တောင်ကိုရီးယားမင်းသား ပက်ခ်ဘိုဂမ် သမိုင်းဝင် ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေ

 399

ရောင်နီ (NP News) - မတ် ၂၃

လတ်တလော "When Life Gives You Tangerines" ဇာတ်ကားနဲ့ အောင်မြင်ကျော်ကြားမှုတွေ ရရှိနေတဲ့ တောင်ကိုရီးယားမင်းသား ပက်ခ်ဘိုဂမ်ဟာ နာမည်ကြီး ဒါရိုက်တာ ကင်ဟန်မင်း ရိုက်ကူးမယ့် ဂိုဂူလျောခေတ် သမိုင်းကြောင်းနောက်ခံ ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဇာတ်ကားနာမည်ကတော့ "The Sword: A Legend of The Red Wolf” ဖြစ်ပြီး ပက်ခ်ဘိုဂမ်က ခေါင်းဆောင် မင်းသားနေရာက ပါဝင်မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားသစ်ဟာ "War of the Arrows” “The Admiral: Roaring Currents”၊ “Hansan: Rising Dragon” နဲ့ “Noryang: Deadly Sea” အပါအဝင် သမိုင်းဝင် အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကင်ဟန်မင်းရဲ့ နောက်ဆုံးထွက်ရှိမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်။ ပက်ခ်ဘိုဂမ်သာ ဒီဇာတ်ကားကို လက်ခံခဲ့မယ်ဆိုရင် ပက်ခ်ဘိုဂမ်အနေနဲ့ ၂၀၁၄ ခုနှစ် "The Admiral: Roaring Currents” မှာ ပါဝင် သရုပ်ဆောင်ပြီး ဆယ်စုနှစ်တစ်ခုကြာ ဒါရိုက်တာ ကင်ဟန်မင်းနဲ့ ပြန်လည်တွေ့ဆုံရမယ့် ဇာတ်ကားပဲ ဖြစ်ပါတယ်။

ဇာတ်ကားဟာ ဂိုဂူလျောခေတ်ကို အခြေခံထားပြီး ဂိုဂူလျောခေတ်ရဲ့ဒဏ္ဍာရီလာဖြစ်တဲ့ ဂိုဒူမာခန် ဓားကိုရယူဖို့ ကြိုးပမ်းကြပုံကို ရိုက်ကူးပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို လာမယ့် ဩဂုတ်လလောက်မှာ စတင်ထုတ်လုပ် ဖို့ မျှော်လင့်ထားပါတယ်။
ယခုလက်ရှိအချိန်မှာတော့ ပက်ခ်ဘိုဂမ် ဟာ Netflix ရဲ့ "When Life Gives You Tangerines” နဲ့ ကမ္ဘာတစ်ဝှမ်း ပရိသတ်များစွာရဲ့အားပေးမှုတွေ ရရှိထားပါတယ်။

Zawgyi Version
ေတာင္ကိုရီးယားမင္းသား ပက္ခ္ဘိုဂမ္ သမိုင္းဝင္ ဇာတ္ကားသစ္မွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ေဆြးေႏြးေန
ေရာင္နီ (NP News) - မတ္ ၂၃

လတ္တေလာ "When Life Gives You Tangerines" ဇာတ္ကားနဲ႔ ေအာင္ျမင္ေက်ာ္ၾကားမႈေတြ ရရွိေနတဲ့ ေတာင္ကိုရီးယားမင္းသား ပက္ခ္ဘိုဂမ္ဟာ နာမည္ႀကီး ဒါ႐ိုက္တာ ကင္ဟန္မင္း ႐ိုက္ကူးမယ့္ ဂိုဂူေလ်ာေခတ္ သမိုင္းေၾကာင္းေနာက္ခံ ဇာတ္ကားသစ္မွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။

ဇာတ္ကားနာမည္ကေတာ့ "The Sword: A Legend of The Red Wolf” ျဖစ္ၿပီး ပက္ခ္ဘိုဂမ္က ေခါင္းေဆာင္ မင္းသားေနရာက ပါဝင္မွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားသစ္ဟာ "War of the Arrows” “The Admiral: Roaring Currents”၊ “Hansan: Rising Dragon” နဲ႔ “Noryang: Deadly Sea” အပါအဝင္ သမိုင္းဝင္ အက္ရွင္ဇာတ္ကားေတြ ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာကင္ဟန္မင္းရဲ႕ ေနာက္ဆုံးထြက္ရွိမယ့္ ႐ုပ္ရွင္ကားျဖစ္ပါတယ္။ ပက္ခ္ဘိုဂမ္သာ ဒီဇာတ္ကားကို လက္ခံခဲ့မယ္ဆိုရင္ ပက္ခ္ဘိုဂမ္အေနနဲ႔ ၂၀၁၄ ခုႏွစ္ "The Admiral: Roaring Currents” မွာ ပါဝင္ သ႐ုပ္ေဆာင္ၿပီး ဆယ္စုႏွစ္တစ္ခုၾကာ ဒါ႐ိုက္တာ ကင္ဟန္မင္းနဲ႔ ျပန္လည္ေတြ႕ဆုံရမယ့္ ဇာတ္ကားပဲ ျဖစ္ပါတယ္။

ဇာတ္ကားဟာ ဂိုဂူေလ်ာေခတ္ကို အေျခခံထားၿပီး ဂိုဂူေလ်ာေခတ္ရဲ႕ဒ႑ာရီလာျဖစ္တဲ့ ဂိုဒူမာခန္ ဓားကိုရယူဖို႔ ႀကိဳးပမ္းၾကပုံကို ႐ိုက္ကူးျပသသြားမွာျဖစ္ပါတယ္။ ဒီဇာတ္ကားကို လာမယ့္ ဩဂုတ္လေလာက္မွာ စတင္ထုတ္လုပ္ ဖို႔ ေမွ်ာ္လင့္ထားပါတယ္။
ယခုလက္ရွိအခ်ိန္မွာေတာ့ ပက္ခ္ဘိုဂမ္ ဟာ Netflix ရဲ႕ "When Life Gives You Tangerines” နဲ႔ ကမာၻတစ္ဝွမ္း ပရိသတ္မ်ားစြာရဲ႕အားေပးမႈေတြ ရရွိထားပါတယ္။

Related news

© 2021. All rights reserved.