စစ်ကိုင်း၌ နေရပ်စွန့်ခွာသူဦးရေ တိုးပွားလာသည့်အတွက် WFP ၏ စားနပ်ရိက္ခာထောက်ပံ့မှုကို လူဦးရေ၏(၅၀)ရာခိုင်နှုန်းပင် မရဟုဆို

 72

ယွန်း ( NP News ) မတ်- ၂၂

စစ်ကိုင်း၌ နေရပ်စွန့်ခွာသူဦးရေ တိုးပွားလာသည့်အတွက် ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ် (WFP)၏ စားနပ်ရိက္ခာထောက်ပံ့မှုကို လူဦးရေ၏(၅၀)ရာခိုင်နှုန်းပင် မရရှိကြောင်း IBEC ကျောင်းတိုက်၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဥ်(WFP)မှ လေးကြိမ်တိတိထောက်ပံ့ခဲ့ကြောင်း သိရသည်။

ယခု(၂၀၂၅)ခုနှစ်တွင်လည်း အဆိုပါအစီအစဥ်အရ အညာဒေသတွင် (၆)ကြိမ်ထောက်ပံ့သွားမည်ဖြစ်ရာ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ယခုနှစ်၏ ပထမဆုံးအကြိမ် ထောက်ပံ့မှုကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ထိုသို့ထောက်ပံ့ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ပင် စစ်ဘေးသင့်ဒေသမှ နေရပ်စွန့်ခွာပြည်သူစုစုပေါင်း (၁ ဒသမ ၂) သန်းခန့်ရှိခဲ့ရာ အဆိုပါ အရေအတွက်၏ (၅၀) ရာခိုင်နှုန်းခန့်ပင် ထောက်ပံ့မှုအား မရရှိခဲ့ကြောင်း သိရသည်။

"(၂)လပိုင်းလကုန်တုန်းကတော့ WFP ကလှူတဲ့ဟာက ပထမဆုံးအကြိမ်လှူပြီးသွားပါပြီ။ စစ်ကိုင်းတိုင်းထဲမှာ WFP အစရှိတဲ့အဖွဲ့အစည်းအသီးသီးက စစ်ကိုင်းမှာလည်းရှိတယ်၊ မြင်းမူလည်းရှိတယ်၊ မုံရွာမှာလည်းလှူတယ်၊ ဆားလင်းကြီးလည်းပါတယ်။ တစ်ချို့အဖွဲ့တွေဆို ဟုမ္မလင်းဘက်ကိုတက်သွားတာလည်းရှိတယ်။ စစ်ကိုင်းအတွင်းမှာ နေရာအသီးသီးမှာလှူတဲ့အရေအတွက်ကိုပေါင်းကြည့်ရင် ၅၀ ရာခိုင်နှုန်းတောင် မပြည့်သေးဘူးဗျ။ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ နေရပ်စွန့်ခွာ ၁ ဒသမ ၂ သန်းထဲက ၅၀ ရာခိုင်နှုန်းတောင်မပြည့်သေးဘူးပေါ့။ ၂၀၂၄ ကတော့ WFP က လေးကြိမ်ထောက်ပံ့ခဲ့တယ်။ ၂၀၂၄ ခုနှစ်ကတော့ မြို့နယ်တွေ အဲဒီ‌လောက်မများဘူး။ ကျန်တဲ့နေရာတွေမှာ လှူခွင့်မပေးဘူး။ သွားဖို့လာဖို့နဲ့ သယ်ယူဖို့ အခက်အခဲတွေရှိခဲ့တယ်"ဟု IBEC ကျောင်းတိုက်၏ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထို့ကြောင့် IBEC ဆရာတော်မှ ကမ္ဘာ့ကုလသမဂ္ဂသို့ ကြွရောက်၍ ထပ်မံလိုအပ်သည့် စားနပ်ရိက္ခာများ ရရှိနိုင်ရေးအတွက် တာဝန်ရှိပုဂ္ဂိုလ်များ အပါအဝင် အလှူရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် (၂၀၂၃)ခုနှစ် စက်တင်ဘာလ (၂၆)ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်၌ ကျင်းပခဲ့သော (၇၈) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံသို့ IBEC ဆရာတော်တက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စစ် ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးရေး တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Zawgyi Version:
စစ္ကိုင္း၌ ေနရပ္စြန္႔ခြာသူဦးေရ တိုးပြားလာသည့္အတြက္ WFP ၏ စားနပ္ရိကၡာေထာက္ပံ့မႈကို လူဦးေရ၏(၅၀)ရာခိုင္ႏႈန္းပင္ မရဟုဆို

ယြန္း ( NP News ) မတ္- ၂၂

စစ္ကိုင္း၌ ေနရပ္စြန႔္ခြာသူဦးေရ တိုးပြားလာသည့္အတြက္ ကမာၻ႔စားနပ္ရိကၡာေထာက္ပံ့မႈအစီအစဥ္ (WFP)၏ စားနပ္ရိကၡာေထာက္ပံ့မႈကို လူဦးေရ၏(၅၀)ရာခိုင္ႏႈန္းပင္ မရရွိေၾကာင္း IBEC ေက်ာင္းတိုက္၏ တာဝန္ရွိသူတစ္ဦးထံမွ သိရသည္။

ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္တြင္ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးအတြင္းရွိ စစ္ေဘးေရွာင္ျပည္သူမ်ားကို ကမာၻ႔စားနပ္ရိကၡာေထာက္ပံ့မႈအစီအစဥ္(WFP)မွ ေလးႀကိမ္တိတိေထာက္ပံ့ခဲ့ေၾကာင္း သိရသည္။

ယခု(၂၀၂၅)ခုႏွစ္တြင္လည္း အဆိုပါအစီအစဥ္အရ အညာေဒသတြင္ (၆)ႀကိမ္ေထာက္ပံ့သြားမည္ျဖစ္ရာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလတြင္ ယခုႏွစ္၏ ပထမဆုံးအႀကိမ္ ေထာက္ပံ့မႈကို ေဆာင္႐ြက္ခဲ့ၿပီးျဖစ္သည္။

ထိုသို႔ေထာက္ပံ့ခဲ့ရာ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း၌ပင္ စစ္ေဘးသင့္ေဒသမွ ေနရပ္စြန္႔ခြာျပည္သူစုစုေပါင္း (၁ ဒသမ ၂) သန္းခန္႔ရွိခဲ့ရာ အဆိုပါ အေရအတြက္၏ (၅၀) ရာခိုင္ႏႈန္းခန္႔ပင္ ေထာက္ပံ့မႈအား မရရွိခဲ့ေၾကာင္း သိရသည္။

"(၂)လပိုင္းလကုန္တုန္းကေတာ့ WFP ကလႉတဲ့ဟာက ပထမဆုံးအႀကိမ္လႉၿပီးသြားပါၿပီ။ စစ္ကိုင္းတိုင္းထဲမွာ WFP အစရွိတဲ့အဖြဲ႕အစည္းအသီးသီးက စစ္ကိုင္းမွာလည္းရွိတယ္၊ ျမင္းမူလည္းရွိတယ္၊ မုံ႐ြာမွာလည္းလႉတယ္၊ ဆားလင္းႀကီးလည္းပါတယ္။ တစ္ခ်ိဳ႕အဖြဲ႕ေတြဆို ဟုမၼလင္းဘက္ကိုတက္သြားတာလည္းရွိတယ္။ စစ္ကိုင္းအတြင္းမွာ ေနရာအသီးသီးမွာလႉတဲ့အေရအတြက္ကိုေပါင္းၾကည့္ရင္ ၅၀ ရာခိုင္ႏႈန္းေတာင္ မျပည့္ေသးဘူးဗ်။ စစ္ကိုင္းတိုင္းထဲမွာရွိတဲ့ ေနရပ္စြန႔္ခြာ ၁ ဒသမ ၂ သန္းထဲက ၅၀ ရာခိုင္ႏႈန္းေတာင္မျပည့္ေသးဘူးေပါ့။ ၂၀၂၄ ကေတာ့ WFP က ေလးႀကိမ္ေထာက္ပံ့ခဲ့တယ္။ ၂၀၂၄ ခုႏွစ္ကေတာ့ ၿမိဳ႕နယ္ေတြ အဲဒီ‌ေလာက္မမ်ားဘူး။ က်န္တဲ့ေနရာေတြမွာ လႉခြင့္မေပးဘူး။ သြားဖို႔လာဖို႔နဲ႔ သယ္ယူဖို႔ အခက္အခဲေတြရွိခဲ့တယ္"ဟု IBEC ေက်ာင္းတိုက္၏ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထို႔ေၾကာင့္ IBEC ဆရာေတာ္မွ ကမာၻ႔ကုလသမဂၢသို႔ ႂကြေရာက္၍ ထပ္မံလိုအပ္သည့္ စားနပ္ရိကၡာမ်ား ရရွိႏိုင္ေရးအတြက္ တာဝန္ရွိပုဂၢိဳလ္မ်ား အပါအဝင္ အလႉရွင္မ်ားႏွင့္ ညႇိႏႈိင္းေဆြးေႏြးလ်က္ရွိေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ စက္တင္ဘာလ (၂၆)ရက္က အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ရွိ ကမာၻ႔ကုလသမဂၢအဖြဲ႕ခ်ဳပ္၌ က်င္းပခဲ့ေသာ (၇၈) ႀကိမ္ေျမာက္ ကမာၻ႔ကုလသမဂၢ အေထြေထြညီလာခံသို႔ IBEC ဆရာေတာ္တက္ေရာက္ခဲ့ၿပီး စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးအတြင္းရွိ စစ္ ေဘးေရွာင္ျပည္သူမ်ားကို စားနပ္ရိကၡာမ်ား ေထာက္ပံ့ကူညီေပးေရး ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.