မလေးရှားကို မလိုအပ်ဘဲ ခရီးမသွားဖို့ စင်ကာပူ အကြံပြု

707

ရောင်နီ (NP News) - မတ် ၂၂
မလေးရှားနိုင်ငံကို အလည်အပတ်သွားရောက်တဲ့ခရီးသည်တွေ များပြားနေခြင်းနဲ့အတူ Woodlands နဲ့ Tuas စစ်ဆေးရေးဂိတ်တွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ရှိနေနိုင်တာကြောင့် မလေးရှားကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ စင်ကာပူက အကြံပြုထားပါတယိ။
Woodlands နဲ့ Tuas စစ်ဆေးရေးဂိတ်တွေမှာ မတ်လ ကျောင်းပိတ်ရက်အတွင်း (မတ်လ ၁၄ ရက်မှ မတ်လ ၂၄ ရက်အတွင်း) အဆက်မပြတ် ခရီးသွားလာမှုတွေ များပြားနေမှာဖြစ်တာကြောင့် မလေးရှားနိုင်ငံ၊ ဂျိုဟောကို မလိုအပ်ပဲ သွားလာတဲ့ခရီးစဉ်တွေကို ရွှေ့ဆိုင်းပေးဖို့ ခရီးသွားတွေကို အကြံပြုထားကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဂိတ် အာဏာပိုင် (ICA) က ပြောကြားပါတယ်။ ဂျိုဟာမြို့ကို ကား၊ ဆိုင်ကယ်နဲ့ ခရီးသွားလာသူတွေ လူဝင်မှုကြီးကြပ်ရေးမှာ နှစ်နာရီကျော် စောင့်ဆိုင်းခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။ ICA အနေနဲ့ ယခုသီတင်းပတ်ကုန်မှာ ခရီးသွားလာမှု ပိုမိုထူထပ်လာမယ်လို့ ခန့်မှန်းထားတာပြီး ဖြစ်နိုင်ရင် ခရီးသွားများ အနေနဲ့မလိုအပ်ပဲ ခရီးသွားခြင်းကို ရွှေ့ဆိုင်းဖို့ အကြံပေးထားတာဖြစ်ပါတယ်။
မလေးရှား ရာသီဥတုအခြေအနေမှာလည်း မတ်လ ၁၄ ရက်မှ စ မတ် ၂၄ ရက်အထိကြာမြင့်မယ့် ခရီးသွားလာမှု အမြင့်ဆုံးကာလမှာ မတ်လ ၁၄ ရက်က စ မုတ်သုံ မုန်တိုင်းဝင်ခဲ့ပြီး မတ်လ ၁၉ ရက်က စင်္ကာပူနဲ့ မလေးရှား ဂျိုဟိုမြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။ ဒေသအများအပြား ရေကြီးမှုအန္တရာယ်သတိပေးချက်ကို နှစ်ရက်ဆက်တိုက် ထုတ်ပြန်ခဲ့ရပြီး မိုးလေဝသဌာနက မတ်လ ၂၁ ရက်အထိ မိုးဆက်လက်ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။

Zawgyi Version:
မေလးရွားကို မလိုအပ္ဘဲ ခရီးမသြားဖို႔ စင္ကာပူ အႀကံျပဳ
ေရာင္နီ (NP News) - မတ္ ၂၂
မေလးရွားႏိုင္ငံကို အလည္အပတ္သြားေရာက္တဲ့ခရီးသည္ေတြ မ်ားျပားေနျခင္းနဲ႔အတူ Woodlands နဲ႔ Tuas စစ္ေဆးေရးဂိတ္ေတြမွာ ယာဥ္ေၾကာပိတ္ဆို႔မႈေတြ ရွိေနႏိုင္တာေၾကာင့္ မေလးရွားကို မလိုအပ္ဘဲ ခရီးမသြားၾကဖို႔ စင္ကာပူက အႀကံျပဳထားပါတယိ။
Woodlands နဲ႔ Tuas စစ္ေဆးေရးဂိတ္ေတြမွာ မတ္လ ေက်ာင္းပိတ္ရက္အတြင္း (မတ္လ ၁၄ ရက္မွ မတ္လ ၂၄ ရက္အတြင္း) အဆက္မျပတ္ ခရီးသြားလာမႈေတြ မ်ားျပားေနမွာျဖစ္တာေၾကာင့္ မေလးရွားႏိုင္ငံ၊ ဂ်ိဳေဟာကို မလိုအပ္ပဲ သြားလာတဲ့ခရီးစဥ္ေတြကို ေ႐ႊ႕ဆိုင္းေပးဖို႔ ခရီးသြားေတြကို အႀကံျပဳထားေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးနဲ႔ စစ္ေဆးေရးဂိတ္ အာဏာပိုင္ (ICA) က ေျပာၾကားပါတယ္။ ဂ်ိဳဟာၿမိဳ႕ကို ကား၊ ဆိုင္ကယ္နဲ႔ ခရီးသြားလာသူေတြ လူဝင္မႈႀကီးၾကပ္ေရးမွာ ႏွစ္နာရီေက်ာ္ ေစာင့္ဆိုင္းခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားပါတယ္။ ICA အေနနဲ႔ ယခုသီတင္းပတ္ကုန္မွာ ခရီးသြားလာမႈ ပိုမိုထူထပ္လာမယ္လို႔ ခန႔္မွန္းထားတာၿပီး ျဖစ္ႏိုင္ရင္ ခရီးသြားမ်ား အေနနဲ႔မလိုအပ္ပဲ ခရီးသြားျခင္းကို ေ႐ႊ႕ဆိုင္းဖို႔ အႀကံေပးထားတာျဖစ္ပါတယ္။
မေလးရွား ရာသီဥတုအေျခအေနမွာလည္း မတ္လ ၁၄ ရက္မွ စ မတ္ ၂၄ ရက္အထိၾကာျမင့္မယ့္ ခရီးသြားလာမႈ အျမင့္ဆုံးကာလမွာ မတ္လ ၁၄ ရက္က စ မုတ္သုံ မုန္တိုင္းဝင္ခဲ့ၿပီး မတ္လ ၁၉ ရက္က စကၤာပူနဲ႔ မေလးရွား ဂ်ိဳဟိုၿမိဳ႕မွာ မိုးသည္းထန္စြာ႐ြာသြန္းခဲ့ပါတယ္။ ေဒသအမ်ားအျပား ေရႀကီးမႈအႏၲရာယ္သတိေပးခ်က္ကို ႏွစ္ရက္ဆက္တိုက္ ထုတ္ျပန္ခဲ့ရၿပီး မိုးေလဝသဌာနက မတ္လ ၂၁ ရက္အထိ မိုးဆက္လက္႐ြာသြန္းမယ္လို႔ ခန႔္မွန္းထားပါတယ္။