ဘုရားသုံးဆူတွင် ထိုင်းလျှပ်စစ်မီးဖြတ်တောက်ခံရပြီး ရက်(၄၀)ကျော်အကြာတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပါ ပြတ်တောက်နေ

517

သန့်ဇင် ( NP News ) မတ်-၂၂
မြန်မာ- ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူတွင် ထိုင်းလျှပ်စစ်မီးဖြတ်တောက်ခံရပြီး ရက်ပေါင်း(၄၀)ကျော်အကြာတွင် ဖုန်းလိုင်း နှင့်အင်တာနက်လိုင်းများပါ ပြတ်တောက်နေပြီဖြစ်ကြောင်း ဒေသခံများက NP News သတင်းဌာနသို့ ပြောသည်။
ဘုရားသုံးဆူမြို့သည် ယခင်က ထိုင်းနိုင်ငံမှပေးပို့သော လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲနေရခြင်းဖြစ်ပြီး ယင်းဒေသရှိကျားဖျန့်လုပ်ငန်း များသည် ထိုင်းလျှပ်စစ်မီးကိုအသုံးချ လုပ်ကိုင်နေသည်ဟု အကြောင်းပြချက်ဖြင့် ပြီးခဲ့သော ဖေဖော်ဝါရီလ ၅ရက်မှ စတင်ကာ ထိုင်းဘက်က လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ထိုင်းလျှပ်စစ်မီးနှင့် အင်တာဖြတ်တောက်ခံရပြီး ရက်ပေါင်း(၄၀)ကျော်အကြာတွင် ပြည်တွင်းသုံး အင်တာနက်လိုင်းနှင့် ဖုန်းလိုင်း များပါပြတ်တောက်သွားပြီဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ဘုရားသုံးဆူဘက်မှာ ဖုန်းလိုင်းတွေမရတာ(၃)ရက်လောက်ရှိပြီ။ ထိုင်းလိုင်းကမရတာကြာနေပြီ။ အခုက တယ်လီနောပါထပ်ပျောက် သွားတာ။ ဒီဘုရားသုံးဆူ နဲ့ ကြာအင်းဆိပ်ကြီး လမ်းတစ်ဝက်လောက်ကနေစပျက်လာတာ။ ကြာအင်းဆိပ်ကြီးဟိုခြမ်းမှာတော့ ဘာမှမ ဖြစ်ဘူး။ ဖုန်းလိုင်းကရှိတယ်။ ကရင်ဆိပ်ကြီးနဲ့ ဘုရားသုံးဆူလမ်းပိုင်းကနေစပြီးတော့ လိုင်းမရတော့ဘူး။ ဘယ်လိုဖြစ်တာလဲ မသိဘူး။ ပုံးတွေဖြုတ်သွားတာတော့ သိတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ ဘုရားသုံးဆူမြို့ကို DKBAလက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားသည့် သဘောရှိပြီး ဖုန်းလိုင်းများဖြတ်တောက်ခြင်းကိုလည်း ယင်းလက်နက်ကိုင်အဖွဲ့ကပင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အထက်ပါဒေသခံက အတိအကျပြောသည်။
“ဘယ်အဖွဲ့ရှိမလဲ DKBAပဲပေါ့။ သူတို့ပဲရှိတာကိုး။ ပြီးတော့ တယ်လီနောဖုန်းတာဝါတိုင်မှာ သူတို့စက်ရှိတယ်လေ။ အဲဒီစက်ကိုသူတို့ ဖြုတ်ပြီးယူသွားတယ်။ နောက်ပြီးရွာဘက်ခြမ်း ကျောက်ဘီဘူးကျေးရွာဆိုတာက အဲဒီမှာလည်း တာဝါတိုင်ရှိတယ်။ ပြီးတော့ စက်ရှိတယ်။ ဒါပေမယ့် အဲဒီကျောက်ဘီလူးကျေးရွာက တာဝါတိုင်ဘက်မှာက ကြိုးကိုဖျက်ထားတာ။ စက်တော့သူတို့ယူမသွားဘူး။ ပြီးတော့ တာဝါတိုင် ရှိတဲ့နေရာက တောင်ကုန်းမှာဖြစ်တော့ သူတို့သယ်ရခက်တယ်။ ဘယ်လိုလဲဆိုတော့ ကားကြီးတွေနဲ့ သယ်ရခက်လို့ တာဝါတိုင်မှာ ကြိုးကိုဖြတ်လိုက်တာ။ ဘုရားသုံးဆူမြို့ပေါ်မှာရှိတဲ့ တယ်လီနောဖုန်းတိုင်က စက်ကိုတော့ သူတို့အားလုံးဖြုတ်ပြီး ယူသွားတာ”ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ဗိုလ်အေဝမ်းဦးဆောင်သည့် DKBAလက်နက်ကိုင်အဖွဲ့သည် ဘုရားသုံးဆူမြို့တွင် ငွေရသည့်မည်သည့်လုပ်ငန်းမျိုးမဆို လုပ်ကိုင်နေလျှက်ရှိကြောင်းလည်း ဒေသခံများက ဆိုသည်။
“ဘယ်လောက်ထိလဲဆိုတော့ ဘုရာသုံးဆူမှာဝင်ငွေရတဲ့အပေါက်မှန်သမျှ အကုန်လုံးသူပဲ အကုန်ကျုံးယူတာ။ ထိုင်းကမီးဖြတ်တယ်။ မီးဖြတ်တော့ မြန်မာဘက်ခြမ်းမှာရှိတဲ့ ရေသန့်စက်ရုံကနေပြီးတော့မှ ရေသန့်ထုတ်ရတာအခက်အခဲဖြစ်တယ်။ အေဝမ်းက ရေသန့်ထောင် ထားတာ။ ရေသန့်ကအစသူအလွတ်မပေးဘူး။ ရေသန့်ကအစ သူ့ရေဖြစ်အောင်သူ ဖြန့်တယ်။ ပြီးတော့ ဘယ်လမ်းပဲသွားသွား အားလုံး ဂိတ်ချထားတယ်။ ခြံသွားတဲ့သူဆို စစ်ဆေးမေးမြန်းတယ်။ လိမ်းပိတ်တယ်ပေါ့။ လမ်းပိတ်တယ်ဆိုတာက မြန်မာနိုင်ငံသားကိုပဲလမ်း ပိတ်တာ။ တရုတ်နိုင်ငံသားကိုဆိုရင် လမ်းဖွင့်ပေးရော”ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
ပြီးခဲ့သည်ကာလကလည်း မြန်မာ-ထိုင်းနယ်စပ်ကျားဖျန့်နှိမ်နင်းရေးများလုပ်ဆောင်ရွက်တော့မည်ဟု သတင်းများစတင်ထွက်ပေါ် လာချိန် တွင် DKBAလက်နက်ကိုင်အဖွဲ့ မြဝတီ၊ ရွှေကုက္ကိုလ်ဒေသမှ တရုတ်လူမျိုးများကို ဘုရားသုံးဆူမြို့သို့ ခေါ်ဆောင်နေရချထားခြင်း များရှိခဲ့ ကြောင်း အခြားသောဒေသခံများထံမှ သိရသည်။

Zawgyi Version:
ဘုရားသုံးဆူတြင္ ထိုင္းလွ်ပ္စစ္မီးျဖတ္ေတာက္ခံရၿပီး ရက္(၄၀)ေက်ာ္အၾကာတြင္ ဖုန္းလိုင္းႏွင့္ အင္တာနက္လိုင္းမ်ားပါ ျပတ္ေတာက္ေန
သန႔္ဇင္ ( NP News ) မတ္-၂၂
ျမန္မာ- ထိုင္းနယ္စပ္၊ ကရင္ျပည္နယ္၊ ဘုရားသုံးဆူတြင္ ထိုင္းလွ်ပ္စစ္မီးျဖတ္ေတာက္ခံရၿပီး ရက္ေပါင္း(၄၀)ေက်ာ္အၾကာတြင္ ဖုန္းလိုင္း ႏွင့္အင္တာနက္လိုင္းမ်ားပါ ျပတ္ေတာက္ေနၿပီျဖစ္ေၾကာင္း ေဒသခံမ်ားက NP News သတင္းဌာနသို႔ ေျပာသည္။
ဘုရားသုံးဆူၿမိဳ႕သည္ ယခင္က ထိုင္းႏိုင္ငံမွေပးပို႔ေသာ လွ်ပ္စစ္ဓာတ္အားကို ရယူသုံးစြဲေနရျခင္းျဖစ္ၿပီး ယင္းေဒသရွိက်ားဖ်န႔္လုပ္ငန္း မ်ားသည္ ထိုင္းလွ်ပ္စစ္မီးကိုအသုံးခ် လုပ္ကိုင္ေနသည္ဟု အေၾကာင္းျပခ်က္ျဖင့္ ၿပီးခဲ့ေသာ ေဖေဖာ္ဝါရီလ ၅ရက္မွ စတင္ကာ ထိုင္းဘက္က လွ်ပ္စစ္မီးႏွင့္ အင္တာနက္လိုင္းမ်ားျဖတ္ေတာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ထိုင္းလွ်ပ္စစ္မီးႏွင့္ အင္တာျဖတ္ေတာက္ခံရၿပီး ရက္ေပါင္း(၄၀)ေက်ာ္အၾကာတြင္ ျပည္တြင္းသုံး အင္တာနက္လိုင္းႏွင့္ ဖုန္းလိုင္း မ်ားပါျပတ္ေတာက္သြားၿပီျဖစ္ေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက ဆိုသည္။
“ဘုရားသုံးဆူဘက္မွာ ဖုန္းလိုင္းေတြမရတာ(၃)ရက္ေလာက္ရွိၿပီ။ ထိုင္းလိုင္းကမရတာၾကာေနၿပီ။ အခုက တယ္လီေနာပါထပ္ေပ်ာက္ သြားတာ။ ဒီဘုရားသုံးဆူ နဲ႔ ၾကာအင္းဆိပ္ႀကီး လမ္းတစ္ဝက္ေလာက္ကေနစပ်က္လာတာ။ ၾကာအင္းဆိပ္ႀကီးဟိုျခမ္းမွာေတာ့ ဘာမွမ ျဖစ္ဘူး။ ဖုန္းလိုင္းကရွိတယ္။ ကရင္ဆိပ္ႀကီးနဲ႔ ဘုရားသုံးဆူလမ္းပိုင္းကေနစၿပီးေတာ့ လိုင္းမရေတာ့ဘူး။ ဘယ္လိုျဖစ္တာလဲ မသိဘူး။ ပုံးေတြျဖဳတ္သြားတာေတာ့ သိတယ္”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
လက္ရွိ ဘုရားသုံးဆူၿမိဳ႕ကို DKBAလက္နက္ကိုင္အဖြဲ႕က ထိန္းခ်ဳပ္ထားသည့္ သေဘာရွိၿပီး ဖုန္းလိုင္းမ်ားျဖတ္ေတာက္ျခင္းကိုလည္း ယင္းလက္နက္ကိုင္အဖြဲ႕ကပင္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း အထက္ပါေဒသခံက အတိအက်ေျပာသည္။
“ဘယ္အဖြဲ႕ရွိမလဲ DKBAပဲေပါ့။ သူတို႔ပဲရွိတာကိုး။ ၿပီးေတာ့ တယ္လီေနာဖုန္းတာဝါတိုင္မွာ သူတို႔စက္ရွိတယ္ေလ။ အဲဒီစက္ကိုသူတို႔ ျဖဳတ္ၿပီးယူသြားတယ္။ ေနာက္ၿပီး႐ြာဘက္ျခမ္း ေက်ာက္ဘီဘူးေက်း႐ြာဆိုတာက အဲဒီမွာလည္း တာဝါတိုင္ရွိတယ္။ ၿပီးေတာ့ စက္ရွိတယ္။ ဒါေပမယ့္ အဲဒီေက်ာက္ဘီလူးေက်း႐ြာက တာဝါတိုင္ဘက္မွာက ႀကိဳးကိုဖ်က္ထားတာ။ စက္ေတာ့သူတို႔ယူမသြားဘူး။ ၿပီးေတာ့ တာဝါတိုင္ ရွိတဲ့ေနရာက ေတာင္ကုန္းမွာျဖစ္ေတာ့ သူတို႔သယ္ရခက္တယ္။ ဘယ္လိုလဲဆိုေတာ့ ကားႀကီးေတြနဲ႔ သယ္ရခက္လို႔ တာဝါတိုင္မွာ ႀကိဳးကိုျဖတ္လိုက္တာ။ ဘုရားသုံးဆူၿမိဳ႕ေပၚမွာရွိတဲ့ တယ္လီေနာဖုန္းတိုင္က စက္ကိုေတာ့ သူတို႔အားလုံးျဖဳတ္ၿပီး ယူသြားတာ”ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။
ထို႔ျပင္ ဗိုလ္ေအဝမ္းဦးေဆာင္သည့္ DKBAလက္နက္ကိုင္အဖြဲ႕သည္ ဘုရားသုံးဆူၿမိဳ႕တြင္ ေငြရသည့္မည္သည့္လုပ္ငန္းမ်ိဳးမဆို လုပ္ကိုင္ေနလွ်က္ရွိေၾကာင္းလည္း ေဒသခံမ်ားက ဆိုသည္။
“ဘယ္ေလာက္ထိလဲဆိုေတာ့ ဘုရာသုံးဆူမွာဝင္ေငြရတဲ့အေပါက္မွန္သမွ် အကုန္လုံးသူပဲ အကုန္က်ဳံးယူတာ။ ထိုင္းကမီးျဖတ္တယ္။ မီးျဖတ္ေတာ့ ျမန္မာဘက္ျခမ္းမွာရွိတဲ့ ေရသန႔္စက္႐ုံကေနၿပီးေတာ့မွ ေရသန႔္ထုတ္ရတာအခက္အခဲျဖစ္တယ္။ ေအဝမ္းက ေရသန႔္ေထာင္ ထားတာ။ ေရသန႔္ကအစသူအလြတ္မေပးဘူး။ ေရသန႔္ကအစ သူ႔ေရျဖစ္ေအာင္သူ ျဖန႔္တယ္။ ၿပီးေတာ့ ဘယ္လမ္းပဲသြားသြား အားလုံး ဂိတ္ခ်ထားတယ္။ ၿခံသြားတဲ့သူဆို စစ္ေဆးေမးျမန္းတယ္။ လိမ္းပိတ္တယ္ေပါ့။ လမ္းပိတ္တယ္ဆိုတာက ျမန္မာႏိုင္ငံသားကိုပဲလမ္း ပိတ္တာ။ တ႐ုတ္ႏိုင္ငံသားကိုဆိုရင္ လမ္းဖြင့္ေပးေရာ”ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
ၿပီးခဲ့သည္ကာလကလည္း ျမန္မာ-ထိုင္းနယ္စပ္က်ားဖ်န႔္ႏွိမ္နင္းေရးမ်ားလုပ္ေဆာင္႐ြက္ေတာ့မည္ဟု သတင္းမ်ားစတင္ထြက္ေပၚ လာခ်ိန္ တြင္ DKBAလက္နက္ကိုင္အဖြဲ႕ ျမဝတီ၊ ေ႐ႊကုကၠိဳလ္ေဒသမွ တ႐ုတ္လူမ်ိဳးမ်ားကို ဘုရားသုံးဆူၿမိဳ႕သို႔ ေခၚေဆာင္ေနရခ်ထားျခင္း မ်ားရွိခဲ့ ေၾကာင္း အျခားေသာေဒသခံမ်ားထံမွ သိရသည္။