ဘဏ်များက ကျပ်ဖြင့် ထားရမည့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွင်ပေးသည့် အတိုးနှုန်းကို တိုးမြှင့်

1406

ပီယ (NP News) - မတ် ၂၂
ဘဏ်များက မြန်မာကျပ်ငွေ (CAB) ဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ထက်ကျော်လွန်သည့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွင်ပေးသည့် အတိုးနှုန်းအား တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဗဟိုဘဏ်က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်အသိပေးလိုက်သည်။
အတန်အသင့်မြင့်မားလျက်ရှိသော ဗဟိုဘဏ်ပြင်ပရှိလှည့်လည်သုံးစွဲငွေအား သွယ်ဝိုက်သည့်နည်းလမ်းဖြင့် လျှော့ချနိုင်စေရန်၊ အတိုးနှုန်းတည်ဆောက်မှုပုံစံ (Interest Rate Structure) မှန်ကန်မှုကို အထောက်အကူဖြစ်စေရန်နှင့် ဘဏ်များအတိုးဝင်ငွေ ပိုမိုရရှိခြင်းဖြင့် ဘဏ်လုပ်ငန်းကဏ္ဍတည်ငြိမ်မှုကိုအထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဘဏ်များက မြန်မာကျပ်ငွေ (CAB) ဖြင့်ထားရှိရမည့်အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက်ထက်ကျော်လွန်သည့် ပျမ်းမျှ ပိုလျှံသီးသန့်ငွေအပေါ်ပေးသည့် အတိုးနှုန်းအား ငွေကြေးမူဝါဒကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ပြင်ဆင်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။
ပျမ်းမျှပိုလျှံသီးသန့်ငွေ (Average Excess Reserve) အပေါ် အတိုးပေးရာတွင် ပျမ်းမျှ ပိုလျှံသီးသန့်ငွေပမာဏ အနည်းဆုံးကျပ် ၇ ဘီလီယံနှင့်အထက်ရှိသော ဘဏ်များကိုသာ အတိုးပေးမည်ဖြစ်ပြီး အများဆုံးပိုလျှံသီးသန့်ငွေပမာဏကျပ် ၅၀ ဘီလီယံထိသာ ခွင့်ပြုမည်ဖြစ်ကာ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်ပေး မည့်အတိုးနှုန်းကို ၆ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အတိုးပေးမည့် အနည်းဆုံးနှင့်အများဆုံးပိုလျှံသီးသန့် ငွေပမာဏဘောင်သတ်မှတ်ချက်နှင့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်ပေးမည့်အတိုးနှုန်းကို အခါအားလျော်စွာသုံးသပ်၍ ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီစေရန် ပြောင်းလဲပြင်ဆင်ခြင်း (တိုးခြင်း/လျော့ခြင်း) ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အတိုးငွေကိုတွက်ချက်ရာတွင် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် ထိန်းသိမ်းမှုကာလ အလိုက် နောက်ဆုံးနေ့ရှိ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွင် တွက်ချက်မည်ဖြစ်ပြီး ထိန်းသိမ်းမှုကာလနောက်ဆုံးနေ့ရက်၏ T+2 ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိသက်ဆိုင်ရာဘဏ်၏ စာရင်းသို့ အလိုအလျောက်ထည့်သွင်းပေးမည်ဖြစ်ပြီး ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်အတိုးပေးခြင်းကို (၂၆.၃.၂၀၂၅ - ၂၂.၄.၂ဝ၂၅) ထိန်းသိမ်း မှုကာလမှ စတင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။
ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွင် အတိုးပေးခြင်းကို မြန်မာကျပ်ငွေဖြင့် လက်လီဘဏ် လုပ်ငန်းဝန်ဆောင်မှုများ (Retail Banking) ခွင့်ပြုထားသည့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်များအား တစ်ပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

Zawgyi Version:
ဘဏ္မ်ားက က်ပ္ျဖင့္ ထားရမည့္ ပ်မ္းမွ်ပိုလွ်ံသီးသန႔္ေငြအေပၚတြင္ေပးသည့္ အတိုးႏႈန္းကို တိုးျမႇင့္
ပီယ (NP News) - မတ္ ၂၂
ဘဏ္မ်ားက ျမန္မာက်ပ္ေငြ (CAB) ျဖင့္ထားရွိရမည့္ အနည္းဆုံးသီးသန႔္ေငြ လိုအပ္ခ်က္ထက္ေက်ာ္လြန္သည့္ ပ်မ္းမွ်ပိုလွ်ံသီးသန႔္ေငြအေပၚတြင္ေပးသည့္ အတိုးႏႈန္းအား တိုးျမႇင့္သတ္မွတ္လိုက္ေၾကာင္း ဗဟိုဘဏ္က ယမန္ေန႔ (မတ္လ ၂၂ ရက္) တြင္ ထုတ္ျပန္အသိေပးလိုက္သည္။
အတန္အသင့္ျမင့္မားလ်က္ရွိေသာ ဗဟိုဘဏ္ျပင္ပရွိလွည့္လည္သုံးစြဲေငြအား သြယ္ဝိုက္သည့္နည္းလမ္းျဖင့္ ေလွ်ာ့ခ်ႏိုင္ေစရန္၊ အတိုးႏႈန္းတည္ေဆာက္မႈပုံစံ (Interest Rate Structure) မွန္ကန္မႈကို အေထာက္အကူျဖစ္ေစရန္ႏွင့္ ဘဏ္မ်ားအတိုးဝင္ေငြ ပိုမိုရရွိျခင္းျဖင့္ ဘဏ္လုပ္ငန္းက႑တည္ၿငိမ္မႈကိုအေထာက္အကူျဖစ္ေစရန္ရည္႐ြယ္၍ ဘဏ္မ်ားက ျမန္မာက်ပ္ေငြ (CAB) ျဖင့္ထားရွိရမည့္အနည္းဆုံး သီးသန႔္ေငြ လိုအပ္ခ်က္ထက္ေက်ာ္လြန္သည့္ ပ်မ္းမွ် ပိုလွ်ံသီးသန႔္ေငြအေပၚေပးသည့္ အတိုးႏႈန္းအား ေငြေၾကးမူဝါဒေကာ္မတီအစည္းအေဝး ဆုံးျဖတ္ခ်က္အရ ျပင္ဆင္လိုက္ျခင္းျဖစ္ ေၾကာင္း သိရသည္။
ပ်မ္းမွ်ပိုလွ်ံသီးသန႔္ေငြ (Average Excess Reserve) အေပၚ အတိုးေပးရာတြင္ ပ်မ္းမွ် ပိုလွ်ံသီးသန႔္ေငြပမာဏ အနည္းဆုံးက်ပ္ ၇ ဘီလီယံႏွင့္အထက္ရွိေသာ ဘဏ္မ်ားကိုသာ အတိုးေပးမည္ျဖစ္ၿပီး အမ်ားဆုံးပိုလွ်ံသီးသန႔္ေငြပမာဏက်ပ္ ၅၀ ဘီလီယံထိသာ ခြင့္ျပဳမည္ျဖစ္ကာ ပ်မ္းမွ်ပိုလွ်ံသီးသန႔္ေငြအေပၚေပး မည့္အတိုးႏႈန္းကို ၆ ရာခိုင္ႏႈန္းသို႔ တိုးျမႇင့္သတ္မွတ္လိုက္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ အတိုးေပးမည့္ အနည္းဆုံးႏွင့္အမ်ားဆုံးပိုလွ်ံသီးသန႔္ ေငြပမာဏေဘာင္သတ္မွတ္ခ်က္ႏွင့္ ပ်မ္းမွ်ပိုလွ်ံသီးသန႔္ေငြအေပၚေပးမည့္အတိုးႏႈန္းကို အခါအားေလ်ာ္စြာသုံးသပ္၍ ေဈးကြက္လိုအပ္ခ်က္ႏွင့္ကိုက္ညီေစရန္ ေျပာင္းလဲျပင္ဆင္ျခင္း (တိုးျခင္း/ေလ်ာ့ျခင္း) ျပဳလုပ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အတိုးေငြကိုတြက္ခ်က္ရာတြင္ အနည္းဆုံး သီးသန႔္ေငြလိုအပ္ခ်က္ ထိန္းသိမ္းမႈကာလ အလိုက္ ေနာက္ဆုံးေန႔ရွိ ပ်မ္းမွ်ပိုလွ်ံသီးသန႔္ေငြအေပၚတြင္ တြက္ခ်က္မည္ျဖစ္ၿပီး ထိန္းသိမ္းမႈကာလေနာက္ဆုံးေန႔ရက္၏ T+2 ျဖင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ရွိသက္ဆိုင္ရာဘဏ္၏ စာရင္းသို႔ အလိုအေလ်ာက္ထည့္သြင္းေပးမည္ျဖစ္ၿပီး ပ်မ္းမွ်ပိုလွ်ံသီးသန႔္ေငြအေပၚအတိုးေပးျခင္းကို (၂၆.၃.၂၀၂၅ - ၂၂.၄.၂ဝ၂၅) ထိန္းသိမ္း မႈကာလမွ စတင္က်င့္သုံးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ပ်မ္းမွ်ပိုလွ်ံသီးသန႔္ေငြအေပၚတြင္ အတိုးေပးျခင္းကို ျမန္မာက်ပ္ေငြျဖင့္ လက္လီဘဏ္ လုပ္ငန္းဝန္ေဆာင္မႈမ်ား (Retail Banking) ခြင့္ျပဳထားသည့္ ႏိုင္ငံပိုင္ဘဏ္မ်ား၊ ပုဂၢလိကဘဏ္မ်ားႏွင့္ ႏိုင္ငံျခားဘဏ္ လက္ေအာက္ခံဘဏ္မ်ားအား တစ္ေျပးညီ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္။