ဆော်ဒီသို့ ရေချိုမွေးမြူရေး ငါးများ ပြန်လည် တင်ပို့ခွင့် ရရန် ကြိုးပမ်းနေပြီး အခြေအနေ ကောင်းမွန်ရန် မျှော်မှန်းထား

 359

ချယ်ရီ ( NP News ) မတ်-၂၃
ဆော်ဒီအာရေးဗျနိုင်ငံသို့ ရေချိုငါးများ ပြန်လည်တင်ပို့ခွင့်ရရန် ကြိုးပမ်းနေပြီး အခြေအနေ ကောင်းမွန်ရန် မျှော်မှန်းထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံက သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ဆော်ဒီအာရေးဗျ နိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သဘာဝရေငန်ငါးများ၊ မွေးမြူရေး ရေချိုငါးများကို နှစ်စဉ် ပုံမှန်တင်ပို့လျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံသို့ ပြီးခဲ့သည့်(၂၀၁၈)ခုနှစ် ဧပြီလ နောက်ပိုင်းမှစ၍ မွေးမြူရေးငါး တင်ပို့မှုကို ယာယီရပ်ဆိုင်းပေးထားရ ကြောင်း သိရသည်။
“အရင်တုန်းကလည်း ဆော်ဒီကို ပုံမှန်ပို့ တာပေါ့နော်။ ပို့နေတဲ့အနေအထားကနေ (၂၀၁၈)ခုနှစ်မှာကျတော့ ပုစွန်မှာ ဗိုင်းရပ်(စ်)ရောဂါဖြစ်တာကို သူတို့အနေနဲ့ (Report) တွေ့ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ မွေးမြူရေးငါးတင်ပို့မှုကို ပိတ်လိုက် တာပေါ့။ ပိတ်လိုက်တော့ အခုပြန်ပြီးပွင့်အောင် ကျွန်တော်တို့ ဆော်ဒီ(FDA)ကို ပြန်လျှောက်ဖို့ လုပ်တာပေါ့နော်။ လျှောက်ရတော့ ဆော်ဒီ (FDA)ကို လိုအပ်တဲ့အထောက်အထားတွေနဲ့ ကမ်းလှမ်း တာပေါ့နော်။ ကျွန်တော်တို့နိုင်ငံမှာ ရောဂါတွေ၊ ဘာတွေလည်း မရှိတော့ပါဘူး။ ပြီးတော့မှ ဆော်ဒီနိုင်ငံကို မွေးမြူရေး ငါးပို့ချင်လို့ရှိရင် မွေးမြူရေးကျင့်စဉ် (BAP) လိုက်နာကျင့်သုံးမှုကို ဆောင်ရွက်ရမယ်လို့ သူတို့ရဲ့သတ်မှတ်ချက်ရှိတာပေါ့။ အဲဒီသတ်မှတ် ချက်နဲ့အညီ ပြင်ထားတဲ့ပထမအသုတ်ကို ဆော်ဒီ ဘက်ကို ကမ်းလှမ်းပြီး ပို့လိုက်တာဖြစ်ပါတယ်” ဟု အထက်ပါ ဝန်ကြီးဌာနမှ òန်ကြားရေးမှူး ဦးညွန့်ဝင်းက NP News သို့ ပြောသည်။
အထက်ပါ ကမ်းလှမ်းမှုကို ပို့ပြီးနောက် ရေချိုငါးများတင်ပို့သည့်လမ်းကြောင်း ပြန်လည်ပွင့် ရန်ကြိုးစားနေကာ ၎င်းတို့နိုင်ငံမှ တုံ့ပြန်မှုကို စောင့် ဆိုင်းနေကြောင်း သိရသည်။
“တုံ့ပြန်ချက်ကတော့ ကောင်းတဲ့အရာဖြစ်မယ်လို့ ယူဆလို့ရပါတယ်။ ကျွန်တော်နဲ့ ဆော်ဒီတို့က အစဉ် အလာအရ ရေထွက်ပစ္စည်းဆိုင်ရာမှာ ကုန်သွယ်ဖက်ဆိုတော့ ကျွန်တော်တို့ဘက်ကနေ သဘာ ဝကရတဲ့ရေငန်ငါးတွေက ဆက်ပြီးတော့ ပို့လို့ရတယ်။ ရေချိုမွေးမြူရေးငါးတစ်ခုပဲ ကန့်တာ။ နိုင်ငံအနေ အထားအရ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးသိုင်းခေါင်းပွ တို့ပေါ့နော်။ ဒီငါးတွေကျတော့ ကျွန်တော်တို့နိုင်ငံက အများဆုံးထွက်တဲ့ ရေချိုငါးအုပ်စုဖြစ်တယ်။ ပြီးတော့ တစ်ပိဿာခွဲလောက် ငါးအကောင်ကြီးကြီး ထွက်တဲ့ နေရာက မြန်မာနိုင်ငံပဲရှိတာ။ ဘာကြောင့်ရှိလဲဆိုတော့ မြန်မာနိုင်ငံက ရေကျယ်ကျယ်၊ ကန်ကျယ်ကျယ်နဲ့ မွေးနိုင်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ ဈေးကွက်ကိုလည်း သူတို့သိပါတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ငါးမွေးကန် ဧက(၆,ဝဝဝ)ကျော်ရှိပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ ဖြစ်သည့် ကူဝိတ်၊ ယူအေအီးနှင့် ကာတာနိုင်ငံ အစရှိ သည်တို့ကိုလည်း တင်ပို့လျက်ရှိကြောင်း ဦးညွန့်ဝင်းကဆိုသည်။
“တကယ်လို့အခုကမ်းလှမ်းမှုသာ အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့က (နှစ်စဉ်) ဒေါ်လာ သန်း(၁၀ဝ) လောက်တောင် မှန်းထားတာပေါ့။ လုပ်ငန်းသမားတွေက သန်း(၁၀ဝ)လောက်တောင် ရရှိလောက်မယ်လို့ မှန်းထားတာ။ ဘာဖြစ်လို့လဲဆို တော့ ကျွန်တော်တို့ကုန်သည်တွေက အဲဒီဘက်တွေနဲ့ အချိတ်အဆက်ရှိတယ်။ အဲဒီလို အချိတ်အဆက် ရှိတော့ သူတို့ကသိတယ်။ ပို့ခွင့်ရလို့ရှိရင် ဘယ်လို အခြေနေဆိုပြီး။ တချို့အရှေ့အလယ်ပိုင်း တခြားနိုင် ငံတွေကို တစ်ဆင့်ခံပြီးပို့ရတယ်။ ဘာလို့လဲဆိုတော့ ဒီငါးက တခြားနိုင်ငံမှာ ငါးကြီးကြီးတွေဆိုပြီး မရှိဘူး။ မြန်မာပြည်ကလာ တဲ့ငါးပဲ အဲဒီလိုရှိတယ်ဆိုတာလည်း သူတို့သိတယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version:
ေဆာ္ဒီသို႔ ေရခ်ိဳေမြးျမဴေရး ငါးမ်ား ျပန္လည္ တင္ပို႔ခြင့္ ရရန္ ႀကိဳးပမ္းေနၿပီး
အေျခအေန ေကာင္းမြန္ရန္ ေမွ်ာ္မွန္းထား
ခ်ယ္ရီ ( NP News ) မတ္-၂၃
ေဆာ္ဒီအာေရးဗ်ႏိုင္ငံသို႔ ေရခ်ိဳငါးမ်ား ျပန္လည္တင္ပို႔ခြင့္ရရန္ ႀကိဳးပမ္းေနၿပီး အေျခအေန ေကာင္းမြန္ရန္ ေမွ်ာ္မွန္းထားေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနထံက သိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ေဆာ္ဒီအာေရးဗ် ႏိုင္ငံအပါအဝင္ အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ားသို႔ သဘာဝေရငန္ငါးမ်ား၊ ေမြးျမဴေရး ေရခ်ိဳငါးမ်ားကို ႏွစ္စဥ္ ပုံမွန္တင္ပို႔လ်က္ရွိရာ ေဆာ္ဒီအာေရဗ်ႏိုင္ငံသို႔ ၿပီးခဲ့သည့္(၂၀၁၈)ခုႏွစ္ ဧၿပီလ ေနာက္ပိုင္းမွစ၍ ေမြးျမဴေရးငါး တင္ပို႔မႈကို ယာယီရပ္ဆိုင္းေပးထားရ ေၾကာင္း သိရသည္။
“အရင္တုန္းကလည္း ေဆာ္ဒီကို ပုံမွန္ပို႔ တာေပါ့ေနာ္။ ပို႔ေနတဲ့အေနအထားကေန (၂၀၁၈)ခုႏွစ္မွာက်ေတာ့ ပုစြန္မွာ ဗိုင္းရပ္(စ္)ေရာဂါျဖစ္တာကို သူတို႔အေနနဲ႔ (Report) ေတြ႕ပါတယ္။ အဲဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ ေမြးျမဴေရးငါးတင္ပို႔မႈကို ပိတ္လိုက္ တာေပါ့။ ပိတ္လိုက္ေတာ့ အခုျပန္ၿပီးပြင့္ေအာင္ ကြၽန္ေတာ္တို႔ ေဆာ္ဒီ(FDA)ကို ျပန္ေလွ်ာက္ဖို႔ လုပ္တာေပါ့ေနာ္။ ေလွ်ာက္ရေတာ့ ေဆာ္ဒီ (FDA)ကို လိုအပ္တဲ့အေထာက္အထားေတြနဲ႔ ကမ္းလွမ္း တာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ေရာဂါေတြ၊ ဘာေတြလည္း မရွိေတာ့ပါဘူး။ ၿပီးေတာ့မွ ေဆာ္ဒီႏိုင္ငံကို ေမြးျမဴေရး ငါးပို႔ခ်င္လို႔ရွိရင္ ေမြးျမဴေရးက်င့္စဥ္ (BAP) လိုက္နာက်င့္သုံးမႈကို ေဆာင္႐ြက္ရမယ္လို႔ သူတို႔ရဲ႕သတ္မွတ္ခ်က္ရွိတာေပါ့။ အဲဒီသတ္မွတ္ ခ်က္နဲ႔အညီ ျပင္ထားတဲ့ပထမအသုတ္ကို ေဆာ္ဒီ ဘက္ကို ကမ္းလွမ္းၿပီး ပို႔လိုက္တာျဖစ္ပါတယ္” ဟု အထက္ပါ ဝန္ႀကီးဌာနမွ òန္ၾကားေရးမႉး ဦးၫြန႔္ဝင္းက NP News သို႔ ေျပာသည္။
အထက္ပါ ကမ္းလွမ္းမႈကို ပို႔ၿပီးေနာက္ ေရခ်ိဳငါးမ်ားတင္ပို႔သည့္လမ္းေၾကာင္း ျပန္လည္ပြင့္ ရန္ႀကိဳးစားေနကာ ၎တို႔ႏိုင္ငံမွ တုံ႔ျပန္မႈကို ေစာင့္ ဆိုင္းေနေၾကာင္း သိရသည္။
“တုံ႔ျပန္ခ်က္ကေတာ့ ေကာင္းတဲ့အရာျဖစ္မယ္လို႔ ယူဆလို႔ရပါတယ္။ ကြၽန္ေတာ္နဲ႔ ေဆာ္ဒီတို႔က အစဥ္ အလာအရ ေရထြက္ပစၥည္းဆိုင္ရာမွာ ကုန္သြယ္ဖက္ဆိုေတာ့ ကြၽန္ေတာ္တို႔ဘက္ကေန သဘာ ဝကရတဲ့ေရငန္ငါးေတြက ဆက္ၿပီးေတာ့ ပို႔လို႔ရတယ္။ ေရခ်ိဳေမြးျမဴေရးငါးတစ္ခုပဲ ကန႔္တာ။ ႏိုင္ငံအေန အထားအရ ငါးျမစ္ခ်င္း၊ ငါးၾကင္း၊ ငါးသိုင္းေခါင္းပြ တို႔ေပါ့ေနာ္။ ဒီငါးေတြက်ေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံက အမ်ားဆုံးထြက္တဲ့ ေရခ်ိဳငါးအုပ္စုျဖစ္တယ္။ ၿပီးေတာ့ တစ္ပိႆာခြဲေလာက္ ငါးအေကာင္ႀကီးႀကီး ထြက္တဲ့ ေနရာက ျမန္မာႏိုင္ငံပဲရွိတာ။ ဘာေၾကာင့္ရွိလဲဆိုေတာ့ ျမန္မာႏိုင္ငံက ေရက်ယ္က်ယ္၊ ကန္က်ယ္က်ယ္နဲ႔ ေမြးႏိုင္တယ္။ အဲဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ရဲ႕ ေဈးကြက္ကိုလည္း သူတို႔သိပါတယ္”ဟု ၎က ဆိုသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ ငါးေမြးကန္ ဧက(၆,ဝဝဝ)ေက်ာ္ရွိၿပီး အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ား ျဖစ္သည့္ ကူဝိတ္၊ ယူေအအီးႏွင့္ ကာတာႏိုင္ငံ အစရွိ သည္တို႔ကိုလည္း တင္ပို႔လ်က္ရွိေၾကာင္း ဦးၫြန႔္ဝင္းကဆိုသည္။
“တကယ္လို႔အခုကမ္းလွမ္းမႈသာ အဆင္ေျပမယ္ဆိုရင္ ကြၽန္ေတာ္တို႔က (ႏွစ္စဥ္) ေဒၚလာ သန္း(၁၀ဝ) ေလာက္ေတာင္ မွန္းထားတာေပါ့။ လုပ္ငန္းသမားေတြက သန္း(၁၀ဝ)ေလာက္ေတာင္ ရရွိေလာက္မယ္လို႔ မွန္းထားတာ။ ဘာျဖစ္လို႔လဲဆို ေတာ့ ကြၽန္ေတာ္တို႔ကုန္သည္ေတြက အဲဒီဘက္ေတြနဲ႔ အခ်ိတ္အဆက္ရွိတယ္။ အဲဒီလို အခ်ိတ္အဆက္ ရွိေတာ့ သူတို႔ကသိတယ္။ ပို႔ခြင့္ရလို႔ရွိရင္ ဘယ္လို အေျခေနဆိုၿပီး။ တခ်ိဳ႕အေရွ႕အလယ္ပိုင္း တျခားႏိုင္ ငံေတြကို တစ္ဆင့္ခံၿပီးပို႔ရတယ္။ ဘာလို႔လဲဆိုေတာ့ ဒီငါးက တျခားႏိုင္ငံမွာ ငါးႀကီးႀကီးေတြဆိုၿပီး မရွိဘူး။ ျမန္မာျပည္ကလာ တဲ့ငါးပဲ အဲဒီလိုရွိတယ္ဆိုတာလည္း သူတို႔သိတယ္” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.