ရှမ်းမြောက်မှ အထင်ကရဖြစ်သော လားရှိုးကို MNDAA က ချင်းရွှေဟော်ဇာတ်သွင်းနေ

 5539

Pearl (NP News) မတ်-၂၃

ရှမ်းပြည်နယ်မြောက်ပိုင်းမှ အထင်ကရ မြို့ကြီးဖြစ်သော လားရှိုးမြို့ကို MNDAA က အထူး ဒေသ(၁)မှ ချင်းရွှေဟော်မြို့၊ လောက်ကိုင်မြို့တို့ကဲ့သို့ ဖြစ်စေရန် ဇာတ်သွင်းနေကြောင်း ဒေသခံများထံ NP News မှ မေးမြန်းထား သည့် အချက်အလက်များအရ သိရသည်။
MNDAA က လားရှိုးမြို့ကို ပြီးခဲ့သည့် နှစ် ဇူလိုင်လ (၂၆) ရက်တွင် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လားရှိုးမြို့၌ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သုံးစွဲမှုတို့ကို ပေါ်ပေါ်ထင်ထင်လုပ်ကိုင်နေသည့်အပြင် လက်ရှိတွင် ပြည့်တန်ဆာ လုပ်ငန်း များကိုလည်း လမ်းòန်ဆိုင်းဘုတ်များကပ်၍ လိုင်စင်ဖြင့် တရားဝင်ခွင့်ပြု ထားကြောင်း မြို့ခံများက ပြောသည်။
“လားရှိုးကတော့ ဒုတိယ ချင်းရွှေဟော် ဖြစ်နေပြီ။ ပြည့်တန်ဆာလုပ်ငန်းတွေကို ဘုံကျောင်း အောက်ဘက်တွေ၊ မြို့အဝင်လမ်းတွေမှာအစ တရား ဝင်နီးပါးဖွင့်လာတယ်။ လိုင်စင်ယူပြီးတော့ ဖွင့်ခွင့် ပေးတာပေါ့လေ။ KTV တွေရော၊ မာဆတ်တွေ ရော၊ ပြည့်တန်ဆာခန်းတွေရော ဓာတ်ပုံတွေနဲ့ ကြော်ငြာနေတာ။ ဒီလိုတရားဝင်ကြီး မိန်းမပုံကြီးတွေ ပါ ဓာတ်တိုင်ကြီးတွေမှာချိတ်ပြီး ကြော်ငြာလုပ်တာမျိုးကျတော့လည်း နည်းနည်းလေး မြန်မာ့ အယူအဆနဲ့ မြန်မာ့ယဉ် ကျေးမှုနဲ့ကျတော့ မသင့် တော်တဲ့အနေအထားမျိုး ရောက်လာတာပေါ့။ ချင်းရွှေဟော်လိုမြို့မှာချိတ်တာဆိုရင် လက်ခံလို့ရတယ်။ မူဆယ်လိုမြို့တောင် ဒါမျိုးမရှိဘူးလေ။ ဒါတွေ ဖြစ်လာတာကလည်း ကောင်းတဲ့ လက္ခဏာ တစ်ခု တော့ မဟုတ်ဘူးလေ” ဟု မြို့ခံတစ်ဦးက ပြောသည်။
ထို့ပြင် လားရှိုးမြို့လယ်ကောင်ရှိ အမှတ် (၉၅၉) စစ်မြေပြင်အင်ဂျင်နီယာဆောက်လုပ်ရေး တပ်ရှိ လိုင်းခန်းများ၊ အဆောက်အအုံများတွင်လည်း ပြည့်တန်ဆာလုပ်ငန်းများလုပ်ဆောင်ရန် MNDAA က ခွင့်ပြုထားသည်ကို တွေ့ရကြောင်း အခြား မြို့ခံတစ်ဦးက NP News သို့ ပြောသည်။ “ကျွန်တော် သိရသလောက်တော့ ဆောက်လုပ်ရေးတပ်ရှိတယ်လေ။ လားရှိုးမြို့လယ်ကောင်။ အဲဒီ စစ်မြေပြင်အင်ဂျင်နီယာဆောက်လုပ် ရေးတပ်က အိမ်ထောင်သည်လိုင်းခန်းတွေမှာ လူနေ ကြပြီး လုပ်စားနေကြတာ။ အရာရှိတိုက်တွေရှိတယ် လေ။ အဲဒီမှာတွေနေနေကြတာ။ အရင်က တပ်ကနေခဲ့ တဲ့ လိုင်းခန်း တွေမှာတော့ တရားဝင်ပုံစံမျိုးတွေ လုပ်ထားတာတွေ့တယ်လို့ပြောတယ်။ နောက်ဘယ်မှာတွေ့လဲဆိုရင် ရပ်ကွက် (၈)ပေါ့၊ ဒီလိုတွေ လုပ် လာတာကို မြို့ခံတွေအနေနဲ့ကတော့ မကြိုက် ကြဘူး။ ဒါပေမဲ့ လတ်တ‌လောမှာတော့ သူတို့ချုပ် ကိုင်ထားတဲ့အနေအထားမှာတော့ ဘာမှ ပြောလို့မရဘူး။ အဓိကကတော့ ဒေသခံတွေကလက်ခံ၏ မခံ၏ ဘာမှပြောလို့ မရတဲ့အနေအထားမှာ သူတို့ပေါ်မှာပဲမူ တည်တာ” ဟု အထက်ပါမြို့ခံက ဆိုသည်။
လက်ရှိတွင် လားရှိုးမြို့၌ MNDAA ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်အနည်းငယ်သာကျန်တော့ပြီး လာမည့်ဇွန်လ (၁)ရက်တွင် လားရှိုးမြို့အတွင်းမှ MNDAA တပ်များအားလုံး အပြီးထွက်ခွာသွားတော့ မည်ဖြစ်ကြောင်း သတင်းများထွက် ပေါ်လျက်ရှိသည်။

Zawgyi Version:
ရွမ္းေျမာက္မွ အထင္ကရျဖစ္ေသာ လားရႈိးကို MNDAA က
ခ်င္းေ႐ႊေဟာ္ ဇာတ္သြင္းေန
Pearl (NP News) မတ္-၂၃

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ အထင္ကရ ၿမိဳ႕ႀကီးျဖစ္ေသာ လားရႈိးၿမိဳ႕ကို MNDAA က အထူး ေဒသ(၁)မွ ခ်င္းေ႐ႊေဟာ္ၿမိဳ႕၊ ေလာက္ကိုင္ၿမိဳ႕တို႔ကဲ့သို႔ ျဖစ္ေစရန္ ဇာတ္သြင္းေနေၾကာင္း ေဒသခံမ်ားထံ NP News မွ ေမးျမန္းထား သည့္ အခ်က္အလက္မ်ားအရ သိရသည္။
MNDAA က လားရႈိးၿမိဳ႕ကို ၿပီးခဲ့သည့္ ႏွစ္ ဇူလိုင္လ (၂၆) ရက္တြင္ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးေနာက္ လားရႈိးၿမိဳ႕၌ မူးယစ္ေဆးဝါးေရာင္းဝယ္မႈ၊ သုံးစြဲမႈတို႔ကို ေပၚေပၚထင္ထင္လုပ္ကိုင္ေနသည့္အျပင္ လက္ရွိတြင္ ျပည့္တန္ဆာ လုပ္ငန္း မ်ားကိုလည္း လမ္းòန္ဆိုင္းဘုတ္မ်ားကပ္၍ လိုင္စင္ျဖင့္ တရားဝင္ခြင့္ျပဳ ထားေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာသည္။
“လားရႈိးကေတာ့ ဒုတိယ ခ်င္းေ႐ႊေဟာ္ ျဖစ္ေနၿပီ။ ျပည့္တန္ဆာလုပ္ငန္းေတြကို ဘုံေက်ာင္း ေအာက္ဘက္ေတြ၊ ၿမိဳ႕အဝင္လမ္းေတြမွာအစ တရား ဝင္နီးပါးဖြင့္လာတယ္။ လိုင္စင္ယူၿပီးေတာ့ ဖြင့္ခြင့္ ေပးတာေပါ့ေလ။ KTV ေတြေရာ၊ မာဆတ္ေတြ ေရာ၊ ျပည့္တန္ဆာခန္းေတြေရာ ဓာတ္ပုံေတြနဲ႔ ေၾကာ္ျငာေနတာ။ ဒီလိုတရားဝင္ႀကီး မိန္းမပုံႀကီးေတြ ပါ ဓာတ္တိုင္ႀကီးေတြမွာခ်ိတ္ၿပီး ေၾကာ္ျငာလုပ္တာမ်ိဳးက်ေတာ့လည္း နည္းနည္းေလး ျမန္မာ့ အယူအဆနဲ႔ ျမန္မာ့ယဥ္ ေက်းမႈနဲ႔က်ေတာ့ မသင့္ ေတာ္တဲ့အေနအထားမ်ိဳး ေရာက္လာတာေပါ့။ ခ်င္းေ႐ႊေဟာ္လိုၿမိဳ႕မွာခ်ိတ္တာဆိုရင္ လက္ခံလို႔ရတယ္။ မူဆယ္လိုၿမိဳ႕ေတာင္ ဒါမ်ိဳးမရွိဘူးေလ။ ဒါေတြ ျဖစ္လာတာကလည္း ေကာင္းတဲ့ လကၡဏာ တစ္ခု ေတာ့ မဟုတ္ဘူးေလ” ဟု ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
ထို႔ျပင္ လားရႈိးၿမိဳ႕လယ္ေကာင္ရွိ အမွတ္ (၉၅၉) စစ္ေျမျပင္အင္ဂ်င္နီယာေဆာက္လုပ္ေရး တပ္ရွိ လိုင္းခန္းမ်ား၊ အေဆာက္အအုံမ်ားတြင္လည္း ျပည့္တန္ဆာလုပ္ငန္းမ်ားလုပ္ေဆာင္ရန္ MNDAA က ခြင့္ျပဳထားသည္ကို ေတြ႕ရေၾကာင္း အျခား ၿမိဳ႕ခံတစ္ဦးက NP News သို႔ ေျပာသည္။ “ကြၽန္ေတာ္ သိရသေလာက္ေတာ့ ေဆာက္လုပ္ေရးတပ္ရွိတယ္ေလ။ လားရႈိးၿမိဳ႕လယ္ေကာင္။ အဲဒီ စစ္ေျမျပင္အင္ဂ်င္နီယာေဆာက္လုပ္ ေရးတပ္က အိမ္ေထာင္သည္လိုင္းခန္းေတြမွာ လူေန ၾကၿပီး လုပ္စားေနၾကတာ။ အရာရွိတိုက္ေတြရွိတယ္ ေလ။ အဲဒီမွာေတြေနေနၾကတာ။ အရင္က တပ္ကေနခဲ့ တဲ့ လိုင္းခန္း ေတြမွာေတာ့ တရားဝင္ပုံစံမ်ိဳးေတြ လုပ္ထားတာေတြ႕တယ္လို႔ေျပာတယ္။ ေနာက္ဘယ္မွာေတြ႕လဲဆိုရင္ ရပ္ကြက္ (၈)ေပါ့၊ ဒီလိုေတြ လုပ္ လာတာကို ၿမိဳ႕ခံေတြအေနနဲ႔ကေတာ့ မႀကိဳက္ ၾကဘူး။ ဒါေပမဲ့ လတ္တ‌ေလာမွာေတာ့ သူတို႔ခ်ဳပ္ ကိုင္ထားတဲ့အေနအထားမွာေတာ့ ဘာမွ ေျပာလို႔မရဘူး။ အဓိကကေတာ့ ေဒသခံေတြကလက္ခံ၏ မခံ၏ ဘာမွေျပာလို႔ မရတဲ့အေနအထားမွာ သူတို႔ေပၚမွာပဲမူ တည္တာ” ဟု အထက္ပါၿမိဳ႕ခံက ဆိုသည္။
လက္ရွိတြင္ လားရႈိးၿမိဳ႕၌ MNDAA ၏ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္အနည္းငယ္သာက်န္ေတာ့ၿပီး လာမည့္ဇြန္လ (၁)ရက္တြင္ လားရႈိးၿမိဳ႕အတြင္းမွ MNDAA တပ္မ်ားအားလုံး အၿပီးထြက္ခြာသြားေတာ့ မည္ျဖစ္ေၾကာင္း သတင္းမ်ားထြက္ ေပၚလ်က္ရွိသည္။

Related news

© 2021. All rights reserved.