ဒေသခံပြောပြသော ချောင်းသာကမ်းခြေ၏ အခြေအနေမှန်

 7779

Pearl (NP News) - မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ရှိ ချောင်းသာကမ်းခြေသည် ရန်ကုန်မြို့နှင့် အနီးဆုံး ကမ်းခြေတစ်ခုဖြစ်၍ ပြည်တွင်း၊ ပြည်ပခရီးသွား အများဆုံး လာရောက်လည်ပတ်လေ့ရှိသည်။ သို့သော်လည်း ပြီးခဲ့သည့်ဇန်နဝါရီလ လယ် ပိုင်းက ချောင်းသာကမ်းခြေအနီးရှိ မကျီးဇင်တိုက်နယ် ဘက်တွင် AA က တိုက်ပွဲဖော်ဆောင်ခဲ့ရာ ချောင်းသာကမ်းခြေသို့ ခရီးသွားဝင်ရောက်မှု နည်းပါးသွားခဲ့သည်။ ပိုမိုဆိုးရွားသောအချက်မှာ မြေပြင်အချက် အလက်နှင့်ကွဲလွဲစွာ အွန်လိုင်း ထက်တွင် သတင်းမှားများဖြန့်ဝေခဲ့ကြသောကြောင့်ဒေသခံများသာမက ခရီးသွားမည့်သူများစိတ်ထဲတွင်ပင် စိုးရိမ်စိတ် များ ဖြစ်ပေါ်ခဲ့ကြသည်။ လက်ရှိတွင်မူ အခြေအနေအေး ချမ်းသွားပြီဖြစ်သောကြောင့် ချောင်းသာ‌ဒေသသို့ ဒေသခံများ ပြန်လည်ဝင်ရောက်လာပြီဖြစ်သည့်အပြင် ခရီးသွားများသည်လည်း ပြန်လည်ဝင်ရောက် စပြုနေပြီဖြစ်သည်။ ယင်းအခြေ အနေများနှင့် ပတ်သက်၍ ချောင်းသာကမ်းခြေနှင့်ပတ်သက်သော မြေပြင်အခြေအနေမှန်များကို ဒေသခံတစ်ဦးထံ NP News မှ ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - ပြီးခဲ့သည့် ဇန်နဝါရီလလယ်ပိုင်းက ချောင်းသာ ကမ်းခြေအနီးရှိ မကျီးဇင်တိုက်နယ်ဘက်မှာ AA တိုက်ပွဲ ဖော်ဆောင်တာမျိုးရှိခဲ့တယ်။ အဲဒီ မတိုင်ခင် ချောင်းသာမှာ ခရီးသွားဝင်ရောက်မှုက ဘယ်လိုမျိုး အခြေအနေရှိပါသလဲ။
ဖြေ - ခရီးသွားကတော့ ပွင့်လင်းရာသီဆို‌တော့ ပုံမှန်အတိုင်းစည်ကားပြီး ဧည့်သည်ကျတာပေါ့။ ဟိုတယ်တွေလည်း ပုံမှန်လည်ပတ်နေတော့ အဆင်ပြေတာပေါ့နော်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း အဲဒီအသံတွေကြားပြီးတော့ ခရီးသွားလာမှု တွေ ရပ်သွားတာပါ။
မေး - ချောင်းသာဒေသက တိုက်ပွဲခြိမ်းခြောက်မှု ဒဏ်ကို ဘယ်လောက်အထိ ခံစားခဲ့ရတယ်လို့ ပြောလို့ရလဲ။
ဖြေ - ခြိမ်း‌ခြောက်မှုဒဏ်ကိုကတော့ အရမ်းဆိုးဆိုး ရွားရွားတော့ မဟုတ်ပါဘူး။ တချို့သတင်းမီဒီယာတွေကလည်း တအားဖွတာတွေကလည်းပါတယ်။ အဲဒါတွေကို ကြည့်ပြီးတော့ လူတွေကကြောက်ပြီး ပြောင်းကြ၊ ပြေးကြပေါ့။ ဖြစ် တာကတော့ ရွှေသောင်ယံမြို့နယ် ဟိုးအစွန်အဖျားမှာပေါ့နော်။ ဧရာဝတီတိုင်းအစပ်မှာ ဖြစ်တာ။ ဒီဘက် ချောင်းသာနဲ့ ကျတော့ ခရီးအားဖြင့် တော်‌တော်လေး ဝေးတယ်။ မိုင်တွေ ‌တော်တော်လေး ဝေးတယ်။ အဓိကကတော့ သတင်း မီဒီယာတွေက ‌တော်တော်လေးဖွတဲ့အခါကျတော့ စိုးရိမ်ပြီးတော့ ပြေးကြတာပေါ့။ များသောအားဖြင့် ပုသိမ်နဲ့ ရန်ကုန် ကိုသွားပြီး စစ်ဘေးရှောင်ကြတယ်။ တချို့တွေကျ တော့လည်းမြောင်းမြကိုသွားကြတယ်။ ဒီ (၃)လပိုင်း လဆန်း ရက်လောက်မှာတော့ သူတို့စပြီး ပြန်ဝင်လာပြီ။ တိုက်ပွဲတွေလည်း ရပ်သွားပြီဆိုတော့ ပြန်ဝင် လာတာများတယ်။ ပြေးတဲ့လူတော်တော်များများက အဆင်မပြေတာများတယ်။ ပွင့်လင်းရာသီလည်း ရောက်ရော သေချာတောင်မှ စီးပွားမရှာရသေးဘူး တိုက်ပွဲဖြစ်တော့ ရှိတာလေးနဲ့ အကုန်သိမ်းဆည်းပြီး အိမ်ပြောင်းသလို ပြောင်းသွားကြတာကိုး။ အဲဒီတော့ ကားခတွေကုန်။ နောက်တစ်နေရာမှာကျတော့လည်း အိမ်တွေငှားရ၊ ပါသွားတဲ့ပိုက်ဆံတွေ ထိုင်သုံးရဆို တော့ ပြန်လာဖို့ကားခမရှိတဲ့လူတောင်ရှိတယ်။ ပိုက်ဆံရှိတဲ့လူတွေက ပြန်လာကုန်ပြီ။ တချို့တွေက လည်း ပြန်လာချင်တယ် ပြန်လာဖို့လမ်းစရိတ်မတတ် နိုင်တဲ့လူတွေလည်းရှိတယ်။ အဲဒီအသံတွေလည်း ကြားရတာပေါ့နော်။
မေး - တိုက်ပွဲခြိမ်းခြောက်မှုတွေကြောင့် ချောင်းသာ မှာရှိတဲ့ဆိုင်တွေ ဟိုတယ်လုပ်ငန်းတွေအနေနဲ့ ဘာတွေ နစ်နာ သွားတယ်လို့ ပြောလို့ရမလဲ။ နောက်ထပ် နိုင်ငံတော်အနေနဲ့ကော ဘာတွေ နစ်နာသွား တယ်လို့ ပြောလို့ရလဲ။
ဖြေ - နစ်နာတာကတော့ အများကြီးပေါ့။ တိုက်ပွဲ ဖြစ်မှာကြောက်တော့ ဟိုတယ်တွေက အကုန်လုံးပိတ်တယ်။ ပိတ်တော့ ဟိုတယ်တွေမှာလည်း ဝင်ငွေ မရရှိတော့ဘူး။ နောက် ဧည့်သည်တွေက မလာကြတဲ့ အခါကျတော့ ဈေးဆိုင် သမားတွေ၊ စားသောက် ဆိုင်သမားတွေလည်း ဈေးမရောင်းရဘူးပေါ့နော်။ ဝင်ငွေ ရလမ်းတွေ ပိတ်ကုန်တာပေါ့။ နောက် ပြီးတော့ ဒေသမှာရှိတဲ့ ဝန်ထမ်းတွေကလည်း အလုပ်တွေ အကုန်ရပ်သွားတယ်။ အဲဒီလိုတွေ။ ဆိုလိုတာကတော့ ဒီမှာရှိတဲ့ ဒေသခံတွေအကုန်လုံးထိခိုက်နစ်နာကြတယ်ပေါ့။ တစ်ဖက်မှာလည်း စစ်ဖြစ်မှာကြောက်တော့ ပြေးကြ ဘာကြဆိုတော့ မလိုအပ်ဘဲ ပိုက်ဆံကုန်ကျမှု တွေလည်းများတော့ လူတွေ တော်တော်ဒုက္ခရောက် တာပေါ့‌။
မေး - အဲဒီ‌တိုက်ပွဲခြိမ်းခြောက်မှုတွေကြောင့်ပဲ ချောင်းသာကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်း တချို့လည်း ယာယီရပ်နားခဲ့ တယ်ကြားတယ်။ အခု ယာဉ်လိုင်း အားလုံး ပြန်ဆွဲနေပြီလားရှင့်။
ဖြေ - ပုံမှန်ဆွဲနေကျ ယာဉ်လိုင်းတွေဆွဲနေပြီ။ နောက် Express တွေကျတော့ အကုန်လုံးတော့ မထွက်ကြသေးဘူး။ တစ်စီးစ နှစ်စီးစတော့ ပြန်ထွက်နေပြီ။ ဧည့်သည် လာရောက်မှုအပေါ်မူတည်ပြီးတော့ အနည်းအများပေါ်မူတည်ပြီး တော့ ထွက်တဲ့ ကားတွေက ထွက်နေပြီ။ ပုံမှန်ထွက်တဲ့ယာဉ်လိုင်းတွေ ဥပမာ ချောင်းသာနဲ့ ရန်ကုန်နဲ့ ပုံမှန်ဆွဲတဲ့ နေ့စဉ် ဆွဲရတဲ့ယာဉ်လိုင်းတွေ အဲဒါက ပုံမှန်ထွက်တယ်။ အဲဒီတိုက်ပွဲဖြစ်တုန်းက လူတွေမရှိတော့ ခဏနားသွားတာ။ အခုတော့ ပုံမှန်ပြန်ထွက်နေပါပြီ။
မေး - ချောင်းသာရဲ့ လက်ရှိအခြေအနေလေး သိပါရစေ။ ခရီးသွား တစ်စတစ်စ ပြန်ဝင်ရောက် နေပြီလား ဘယ်လို အခြေအနေရှိလဲ။
ဖြေ - ချောင်းသာကို ခရီးသွားတွေ ပြန်ဝင်နေပါပြီ။ ပြီးခဲ့တဲ့ ရုံးပိတ်ရက်တုန်းကဆိုရင် ဒီမှာလည်း အေးချမ်းနေပြီ၊ ဒေသခံတော်တော်များများလည်း ပြန်ရောက်လာပြီ။ ဟိုတယ်တွေလည်း ပြန်ဖွင့်ပြီဆိုတော့ ပြီးခဲ့တဲ့ (၅)ရက်ပိတ် တုန်းကလည်း လာတယ်။ ရှေ့လျှောက် ဒီထဲမှာလည်း စနေ၊ တနင်္ဂနွေ ဆိုရင် လာနေကြတာပဲ။ လာတဲ့ဧည့်သည်တွေက လည်း ပြန်ရင် ပြောကြမှာလေ။ ချောင်းသာမှာ အေးချမ်းတယ်၊ သွားလို့ရပြီး တစ်ဆင့်စကားတစ်ဆင့်ပါး ရင်လည်း လာကြမှာပေါ့။
မေး - လုံခြုံရေးအခြေအနေကကော ဘယ်လိုရှိလဲ။
ဖြေ - လုံခြုံရေးအခြေအနေကတော့ စိတ်ချရပါတယ်။ အခုက မနေ့ကပဲ ထပ်ကြားမိတာတော့ လက်ရှိ တပ်မတော်က ဘောမိကျေးရွာမှာ ပြန်ပြီးတော့ တပ်စခန်းပြန်ထိုင်ထားပြီလို့ကြားတယ်။ အခု တပ်ပြန် ထိုင်ထားပြီပေါ့။ နယ်မြေရှင်းလင်းရေးတွေလည်း နေ့တိုင်းလုပ်တယ်လို့ကြားတယ်။ စိတ်အေး လက်အေးနဲ့ ချောင်းသာကို လာလို့ရပါပြီ။
မေး - ဘယ်ဒေသဘက်က လူတွေလာကြလဲ။
ဖြေ- အများဆုံးလာတာတော့ ရန်ကုန်ဘက်က လာတာများတယ်။ မန္တလေးဘက်ကလာတဲ့လူလည်း ရှိတယ်။ အဲဒီ (၂)နေရာရာက လာတာများတယ်။ သူတို့လည်း ဒီရောက်မှ အေးချမ်းတယ် ပြောကြတာပေါ့နော်။ အစက မအေးချမ်း ဘူးဆိုတော့ လာတာတောင်မှ စိုးရိမ်စိတ်နဲ့လာကြတာ ဒီရောက်မှ အေးအေးချမ်းချမ်း ရှိတယ်ဆိုတာမျိုးပြောသံလေး တွေတော့ ပြန်ကြားရတယ်။ အခုလက်ရှိ လမ်းမှာလည်း တောက်လျှောက် လမ်းတွေချဲ့နေတဲ့အခါကျတော့ အလုပ်လုပ်နေတာတွေလည်းရှိတယ်။ ဖုန်လေးနည်း နည်းထတာပဲရှိတယ်။ လမ်းခရီးတောက်လျှောက် လည်း အဆင်ပြေကြပါတယ်။ လမ်းမှာလည်း လူမပြတ်ဘူး ပေါ့။ ဆောက်လုပ်ရေးအဖွဲ့တွေကလည်း အမြဲရှိနေတာဆိုတော့။
မေး - ဒါဆိုရင် ခရီးသွားတွေ ချောင်းသာကို စိတ် အေးလက်အေး လာလို့ရပြီလို့ ပြောလို့ရလား။
ဖြေ - ရပြီ။ ကျွန်တော်လည်း ဒေသခံတစ်ယောက် အနေနဲ့လည်း စကားလေးတော့ပါးချင်တာပေါ့။ ချောင်းသာလာလည် ချင်တဲ့ဧည့်သည်တွေ စိတ်ချ လက်ချလာလည်လို့ရတယ်ဆိုတဲ့အကြောင်း ပြောပြ ချင်တာပေါ့။
မေး - မနှစ်က သင်္ကြန်ကာလမှာ ချောင်းသာကို ခရီးသွားဝင်ရောက်မှုက (၄)သောင်းကျော်တယ်လို့ သိရတယ်။ ဒီနှစ် သင်္ကြန်မှာကော ‌ချောင်းသာကို ခရီး သွား ဝင်ရောက်မှုက မနှစ်ကထက် များမယ်ထင်လား ဘယ်လိုဖြစ်မယ်ထင်လဲ။
ဖြေ - မနှစ်က အရေအတွက်လောက်တော့ ရမယ် မထင်ဘူး။ အဲဒီထက်တော့ နည်းနည်းလေးလျော့မယ် ထင်တယ်။ မနှစ်က (၄)သောင်းကျော်မယ်ဆို ဒီနှစ် အရမ်းကြီးတော့ လျော့မသွားလောက်ပါဘူး။ လျော့ လည်းနည်းနည်းပေါ့။ သင်္ကြန်ကတော့ ချောင်းသာက လူအကျဆုံးအချိန်ပေါ့ တစ်နှစ်ပတ်လုံးမှာလေ။ အခု (၁၂)တန်းစာမေးပွဲပြီးရင် တော့လည်း ဧည့်သည် ဝင်နိုင်ပါတယ်။ ဒါကတော့ နှစ်တိုင်းထုံးစံပဲလေ။ ဒီမော်တင် ဘုရားပွဲပြီးတဲ့အချိန် ဧည့်သည် ဝင်ရောက် မှုများတယ်။ (၁၀)တန်းစာမေးပွဲပြီးရင် ဧည့်သည်ဝင် ရောက်မှုများတယ်။ ပြီးရင် သင်္ကြန်မတိုင်ခင် ဝင်တယ်။ အများဆုံးကတော့ သင်္ကြန်ပိတ်ရက်တွေ ဆိုရင် ကမ်းခြေမှာပဲ လာအပန်းဖြေကြတာပေါ့လေ။ ရှေ့လျှောက်ကတော့ ဧည့်သည်ကတော့ ဆက်တိုက် ဝင်မှာပါ။
မေး - သင်္ကြန်အတွက် ဟိုတယ် ဘိုကင် လုပ်တာ တွေကော ရှိနေပြီလား။ ဟိုတယ်တွေရဲ့အခြေအနေ တွေလည်း သိပါရ စေရှင်။
ဖြေ - ရှိနေကြပြီ။ ဟိုတယ်တွေ တော်တော်များ များကလည်း ဘိုကင်လက်ခံနေပြီ။ ဘိုကင်ကတော့ တစ်လကြိုပြီးတော့ သင်္ကြန်အတွက် လုပ်ရတာက နှစ်တိုင်းက ထုံးစံပဲလေ။ အခုလည်း ဟိုတယ်တွေက ဘိုကင်ကြိုလက်ခံနေပြီ။ အခန်းတွေ လည်း ဘိုကင် တွေ ပြည့်နေပြီလို့ ပြောသံကြားတယ်။
မေး - လက်ရှိအခြေအနေတွေထက် ချောင်းသွားကို ခရီးသွားတွေ ဝင်ရောက်ဖို့ ဘာတွေ ပြင်ဆင်သင့် တယ်။ ဘာတွေ ဆောင်ရွက်သင့်တယ်လို့ထင်လဲ အကြံပြုပေးပါဦး။
ဖြေ - ခရီးသွားဝင်ရောက်မှုများစေဖို့ဆိုရင် တာဝန်ရှိသူတွေကလည်း ဝိုင်းဝန်းပံ့ပိုးပေးစေချင် တယ်ပေါ့။ ဧည့်သည် ဝင်ရောက်လာဖို့ သူတို့တတ်နိုင်တဲ့ ကဏ္ဍကနေပြီးတော့မှ စွမ်းဆောင်ပေးစေချင်တယ်။ သတင်းတွေက နေတစ်ဆင့်လည်း ပြည်သူတွေ သိအောင်လို့ ပြောပေးရင်လည်း ပြန်လည်ဝင်ရောက် လာမယ်လို့ ယုံကြည်ပါတယ်။
မေး - ဘာတွေ ဖြည့်စွက်ပြောချင်သေးလဲရှင့်။
ဖြေ - ချောင်းသာမှာ ပစ်သံခတ်သံတွေလည်း မရှိပါ ဘူး။ အေးချမ်းနေပါပြီ။ ဧည်သည့်များရင်တော့ ကျွန်တော်တို့ ချောင်းသာဒေသခံ ပြည်သူတွေအတွက် လည်း စားဝတ်နေရေးလေးတွေ အဆင်ပြေမှာပေါ့ နော်။
မေး - ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင်။

Zawgyi Version:
ေဒသခံေျပာျပေသာ
ေခ်ာင္းသာကမ္းေျခ၏ အေျခအေနမွန္
Pearl (NP News) - မတ် ၂၃

ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ခ႐ိုင္ရွိ ေခ်ာင္းသာကမ္းေျခသည္ ရန္ကုန္ၿမိဳ႕ႏွင့္ အနီးဆုံး ကမ္းေျခတစ္ခုျဖစ္၍ ျပည္တြင္း၊ ျပည္ပခရီးသြား အမ်ားဆုံး လာေရာက္လည္ပတ္ေလ့ရွိသည္။ သို႔ေသာ္လည္း ၿပီးခဲ့သည့္ဇန္နဝါရီလ လယ္ ပိုင္းက ေခ်ာင္းသာကမ္းေျခအနီးရွိ မက်ီးဇင္တိုက္နယ္ ဘက္တြင္ AA က တိုက္ပြဲေဖာ္ေဆာင္ခဲ့ရာ ေခ်ာင္းသာကမ္းေျခသို႔ ခရီးသြားဝင္ေရာက္မႈ နည္းပါးသြားခဲ့သည္။ ပိုမိုဆိုး႐ြားေသာအခ်က္မွာ ေျမျပင္အခ်က္ အလက္ႏွင့္ကြဲလြဲစြာ အြန္လိုင္း ထက္တြင္ သတင္းမွားမ်ားျဖန႔္ေဝခဲ့ၾကေသာေၾကာင့္ေဒသခံမ်ားသာမက ခရီးသြားမည့္သူမ်ားစိတ္ထဲတြင္ပင္ စိုးရိမ္စိတ္ မ်ား ျဖစ္ေပၚခဲ့ၾကသည္။ လက္ရွိတြင္မူ အေျခအေနေအး ခ်မ္းသြားၿပီျဖစ္ေသာေၾကာင့္ ေခ်ာင္းသာ‌ေဒသသို႔ ေဒသခံမ်ား ျပန္လည္ဝင္ေရာက္လာၿပီျဖစ္သည့္အျပင္ ခရီးသြားမ်ားသည္လည္း ျပန္လည္ဝင္ေရာက္ စျပဳေနၿပီျဖစ္သည္။ ယင္းအေျခ အေနမ်ားႏွင့္ ပတ္သက္၍ ေခ်ာင္းသာကမ္းေျခႏွင့္ပတ္သက္ေသာ ေျမျပင္အေျခအေနမွန္မ်ားကို ေဒသခံတစ္ဦးထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - ၿပီးခဲ့သည့္ ဇန္နဝါရီလလယ္ပိုင္းက ေခ်ာင္းသာ ကမ္းေျခအနီးရွိ မက်ီးဇင္တိုက္နယ္ဘက္မွာ AA တိုက္ပြဲ ေဖာ္ေဆာင္တာမ်ိဳးရွိခဲ့တယ္။ အဲဒီ မတိုင္ခင္ ေခ်ာင္းသာမွာ ခရီးသြားဝင္ေရာက္မႈက ဘယ္လိုမ်ိဳး အေျခအေနရွိပါသလဲ။
ေျဖ - ခရီးသြားကေတာ့ ပြင့္လင္းရာသီဆို‌ေတာ့ ပုံမွန္အတိုင္းစည္ကားၿပီး ဧည့္သည္က်တာေပါ့။ ဟိုတယ္ေတြလည္း ပုံမွန္လည္ပတ္ေနေတာ့ အဆင္ေျပတာေပါ့ေနာ္။ တိုက္ပြဲျဖစ္ၿပီးေနာက္ပိုင္း အဲဒီအသံေတြၾကားၿပီးေတာ့ ခရီးသြားလာမႈ ေတြ ရပ္သြားတာပါ။
ေမး - ေခ်ာင္းသာေဒသက တိုက္ပြဲၿခိမ္းေျခာက္မႈ ဒဏ္ကို ဘယ္ေလာက္အထိ ခံစားခဲ့ရတယ္လို႔ ေျပာလို႔ရလဲ။
ေျဖ - ၿခိမ္း‌ေျခာက္မႈဒဏ္ကိုကေတာ့ အရမ္းဆိုးဆိုး ႐ြား႐ြားေတာ့ မဟုတ္ပါဘူး။ တခ်ိဳ႕သတင္းမီဒီယာေတြကလည္း တအားဖြတာေတြကလည္းပါတယ္။ အဲဒါေတြကို ၾကည့္ၿပီးေတာ့ လူေတြကေၾကာက္ၿပီး ေျပာင္းၾက၊ ေျပးၾကေပါ့။ ျဖစ္ တာကေတာ့ ေ႐ႊေသာင္ယံၿမိဳ႕နယ္ ဟိုးအစြန္အဖ်ားမွာေပါ့ေနာ္။ ဧရာဝတီတိုင္းအစပ္မွာ ျဖစ္တာ။ ဒီဘက္ ေခ်ာင္းသာနဲ႔ က်ေတာ့ ခရီးအားျဖင့္ ေတာ္‌ေတာ္ေလး ေဝးတယ္။ မိုင္ေတြ ‌ေတာ္ေတာ္ေလး ေဝးတယ္။ အဓိကကေတာ့ သတင္း မီဒီယာေတြက ‌ေတာ္ေတာ္ေလးဖြတဲ့အခါက်ေတာ့ စိုးရိမ္ၿပီးေတာ့ ေျပးၾကတာေပါ့။ မ်ားေသာအားျဖင့္ ပုသိမ္နဲ႔ ရန္ကုန္ ကိုသြားၿပီး စစ္ေဘးေရွာင္ၾကတယ္။ တခ်ိဳ႕ေတြက် ေတာ့လည္းေျမာင္းျမကိုသြားၾကတယ္။ ဒီ (၃)လပိုင္း လဆန္း ရက္ေလာက္မွာေတာ့ သူတို႔စၿပီး ျပန္ဝင္လာၿပီ။ တိုက္ပြဲေတြလည္း ရပ္သြားၿပီဆိုေတာ့ ျပန္ဝင္ လာတာမ်ားတယ္။ ေျပးတဲ့လူေတာ္ေတာ္မ်ားမ်ားက အဆင္မေျပတာမ်ားတယ္။ ပြင့္လင္းရာသီလည္း ေရာက္ေရာ ေသခ်ာေတာင္မွ စီးပြားမရွာရေသးဘူး တိုက္ပြဲျဖစ္ေတာ့ ရွိတာေလးနဲ႔ အကုန္သိမ္းဆည္းၿပီး အိမ္ေျပာင္းသလို ေျပာင္းသြားၾကတာကိုး။ အဲဒီေတာ့ ကားခေတြကုန္။ ေနာက္တစ္ေနရာမွာက်ေတာ့လည္း အိမ္ေတြငွားရ၊ ပါသြားတဲ့ပိုက္ဆံေတြ ထိုင္သုံးရဆို ေတာ့ ျပန္လာဖို႔ကားခမရွိတဲ့လူေတာင္ရွိတယ္။ ပိုက္ဆံရွိတဲ့လူေတြက ျပန္လာကုန္ၿပီ။ တခ်ိဳ႕ေတြက လည္း ျပန္လာခ်င္တယ္ ျပန္လာဖို႔လမ္းစရိတ္မတတ္ ႏိုင္တဲ့လူေတြလည္းရွိတယ္။ အဲဒီအသံေတြလည္း ၾကားရတာေပါ့ေနာ္။
ေမး - တိုက္ပြဲၿခိမ္းေျခာက္မႈေတြေၾကာင့္ ေခ်ာင္းသာ မွာရွိတဲ့ဆိုင္ေတြ ဟိုတယ္လုပ္ငန္းေတြအေနနဲ႔ ဘာေတြ နစ္နာ သြားတယ္လို႔ ေျပာလို႔ရမလဲ။ ေနာက္ထပ္ ႏိုင္ငံေတာ္အေနနဲ႔ေကာ ဘာေတြ နစ္နာသြား တယ္လို႔ ေျပာလို႔ရလဲ။
ေျဖ - နစ္နာတာကေတာ့ အမ်ားႀကီးေပါ့။ တိုက္ပြဲ ျဖစ္မွာေၾကာက္ေတာ့ ဟိုတယ္ေတြက အကုန္လုံးပိတ္တယ္။ ပိတ္ေတာ့ ဟိုတယ္ေတြမွာလည္း ဝင္ေငြ မရရွိေတာ့ဘူး။ ေနာက္ ဧည့္သည္ေတြက မလာၾကတဲ့ အခါက်ေတာ့ ေဈးဆိုင္ သမားေတြ၊ စားေသာက္ ဆိုင္သမားေတြလည္း ေဈးမေရာင္းရဘူးေပါ့ေနာ္။ ဝင္ေငြ ရလမ္းေတြ ပိတ္ကုန္တာေပါ့။ ေနာက္ ၿပီးေတာ့ ေဒသမွာရွိတဲ့ ဝန္ထမ္းေတြကလည္း အလုပ္ေတြ အကုန္ရပ္သြားတယ္။ အဲဒီလိုေတြ။ ဆိုလိုတာကေတာ့ ဒီမွာရွိတဲ့ ေဒသခံေတြအကုန္လုံးထိခိုက္နစ္နာၾကတယ္ေပါ့။ တစ္ဖက္မွာလည္း စစ္ျဖစ္မွာေၾကာက္ေတာ့ ေျပးၾက ဘာၾကဆိုေတာ့ မလိုအပ္ဘဲ ပိုက္ဆံကုန္က်မႈ ေတြလည္းမ်ားေတာ့ လူေတြ ေတာ္ေတာ္ဒုကၡေရာက္ တာေပါ့‌။
ေမး - အဲဒီ‌တိုက္ပြဲၿခိမ္းေျခာက္မႈေတြေၾကာင့္ပဲ ေခ်ာင္းသာကို ေျပးဆြဲေနတဲ့ ယာဥ္လိုင္း တခ်ိဳ႕လည္း ယာယီရပ္နားခဲ့ တယ္ၾကားတယ္။ အခု ယာဥ္လိုင္း အားလုံး ျပန္ဆြဲေနၿပီလားရွင့္။
ေျဖ - ပုံမွန္ဆြဲေနက် ယာဥ္လိုင္းေတြဆြဲေနၿပီ။ ေနာက္ Express ေတြက်ေတာ့ အကုန္လုံးေတာ့ မထြက္ၾကေသးဘူး။ တစ္စီးစ ႏွစ္စီးစေတာ့ ျပန္ထြက္ေနၿပီ။ ဧည့္သည္ လာေရာက္မႈအေပၚမူတည္ၿပီးေတာ့ အနည္းအမ်ားေပၚမူတည္ၿပီး ေတာ့ ထြက္တဲ့ ကားေတြက ထြက္ေနၿပီ။ ပုံမွန္ထြက္တဲ့ယာဥ္လိုင္းေတြ ဥပမာ ေခ်ာင္းသာနဲ႔ ရန္ကုန္နဲ႔ ပုံမွန္ဆြဲတဲ့ ေန႔စဥ္ ဆြဲရတဲ့ယာဥ္လိုင္းေတြ အဲဒါက ပုံမွန္ထြက္တယ္။ အဲဒီတိုက္ပြဲျဖစ္တုန္းက လူေတြမရွိေတာ့ ခဏနားသြားတာ။ အခုေတာ့ ပုံမွန္ျပန္ထြက္ေနပါၿပီ။
ေမး - ေခ်ာင္းသာရဲ႕ လက္ရွိအေျခအေနေလး သိပါရေစ။ ခရီးသြား တစ္စတစ္စ ျပန္ဝင္ေရာက္ ေနၿပီလား ဘယ္လို အေျခအေနရွိလဲ။
ေျဖ - ေခ်ာင္းသာကို ခရီးသြားေတြ ျပန္ဝင္ေနပါၿပီ။ ၿပီးခဲ့တဲ့ ႐ုံးပိတ္ရက္တုန္းကဆိုရင္ ဒီမွာလည္း ေအးခ်မ္းေနၿပီ၊ ေဒသခံေတာ္ေတာ္မ်ားမ်ားလည္း ျပန္ေရာက္လာၿပီ။ ဟိုတယ္ေတြလည္း ျပန္ဖြင့္ၿပီဆိုေတာ့ ၿပီးခဲ့တဲ့ (၅)ရက္ပိတ္ တုန္းကလည္း လာတယ္။ ေရွ႕ေလွ်ာက္ ဒီထဲမွာလည္း စေန၊ တနဂၤေႏြ ဆိုရင္ လာေနၾကတာပဲ။ လာတဲ့ဧည့္သည္ေတြက လည္း ျပန္ရင္ ေျပာၾကမွာေလ။ ေခ်ာင္းသာမွာ ေအးခ်မ္းတယ္၊ သြားလို႔ရၿပီး တစ္ဆင့္စကားတစ္ဆင့္ပါး ရင္လည္း လာၾကမွာေပါ့။
ေမး - လုံၿခဳံေရးအေျခအေနကေကာ ဘယ္လိုရွိလဲ။
ေျဖ - လုံၿခဳံေရးအေျခအေနကေတာ့ စိတ္ခ်ရပါတယ္။ အခုက မေန႔ကပဲ ထပ္ၾကားမိတာေတာ့ လက္ရွိ တပ္မေတာ္က ေဘာမိေက်း႐ြာမွာ ျပန္ၿပီးေတာ့ တပ္စခန္းျပန္ထိုင္ထားၿပီလို႔ၾကားတယ္။ အခု တပ္ျပန္ ထိုင္ထားၿပီေပါ့။ နယ္ေျမရွင္းလင္းေရးေတြလည္း ေန႔တိုင္းလုပ္တယ္လို႔ၾကားတယ္။ စိတ္ေအး လက္ေအးနဲ႔ ေခ်ာင္းသာကို လာလို႔ရပါၿပီ။
ေမး - ဘယ္ေဒသဘက္က လူေတြလာၾကလဲ။
ေျဖ- အမ်ားဆုံးလာတာေတာ့ ရန္ကုန္ဘက္က လာတာမ်ားတယ္။ မႏၲေလးဘက္ကလာတဲ့လူလည္း ရွိတယ္။ အဲဒီ (၂)ေနရာရာက လာတာမ်ားတယ္။ သူတို႔လည္း ဒီေရာက္မွ ေအးခ်မ္းတယ္ ေျပာၾကတာေပါ့ေနာ္။ အစက မေအးခ်မ္း ဘူးဆိုေတာ့ လာတာေတာင္မွ စိုးရိမ္စိတ္နဲ႔လာၾကတာ ဒီေရာက္မွ ေအးေအးခ်မ္းခ်မ္း ရွိတယ္ဆိုတာမ်ိဳးေျပာသံေလး ေတြေတာ့ ျပန္ၾကားရတယ္။ အခုလက္ရွိ လမ္းမွာလည္း ေတာက္ေလွ်ာက္ လမ္းေတြခ်ဲ႕ေနတဲ့အခါက်ေတာ့ အလုပ္လုပ္ေနတာေတြလည္းရွိတယ္။ ဖုန္ေလးနည္း နည္းထတာပဲရွိတယ္။ လမ္းခရီးေတာက္ေလွ်ာက္ လည္း အဆင္ေျပၾကပါတယ္။ လမ္းမွာလည္း လူမျပတ္ဘူး ေပါ့။ ေဆာက္လုပ္ေရးအဖြဲ႕ေတြကလည္း အၿမဲရွိေနတာဆိုေတာ့။
ေမး - ဒါဆိုရင္ ခရီးသြားေတြ ေခ်ာင္းသာကို စိတ္ ေအးလက္ေအး လာလို႔ရၿပီလို႔ ေျပာလို႔ရလား။
ေျဖ - ရၿပီ။ ကြၽန္ေတာ္လည္း ေဒသခံတစ္ေယာက္ အေနနဲ႔လည္း စကားေလးေတာ့ပါးခ်င္တာေပါ့။ ေခ်ာင္းသာလာလည္ ခ်င္တဲ့ဧည့္သည္ေတြ စိတ္ခ် လက္ခ်လာလည္လို႔ရတယ္ဆိုတဲ့အေၾကာင္း ေျပာျပ ခ်င္တာေပါ့။
ေမး - မႏွစ္က သၾကၤန္ကာလမွာ ေခ်ာင္းသာကို ခရီးသြားဝင္ေရာက္မႈက (၄)ေသာင္းေက်ာ္တယ္လို႔ သိရတယ္။ ဒီႏွစ္ သၾကၤန္မွာေကာ ‌ေခ်ာင္းသာကို ခရီး သြား ဝင္ေရာက္မႈက မႏွစ္ကထက္ မ်ားမယ္ထင္လား ဘယ္လိုျဖစ္မယ္ထင္လဲ။
ေျဖ - မႏွစ္က အေရအတြက္ေလာက္ေတာ့ ရမယ္ မထင္ဘူး။ အဲဒီထက္ေတာ့ နည္းနည္းေလးေလ်ာ့မယ္ ထင္တယ္။ မႏွစ္က (၄)ေသာင္းေက်ာ္မယ္ဆို ဒီႏွစ္ အရမ္းႀကီးေတာ့ ေလ်ာ့မသြားေလာက္ပါဘူး။ ေလ်ာ့ လည္းနည္းနည္းေပါ့။ သၾကၤန္ကေတာ့ ေခ်ာင္းသာက လူအက်ဆုံးအခ်ိန္ေပါ့ တစ္ႏွစ္ပတ္လုံးမွာေလ။ အခု (၁၂)တန္းစာေမးပြဲၿပီးရင္ ေတာ့လည္း ဧည့္သည္ ဝင္ႏိုင္ပါတယ္။ ဒါကေတာ့ ႏွစ္တိုင္းထုံးစံပဲေလ။ ဒီေမာ္တင္ ဘုရားပြဲၿပီးတဲ့အခ်ိန္ ဧည့္သည္ ဝင္ေရာက္ မႈမ်ားတယ္။ (၁၀)တန္းစာေမးပြဲၿပီးရင္ ဧည့္သည္ဝင္ ေရာက္မႈမ်ားတယ္။ ၿပီးရင္ သၾကၤန္မတိုင္ခင္ ဝင္တယ္။ အမ်ားဆုံးကေတာ့ သၾကၤန္ပိတ္ရက္ေတြ ဆိုရင္ ကမ္းေျခမွာပဲ လာအပန္းေျဖၾကတာေပါ့ေလ။ ေရွ႕ေလွ်ာက္ကေတာ့ ဧည့္သည္ကေတာ့ ဆက္တိုက္ ဝင္မွာပါ။
ေမး - သၾကၤန္အတြက္ ဟိုတယ္ ဘိုကင္ လုပ္တာ ေတြေကာ ရွိေနၿပီလား။ ဟိုတယ္ေတြရဲ႕အေျခအေန ေတြလည္း သိပါရ ေစရွင္။
ေျဖ - ရွိေနၾကၿပီ။ ဟိုတယ္ေတြ ေတာ္ေတာ္မ်ား မ်ားကလည္း ဘိုကင္လက္ခံေနၿပီ။ ဘိုကင္ကေတာ့ တစ္လႀကိဳၿပီးေတာ့ သၾကၤန္အတြက္ လုပ္ရတာက ႏွစ္တိုင္းက ထုံးစံပဲေလ။ အခုလည္း ဟိုတယ္ေတြက ဘိုကင္ႀကိဳလက္ခံေနၿပီ။ အခန္းေတြ လည္း ဘိုကင္ ေတြ ျပည့္ေနၿပီလို႔ ေျပာသံၾကားတယ္။
ေမး - လက္ရွိအေျခအေနေတြထက္ ေခ်ာင္းသြားကို ခရီးသြားေတြ ဝင္ေရာက္ဖို႔ ဘာေတြ ျပင္ဆင္သင့္ တယ္။ ဘာေတြ ေဆာင္႐ြက္သင့္တယ္လို႔ထင္လဲ အႀကံျပဳေပးပါဦး။
ေျဖ - ခရီးသြားဝင္ေရာက္မႈမ်ားေစဖို႔ဆိုရင္ တာဝန္ရွိသူေတြကလည္း ဝိုင္းဝန္းပံ့ပိုးေပးေစခ်င္ တယ္ေပါ့။ ဧည့္သည္ ဝင္ေရာက္လာဖို႔ သူတို႔တတ္ႏိုင္တဲ့ က႑ကေနၿပီးေတာ့မွ စြမ္းေဆာင္ေပးေစခ်င္တယ္။ သတင္းေတြက ေနတစ္ဆင့္လည္း ျပည္သူေတြ သိေအာင္လို႔ ေျပာေပးရင္လည္း ျပန္လည္ဝင္ေရာက္ လာမယ္လို႔ ယုံၾကည္ပါတယ္။
ေမး - ဘာေတြ ျဖည့္စြက္ေျပာခ်င္ေသးလဲရွင့္။
ေျဖ - ေခ်ာင္းသာမွာ ပစ္သံခတ္သံေတြလည္း မရွိပါ ဘူး။ ေအးခ်မ္းေနပါၿပီ။ ဧည္သည့္မ်ားရင္ေတာ့ ကြၽန္ေတာ္တို႔ ေခ်ာင္းသာေဒသခံ ျပည္သူေတြအတြက္ လည္း စားဝတ္ေနေရးေလးေတြ အဆင္ေျပမွာေပါ့ ေနာ္။
ေမး - ေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ရွင္။
Pearl

Related news

© 2021. All rights reserved.