် တစ်နိုင်ငံလုံးဂျီဒီပီ၏ (၁၉ ဒသမ ၅) ရာခိုင်နှုန်းကို ထုတ်လုပ်ပေးကြောင်း သိရသည်။ မီလန်၏ ကုန်းတွင်းပိုင်းသည် အီတလီနိုင်ငံ၏ အကြီး ဆုံး စက်မှုနယ်မြေဖြစ်ပြီး (၂၀၂၁)ခုနှစ်တွင် ၎င်း၏တစ်ဦးချင်းဂျီဒီပီမှာ အမေရိကန်ဒေါ်လာ (၆၄၃၀ဝ) ရှိကာ အီတလီနိုင်ငံ၏ အမြင့်ဆုံးစာရင်းများထဲတွင် ပါဝင်ကြောင်းသိရသည်။ မီလန်ပြည်နယ် သည် Lombardy ဒေသရှိ စီးပွားရေးလုပ်ငန်း(၄၅) ရာခိုင်နှုန်းခန့်နှင့် Fortune (၅၀ဝ) ကုမ္ပဏီများထဲတွင် ပါဝင်သော ကုမ္ပဏီ(၃)ခုအပါအဝင် အီတလီနိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းအားလုံး၏ (၈)ရာခိုင်နှုန်း ကျော်ရှိ ကြောင်းသိရသည်။ Economist Intelligence Unit ၏ အဆိုအရ (၂၀၁၉)ခုနှစ်တွင် မီလန်မြို့ သည် ဥရောပတွင်(၁၁)ခုမြောက် ဈေးအကြီးဆုံးမြို့ တစ်မြို့ဖြစ်ကာ ကမ္ဘာပေါ်တွင် (၂၂)ခုမြောက် ဈေး အကြီးဆုံးမြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။ ဆွစ်ဘဏ် UBS ၏အဆိုအရ (၂၀၁၈)ခုနှစ်တွင် ကမ္ဘာပေါ် တွင် (၇)ခု မြောက်ဈေးအကြီးဆုံး မြို့ဖြစ်ခဲ့ကြောင်းသိရသည်။ ထို့ပြင် အဓိကလမ်းမများထဲမှ တစ်ခုဖြစ် သော Via Monte Napoleone လမ်းသည် (၂၀၂၄)ခုနှစ်တွင် ဥရောပ ၏ဈေးအကြီးဆုံးလမ်းတစ်လမ်း ဖြစ်ပြီး ကမ္ဘာပေါ် တွင်လည်း ဈေးအကြီးဆုံးလမ်းတစ်လမ်းဖြစ်ခဲ့ကြောင်း သိရသည်။ မီလန်မြို့သည် ကမ္ဘာ့ဖက်ရှင် မြို့တော်များထဲမှတစ်မြို့ဖြစ်ပြီး ဖက်ရှင်ကဏ္ဍတွင် ကုမ္ပဏီပေါင်း (၁၂၀ဝဝ)၊ ရှိုးခန်းပေါင်း (၈၀ဝ)နှင့် အရောင်းဆိုင်ပေါင်း (၆၀ဝဝ) တို့က မှီခိုအားထားနိုင်ကြောင်းသိရသည်။ မီလန်မြို့သည် Armani ၊ Bottega Veneta ၊ Costume National ၊ Dolce & Gabbana ၊ Dsquared² ၊ Etro ၊ Jil Sander ၊ Loro Piana ၊ Luxottica ၊ Marni ၊ Moncler ၊ Moschino ၊ Prada ၊ Versace ၊ Valentino ၊ Trussardi နှင့် Zegna ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ဖက်ရှင်အိမ်များ၏ ရုံးချုပ်များကို လက်ခံထားရှိသည့် မြို့တစ်မြို့လည်းဖြစ်သည့်အပြင် တစ်နှစ်လျှင် သီတင်းပတ်(၄)ပတ်ခန့်ကို ဖက်ရှင်ပွဲများကျင်းပလေ့ရှိ ကြောင်းသိရသည်။
zawgyi version
ဖက္ရွင္နဲ႔ ဒီဇိုင္းေလာကရဲ႕ ၿမိဳ႕ေတာ္ မီလန္
Pika (NP News) - မတ္ ၂၁
မီလန္သည္ အီတလီႏိုင္ငံေျမာက္ပိုင္းတြင္ တည္ရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး Lombardy ေဒသ၏ ၿမိဳ႕ေတာ္လည္းျဖစ္ကာ ဖက္ရွင္ႏွင့္ ဒီဇိုင္းေလာက၏ ကမာၻလုံးဆိုင္ရာၿမိဳ႕ေတာ္အျဖစ္ နာမည္ေက်ာ္ၾကား သည္။ မီလန္ၿမိဳ႕သည္ ၿမိဳ႕ျပလူဦးေရအရ အီတလီႏိုင္ငံတြင္းတြင္ အႀကီးဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ေရာမၿမိဳ႕ ၿပီးလွ်င္ အီတလီတြင္ ဒုတိယေျမာက္လူဦးေရ အထူထပ္ဆုံးၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ မီလန္ၿမိဳ႕တြင္ ေနထိုင္သူလူဦးေရမွာ (၁ ဒသမ ၄) သန္းခန႔္ရွိၿပီး မီလန္ၿမိဳ႕ျပေဒသတြင္ ေနထိုင္သူလူဦးေရမွာ (၃ ဒသမ ၂၂) သန္းရွိေၾကာင္းသိရသည္။ မီလန္ၿမိဳ႕ျပဧရိယာသည္ ေနထိုင္သူလူဦးေရ (၆ ဒသမ ၁၇) သန္းျဖင့္ ဥေရာပသမဂၢတြင္ စတုတၱေျမာက္ လူဦးေရအထူထပ္ဆုံး ၿမိဳ႕ျပဧရိယာတစ္ခုျဖစ္ၿပီး Greater Milan ဟု ေခၚေသာ ပိုမိုက်ယ္ျပန႔္သည့္မီလန္ၿမိဳ႕ျပဧရိယာတြင္ ေနထိုင္သူလူဦးေရမွာ (၇ ဒသမ ၅) သန္းႏွင့္ (၈ ဒသမ ၂) သန္းၾကားရွိကာ အီတလီတြင္ အႀကီးဆုံးၿမိဳ႕ျပဧရိယာတစ္ခုျဖစ္သလို ဥေရာပသမဂၢတြင္ အႀကီး ဆုံးၿမိဳ႕ျပဧရိယာမ်ားထဲမွတစ္ခုျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ မီလန္ၿမိဳ႕သည္ အီတလီႏိုင္ငံ၏ စီးပြားေရး ၿမိဳ႕ေတာ္ျဖစ္သလို ဥေရာပ၏ စီးပြားေရး ၿမိဳ႕ေတာ္မ်ားထဲမွတစ္ခုလည္းျဖစ္ကာ ကမာၻလုံးဆိုင္ရာ ဘ႑ာ ေရးစင္တာတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ မီလန္ၿမိဳ႕သည္ အႏုပညာ၊ ဓာတုပစၥည္းမ်ား၊ ကူးသန္း ေရာင္းဝယ္ေရး၊ ဒီဇိုင္း၊ ပညာေရး၊ ေဖ်ာ္ေျဖေရး၊ ဖက္ရွင္၊ ဘ႑ာေရး၊ က်န္းမာေရး ေစာင့္ေရွာက္မႈ၊ မီဒီ ယာ (ဆက္သြယ္ေရး)၊ ဝန္ေဆာင္မႈမ်ား၊ သုေတသနႏွင့္ ခရီးသြားလုပ္ငန္းတို႔တြင္ အားသာခ်က္မ်ား ရွိ သည့္ ထိပ္တန္း အယ္လ္ဖာကမာၻ႔ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ စီးပြားေရးခ႐ိုင္သည္ အီတလီႏိုင္ငံ၏ စေတာ့အိတ္ခ်ိန္း၊ အီတလီႏိုင္ငံႏွင့္ ႏိုင္ငံတကာ ဘဏ္မ်ားႏွင့္ ကုမၸဏီမ်ား၏ ႐ုံးခ်ဳပ္မ်ား ကို လက္ခံထားသည့္ေနရာတစ္ခုလည္းျဖစ္သည္။ ဂ်ီဒီပီအရ မီလန္ၿမိဳ႕သည္ အီတလီတြင္ အခ်မ္းသာ ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ဥေရာပသမဂၢၿမိဳ႕မ်ားၾကားတြင္ အႀကီးဆုံးစီးပြားေရးရွိသည့္ ၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕ ျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ကမာၻလွည့္ ခရီးသြားမ်ား လာေရာက္လည္ပတ္မႈ အမ်ားဆုံးၿမိဳ႕ မ်ားထဲမွ တစ္ၿမိဳ႕အျဖစ္ထင္ရွားၿပီး အီတလီတြင္ ေရာမၿပီးလွ်င္ ဒုတိယ၊ ဥေရာပတြင္ (၅)ခုေျမာက္ႏွင့္ ကမာၻေပၚတြင္ (၁၆)ခုေျမာက္ ခရီးသြားလည္ပတ္မႈ အမ်ားဆုံး ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ မီလန္ၿမိဳ႕ သည္ လီယိုနာဒို ဒါဗင္ခ်ီ၏ အဓိကလက္ရာမ်ားကဲ့သို႔ေသာ ကမာၻေပၚရွိ အေရးအပါဆုံး စုေဆာင္းမႈမ်ား ပါဝင္သည့္ ျပတိုက္ႏွင့္ အႏုပညာျပခန္းမ်ားရွိသည့္ အဓိက ယဥ္ေက်းမႈစင္တာတစ္ခုလည္းျဖစ္ၿပီး ႏိုင္ငံ လုံးဆိုင္ရာ စာရင္းသြင္းထားေသာ ေက်ာင္းသားစုစုေပါင္း၏(၁၁)ရာခိုင္ႏႈန္းႏွင့္အတူ ပညာေရးတကၠသိုလ္ မ်ား၊ အကယ္ဒမီမ်ားႏွင့္ တကၠသိုလ္အမ်ားအျပားကို လက္ခံထားသည့္ေနရာတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။
မီလန္ၿမိဳ႕ကို ဘီစီ(၅၉၀)ဝန္းက်င္တြင္ ဆဲလ္တစ္လူမ်ိဳးစုက Medhelanon ဆိုသည့္ နာမည္ျဖင့္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး (၂၂၂)ဘီစီတြင္ ေရွးေခတ္ေရာမမ်ား၏ သိမ္းပိုက္မႈကိုခံခဲ့ရၿပီး ေနာက္ ၎၏အမည္ကို Mediolanum ဟု ေျပာင္းလဲပစ္ခဲ့ေၾကာင္းသိရသည္။ မီလန္ၿမိဳ႕သည္ အေနာက္ ေရာမ အင္ပါယာ၏ ၿမိဳ႕ေတာ္အျဖစ္တည္ရွိခဲ့စဥ္ အခ်ိန္အတြင္း အဓိကႏိုင္ငံေရးအခ်က္အခ်ာေနရာတစ္ခုျဖစ္ခဲ့ ေၾကာင္းလည္းသိရသည္။ (၁၂)ရာစုမွ (၁၆) ရာစုမတိုင္မီအခ်ိန္အတြင္း မီလန္ၿမိဳ႕သည္ ဥေရာပၿမိဳ႕ႀကီး မ်ားထဲမွတစ္ၿမိဳ႕ျဖစ္ခဲ့ကာ အဓိက ကုန္သြယ္ေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးစင္တာတစ္ခုလည္းျဖစ္ခဲ့ၿပီး စာေပႏွင့္အႏုပညာ ျပန္လည္ထြန္းကားလာသည့္ေခတ္တြင္ Duchy of Milan ျပည္နယ္၏ ၿမိဳ႕ေတာ္ အျဖစ္ အႀကီးဆုံး ႏိုင္ငံေရး၊ အႏုပညာႏွင့္ ဖက္ရွင္အင္အားစုမ်ားထဲမွတစ္ခုျဖစ္ခဲ့ ေၾကာင္းလည္း သိရ သည္။ ထို႔ေနာက္(၂၀)ရာစုမွစတင္ၿပီး မီလန္ၿမိဳ႕သည္ အီတလီႏိုင္ငံ၏ စက္မႈႏွင့္ဘ႑ာ ေရးၿမိဳ႕ေတာ္ျဖစ္ လာခဲ့ေၾကာင္းသိရသည္။ (၂၀၂၄)ခုႏွစ္တြင္ The Economist ကုမၸဏီက ထုတ္ျပန္ခဲ့ေသာ ေလ့လာမႈတစ္ခုအရ မီလန္ၿမိဳ႕သည္ ကမာၻေပၚ တြင္ လမ္းေလွ်ာက္အသြားလာရဆုံးၿမိဳ႕တစ္ၿမိဳ႕ အျဖစ္ အဆင့္သတ္မွတ္ခံထားရေၾကာင္းသိရသည္။ထို႔ျပင္ ကမာၻ႔ဖက္ရွင္ၿမိဳ႕ေတာ္(၄)ခု အနက္မွ တစ္ခု အျဖစ္ အသိအမွတ္ျပဳခံထားရေၾကာင္း သိရသည္။ Armani ၊ Prada ၊ Versace ၊ Valentino ၊ Loro Piana ႏွင့္ Zegna တို႔အပါအဝင္ ကမာၻေပၚရွိ အေက်ာ္ၾကားဆုံး ဇိမ္ခံဖက္ရွင္အမွတ္တံဆိပ္မ်ားစြာ၏ ႐ုံးခ်ဳပ္မ်ား သည္ မီလန္ၿမိဳ႕တြင္တည္ရွိၿပီး ကမာၻေပၚတြင္ ဝင္ေငြ၊ လာေရာက္ၾကည့္ရႈသူမ်ားႏွင့္ တိုးတက္မႈႏႈန္းအရ အႀကီးမားဆုံးျဖစ္သည့္ Milan Fashion Week ႏွင့္ Milan Furniture Fair အပါအဝင္ ႏိုင္ငံတကာပြဲမ်ား ႏွင့္ ကုန္စည္ျပပြဲ မ်ားစြာကိုလည္း လက္ခံက်င္းပလ်က္ရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္းသိရသည္။ အား ကစားနယ္ပယ္တြင္ မီလန္ၿမိဳ႕သည္ ဥေရာပ၏အေအာင္ျမင္ဆုံး ေဘာလုံးအသင္းႏွစ္သင္းျဖစ္သည့္ ေအစီမီလန္ ႏွင့္အင္တာမီလန္တို႔အျပင္ ဥေရာပ၏အဓိက ဘတ္စကက္ ေဘာအသင္းမ်ားထဲမွတစ္ခုျဖစ္ သည့္ Olimpia Milano အသင္း၏ ေနအိမ္လည္း ျဖစ္သည္။ ထို႔ျပင္ ေဆာင္းရာသီ အိုလံပစ္ႏွင့္ မသန္စြမ္း အားကစားၿပိဳင္ပြဲမ်ားကို (၂၀၂၆) ခုႏွစ္တြင္ ပထမဆုံးအႀကိမ္ လက္ခံက်င္းပမည္ျဖစ္ေၾကာင္းလည္းသိရ သည္။
ေရာမၿမိဳ႕သည္ အီတလီႏိုင္ငံ၏ ႏိုင္ငံေရးႏွင့္ယဥ္ေက်းမႈၿမိဳ႕ေတာ္ျဖစ္ေသာ္လည္း မီလန္ၿမိဳ႕သည္ အီတလီႏိုင္ငံ၏ စီးပြားေရးၿမိဳ႕ေတာ္ျဖစ္ကာ ႏိုင္ငံ၏ စက္မႈႏွင့္ ဘ႑ာေရးအခ်က္အခ်ာေနရာ တစ္ခုျဖစ္ သည့္အျပင္ ကမာၻလုံးဆိုင္ရာဘ႑ာေရး စင္တာတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ မီလန္ၿမိဳ႕ကို လန္ဒန္၊ ဟမ္းဘာ့ခ်္၊ ဖရန႔္ခ္ဖာ့၊ ျမဴးနစ္၊ ပဲရစ္တို႔ႏွင့္အတူ ဥေရာပ၏ စီးပြားေရးၿမိဳ႕ေတာ္(၆)ခုအနက္မွ တစ္ခုအျဖစ္ သတ္မွတ္ထားေၾကာင္းသိရသည္။
မီလန္ၿမိဳ႕သည္ အီတလီႏိုင္ငံတြင္ အခ်မ္းသာဆုံးၿမိဳ႕မ်ား ထဲမွ တစ္ၿမိဳ႕ျဖစ္ၿပီး မီလန္ၿမိဳ႕၏ ဂ်ီဒီပီမွာ အေမရိကန္ေဒၚလာ (၂၀၅) ဘီလ်ံရွိၿပီး Lombard ေဒသ၏ ဂ်ီဒီပီမွာ အေမရိကန္ေဒၚလာ(၅၀၅)ဘီလ်ံ အသီးသီးရွိကာ မီလန္သည္ တစ္ႏိုင္ငံလုံးဂ်ီဒီပီ၏ (၁၀)ရာခိုင္ ႏႈန္းခန႔္ကို ထုတ္လုပ္ေပးကာ Lombardy ေဒသ၏ ဂ်ီဒီပီသည္ တစ္ႏိုင္ငံလုံးဂ်ီဒီပီ၏ (၁၉ ဒသမ ၅) ရာခိုင္ႏႈန္းကို ထုတ္လုပ္ေပးေၾကာင္း သိရသည္။ မီလန္၏ ကုန္းတြင္းပိုင္းသည္ အီတလီႏိုင္ငံ၏ အႀကီး ဆုံး စက္မႈနယ္ေျမျဖစ္ၿပီး (၂၀၂၁)ခုႏွစ္တြင္ ၎၏တစ္ဦးခ်င္းဂ်ီဒီပီမွာ အေမရိကန္ေဒၚလာ (၆၄၃၀ဝ) ရွိကာ အီတလီႏိုင္ငံ၏ အျမင့္ဆုံးစာရင္းမ်ားထဲတြင္ ပါဝင္ေၾကာင္းသိရသည္။ မီလန္ျပည္နယ္ သည္ Lombardy ေဒသရွိ စီးပြားေရးလုပ္ငန္း(၄၅) ရာခိုင္ႏႈန္းခန႔္ႏွင့္ Fortune (၅၀ဝ) ကုမၸဏီမ်ားထဲတြင္ ပါဝင္ေသာ ကုမၸဏီ(၃)ခုအပါအဝင္ အီတလီႏိုင္ငံတြင္းရွိ စီးပြားေရးလုပ္ငန္းအားလုံး၏ (၈)ရာခိုင္ႏႈန္း ေက်ာ္ရွိ ေၾကာင္းသိရသည္။ Economist Intelligence Unit ၏ အဆိုအရ (၂၀၁၉)ခုႏွစ္တြင္ မီလန္ၿမိဳ႕ သည္ ဥေရာပတြင္(၁၁)ခုေျမာက္ ေဈးအႀကီးဆုံးၿမိဳ႕ တစ္ၿမိဳ႕ျဖစ္ကာ ကမာၻေပၚတြင္ (၂၂)ခုေျမာက္ ေဈး အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္း သိရသည္။ ဆြစ္ဘဏ္ UBS ၏အဆိုအရ (၂၀၁၈)ခုႏွစ္တြင္ ကမာၻေပၚ တြင္ (၇)ခု ေျမာက္ေဈးအႀကီးဆုံး ၿမိဳ႕ျဖစ္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ အဓိကလမ္းမမ်ားထဲမွ တစ္ခုျဖစ္ ေသာ Via Monte Napoleone လမ္းသည္ (၂၀၂၄)ခုႏွစ္တြင္ ဥေရာပ ၏ေဈးအႀကီးဆုံးလမ္းတစ္လမ္း ျဖစ္ၿပီး ကမာၻေပၚ တြင္လည္း ေဈးအႀကီးဆုံးလမ္းတစ္လမ္းျဖစ္ခဲ့ေၾကာင္း သိရသည္။ မီလန္ၿမိဳ႕သည္ ကမာၻ႔ဖက္ရွင္ ၿမိဳ႕ေတာ္မ်ားထဲမွတစ္ၿမိဳ႕ျဖစ္ၿပီး ဖက္ရွင္က႑တြင္ ကုမၸဏီေပါင္း (၁၂၀ဝဝ)၊ ရႈိးခန္းေပါင္း (၈၀ဝ)ႏွင့္ အေရာင္းဆိုင္ေပါင္း (၆၀ဝဝ) တို႔က မွီခိုအားထားႏိုင္ေၾကာင္းသိရသည္။ မီလန္ၿမိဳ႕သည္ Armani ၊ Bottega Veneta ၊ Costume National ၊ Dolce & Gabbana ၊ Dsquared² ၊ Etro ၊ Jil Sander ၊ Loro Piana ၊ Luxottica ၊ Marni ၊ Moncler ၊ Moschino ၊ Prada ၊ Versace ၊ Valentino ၊ Trussardi ႏွင့္ Zegna ကဲ့သို႔ေသာ ကမာၻလုံးဆိုင္ရာ ဖက္ရွင္အိမ္မ်ား၏ ႐ုံးခ်ဳပ္မ်ားကို လက္ခံထားရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည့္အျပင္ တစ္ႏွစ္လွ်င္ သီတင္းပတ္(၄)ပတ္ခန႔္ကို ဖက္ရွင္ပြဲမ်ားက်င္းပေလ့ရွိ ေၾကာင္းသိရသည္။
Related news
© 2021. All rights reserved.