နတ်ပွဲများတွင် ဖျော်ဖြေရေးအသွင်ဆောင်သော သရုပ်ပျက်တင်ဆက်မှုများ မရောထွေးရန် စည်းကမ်းထိန်းသိမ်းရေးကော်မတီဖြင့် ကြပ်မတ်မည်

 10979

ချယ်ရီ(NP News)- မတ် ၂၃

နတ်ပွဲများတွင် ဖျော်ဖြေရေးအသွင်ဆောင်သော သရုပ်ပျက်တင်ဆက်မှုများ မရောထွေးရန်ဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေး ကော်မတီဖွဲ့စည်းကာ ကြပ်မတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ထံက သိရသည်။

ပြီးခဲ့သည့်ကာလများက နတ်ကန္နားပွဲများတွင် သရုပ်ပျက်ဖျော်ဖြေမှုဆန်ဆန် တင်ဆက်မှုများကို ပြုလုပ်လာခြင်းများ ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ထိန်းသိမ်းကြပ်မတ်ရန် ဆောင်ရွက်လာခြင်းလည်း ဖြစ်သည်။

အဆိုပါကော်မတီကို ဆရာစံပလာဇာတွင် ကျင်းပပြုလုပ်သော ဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေး စုံညီအစည်းအဝေး၌ အများသဘောဆန္ဒနှင့်အညီ အဖွဲ့ဝင်(၃၄)ဦးဖြင့် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။

စည်းကမ်းထိန်းသိမ်းရေးကော်မတီတွင် ဝါရင့်ဒေဝါပညာရှင်များ ပါဝင်ပြီး ၂၄ ဦး ဖြင့် ဖွဲ့စည်းထားကာ
ယင်းကော်မတီအတွက် နာယက ၁၀ ဦးကိုလည်း အတည်ပြုပြီးဖြစ်ကြောင်း သိရသည်။

မိရိုးဖလာရိုးရာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ နတ်ဒေဝါပညာရှင်များအနေဖြင့် နတ်ကန္နားများ၊ အချော့တော်ဆက် ပွဲပေးကပြကြရာတွင် ထိန်းသိမ်းစောင့်ရှောက်အပ်သော ရိုးရာနတ်ချင်း၊ နတ်အကများ၊ ဝတ်စားဆင်ယင်မှုများဖြင့် တင့်တယ်စွာ လုပ်ဆောင်ကြရန်နှင့် အများသူငါ အမြင်မသင့်သော ကဲ့ရဲ့ဖွယ်ရာ ဖျော်ဖြေရေးအသွင်ဆောင်သည့် သရုပ်ပျက်တင်ဆက်မှုများ ရောထွေးမှုမရှိစေရန် ရည်ရွယ်ချက်ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version
နတ္ပြဲမ်ားတြင္ ေဖ်ာ္ေျဖေရးအသြင္ေဆာင္ေသာ သ႐ုပ္ပ်က္တင္ဆက္မႈမ်ား မေရာေထြးရန္ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီျဖင့္ ၾကပ္မတ္မည္
ခ်ယ္ရီ(NP News)- မတ္ ၂၃

နတ္ပြဲမ်ားတြင္ ေဖ်ာ္ေျဖေရးအသြင္ေဆာင္ေသာ သ႐ုပ္ပ်က္တင္ဆက္မႈမ်ား မေရာေထြးရန္ေဒဝါပညာရွင္မ်ား စည္းကမ္းထိန္းသိမ္းေရး ေကာ္မတီဖြဲ႕စည္းကာ ၾကပ္မတ္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး (ဗဟို) ထံက သိရသည္။

ၿပီးခဲ့သည့္ကာလမ်ားက နတ္ကႏၷားပြဲမ်ားတြင္ သ႐ုပ္ပ်က္ေဖ်ာ္ေျဖမႈဆန္ဆန္ တင္ဆက္မႈမ်ားကို ျပဳလုပ္လာျခင္းမ်ား ရွိခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ထိန္းသိမ္းၾကပ္မတ္ရန္ ေဆာင္႐ြက္လာျခင္းလည္း ျဖစ္သည္။

အဆိုပါေကာ္မတီကို ဆရာစံပလာဇာတြင္ က်င္းပျပဳလုပ္ေသာ ေဒဝါပညာရွင္မ်ား စည္းကမ္းထိန္းသိမ္းေရး စုံညီအစည္းအေဝး၌ အမ်ားသေဘာဆႏၵႏွင့္အညီ အဖြဲ႕ဝင္(၃၄)ဦးျဖင့္ ဖြဲ႕စည္းထားၿပီး ျဖစ္ေၾကာင္း သိရသည္။

စည္းကမ္းထိန္းသိမ္းေရးေကာ္မတီတြင္ ဝါရင့္ေဒဝါပညာရွင္မ်ား ပါဝင္ၿပီး ၂၄ ဦး ျဖင့္ ဖြဲ႕စည္းထားကာ
ယင္းေကာ္မတီအတြက္ နာယက ၁၀ ဦးကိုလည္း အတည္ျပဳၿပီးျဖစ္ေၾကာင္း သိရသည္။

မိ႐ိုးဖလာ႐ိုးရာ ကိုးကြယ္ယုံၾကည္မႈဆိုင္ရာ နတ္ေဒဝါပညာရွင္မ်ားအေနျဖင့္ နတ္ကႏၷားမ်ား၊ အေခ်ာ့ေတာ္ဆက္ ပြဲေပးကျပၾကရာတြင္ ထိန္းသိမ္းေစာင့္ေရွာက္အပ္ေသာ ႐ိုးရာနတ္ခ်င္း၊ နတ္အကမ်ား၊ ဝတ္စားဆင္ယင္မႈမ်ားျဖင့္ တင့္တယ္စြာ လုပ္ေဆာင္ၾကရန္ႏွင့္ အမ်ားသူငါ အျမင္မသင့္ေသာ ကဲ့ရဲ႕ဖြယ္ရာ ေဖ်ာ္ေျဖေရးအသြင္ေဆာင္သည့္ သ႐ုပ္ပ်က္တင္ဆက္မႈမ်ား ေရာေထြးမႈမရွိေစရန္ ရည္႐ြယ္ခ်က္ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.