ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် တပ်မတော်အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လုံခြုံရေးတိုးမြှင့်ရန် နစက ဒုဥက္ကဋ္ဌ ဆို

694

Pearl (NP News) - မတ် ၂၁
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရန် တပ်မတော်သားများအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။
နစကဒုဥက္ကဋ္ဌ က ယမန်နေ့ (မတ်လ ၂၀ရက်)တွင် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်ပြီးမြောက်ရန် ကျင်းပနိုင်ရေးအတွက် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအပါအဝင် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
နစကဥက္ကဋ္ဌအနေဖြင့်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံများသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သည့် ခရီးစဉ်များတွင်လည်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အစောဆုံးကျင်းပသွားရန် စီစဉ်ထားကြောင်းကို ကမ္ဘာသိချပြဆွေးနွေးခဲ့ကြောင်း နစကဒုဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ မဲဆွယ်စည်းရုံးမှုများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်နှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးကြောင်းလည်း ထည့်သွင်းပြောဆိုထားသည်။
ထို့ကြောင့် တပ်မတော်သားများအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဒေသအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း နစကဒုဥက္ကဋ္ဌက ဆိုသည်။
ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးပါက ရွေးချယ်ခံကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသည့် လွှတ်တော်၊ နိုင်ငံတော်သမ္မတ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ စသည်ဖြင့် အဆင့်ဆင့်သောအစိုးရ တစ်ရပ်ဖွဲ့စည်းနိုင်မည်ဖြစ်ပြီး ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်၏ အာဏာကြီး ၃ ရပ်အား လွှဲပြောင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ရန္ တပ္မေတာ္အေနျဖင့္ မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္း၍ လုံၿခဳံေရးတိုးျမႇင့္ရန္ နစက ဒုဥကၠ႒ ဆို
Pearl (NP News) - မတ္ ၂၁
ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပၿပီးစီးႏိုင္ရန္ တပ္မေတာ္သားမ်ားအေနျဖင့္ မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္း၍ လုံၿခဳံေရးတိုးျမႇင့္ေဆာင္႐ြက္ရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယ ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဆိုသည္။
နစကဒုဥကၠ႒ က ယမန္ေန႔ (မတ္လ ၂၀ရက္)တြင္ ကေလာတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား သြားေရာက္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ လြတ္လပ္၍ တရားမွ်တသည့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတစ္ရပ္ ေအာင္ျမင္ၿပီးေျမာက္ရန္ က်င္းပႏိုင္ေရးအတြက္ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာသန္းေခါင္စာရင္း ေကာက္ယူျခင္းလုပ္ငန္းအပါအဝင္ လိုအပ္သည္မ်ားကို ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
နစကဥကၠ႒အေနျဖင့္လည္း ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံႏွင့္ ဘယ္လာ႐ုစ္သမၼတႏိုင္ငံမ်ားသို႔ ႏိုင္ငံေတာ္အဆင့္ ခ်စ္ၾကည္ေရး ခရီးသြားေရာက္ခဲ့သည့္ ခရီးစဥ္မ်ားတြင္လည္း ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲအား ၂၀၂၅ခုႏွစ္၊ ဒီဇင္ဘာလ သို႔မဟုတ္ ၂၀၂၆ ခုႏွစ္ ဇန္နဝါရီလ အေစာဆုံးက်င္းပသြားရန္ စီစဥ္ထားေၾကာင္းကို ကမာၻသိခ်ျပေဆြးေႏြးခဲ့ေၾကာင္း နစကဒုဥကၠ႒က ဆိုသည္။
ထို႔ျပင္ ႏိုင္ငံေရးပါတီမ်ားမွ ကိုယ္စားလွယ္မ်ား မဲဆြယ္စည္း႐ုံးမႈမ်ား ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ရန္ႏွင့္ ေ႐ြးေကာက္ပြဲေအာင္ျမင္စြာ က်င္းပၿပီးစီးႏိုင္ရန္အတြက္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးသည္ အေရးႀကီးေၾကာင္းလည္း ထည့္သြင္းေျပာဆိုထားသည္။
ထို႔ေၾကာင့္ တပ္မေတာ္သားမ်ားအေနျဖင့္ မိတ္ဖက္အဖြဲ႕အစည္းမ်ားျဖစ္သည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ျပည္သူ႔စစ္ (ဌာေန) တပ္ဖြဲ႕ဝင္မ်ား၊ ေဒသအလိုက္ ဖြဲ႕စည္းထားသည့္ ျပည္သူ႔လုံၿခဳံေရးႏွင့္ အၾကမ္းဖက္ႏွိမ္နင္းေရးအဖြဲ႕မ်ားက ေဒသခံျပည္သူမ်ားႏွင့္အတူ ပူးေပါင္း၍ လုံၿခဳံေရးလုပ္ငန္းမ်ားကို တိုးျမႇင့္ေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္းလည္း နစကဒုဥကၠ႒က ဆိုသည္။
ေ႐ြးေကာက္ပြဲကို ေအာင္ျမင္စြာ က်င္းပၿပီးစီးပါက ေ႐ြးခ်ယ္ခံကိုယ္စားလွယ္မ်ားႏွင့္ ဖြဲ႕စည္းသည့္ လႊတ္ေတာ္၊ ႏိုင္ငံေတာ္သမၼတ၊ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္မ်ား စသည္ျဖင့္ အဆင့္ဆင့္ေသာအစိုးရ တစ္ရပ္ဖြဲ႕စည္းႏိုင္မည္ျဖစ္ၿပီး ထြက္ေပၚလာသည့္ အစိုးရကို ႏိုင္ငံေတာ္၏ အာဏာႀကီး ၃ ရပ္အား လႊဲေျပာင္းေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။