ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ တိုင်းရင်းသားရိုးရာအကနှင့် ယိမ်းအကပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

 433

ချယ်ရီ(NP News)- မတ် ၂၃

မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ တိုင်းရင်းသားရိုးရာအကနှင့် ယိမ်းအကပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့ ၌ (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ (၂ ရက်မှ ၇ ရက်)အထိ ကျင်းပပြုလုပ်သော (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် “မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးတရားဝင်ပါဝင်နိုင်မှုကို ဂုဏ်ပြုသောအားဖြင့် မြန်မာသက္ကရာဇ် (၁၃၈၆) ခုနှစ်၊ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ အထက်ပါကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ယခုနှစ်တွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို မြန်မာနိုင်ငံမှ ထင်ပေါ်ကျော်ကြားသည့် အနုပညာရှင်များကိုလည်း ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး ပြည်သူများ၊ ဝန်ထမ်းများအနေဖြင့် မြန်မာ့နှစ်သစ်ကူးကာလတွင် စိတ်ရွှင်လန်းတက်ကြွ ပျော်ရွှင်စေရေးအတွက် ယခင်နှစ်များနှင့်မတူ မြန်မာ့သနပ်ခါးပါ တွဲဖက်အထူးပြုပြီး ပိုမိုပျော်ရွှင်စရာကောင်းသည့် လမ်းလျှောက်သင်္ကြန်ဖြစ်အောင် ယိမ်းအကအလှများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕ေတာ္ မဟာသၾကၤန္မ႑ပ္၌ တိုင္းရင္းသား႐ိုးရာအကႏွင့္ ယိမ္းအကၿပိဳင္ပြဲမ်ား စည္ကားသိုက္ၿမိဳက္စြာ က်င္းပမည္
ခ်ယ္ရီ(NP News)- မတ္ ၂၃

ျမန္မာ့႐ိုးရာ ႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္ကို ရန္ကုန္ၿမိဳ႕ေတာ္ မဟာသၾကၤန္မ႑ပ္၌ တိုင္းရင္းသား႐ိုးရာအကႏွင့္ ယိမ္းအကၿပိဳင္ပြဲမ်ား စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ပါရာေဂြးႏိုင္ငံ အာဆြန္စီယြန္ၿမိဳ႕ ၌ (၂၀၂၄) ခုႏွစ္၊ ဒီဇင္ဘာလ (၂ ရက္မွ ၇ ရက္)အထိ က်င္းပျပဳလုပ္ေသာ (၁၉) ႀကိမ္ေျမာက္ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ညီလာခံတြင္ “ျမန္မာ့႐ိုးရာႏွစ္သစ္ကူး အတာသၾကၤန္ပြဲေတာ္” သည္ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္စာရင္းတြင္ ျမန္မာႏိုင္ငံအေနျဖင့္ ပထမဆုံးတရားဝင္ပါဝင္ႏိုင္မႈကို ဂုဏ္ျပဳေသာအားျဖင့္ ျမန္မာသကၠရာဇ္ (၁၃၈၆) ခုႏွစ္၊ ရန္ကုန္ၿမိဳ႕ေတာ္ မဟာသၾကၤန္မ႑ပ္၌ အထက္ပါကဲ့သို႔ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ယခုႏွစ္တြင္ ေနျပည္ေတာ္လမ္းေလွ်ာက္သၾကၤန္ကို ျမန္မာႏိုင္ငံမွ ထင္ေပၚေက်ာ္ၾကားသည့္ အႏုပညာရွင္မ်ားကိုလည္း ပါဝင္ဆင္ႏႊဲႏိုင္ရန္ ဖိတ္ေခၚသြားမည္ျဖစ္ၿပီး ျပည္သူမ်ား၊ ဝန္ထမ္းမ်ားအေနျဖင့္ ျမန္မာ့ႏွစ္သစ္ကူးကာလတြင္ စိတ္႐ႊင္လန္းတက္ႂကြ ေပ်ာ္႐ႊင္ေစေရးအတြက္ ယခင္ႏွစ္မ်ားႏွင့္မတူ ျမန္မာ့သနပ္ခါးပါ တြဲဖက္အထူးျပဳၿပီး ပိုမိုေပ်ာ္႐ႊင္စရာေကာင္းသည့္ လမ္းေလွ်ာက္သၾကၤန္ျဖစ္ေအာင္ ယိမ္းအကအလွမ်ားျဖင့္ ပူးေပါင္းပါဝင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.