ရုရှားသမ္မတပူတင်က ဆိုးသွမ်းတဲ့လူတစ်ဦးမဟုတ်ဘူးလို့ အမေရိကန်အထူးသံတမန်ပြော

 444

Pika (NP News) - မတ် ၂၃

ရုရှားသမ္မတပူတင်က ဆိုးသွမ်းတဲ့လူတစ်ဦးမဟုတ်ဘူးလို့ အမေရိကန်အထူးသံတမန် စတိဗ်ဝစ်အော့ဖ်က ချီးကျူး ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ မဲဆွယ်စည်းရုံးရေးကာလအတွင်း သေနတ်နဲ့ လုပ်ကြံဖို့ ကြိုးပမ်းခံခဲ့ရချိန်မှာ ၎င်းရဲ့သူငယ်ချင်းဖြစ်သူအတွက် ဆုတောင်းပေးနေခဲ့တယ်လို့လည်း ပူတင်က စတိဗ်ဝစ်အော့ဖ်ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စတိဗ်ဝစ်အော့ဖ်ဟာ ပူတင်နဲ့ ရုရှားနိုင်ငံမှာ မော်စကိုမြို့မှာ တွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့ ပြီးနောက် ယခုလိုပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် လမ်းကြောင်းပေါ်မှာ ရှိနေစေမယ့် ဆွေးနွေးမှုတွေပါဝင်တဲ့ အဲဒီဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ဆွေးနွေးပွဲ တစ်ခုဖြစ်ခဲ့တယ်လို့ စတိဗ်ဝစ်အော့ဖ်က‌ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပူတင်ဟာ ဆိုးသွမ်းတဲ့လူတစ်ဦးမဟုတ်ဘဲ ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်တယ်လို့ စတိဗ်ဝစ်အော့ဖ်က ပြောကြားခဲ့ပါတယ်။
၎င်းက “ကျွန်တော်ပူတင်နဲ့ပတ်သက်ပြီး သဘောကျမိပါတယ်။ သူက ကျွန်တော်တို့နဲ့ကောင်းကောင်းမွန်မွန် ဖြောင့်ဖြောင့်တန်းတန်း ဆက်ဆံမှုတွေ လုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။ ပူတင်ကို ဆိုးသွမ်းတဲ့လူတစ်ဦးလိုမျိုး မယူဆပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားသမၼတပူတင္က ဆိုးသြမ္းတဲ့လူတစ္ဦးမဟုတ္ဘူးလို႔ အေမရိကန္အထူးသံတမန္ေျပာ
Pika (NP News) - မတ္ ၂၃

႐ုရွားသမၼတပူတင္က ဆိုးသြမ္းတဲ့လူတစ္ဦးမဟုတ္ဘူးလို႔ အေမရိကန္အထူးသံတမန္ စတိဗ္ဝစ္ေအာ့ဖ္က ခ်ီးက်ဴး ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ မဲဆြယ္စည္း႐ုံးေရးကာလအတြင္း ေသနတ္နဲ႔ လုပ္ႀကံဖို႔ ႀကိဳးပမ္းခံခဲ့ရခ်ိန္မွာ ၎ရဲ႕သူငယ္ခ်င္းျဖစ္သူအတြက္ ဆုေတာင္းေပးေနခဲ့တယ္လို႔လည္း ပူတင္က စတိဗ္ဝစ္ေအာ့ဖ္ကို ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း စတိဗ္ဝစ္ေအာ့ဖ္ဟာ ပူတင္နဲ႔ ႐ုရွားႏိုင္ငံမွာ ေမာ္စကိုၿမိဳ႕မွာ ေတြ႕ဆုံမႈေတြလုပ္ေဆာင္ခဲ့ ၿပီးေနာက္ ယခုလိုေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။ ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ လမ္းေၾကာင္းေပၚမွာ ရွိေနေစမယ့္ ေဆြးေႏြးမႈေတြပါဝင္တဲ့ အဲဒီေဆြးေႏြးပြဲဟာ အျပဳသေဘာေဆာင္တဲ့ေဆြးေႏြးပြဲ တစ္ခုျဖစ္ခဲ့တယ္လို႔ စတိဗ္ဝစ္ေအာ့ဖ္က‌ ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ပူတင္ဟာ ဆိုးသြမ္းတဲ့လူတစ္ဦးမဟုတ္ဘဲ ႐ုရွား-ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔ ႀကိဳးပမ္းေနတဲ့ ေခါင္းေဆာင္ေကာင္းတစ္ဦးျဖစ္တယ္လို႔ စတိဗ္ဝစ္ေအာ့ဖ္က ေျပာၾကားခဲ့ပါတယ္။
၎က “ကြၽန္ေတာ္ပူတင္နဲ႔ပတ္သက္ၿပီး သေဘာက်မိပါတယ္။ သူက ကြၽန္ေတာ္တို႔နဲ႔ေကာင္းေကာင္းမြန္မြန္ ေျဖာင့္ေျဖာင့္တန္းတန္း ဆက္ဆံမႈေတြ လုပ္ေဆာင္ေနတယ္လို႔ ထင္ပါတယ္။ ပူတင္ကို ဆိုးသြမ္းတဲ့လူတစ္ဦးလိုမ်ိဳး မယူဆပါဘူး” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.