ဖိလစ်ပိုင်သမ္မတက ဒူတာတေးကို ဖယ်ရှားရန် (ICC) ကို လက်နက်သဖွယ် အသုံးချခဲ့ဟုဆို

1073

ဂျန်ဇက် (NP News) - မတ် ၂၂
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးခံရပြီး နိုင်ငံတကာရာဇဝတ်တရားရုံး(ICC) သို့ ပို့ဆောင်စစ်ဆေးခံရ ခြင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးပဋိပက္ခနှင့် ဆက်နွယ်မှုရှိနေကြောင်း ကျွမ်းကျင်သူများက ပြော သည်။
လက်ရှိဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်သည် ၎င်း၏နိုင်ငံရေးပြိုင်ဘက်ကိုဖယ်ရှားရန် မဟာဗျူဟာမြောက် ကြိုးကိုင်လုပ်ဆောင်ခဲ့ခြင်းမျိုးဖြစ်ကြောင်း Asian Century Philippines Strategic Studies Institute မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ အန်နာမာလင်ဒေါ့က သုံးသပ်ပြောဆိုလိုက်သည်။ အသက်(၇၉)နှစ်အရွယ်ရှိ ဒူတာတေးသည် သမ္မတအဖြစ် တာဝန်ယူချိန်အတွင်းလုပ်ဆောင်ခဲ့သည့် မူးယစ်ဆေးဝါးစစ်ပွဲအတွင်း လူပေါင်းများစွာ သေဆုံးခဲ့သည့် အတွက် ပြီးခဲ့သောရက်ပိုင်းက ဖိလစ်ပိုင်မနီလာလေဆိပ်တွင်ဖမ်းဆီးခံရကာ နိုင်ငံတကာရာဇဝတ်တရားရုံးသို့ ပို့ဆောင်ခံခဲ့ရသည်။
အန်နာမာလင်ဒေါ့က “လက်ရှိ ဖိလစ်ပိုင်သမ္မတနဲ့ သမ္မတဟောင်းကြားမှာအငြင်းပွားမှုတွေ ရှိခဲ့တယ်။ လက်ရှိ ဖိလစ်ပိုင်အစိုးရဟာ ဒူတာတေးကို ဖယ်ရှားဖို့ နိုင်ငံတကာရာဇဝတ်တရားရုံးကို လက်နက် သဖွယ်အသုံးချခဲ့တာမျိုး ဖြစ်တယ်” ဟု ပြောသည်။ ဒူတာတေးသမ္မတအဖြစ် တာဝန်ယူချိန်အတွင်း လုပ်ဆောင်ခဲ့သည့် မူးယစ်ဆေးဝါးစစ်ပွဲ အတွင်း လူပေါင်း (၆၂၀ဝ)ကျော်သေဆုံးခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားသည်။ ဒူတာတေးသည် မူးယစ်ဆေးဝါးစစ်ပွဲနှင့်ပတ်သက်ပြီး တာဝန်ယူခြင်း၊ တာဝန်ခံခြင်း ရှိမည်ဟုပြောဆိုထားသော်လည်း လူများ သေဆုံးစေရန် စနစ်တကျ စီစဉ်ဆောင်ရွက်ခြင်းမျိုးမရှိကြောင်း ပြောဆိုထားသည်။ ဒူတာတေးမိသားစုနှင့် လက်ရှိ ဖိလစ်ပိုင်သမ္မတ မိသားစုကြား အငြင်းပွားမှုများ ဖြစ်လာခဲ့ပြီးနောက် ပြီးခဲ့သောလပိုင်းအတွင်း အပြန်အလှန် စွပ်စွဲ ဝေဖန်တိုက်ခိုက်ခြင်းများရှိခဲ့သည်။
ဒူတာတေးက လက်ရှိဖိလစ်ပိုင်သမ္မတသည် အာဏာရရန် အတင်းအကြပ်လုပ်ဆောင်ခဲ့သ ကဲ့သို့ မူးယစ်ဆေးဝါး သုံးစွဲသူဖြစ်ကြောင်း ဝေဖန်ခဲ့ဖူးသည်။ ဒူတာတေး၏သမီးဖြစ်သကဲ့သို့ ဖိလစ်ပိုင် ဒုတိယသမ္မ တဆာရာဒူတာတေး ကလည်း လက်ရှိ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကို သတ်ရန်စီစဉ်ခဲ့ကြောင်း လူသိရှင်ကြားပြောဆိုခဲ့ဖူး ပြီး လက်ရှိအချိန်တွင် စွပ်စွဲပြစ်တင်မှုများဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာရွေးကောက် ပွဲမတိုင်ခင် ဖိလစ်ပိုင်နိုင်ငံတွင်လူကြိုက်များသည့် ဒူတာတေးမိသားစု နှင့် ဖာဒီနန်မား ကို့စ်ဂျူနီယာမိသား စုများကြား ထိပ်တိုက်တွေ့ဆုံမှုများပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဖိလစ္ပိုင္သမၼတက ဒူတာေတးကို ဖယ္ရွားရန္ (ICC) ကို လက္နက္သဖြယ္ အသုံးခ်ခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - မတ္ ၂၂
ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတး ဖမ္းဆီးခံရၿပီး ႏိုင္ငံတကာရာဇဝတ္တရား႐ုံး(ICC) သို႔ ပို႔ေဆာင္စစ္ေဆးခံရ ျခင္းသည္ ဖိလစ္ပိုင္ႏိုင္ငံ၏ ျပည္တြင္းႏိုင္ငံေရးပဋိပကၡႏွင့္ ဆက္ႏြယ္မႈရွိေနေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာ သည္။
လက္ရွိဖိလစ္ပိုင္သမၼတ ဖာဒီနန္မားကို႔စ္သည္ ၎၏ႏိုင္ငံေရးၿပိဳင္ဘက္ကိုဖယ္ရွားရန္ မဟာဗ်ဴဟာေျမာက္ ႀကိဳးကိုင္လုပ္ေဆာင္ခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း Asian Century Philippines Strategic Studies Institute မွ ဒုတိယဥကၠ႒ျဖစ္သူ အန္နာမာလင္ေဒါ့က သုံးသပ္ေျပာဆိုလိုက္သည္။ အသက္(၇၉)ႏွစ္အ႐ြယ္ရွိ ဒူတာေတးသည္ သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္းလုပ္ေဆာင္ခဲ့သည့္ မူးယစ္ေဆးဝါးစစ္ပြဲအတြင္း လူေပါင္းမ်ားစြာ ေသဆုံးခဲ့သည့္ အတြက္ ၿပီးခဲ့ေသာရက္ပိုင္းက ဖိလစ္ပိုင္မနီလာေလဆိပ္တြင္ဖမ္းဆီးခံရကာ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးသို႔ ပို႔ေဆာင္ခံခဲ့ရသည္။
အန္နာမာလင္ေဒါ့က “လက္ရွိ ဖိလစ္ပိုင္သမၼတနဲ႔ သမၼတေဟာင္းၾကားမွာအျငင္းပြားမႈေတြ ရွိခဲ့တယ္။ လက္ရွိ ဖိလစ္ပိုင္အစိုးရဟာ ဒူတာေတးကို ဖယ္ရွားဖို႔ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးကို လက္နက္ သဖြယ္အသုံးခ်ခဲ့တာမ်ိဳး ျဖစ္တယ္” ဟု ေျပာသည္။ ဒူတာေတးသမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း လုပ္ေဆာင္ခဲ့သည့္ မူးယစ္ေဆးဝါးစစ္ပြဲ အတြင္း လူေပါင္း (၆၂၀ဝ)ေက်ာ္ေသဆုံးခဲ့သည္ဟု လူ႔အခြင့္အေရးအဖြဲ႕မ်ားက စြပ္စြဲထားသည္။ ဒူတာေတးသည္ မူးယစ္ေဆးဝါးစစ္ပြဲႏွင့္ပတ္သက္ၿပီး တာဝန္ယူျခင္း၊ တာဝန္ခံျခင္း ရွိမည္ဟုေျပာဆိုထားေသာ္လည္း လူမ်ား ေသဆုံးေစရန္ စနစ္တက် စီစဥ္ေဆာင္႐ြက္ျခင္းမ်ိဳးမရွိေၾကာင္း ေျပာဆိုထားသည္။ ဒူတာေတးမိသားစုႏွင့္ လက္ရွိ ဖိလစ္ပိုင္သမၼတ မိသားစုၾကား အျငင္းပြားမႈမ်ား ျဖစ္လာခဲ့ၿပီးေနာက္ ၿပီးခဲ့ေသာလပိုင္းအတြင္း အျပန္အလွန္ စြပ္စြဲ ေဝဖန္တိုက္ခိုက္ျခင္းမ်ားရွိခဲ့သည္။
ဒူတာေတးက လက္ရွိဖိလစ္ပိုင္သမၼတသည္ အာဏာရရန္ အတင္းအၾကပ္လုပ္ေဆာင္ခဲ့သ ကဲ့သို႔ မူးယစ္ေဆးဝါး သုံးစြဲသူျဖစ္ေၾကာင္း ေဝဖန္ခဲ့ဖူးသည္။ ဒူတာေတး၏သမီးျဖစ္သကဲ့သို႔ ဖိလစ္ပိုင္ ဒုတိယသမၼ တဆာရာဒူတာေတး ကလည္း လက္ရွိ ဖိလစ္ပိုင္သမၼတ ဖာဒီနန္မားကို႔စ္ဂ်ဴနီယာကို သတ္ရန္စီစဥ္ခဲ့ေၾကာင္း လူသိရွင္ၾကားေျပာဆိုခဲ့ဖူး ၿပီး လက္ရွိအခ်ိန္တြင္ စြပ္စြဲျပစ္တင္မႈမ်ားျဖင့္ ရင္ဆိုင္ေနရေၾကာင္း သိရသည္။ ဖိလစ္ပိုင္ႏိုင္ငံတြင္ ၾကားျဖတ္ ေ႐ြးေကာက္ပြဲက်င္းပမည္ျဖစ္ရာေ႐ြးေကာက္ ပြဲမတိုင္ခင္ ဖိလစ္ပိုင္ႏိုင္ငံတြင္လူႀကိဳက္မ်ားသည့္ ဒူတာေတးမိသားစု ႏွင့္ ဖာဒီနန္မား ကို႔စ္ဂ်ဴနီယာမိသား စုမ်ားၾကား ထိပ္တိုက္ေတြ႕ဆုံမႈမ်ားပိုမိုျမင့္တက္လာခဲ့ေၾကာင္း သိရသည္။